Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ကြည်အေး - ပေါက်ကျော်ဖို့ပုံ

Regular price 6,000 MMK
Regular price Sale price 6,000 MMK
Sale Sold out

(၁)

ရေသူမကလေး

ရှေးရှေးတုန်းက ရေသူတွေနေကြတဲ့ ပင်လယ်ပြင်ကျယ်ကြီးထဲက တစ်နေ ရာမှာ ပင်လယ်ရေဟာ ပြောင်းပွင့်လှလှကလေးလို ပြာသတဲ့။ ဖန်စ မှန်စ ကလေးများလိုလည်း ကြည်သတဲ့။ အင်မတန်လည်း နက်ရှိုင်းလို့ ပင်လယ်အောက်ကနေပြီး မျှော်စင်တွေ ရာထောင်မက တစ်ခုပေါ်တစ်ခု ဆင့် ပါမှ ပင်လယ်ရေမျက်နှာကို ရောက်နိုင်မတဲ့ ကျော်လေးရဲ့။ ပြီးတော့ ပင်လယ် ရေအောက်မှာ ဘာမှမရှိပါဘူး။ သဲပြင်ချည်း နေမှာပါလို့ မတွေးလေနဲ့ဦး။ သဲပြင်ချည်း ဘယ်ဟုတ်နိုင်မလဲ။ အံ့သြစဖွယ် လှပဆန်းကြယ်တဲ့ သစ်ပင် ပန်းမန်များ ပေါက်ရောက်နေလေရဲ့ ။ သစ်ရွက် ကိုင်းခက်များဟာ ပေါ့ ပေါ့ ကလေးတွေမို့ ရေလှိုင်းကလေးများ သိမ့်ခနဲ ပီပီလှုပ်ရုံနဲ့ အသက်ရှိတဲ့ အမူအရာနဲ့ လွင့်ပါး လှုပ်ယှက်ကြတယ်။ သစ်ရွက်ကြို သစ်ရွက်ကြားမှာတော့ ငါးကြီးငါးငယ်တွေဟာ လှပလှပြီး သစ်ရွက်ကိုင်းခက်ကြားမှာ ငှက် တွေ ပျံကူးကြသလို လျှောခနဲ လျှောခနဲ ကူးကြတယ်တဲ့။

ရေသူဘုရင်ရဲ့ နန်းတော်ကတော့ ရေအနက်ဆုံးနေရာမှာ ရှိတယ်။ နန်းတော်နံရံတွေက သန္တာအတိပြီးတဲ့ပြင် ရှည်လျားပြီး ဦးချွန်တဲ့ ပြတင်း ပေါက်များကို ပယင်းနဲ့ လုပ်ထားသတဲ့။ နန်းတော်ခေါင်ကိုတော့ ကနုကမာ နဲ့ မိုးလေတော့ လေသုတ်လိုက်လို့ လှိုင်းလုံးကြီးများ တစ်ချက်လောက် အိလာပြီဆိုရင် ကနုကမာခွံတွေ မပြတ်ဟလိုက်၊ စေ့လိုက်နေကြတာမို့အတွင်းက ပုလဲလုံးတွေ ရွှေရည်၊ ငွေရည်လဲ့နေတဲ့ အရောင် ထွက်လာတာ ပေါ့။ အဲသည်အထဲက ဘုရင့်ဦးသျှောင်မှာစီတဲ့ ကျောက်သံပတ္တမြားကြီးမှာ အဖိုးထိုက်ဆုံးနေပေလိမ့်မယ် ကျော်ရဲ့ ။

ရေသူဘုရင်ကြီးက မုဆိုးဖိုကြီးမို့ မအေအိုကြီးက အိမ်ထောင်ကို သိမ်း ရတယ်။ မအေအိုကြီးဟာ မင်းသွေးစစ်စစ်မို့ မာနကလည်း မိုးမျှော်အောင် ကြီးတယ်၊ ကြီးထိုက်တယ်လေ။ တခြားရေသူမှန်သမျှ ဘယ်လောက် အဆင့် အတန်းမြင့်နေနေ ခရုခွံခြောက်ခွက်ပဲ အမြီးမှာ ဆင်ခွင့်ရသော်လည်း သူ ကတော့ ဆယ့်နှစ်ခွက်တောင် ဆင်ရပေတာမို့ပေါ့။ ဒါပေမဲ့ သူဟာ အမြော် အမြင်တော့ရှိတယ်။ နေရာတကာမှာ ပြောစရာတစ်ကွက်မရှိအောင်ဘဲ တော် တယ်။ အထူးသဖြင့် မြေးကလေးခြောက်ယောက်အပေါ်ထားရှိတဲ့မေတ္တာ ဟာ ကြီးမားလှပါရဲ့ ။ ရေသူမင်းသမီးကလေး ခြောက်ယောက်ကလည်း အလှကလေးတွေချည်းဖြစ်ပြီး အငယ်ဆုံးကလေးကတော့ လှခေါင်ကြူးလို့ ခေါ်ထိုက်သတဲ့။ အသားကလေးက နှင်းဆီပွင့်ဖတ်ကလေးလို နူးညံ့မွတ်အိ ပြီး မျက်လုံးကလေးများဟာ ပင်လယ်ရေပြာရောင်ရင့်သလောက် ရင့်တယ်။ ဒါပေမဲ့ ရေသူမျိုးပေမို့ ခြေထောက်မပေါက်ရှာလေဘူး။ ရေသတ္တဝါ ငါးပမာ ပဲ အဖျားမှာ သွယ်ရှူးပြီး မြီးထူကလေးနဲ့နေရှာတယ်။

ကလေးတွေဟာ နန်းတော်ခန်းဆောင်ကျယ်ထဲမှာ တစ်နေကုန်ကစား ပြီး နေတတ်ကြတယ်လေ။ ပတ်လည်နံရံမှာတော့ ပန်းလှလှတွေ ပွင့်ပေါက်နေ ကြတာပေါ့။ ပယင်းပြတင်းများ ဖွင့်လိုက်ရင်တော့ လူ့ပြည်က အခန်းတွေ အတွင်းကို ပျံလွှားတွေ လမ်းမှားဝင်လာသလို ငါးကလေးတွေက ကူးလာ ကြပါရော။ ငါးတွေက ပျံလွှားထက်ရဲတယ် ကျော်ရဲ့ ။ မင်းသမီးကလေးတွေ ဆီ ဆိုက်ဆိုက်မြိုက်မြိုက် တိုးလာပြီး လက်နဲ့ ခွံ့ကျွေးတာလည်း စားတာ ပဲ။ ပွတ်သပ်ပေးလည်း ငြိမ်ခံတာပဲ။

နန်းတော်ရှေ့က ဥယျာဉ်ကြီးထဲမှာတော့ အပြည့်အနှက်ပေါက်နေကြ တဲ့ တချို့သစ်ပင်တွေဟာ တောမီးလို ရဲရဲနီပြီး တချို့က ညလို ပြာမှောင် တယ်။ သစ်သီးများက ရွှေလိုဝါပြီး ပန်းပွင့်များက နေလို ထွန်းလင်းပေး တယ်။ ဥယျာဉ်မြေအခင်းဖြစ်တဲ့ သဲပြင်ကတော့ နီလာရောင်အဆင်းမို့အပေါ်လွှာရေကလည်းပြာ၊ အောက်ကရေကလည်းပြောဆိုတော့ ရေအောက် မှာ နေရတယ်တောင် မထင်နိုင်ဘူး။ မိုးပြာအမြင့်ထဲ ရောက်နေသလားလို့ ထင်မှားရတယ်။ ရေငြိမ်နေစဉ်ဆိုရင်ဖြင့် နေလုံးဟာ ခရမ်းရောင်ပန်းပွင့်နဲ့ တူပြီး ပန်းပွင့်ဖတ်ခွက်ထဲက အလင်းရောင်ဟာ ကမ္ဘာလောကပေါ် စီးဖြာလို့ ကျတာကို အတိုင်းသား မြင်နေတာပေါ့။ ။

ဥယျာဉ်ထဲမှာ မင်းသမီးကလေးတစ်ယောက်ကို မြေတစ်ကွက်စာ ရကြတယ်။ သဘောရှိသလို စိုက်ပျိုးဖို့ပေါ့။ တစ်ယောက်က ဝေလငါးပုံ အကွက်ရိုက်ပြီး ပန်းပင်စိုက်တယ်။ တစ်ယောက်က ရေသူမပုံ၊ အငယ်ဆုံး ကလေးကတော့ နေသဏ္ဌာန်လုံးဝန်းတဲ့ပုံကို ရွေးချယ်ပြီး စိုက်ပြန်တော့ နေရဲ့ အရောင်ကို သူ ထင်မြင်ရှာတဲ့ အနီရောင် ပန်းပွင့်ပင်များမှ စိုက်သတဲ့။ အတော်ဆန်းတယ်ပေါ့ ။ အင်မတန်အေးချမ်းပြီး သူ့စိတ်ကူးနဲ့ပဲ သူ နေတတ် ပြန်တယ်။ သင်္ဘောပျက်နဲ့ကြုံလို့ ပစ္စည်းဆန်းကလေးများရရင် တခြားညီမ ဖော်တွေက ကိုယ်မှာဆင်သလို့မဆုံးဘူး။ သူကတော့ လူသားကျောက်ဆစ် ရုပ်ကလေးပဲ တောင်းခံပြီး သူ့မြေကွက်မှာ စိုက်တည်ထားသတဲ့။ ပြီးတော့ ကျောက်ဖြူရုပ်နံဘေးမှာ နီရဲတဲ့ ကျောက်ခက်ပင်တစ်ပင် စိုက်တယ်။ ကျောက်ခက်ပင်ဟာ တစ်ခဏချင်း ကြီးလာပြီး ခက်လက်များနဲ့ မြေကို လှမ်းပြီး ငြိလေတော့ အမြစ်နုများနဲ့ ဖက်ယမ်းမိတယ်ထင်ရအောင် ခက် လက်များရဲ့ ခရမ်းညိုရိပ်များဟာ ကစားနေတော့တာပေါ့ ။

မင်းသမီးလေးဟာ ရေလွှာအပေါ်ဆီက လူသားတွေအကြောင်းများ နားထောင်လို့ မပြီးနိုင်ရှာဘူး။ သင်္ဘောဆောက်ပြီး ပင်လယ်ကူးကြတာတွေ၊ မြို့တည်ပြီး နေထိုင်ကြတာတွေ၊ တိရစ္ဆာန်ကောင်တွေ ခိုင်းစေလို့ နေကြတာ တွေကို အဘွားလုပ်သူနားကပ်ပြီး ပြောပြခိုင်းတယ်။ လူ့ပြည်က ပန်းပွင့်တွေ ဟာ မွှေးကြိုင်တယ်ဆိုတာ သိရတော့ဖြင့် သိပ်သဘောကျနေတော့တာပဲ။ ပင်လယ်ပန်းတွေက ရနံ့မှမရှိဘဲကိုး ကျော်ရဲ့ ။ ပြီးတော့ သစ်တောတွေဟာ စိမ်းတယ်လားပေါ့။ ရောင်စုံတောက်ပတဲ့ သစ်ခက်ကိုင်းတွေကြားမှာ ငါးတွေ ကလည်း ပျံတယ်လားပေါ့။ အသံကျယ်ကျယ်နဲ့ သီချင်းပီအောင် ဆိုတယ် လားပေါ့။ တကယ်တော့ အဘွားကြီးဆိုလိုတာက ငှက်တွေပါ။ ကလေးမက ငှက်မမြင်ဖူးရှာလို့ နားမလည်မှာစိုးလို့ ငှက်အစား ငါးလို့ပြောရတာ။

ငါ့မြေးအသက် ဆယ့်ငါးနှစ်ပြည့်တော့ ပင်လယ်ရေမျက်နှာပြင်ပေါ် ကို တက်ခွင့်ရမယ်။ ဒီတော့မှ လရောင်အောက် ကျောက်ဆောင်ပေါ်ထိုင် ပြီး သင်္ဘောတွေ ခုတ်သွားတာ၊ မြို့တည်ပြီး လူတွေနေကြတာ ကြည့်တာ ပေါ့ ” လို့ အဘွားက ပြောတယ်။

နောက်တစ်နှစ်ကြာတော့ သမီးဦးဟာ ဆယ့်ငါးနှစ်ပြည့်လို့ ဝမ်းသာ စရာ ဖြစ်နေတာပေါ့။ ဒါပေမဲ့ မင်းသမီးလေးတွေဟာ တစ်နှစ်ကြီး တစ်နှစ် ငယ်စီပေါက်တာမို့ အထွေးဆုံးကလေးမှာ ငါးနှစ်စောင့်ရဦးမယ်ကျော်။ ဒါပေမဲ့ သမီးဦးက ဆယ့်ငါးနှစ်စေ့တဲ့နေ့မှာ ရေပြင်ပေါ်ဆီက ပြန်လာရင် မြင်ခဲ့သမျှ ပြောပြပါ့မယ်လို့ ကတိထားရှာတယ်။ အဘွားပြောတာကို နား ထောင်ရတာ အားမှမရကြတာပဲ။

အထွေးကလေးလောက်တော့ ဘယ်သူမှ ငမ်းငမ်းတက်မဖြစ်ကြတာ မှန်တယ်။ သူကလေးဟာ ညညများမှာ ပြတင်းပေါက်ဖွင့်ပြီး ဝင်လာတဲ့ ငါးကလေးတွေ အလယ်ကနေပြီး ပင်လယ်ရေကြည်ပြာထဲ တိုးလို့ မော့ ကြည့်ရှာတယ်။ နေမင်းနဲ့ လမင်းပဲ မြင်ရတာပေါ့ ။ ရေထဲမှာမို့ နေရောင် လရောင်များဟာ ဖျော့တော့ပြီး မြေပြင်မှာထက်ပိုပြီး အရွယ်ကြီးတယ်ထင်ရ ရဲ့ ။ နေမင်း လမင်းကြားမှာ အရိပ်တစ်ခု ဖြတ်သွားရင် ဒါဟာ ဝေလငါး ပါပဲ။ လူတွေအပြည့်တင်တဲ့သင်္ဘောပါပဲ စသဖြင့် မှန်းဆရရှာတယ်။ လူတွေ ဆိုရင်လည်း သူတို့အောက် အနက်ရှိုင်းထဲမှာ ရေသူမကလေးတစ်ယောက် ဟာ သင်္ဘောဝမ်းဆီသို့ လက်ဖြူဖြူကလေးနှစ်ခုဆန့်တန်းပြီး အငမ်းမရ မျှော်မှန်းနေတယ်ဆိုတာ ဘယ်တွေးမိပါ့မလဲ။

မင်းသမီးအကြီးဆုံးကလေး ဆယ့်ငါးနှစ်ပြည့်လို့ ရေမျက်နှာပြင်က ပြန်လာတဲ့အခါတော့ ပြောပြစရာတွေ မနည်းပါလာတယ်လေ။ လရောင်မှာ ပင်လယ်ကမ်းခြေသဲသောင်ပေါ်ထိုင်ပြီး ပင်လယ်ဆိပ်ကမ်းမြို့ကလေးကို ကြည့်လို့ မီးရောင်တွေ ကြယ်လိုလက်တာ၊ တေးဂီတ တီးမှုတ်သံနားထောင် ရတာအပျော်ဆုံးပဲတဲ့။ လူတွေရထားလုံးစီးပြီးသွားတဲ့အသံတလဲလဲ ကြားခဲ့ရရဲ့။ ဘုရားရှိခိုးကျောင်း မျှော်စင်မြင့်မြင့်တွေလည်း မြင်ခဲ့ရရဲ့။ ခေါင်းလောင်းသံလည်း နားထောင်ရရဲ့ တဲ့။ အဲသည်ဆီ မသွားနိုင်ရှာသူမို့ ပိုပြီး စုံရေမက်ရေရှိတာပေါ့ ကျော်လေးရယ်။

ညီမအထွေးကတော့ ခေါင်းကို စိုက်နေသတဲ့။ ညကျလို့ ရေပြာပြာ ကြားကတိုးပြီး အပေါ်ကို မျှော်ရင်တော့ ဆူညံတဲ့ လူနေမြို့ကို အာရုံ စောလွန်းလို့ ဘုရားရှိခိုးကျောင်းက ခေါင်းလောင်းသံကိုတောင် ကြား သယောင်ယောင် ထင်မြင်သေးတယ်။ ။

နောက်တစ်နှစ်ကြာတော့ ဒုတိယသမီးကလေးဟာ လိုရာကူးခတ် သွားလာခွင့် ရပြန်တယ်။ သူ ရေမျက်နှာရောက်ချိန်မှာ နေက ဝင်ဆဲမို့ - သဘောအကျကြီးကျပြီး ရေပေါ်မှာ ဒါ အလှဆုံးလို့ ကြေညာချက် ထုတ် သလေ။

“ကောင်းကင်ဟာ ရွှေရောင်သမ်းပြီး တိမ်တွေအလှတော့ ပြောမပြ နိုင်ပေါင်အေ” လို့ သူကလေးက ဆိုတယ်။

“အခုနီ၊ အခု မရမ်းရောင်ပြောင်းပြီး ခေါင်းပေါ်က ဖြတ်ပြီး လွင့်တယ်။ နေအကျမှာ ငန်းတွေ ရေပြင်ပေါ် ဖြတ်လို့ပျံသွားတာကတော့ ပိုမြန်သဘေ။ လိုက်ပြီးကြည့်ပေမဲ့ နေလုံးပျောက်သွားပြီမို့ တိမ်စွန်ရေပြင်ပေါ်က နှင်းဆီ ရောင်တွေ မှိန်ကုန်တာပေါ့။ ဘာမှမမြင်ရတော့ဘူး”

တတိယမင်းသမီးကလေးအလှည့်ကျတော့ သူက- အရဲဆုံးမို့ မြစ် တစ်ကွေ့ နောက်တောင် လိုက်တက်သွားသတဲ့။ မြစ်ကမ်းနဖူးက စပျစ်ခြံတွေနဲ့ သစ်တောအုပ်လို့ စိမ်းနေတဲ့ တောင်ငယ်တွေ၊ အဲသည်ကြားက တိုး ထွက်ပြီး ပေါ်လွင်တဲ့အိမ်တွေ၊ ရဲတိုက်တွေ တွေ့ခဲ့တယ်။ ငှက်ကလေးများ သီချင်းဆိုသံလည်း ကြားခဲ့တယ်။ နေရှိန်က ပြင်းလွန်းလို့ ရေထဲပြန်ပြီး ငုပ်ပေးမှ သက်သာတယ်။ ဆိပ်တစ်ခုမှာတော့ ရေထဲမှာ ခုန်ပေါက်ကူးခတ် နေတဲ့ ကလေးငယ်တစ်သိုက်နဲ့တွေ့သေးတော့ ဝင်ပြီး ရောနှောကစားချင် ပေမဲ့ ကလေးတွေက ကြောက်လန့်ပြီး ထွက်ပြေးတယ်။ သတ္တဝါမည်းမည်း ကလေးတစ်ယောက်ကလည်း မောင်လေတာမို့ သူကိုယ်တိုင် ကြောက်လာ ပြီး ပင်လယ်ကို ပြန်ပြီးကူးပြေးခဲ့ရသတဲ့။ ဒါပေမဲ့ သစ်တောစိမ်းတွေ၊ တော ရိုင်းတွေ၊ ဆူးတောင်မရှိဘဲနဲ့ မကြောက်မရွံ့ ရေကူးနေကြတဲ့ ကလေးတွေ ကို မမေ့နိုင်ပါဘူးလို့ ဆိုရှာတယ်။

စတုတ္ထမင်းသမီးကလေးကတော့ သိပ်မရဲဘူး။ ပင်လယ်က မကျော် ဘဲနေပြီး အိမ်ရောက်တော့ ဘယ်ဟာက ပိုပြီးများ လှနိုင်ဦးမှာလဲလို့ ထင် သတဲ့။ သင်္ဘောတွေကို အဝေးကြီးက ရွက်လွှင့်သွားတာ မြင်ရတာ စင်ရော် တွေနဲ့တူသတဲ့။ ငါးမန်းကြီးတွေ လူးနေတာလည်း မြင်ခဲ့တယ်။ ဧရာမဝေလငါးကြီးတွေ နှာခေါင်းက မှုတ်ထုတ်လို့ ကျလာတဲ့ ရေပန်း ဖြိုးပြက် တာလည်း မြင်ခဲ့တယ်။

ပဉ္စမ မင်းသမီးကလေးအလှည့်မှာတော့ ဆောင်းတွင်းမို့ ပင်လယ်ဟာ စိမ်းနေတယ်။ ရေမျက်နှာပြင်မှာ အိမ်လောက်ရေခဲတုံးကြီးတွေ ပေါလောမျော နေတယ်။ ဒါကို ပုလဲနဲ့ တူတယ်လို့ သူကလေးက အဲသည် ပုလဲတုံးကြီး တစ်တုံးပေါ်ထိုင်လိုက်ပြီး လေကြုံနဲ့ သူ့ဆံပင်ရှည်ကို လွှင့်တယ်တဲ့။ သင်္ဘော တွေကတော့ အလန့်တကြားနဲ့ ရွက်လွှင့်ပြီး ရေခဲတုံးတွေနဲ့ လွတ်အောင် ပြေးကြတယ်။ ညနေစောင်းတော့ဖြင့် ကောင်းကင်ဟာ မိုးသားနဲ့ ထူထပ် ပြီး လျှပ်စစ်နွယ်တွေ ရဲခနဲပြက်၊ မိုးသားလည်း ထစ်လိမ့်တာမို့ သင်္ဘောတွေ ဟာ ရွက်ချပြီး ကိုးကွယ်ရာမရ ရှိကြသတဲ့။ သူကတော့ မြုပ်ချည်ပေါ်ချည် နေတဲ့ ရေခဲတုံးကြီးတွေပေါ်မှာ ထိုင်လိုက်မြဲလိုက်ရင်း ပြာလဲ့လဲ့ လျှပ်စစ် မျဉ်းကြောင်းကို အမှတ်မထင်နေခဲ့တယ်တဲ့ ကျော်ရယ်။