Skip to product information
1 of 2

Other Websites

ကြည်အေး - နွမ်းလျှအိမ်ပြန်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

[၁]

မောလိုက်တာ။

တင်မေသည် အသက်ကိုတောင်မှ မျှဉ်းပြီး ရှူရ လေသည်။ လေကို ဝဝများ ပင့်သွင်းပြီး ထုတ်လိုက်ရလျှင် အသက်ပါ ပါသွားမလား အောက်မေ့ရ၏။ ရင်ထဲက ကျပ် လှပါတကား၊ အထူးသဖြင့် ဘယ်ဘက်ရင်ဘတ်ကအောင့်လှသည်။ ရင်ထဲက အဆို့အကျပ်သည် လည်ပင်း ရောက်အောင် တက်လာပြီး တင်မေသည် နာကျင်ရှုံ့မဲ့၍ ချောင်းဆိုးချလိုက် ရလေသည်။

တံတွေးကို ဝေးဝေးရောက်အောင် ထွေးပစ်လိုက် သည့်အခါ အနီရောင်ကို မြင်လိုက်ရ၏။ ပါးစပ်ထဲတွင် ငန်ငြိချိုမြပြီး အော့ချင်လာလေသည်။ မိုးစိုသည့် လက် ကိုင်ပဝါနှင့် နှုတ်ခမ်းကို သုတ်လိုက်ရာ သွေးတွေ စွန်း ပေလာသည်ကို မြင်ရ၏။ တင်မေသည် စိတ်မကောင်း ဖြစ်သွားသော်လည်း ပြုံးလိုက်ကာ လက်ကိုင်ပဝါတွင် မိုးရေနှင့်သွေး ရောပြီး ပြန့်ပြန့် လာသည်ကို ငေးနေမိ လေသည်။

ချောင်းဆိုးသွေးပါ။

“တယ် အခေါ်ယဉ်တဲ့ရောဂါပဲ၊ ဟင်....နာမည် ကိုက အဓိပ္ပာယ်ကို ပြောပြနေတယ်” ။

တင်မေသည် သဘောကျစွာပင် ရယ်လိုက်မိချေ သေးသည်။ တင်မေနှင့် ဤရောဂါမှာ အတော်ပင် အကျွမ်းဝင်နေပြီ ဖြစ်၍ ရိုးနေကာ ကြောက်ရမှန်းပင် မသိတော့ချေ။ ဒါမှ မဟုတ်လည်း မလွတ်နိုင်တော့သည့် အတူတူမို့ မကြောက်တော့ခြင်း ဖြစ်နိုင်ပေသည်။ တင်မေ သည် ဤရောဂါမှ ဘယ်နည်းနှင့်မျှ အထမမြောက်နိုင် တော့ပြီ ဆိုတာကို သိရလေပြီ။

ဆရာဝန်ပြောစကားမှာ အတော် စိတ်ဝင်စား စရာ ကောင်းလှသည်။ တင်မေ့ ကိုယ်ထဲက အဆုတ်မှာ အဆုတ် မဟုတ်တော့ဘဲ ပိုးအိမ်ဖြစ်နေပြီ ဆိုပါကလား။ တင်မေသည် ထိုစကားကို ခိုးနားထောင်၍ ကြားရပြီး ကတည်းက အသည်းတွေ နှလုံးတွေ ကြားထဲက အဆုတ် မဟုတ်တော့သော ညိုပုပ်ပုပ် အခဲကြီးကို မြင် မြင်နေ မိလေသည်။

တင်မေ့ ရှေ့မှာမူ ဆရာဝန်သည် မျက်နှာကို အရွှင်ဆုံးထားကာ “ဘာမှ မကြောက်နဲ့၊ ပျောက်အောင် ကုပေးမယ်”ဟု တတွတ်တွတ် ပြောလျက်ရှိလေသည်။

တင်မေသည် ဆေးထိုး မခံတော့ချေ။ ဘာ အကျိုး ထူးတော့မလဲ၊ အမြန်ဆုံး သေဆုံးသွားခြင်းသာ အမြန်ဆုံးရောဂါပျောက်ခြင်း ဖြစ်သည်။ ခုလို အခြေအနေမျိုးမှာ ဘာ့ကြောင့် ကတ်သီးကတ်သတ် အသက်ခဏ ရှင်နေတော့မလဲ။ ပြီးတော့ ရောဂါဆိုးကြီးနှင့် လူမမာအတွက် တစ်အိမ်လုံးလည်း စိတ်ညစ်ကြောက်လန့် နေကြရသည်။ချောင်းဆိုးသွေးပါသည် ကူးလည်း ကူးစက်တတ်သေး သည်ဆို....။

တစ်ခါတစ်ခါတော့လည်း ဆရာဝန် အားနာ၍ အလျှော့ပေးရသေး၏။ တွေ့ဖူးသမျှထဲမှာဆိုလျှင် တင်မေ့ ဆရာဝန်သည် ပိုက်ဆံကို မတွက်ဆုံး၊ စိတ်ကောင်း အရှိ ဆုံး ဖြစ်သည်ဟု ထင်လေသည်။ ညကြီးမင်းကြီးမှာပေ မည့် မြွေပွေးပေါလှသည့် မြရာကုန်း လယ်ကွင်းတွေကို ဖြတ်ကာ တင်မေဆီ လာလေသည်။ တင်မေ မသိဘူး မှတ်၍ ဆရာဝန်က ညာပြောသမျှကို တင်မေက ယုံချင် ယောင် ပြန်ပြီး ဆောင်ရသည်။ ဆေးထိုးခံရသည်။

“အားမငယ်နဲ့နော် သမီး” ဟု သူက ဆိုတတ်သည်။

တင်မေမှာတော့ ဘယ်လိုစကားမျိုးကိုပဲ ကြားရ ကြားရ၊ ဘာမှ မဖြစ်တော့ပါ။ ကိုယ့်ကိုယ်ကို သိတာထက် ဘယ်သူက ပိုသိဦးမှာလဲ။ မှန်ကိုကြည့်လိုက်လျှင် နက်ရာ ကညို ညိုရာက မီးခိုးသွေးပေါက်နေသည့် ဆံပင်ခြောက် များ၊ အသားအဝါနှင့် နှုတ်ခမ်းအပြား၊ မျက်လုံး ကြည်လောင်လောင်၊ အသက်ဆိုသည့် မီးတောက်ကလေး သည် တင်မေ့ကိုယ်ထဲတွင် ဖျော့တော့ အားနည်းလှစွာ ငြိမ်းလု ငြိမ်းလှနှင့် တောက်နေသည် ဆိုတာကို သိရ ပေမည်။

ချောင်းဆိုး သွေးပါနှင့်ပင် မောင်လေးအပု ဆုံးဖို့ဆယ်ရက်လောက် အလိုမှာ မြင်ရသည့်ရုပ်နှင့် အင်မတန် တူသည်။

ထို့ကြောင့် ဘယ်စကားမျိုးကို ကြားရ ကြားရ၊ တင်မေစိတ်ထဲ ဘာမှ မဖြစ်တော့ပါ။ ဘဝ၏ နောက်ဆုံး နေ့ကိုသာ တွေးနေမိသည်။ ထင်မြင်ထားသလောက် မနီး သည့်အတွက် စိတ်တောင် မရှည်နိုင်တော့။ လှိုင်းအောက် ရောက်သွားပြီထင်ကာ ကျောက်ဆောင်နှင့် ရိုက်ဆောင့်ဖို့ ကို မြင်နေသော်လည်း နောက်ဆုံး ဂယက်တစ်ပွေ့မှာ လှိုင်းထိပ် ပြန်တက်ရခြင်းကို ဒေါသ ဖြစ်နေလေသည်။ လှိုင်းထိပ် တက်ရခြင်းမှာလည်း အကောင်းမှ မဟုတ်ဘဲ။ နောက် သည့်ထက် နှစ်ဆ ဟိုက်သွားသည့် လှိုင်းချောက် ထဲကို တလိမ့်ခေါက်ကွေး ဆင်းဖို့ပဲ မဟုတ်လား။ ပန်းလှ ပါပြီကွယ်.....။

 တင်မေသည် ရင်ထဲမှာ တစ်၊ နှာခေါင်းထဲမှာ မွန်းပြီး ပါးစပ်ထဲမှာ သွေးနှင့်ချွေးတွေ ပြည့်ကာ ဝေဒနာ

ကြောင့် ရူးသွားမလား အောက်မေ့ရသည့် အခါမျိုးကို လိုသည်ထက် ပို၍ တွေ့နေရသည်ဟု ယုံကြည်၏။ အကြမ်းဆုံးကနေပြီး တဖြည်းဖြည်း မျှဉ်းကာ ရောဂါပျော့သွားပြန်သည့်အခါမှာ ဒေါသ ဖြစ်ရလေသည်။ ခံရလွန်း၍ သေမင်းကိုတောင်မှ “ကယ်တင်ရှင်” ဟုပင် အယူသီးမိတော့ မလိုလို။ ထိုအခါမျိုးဆိုလျှင် တင်မေ သည် အိပ်ရာက မထနိုင်သေးသမျှ အံတကြိတ်ကြိတ် ဖြစ်နေပြီး ထနိုင်သည့်အခါဆိုလျှင် အိမ်၏ ခေါင်းပြုရာ ကိုက်နှစ်ရာကျော် ကွာသည့် မြရာကုန်းချောင်းကို လာခဲ့မြဲ ဖြစ်လေသည်။

ယခုလည်း ကြည့်လေ................တင်မေ့ရှေ့မှာ မြရာကုန်းချောင်း။

ခါတိုင်းတော့ မရေမရာနှင့် လာပြီး ရေပြင်ကို ကြည့်ကာ အိမ်သို့ ပြန်ရောက်မြဲ ဖြစ်ရလေသည်။ ယခု အခါမူ တထစ်ချ ဆုံးဖြတ်ပြီးပြီ။

ယခုအိမ်မှ သည်နေရာ ရောက်အောင်ပင် မနည်း ထွက်ပြီး လာခဲ့ရလေသည်။ မနေ့ကဆိုလျှင် ခြံထဲ လမ်းလျှောက်နိုင်ရုံ ရှိသေးသည်။ မနေ့က၏ အရှေ့က ရက် များမှာတော့ တင်မေသည် မည်းမှောင်ချိုင့်ဝှမ်းသည့် လှိုင်းချောက်ကြီးထဲကို ရိပ်ခနဲ လျှောခနဲ ကျ ကျ ကျနေ သည့် နေ့များ ဖြစ်ချေသည်။ သို့သော်လည်း ကြုံဖူးနေပြီ ဖြစ်၍ ဒါဟာ အဆုံးစွန်သောချောက် မဟုတ်သေးပါဘူး ဟု အိပ်ရာပေါ် လူးလှိမ့်နေသည့်ကြားကပင် သတိတရရ ဖြစ်နေပေသေးသည်။

ခါတိုင်းလို အံကြိတ်ပြီး မတွေးဘဲ ခေါင်း အေးအေးထား၍ တွေးကာ မြရာကုန်း ရေနက်သို့ လာခဲ့ ပါသည်။

အိမ်ကလူတွေ လစ်စဉ်မှာ ထွက်ခဲ့ရသည်။ မိုး တွေကလည်း ဖွဲ့လို့ပါကော။ လေ၏ အအေးက စူးရှလှ သည်။ ဆွယ်တာနှစ်ထပ်၊ ကုတ်အင်္ကျီ အပေါ်က ဝတ်ထား လျက်ကတောင် တစ်ကိုယ်လုံး တုန်နေသေးသည်။ မိုးဖွား တွေထဲ တိုးလာပြန်တော့ အသားတွေ ကျဉ်ပြီး ထုံနေကာ ဘာဖြစ်လို့ ဖြစ်မှန်းပင် မပြောတတ်တော့ပါ။ တောက် သာ ခေါက်မိတော့သည်။ မိုးရေကြောင့် ထမီက စိုထိုင်းထိုင်းနှင့် အောက်တစ်ပိုင်း ရွှဲနေ၏၊ ခေါင်းကို မိုးထိပြီး ဆံပင်တွေ ပူကျွမ်းနေသလိုပင်။ သို့သော်လည်း ဂရုမစိုက်။

မောပန်းစွာပင်၊ သို့သော်လည်း ဖြောင့်ဖြူးစွာပင် မြရာကုန်းချောင်းစပ်က ဇလပ်ပင်ကြီးအောက်ကို ရောက် ခဲ့၏။ မိုးစိုသည့် နုံးမြေပေါ် ပစ်ချထိုင်လိုက်ပြီး အမောပြေတော့မှ ရင်ထဲက အဆို့အကျပ်သည် ပါးစပ်ပေါ် တက် ခွင့်ရကာ ချောင်းဆိုးပြီး ထွေးထုတ်ပစ်နိုင် အားတော့ သည်။ အအေးနှင့် ချောင်းဆိုးသွေးပါ။ သို့သော်လည်း ဂရုမစိုက်၊ ဂရုမစိုက်။

တင်မေသည် ဂရုမစိုက် ဆိုသည်ထက် ပြင်းထန် သော စကားလုံးကို လိုချင်သေး၏။

ချောင်းဆိုးလိုက်ရင်း၊ သွေးပါလာရင်း၊ ထွေးပစ် လိုက်ရင်းနှင့်ပင် တင်မေသည် မြရာကုန်း ချောင်းရေပြင် ကို ငေးကြည့်မိပြန်လေ၏။

ရေပြင်ပေါ်မှာ အမှုန်ဆုံး မိုးဖွားကလေးများသည် စိပ်စိပ်လျှောက်ပြေး နေကြလေသည်။ အနှောင့်အယှက် မရှိသော နွေကာလ၏ ရေပြင်လို မျက်နှာတင်း၍ မနေဘဲ ဝါညစ်ညစ်နှင့် အနယ်လည်း ထနေသည်။ နွေအခါဆို လျှင်ကျောက်ချောပမာ ရေပြင်ပေါ် ထိုင်၍ပင် ရမည်ဟု တင်မေ ထင်ခဲ့ဖူးလေသည်။ ယခုတော့ ရေပြင်သည် ပျော့ ညံ့လှသည်။ တင်မေသည် ဟိုအောက် နွံတောထဲအထိ နှစ်သွားနိုင်သည်။

လေပြင်း ဝှေ့လိုက်ပြီဆိုလျှင် ဇလပ်ကိုင်း ဇလပ် ရွက်များပေါ်မှာ ခိုနေသည့် မိုးရေပေါက်ကြီးများသည်ဖြန်းခနဲ၊ ရှဲခနဲ ကျလာတတ်သည်။ တင်မေသည် အငေး ပျက်၍သွားကာ သွေးပေသော လက်ကိုင်ပဝါနှင့်ပင် မျက်နှာကို သုတ်ပစ်ရပြန်သည်။

လေသည် ဇလပ်ကိုင်းများကို ကိုင်လှုပ်နိုင်အောင် ကြမ်းလျှင်တော့ ပြောင်တင်းတင်း စိမ်းမြမြ ဇလပ်သီး များသည် တဖုတ်ဖုတ် ကြွေကျလေသည်။ တချို့က တင်မေ့ကျောဘက် သဲခပ်သိပ်သိပ်နှင့် နုံးမြေပေါ်ကျကာ တစ်လိမ်နှစ်လိမ့် လိမ့်သည်။ တချို့ကမူ တင်မေ့ ခြေရင်း ဘက် ရွှံ့ပျော့ချောင်းစပ်ကို ကျကာ တစ်ဝက်နစ်ပြီး ငြိမ် နေသည်။ တချို့က မြရာကုန်းချောင်း ရေထဲကျကာ ပေါလော ပေါလောနှင့် မျောချင်ရာ မျောသွားကြလေ သည်။

ဇလပ်သီးများ ရေထဲကြွေသည်ကို တင်မေ စိတ် ဝင်စားလေသည်။ ဇလပ်ပင်ကြီးသည် ချောင်းဘက်သို့ ကိုင်း၍ အရိပ်သည် ချောင်းလယ်သို့ကျကာ နေတတ် သည်။ ဇလပ်သီးများသည် ချောင်းရေထဲ ကျတာသာ များ သည်။

ဟော..ကြည့် တစ်လုံး ကြွေပြန်ပြီ.....ကြွေပုံကို ကြည့်စမ်း။

ရေပြင်သည် လှိုင်ရွရွကြွကာ ပလုံစီနေသဖြင့် ဇလပ်သီးသည် စွက်ခနဲ သဲ့သဲ့မြည်ကာ ခဏနစ်ပြီး ပြန် ပေါ်လာသည်။ ရေပန်းသေးသေး ကြီးကြီးများ ဖွာ၍ ထကာ ပတ်လည်ကို စင်ပြီး ကျသည်။ ထို့နောက်ကား ဂယက်ကလေးများ လှုပ်ရှားခြင်း။ ထို့နောက်ဆိုလျှင်ကား

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)