ကြည်သူ - အောင်မြင်သောစွန့်ဦးတီထွင်သူများထံမှအတုယူစရာများ
လင်ဂိုတုန်း
(LIM GOH TONG)
ကမ္ဘာ့အဆင့်ရှိ အပန်းဖြေစခန်းတစ်ခုကို တည်ဆောက်ဖို့ဆိုတဲ့ ပန်းတိုင်တစ်ခု ကို လင်ဂိုတုန်းက အကူအညီမပါဘဲ တစ်ကိုယ်တော် ဘယ်လိုတည်ထောင်ခဲ့သလဲ ဆိုတဲ့ဇာတ်လမ်းပါ။ ၁၈ဝဝ မီတာမြင့်တဲ့ တောင်ပူစာထိပ်မှာ ဂန်တင်းတောင်ပေါ်ဒေသ ကို တည်ဆောက်နိုင်တာဟာ အမြင့်မားဆုံးရည်မှန်းချက်ကို သူ ထားခဲ့လို့ဆိုတာ ထင်ရှားပါတယ်။ အကုန်လုံးနဲ့ ဆန့်ကျင်ပြီး ပန်းတိုင်အရောက်သွားဖို့ဆိုတာက အတော်လေးဇွဲရှိဖို့လိုပါတယ်။ အရဲစွန့်ရမယ်၊ အကြောက်အလန့်ကင်းရမယ်၊ စကား စမြည်ပြောဆိုခြင်းအတတ်အပညာရှိရမယ်။ အရှုံးမပေးတဲ့စိတ်ဓာတ်ရှိရမယ်။ ဒါတွေ အားလုံးပါဝင်ပြီး ထူးခြားတဲ့လူကို လင် (LIM) လို့ ခေါ်ပါတယ်။ အခုဆို သူ့နာမည် ဟာ ဂန်တင်းနဲ့ခွဲမရအောင် အဓိပ္ပာယ်တူနေပါပြီ။ အာရှတစ်ဖွံ့ ဖြိုးရေးကုမ္ပဏီနဲ့ ကမ္ဘာ့ အပန်းဖြေကုမ္ပဏီ၊ ဂုန်တင်းကုမ္ပဏီရဲ့ ပိုင်ရှင်ဟာ အာရှသား ကုဋေပေါင်းများစွာထဲက တစ်ယောက်ပါ။ ဒီအံ့ဖွယ်လူဟာ အခြားရွှေ့ပြောင်းနေထိုင်သူ သန်းပေါင်းများစွာလိုပဲ မလာယာကို ရောက်လာသူပါ။ (မလာယာဆိုတာ ယခုမလေးရှားပါပဲ) ဒါပေမဲ့ကျန်လူတွေနဲ့ သိသိသာသာ ကွဲပြားခြားနားတာကတော့ သူ့မှာ အိပ်မက်တစ်ခုရှိ တယ်။ အားလုံးနဲ့ ဆန့်ကျင်ပြီး အလုပ်ကြိုးစားလုပ်ဖို့ ဆုံးဖြတ်ချက်တစ်ခုရှိတယ်ဆို တာပါပဲ။ ။
ဒါတွေအားလုံးကို နှစ် ၄ဝ က စခဲ့တာပါ။ ၁၉၆၄ ခုနှစ်မှာ ကင်မရွန်တောင်ပေါ် ဒေသမှာ ကင်မရွန်ရေအားလျှပ်စစ်နဲ့ဆိုင်တဲ့ ဆည်ဆောက်ရာမှာလက်ခွဲကံထရိုက်တာ တစ်ယောက်အနေနဲ့ လင်ဟာ အလုပ်လုပ်နေခဲ့ပါတယ်။ ကံကြမ္မာက အဆုံးအဖြတ် ပေးတဲ့ညတစ်ညလို့ ဆိုရမှာပါ။ အဲဒီညက လင်ဟာ ဂျာမန်ကုမ္ပဏီရဲ့ အင်ဂျင်နီယာ ချုပ်ရယ်၊ အထွေထွေမန်နေဂျာရယ်နဲ့ အတူ ညစာ စားခဲ့ကြတယ်။ အရက်တွေသောက်ကြပြီးနောက် သူက လေညင်းခံဖို့ဆိုကာ မွန်းကျပ်နေတဲ့အခန်းကနေ အပြင် ထွက်လာခဲ့တယ်။ ကင်မရွန်တောင်ပေါ်ဒေသရဲ့ ညဟာ ကြည်နူးနှစ်သက်စရာကောင်း နေတယ်။ ညကောင်းကင်အောက်မှာ မှိတ်တုပ်မှိတ်တုပ်အလင်းရောင်တွေနဲ့အတူ ကင်မရွန်တောင်ပေါ်ဒေသရဲ့ ညမြင်ကွင်းကြောင့် အသက်ရှူမှားမတတ်ဖြစ်ပြီး ရပ်နေခဲ့ မိတယ်။ ရုတ်တရက်ခေါင်းထဲကို စိတ်ကူးတစ်ခု ဖျတ်ခနဲရောက်လာတယ်။ သူ့စိတ်ထဲ မှာ ဂန်တင်းတောင်ပေါ်ဒေသကို အလားတူပုံဖော်ကြည့်နေခဲ့မိတယ်။
“အဲဒီညက ကျွန်တော် မအိပ်နိုင်ခဲ့ဘူး။ ကျွန်တော့်ရဲ့ စီမံကိန်းသစ်ကို စီစဉ်နေ တွေးနေမိတယ်။ ဒီစိတ်ကူးကြောင့် ကျွန်တော် အရမ်းစိတ်လှုပ်ရှားခဲ့ရတယ်။ မှန်ကန် တဲ့နည်းလမ်းနဲ့ ကျွန်တော် အလုပ်ကို စလုပ်ချင်ခဲ့မိတယ်။”လို့ သူက နောက်ပိုင်းမှာ ပြောပြခဲ့တယ်။ ပထမဆုံးအခက်အခဲကတော့ တောင်ခြေကနေ တောင်ထိပ်ရောက်
အောင် ဖောက်ရမယ့်လမ်းပါပဲ။ ဒီအလုပ်ဟာ အတော်ကြီးမားတဲ့အလုပ်ဖြစ်ပြီး အစိုး ရကတော့ ဒီလမ်းဆောက်ဖို့ဆိုရင် ၁၅ နှစ်လောက် ကြာမယ်ဆိုပြီး ခန့်မှန်းပေးခဲ့တယ်။ ဒါပေမဲ့ လင်ကတော့ အကြောက်အရွံ့မရှိခဲ့ပါဘူး။ လမ်းဖောက်ရုံတင်မကဘဲ တော အုပ်ကြီးပါ ဖြတ်ရမှာမို့ လင်ရဲ့ ဂန်တင်းအိပ်မက်တစ်ခုလုံးဟာ လမ်းရဲ့ အောင်မြင်စွာ ပြီးဆုံးမှုအပေါ် မူတည်နေတယ်ဆိုတဲ့အချက်ပါပဲ။
လင်ဟာ အမြဲလိုလို ရှေ့ဆုံးက ပါဝင်ခဲ့ပါတယ်။ တစ်ခါတစ်ရံ သူကိုယ်တိုင် အန္တရာယ်ကင်းအောင် လုပ်ခဲ့ရတာတွေက သိသာတယ်။ သူ့ဘဝဆုံးလုနီးပါး အန္တရာယ်ခြောက်မျိုးထက်မနည်း မမျှော်လင့်ဘဲ ကြုံတွေ့ခဲ့ရတယ်။ လုပ်ငန်းခွင်မှာ လင်ဟာ အလုပ်သမားလည်းဖြာ၊ စီမံကိန်းမန်နေဂျာလည်းဖြစ်၊ အင်ဂျင်နီယာလည်း ဖြစ်နဲ့ အစုံပါဝင်ခဲ့ပါတယ်။ သူ ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်တစ်ခုကို ကြည့်ကြပါစို့။ ဂန်တင်း တောင်ပေါ်ဒေသက ရဟတ်ယာဉ်ဆင်းတဲ့ ကွင်းဟောင်းတစ်ခုမှာ ကြုံတွေ့ခဲ့ရတာက တော့ အန္တရာယ်များတဲ့ဖြစ်ရပ်တွေထဲက တစ်ခုပေါ့။ အချိန်က ည ခုနစ်နာရီလောက် မှာပါ။ မှောင်နေတယ်၊ အလုပ်က ဆက်လုပ်နေတုန်း။ လင်နဲ့အတူ အလုပ်သမား ခြောက်ယောက်တို့ဟာ ဘူလ်ဒိုဇာဘေးမှာ ရပ်နေစဉ်မှာပါပဲ။ မုတ်သုံမိုးကလည်း စောစောကျတဲ့အချိန်ဆိုတော့ ဘူလ်ဒိုဇာမောင်းလိုက်တဲ့အချိန်မှာ မြေကြီးဟာ ရုတ်တ ရက်ဆိုသလို ပြိုကျသွားခဲ့တယ်။ အဲဒီနေရာမှာ သူ ရပ်နေတုန်း ယိုင်တိုင်တိုင်စဖြစ်ကာ ပြိုကျလာပြီး သူ နစ်မြှုပ်ကာ ပါသွားမလို ဖြစ်ခဲ့သေးတယ်။ အမြဲတမ်းနိုးကြားတဲ့ လူသားတစ်ယောက်ဖြစ်တဲ့ လင်က ခဏအတွင်းမှာ အန္တရာယ်ကင်းအောင် ခုန်နိုင်ခဲ့ တယ်။ ပွတ်ကာသီကာ လွတ်မြောက်သွားခဲ့တယ်ဆိုရမှာ သေချာတယ်။ မလေးရှား ကမ္ဘာလှည့်ခရီးသမိုင်းမှာတော့ ပြန်ရေးရမယ့်အကြောင်းအရာတွေပါ။
အဲဒီညနှောင်းမှာ သူက သူ့မိန်းမကို ရယ်စရာအနေနဲ့ သူဟာ ငရဲပြည်ကိုသွားခဲ့ ကြောင်း၊ ဒါပေမဲ့ သူ့အလုပ်တွေ ဆက်လုပ်ဖို့ ပြန်လှည့်လာတာဖြစ်ကြောင်း ပြောခဲ့ တယ်။ သူဟာ ဒီလိုမျိုး သတ္တိရှိတဲ့လူတစ်ယောက်ပါ။ ဂန်တင်းတောင်ပေါ်ဒေသကို ပါဟန်းအစိုးရရဲ့ လုပ်ပိုင်ခွင့်နယ်မြေထဲက ၄၉၄၀ ဟက်တာနယ်မြေနဲ့ ဆလန်ဂေါပြည် နယ်ထဲက ကျန် ၁၁၀၀ ဟက်တာမြေတို့မှာ တည်ဆောက်ခဲ့ပါတယ်။ တွန်ကူရဲ့ထောက်ခံချက်နဲ့အတူ ပါဟန်းဟာ ချက်ချင်းပဲ အရေးကြီးတဲ့ မြေဖြစ်လာခဲ့တယ်။ ဒါပေမဲ့ လင် ပြောခဲ့တာက သူဟာ ဆလန်ဂေါအစိုးရနဲ့ ပတ်သက်ပြီး ပြဿနာအချို့ ကြုံခဲ့ရကြောင်းပါ။ မင်ထရီဘီဆာဒါတွပ်ဟရမ် အီဒရစ္စက သူ့ကို မြေသုံးခွင့် ၉၉ နှစ်ပဲ ခွင့်ပြုခဲ့တာကြောင့် သူ့အစီအစဉ်ဟာ လုံးလုံးလျားလျား အနှောင့်အယှက်ဖြစ် ခဲ့ရတယ်လို့ ဆိုတယ်။ ဒါနဲ့ပတ်သက်လို့ သူက အခုလိုပြောပြခဲ့တယ်။
“ဒါနဲ့ ဒါတွပ်ဟာရမ်ကို လူကိုယ်တိုင်အသနားခံပြီး ကျွန်တော့်ရဲ့ အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့အခြေအနေကို ရှင်းပြဖို့ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော် သူ့ကို ပြောခဲ့တာ ကတော့ ဂန်တင်းဆမ်ပါဟာ တောကြီးထဲမှာ သီးသန့်ရှိနေပြီး အကောင်အထည်ပေါ် ဖို့ နှစ် ၃၀ ဒါမှမဟုတ် ၄ဝ လောက်ကြာမှာဖြစ်ကြောင်း၊ လမ်းတွေ၊ ဟိုတယ်တွေ၊ ဝန်ထမ်းရိပ်သာတွေ၊ ရေဖြန့်ဝေပေးရမှာတွေ၊ လျှပ်စစ်မီးထောက်ပံ့ရမှာတွေနဲ့ အခြား လိုအပ်ချက်တွေအတွက် တည်ဆောက်ဖို့ ကြီးမားများပြားတဲ့ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရ မှာပါ။ အကယ်၍ ဆလန် ဂေါအစိုးရအနေနဲ့ ၉၉ နှစ်သာ ခွင့်ပြုခဲ့မယ်ဆိုရင် ဖွံ့ဖြိုး တိုးတက်မှုတွေ လုံးဝပြီးစီးပြီဆိုတာနဲ့ အစိုးရလက်ထဲကို ကျွန်တော်တို့က ထိုးအပ် လိုက်သလိုဖြစ်နေမှာပါလို့ ပြောခဲ့တယ်။”
“ကျွန်တော် အသားပေးပြောခဲ့တာကတော့ အကယ်၍ ဆလန်ဂေါအနေနဲ့ ကျွန်တော်တို့ရဲ့ မြေပိုင်ဆိုင်မှု မေတ္တာရပ်ခံမှုကို လက်မခံဘူးဆိုရင်တော့ ပါဟန်းဘက် ခြမ်းတစ်ခုတည်းပဲ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ကလွဲပြီး ရွေးစရာမရှိတော့ပါဘူး။ ပါဟန်းမှာ နောက်ထပ်တောင်ကုန်း အပန်းဖြေစခန်းဆောက်ရုံပါပဲ။ ကျွန်တော်ထောက်ပြတာကတော့ တောင်တရုတ်ပင်လယ်နဲ့ မျက်နှာချင်းဆိုင်က ကမ်းခြေတွေ၊ ဖရေဆာတောင်ကုန်းနဲ့ ကင်မရွန်တောင်ပေါ်ဒေသတွေမှာ အားလပ်ရက်အပန်းဖြေ စခန်းတွေ ရှိကြတယ်ဆိုတဲ့အကြောင်းပါ။ အခြားတစ်ဘက်မှာလည်း ဆလန်ဂေါဟာ မိုရစ်ဘ်ကမ်းခြေရှိလို့ ဂုဏ်ယူနိုင်ကြောင်း၊ ပါဟန်းပြည်နယ်ရဲ့ အပန်းဖြေစခန်းစာရင်း ထဲမှာ ဂန်တင်းတောင်ပေါ်ဒေသကို ထပ်ထည့်ပေါင်းခြင်းအားဖြင့် နောက်တစ်ကြိမ် ဂုဏ်ယူနိုင်ကြောင်း၊ မဟုတ်ရင် ဆလန်ဂေါဟာ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲ ဆောင်ရာမှာ ခေတ်အတော်လေး နောက်ကျကျန်ရစ်ခဲ့မှာဖြစ်ကြောင်းတွေကို ပြောပြခဲ့ပါတယ်။”
ပြောစရာမလိုတော့လောက်အောင်ပါပဲ။ ဒါတွပ်ဟာရန်ဟာ လင်ရဲ့ ရှင်းပြချက် တွေကို အမှန်တကယ်သဘောပေါက်သွားပြီး မြေပိုင်ခွင့်နဲ့ပတ်သက်လို့ ပြည်နယ်အစိုး ရထံ ထောက်ခံခဲ့ပါတယ်။ တန်ဆရီလင်ဂိုတုန်းပြောတာကတော့ “ဧရာမဆုံးဖြတ် ချက်တွေနဲ့အတူ ရည်မှန်းချက်တစ်ခုကို ရှင်းရှင်းလင်းလင်း သက်မှတ်ပြီးပြီဆိုတာနဲ့ အဲဒီရည်မှန်းချက်ကို သိသာထင်ရှားစွာ အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်” တဲ့။
ဒီနေ့ခေတ်မှာတော့ သူဟာ အသက် ၈၀ ကျော်လာပြီဆိုပေမယ့် သူဟာ တောင်ပူစာတွေ တစ်ဝိုက်ကို လာကြည့်နေဆဲပါ။ နယ်မြေဖွံ့ဖြိုးဖို့အတွက် နည်းလမ်း တွေ ရှာဖွေနေဆဲပါ။ သူ့သားတွေနဲ့ သမီးတွေက ကမ္ဘာကျော်အပန်းဖြေစခန်းကိုကောင်းကောင်းလုံလောက်စွာ စီမံနိုင်တယ်ဆိုငြား သူ့မှာ ပင်ကိုကျွမ်းကျင်မှုတွေရှိ တယ်ဆိုတာကို ယုံကြည်နေခဲ့ပြီး လင်ဟာ တစ်ခါတစ်ရံမှာ ပြိုင်ဆိုင်မှုတွေလုပ်ပြနိုင် ခဲ့ပါတယ်။ သူ့ရဲ့ အန္တိမကမ္ဘာကျော်အောင်မြင်မှုဟာ အထွတ်အထိပ်ထိ လျင်မြန်စွာ ရောက်ခဲ့ပြီး ဒဏ္ဍာရီအဖြစ်လုပ်နိုင်ခဲ့တယ်။ သူ့ရဲ့ အောင်မြင်မှုအားလုံးမှာ လင်ဟာ ဘဝကို ရိုးရိုးလေး ဦးဆောင်နေဆဲ၊ ဒုက္ခရောက်နေတဲ့လူတွေကို ကူညီတဲ့ လှုပ်ရှားမှုမှာ ပါဝင်နေဆဲ၊ တောင်ကုန်းကြီးကြာရှည်စွာ တည်နေတာနဲ့အမျှ အမှတ်ရစရာ လူစာရင်း တွေထဲကနေ သူ့နာမည်ကို ဖျောက်ဖျက်ပစ်လို့ရမှာ မဟုတ်ပါဘူး။ သူ့ရဲ့ အောင်မြင်မှု သီချင်းဟာ လေပြေလေညင်းတွေနဲ့အတူ အမြဲပါလာနေမှာပါ။ သူ့ရဲ့ ကျော်ကြားမှုဟာ ကျောက်ဆောင်တွေလို ကြာရှည်စွာ တည်နေမှာပါလေ။
မှတ်ချက် ။ ။ အဲဒီ လင်ဂိုတုန်းအကြောင်း အတ္ထုပ္ပတ္တိစာအုပ်ကို ဘာသာပြန်သူအနေနဲ့ အစအဆုံးရေးသားပြီး စိတ်ကူးချိုချိုစာအုပ်တိုက်ကို ပေးထားပြီးပါပြီ။ မကြာမီ ထွက်ရှိလာဖွယ်ရာ ရှိပါတယ်။
ဘာသာပြန်သူ
မက်ဆူရှီတာ ကိုနိဆူကီ
(MATSUSHITA KONOSUKE).
ညတွင်းချင်း သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အများကြီးကြိုးပမ်းအားထုတ်ရမှာဖြစ်ပြီး အောင်မြင်ဖို့အတွက် အုတ်တွေတစ်လွှာပြီး တစ်လွှာ ဖြည်းဖြည်းမှန်မှန်တည်ဆောက်ဖို့ လိုပါတယ်။ ပြီးတော့ အတွေ့အကြုံနဲ့ ရင့်ကျက်မှုကလည်း လုပ်ငန်းမှာ ရှေ့ကိုတိုးတက်ဖို့အတွက် အများကြီးလိုအပ်တဲ့ ထောက်ပံ့မှုပါ။
တစ်ဖြည်းဖြည်းနဲ့ ဧရာမအမြင့်ကို မြင့်တက်ခဲ့သူတစ်ယောက် ရှိပါတယ်။ သူ ကတော့ ဂျပန်က မက်ဆူရှီတာ လျှပ်စစ်ပစ္စည်းထူထောင်သူ မက်ဆူရှီတာကိုနိုဆူကီ ပါပဲ။ ၁၉၈၉ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့ကုမ္ပဏီထွက်တံဆိပ်တွေကတော့ ပင်နာဆိုးနစ်၊ နေရှင်နယ်လ်၊ တက္ကာနစ်နဲ့ ကာဆာတို့ပါပဲ။ ကနေ့မှာတော့ မစ်ဆူရှီ တာနဲ့ နာမည်တူကုမ္ပဏီဟာ ကမ္ဘာမှာသုံးစွဲသူတွေအတွက် လျှပ်စစ်ပစ္စည်းလုပ်သူ တွေ၊ ပစ္စည်းကိရိယာတွေ အများအပြားရှိနေပါပြီ။]
ကိုနိုဆူကီ မက်ဆူရှီတာကို ၁၈၉၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ဂျပန်နိုင်ငံ အိုဆာကာတောင်ပိုင်းက ရွာသေးသေးလေးမှာ မွေးခဲ့ပါတယ်။ သူ့အဖေဟာ မြေပိုင် ရှင်ငယ်လေးတစ်ယောက်ဖြစ်ခဲ့ပြီး တစ်မြေထဲနေသူတွေကြားမှာ သိသာထင်ရှားအရေး ပါတဲ့သူပါပဲ။ ကိုနိုဆူကီဟာ သားသမီးရှစ်ယောက်မှာ အငယ်ဆုံးသားဖြစ်ခဲ့ပြီး ကလေးဘဝအစောပိုင်းတုန်းက အေးအေးလူလူနေခဲ့ရပါတယ်။ ဒါပေမဲ့ သူ့အဖေရဲ့ ပိုင်ဆိုင်မှုတွေ ရှုံးတဲ့အခါမှာတော့ မိသားစုကံကြမ္မာဟာ အလှည့်အပြောင်းဖြစ်ခဲ့ရ တယ်။ ရောင်းကုန်ဈေးကွက်မှာ ဈေးကစားတာ ညံ့ဖျင်းတဲ့ရလဒ်ပေါ့။ ဒီတော့ သူ့ မိသားစုဟာ လယ်ယာမြေကိုစွန့်ခွာပြီး မြို့က သေးငယ်တဲ့အိမ်လေးတစ်လုံးဆီ ရွှေ့ခဲ့ ကြတယ်။
မိသားစုကို ကူညီထောက်ပံ့ဖို့ဆိုပြီး ကိုနိုဆူကီက အိုဆာကာရှီဟီတာချီစတိုး ဆိုင်မှာ အလုပ်သင်တစ်ယောက်အနေနဲ့ လအနည်းငယ်လုပ်ခဲ့တယ်။ အခြေခံမူလ တန်းကျောင်း မပြီးခင်ကပေါ့။ အသက် ၉ နှစ်သာ ရှိသေးတဲ့ ကိုနိုဆူကီက ရထား ဘူတာရုံမှာ သူ့အမေကို နှုတ်ဆက်ခဲ့ပြီး မြို့ကြီးကို တစ်ယောက်တည်း ရထားစီး ထွက်ခဲ့တယ်။
လူငယီလေး ကိုနိုဆူကီဟာ အလုပ်မျိုးစုံလုပ်ပြီး လုပ်ခနည်းနည်းပဲ ရခဲ့တယ်။ သူဟာ နေ့ရောညပါလုပ်ပြီး သူ့ပထမဆုံးရတဲ့ငွေက အကြွေစေ့ ဆင့် ၅ ဆင့်ရခဲ့ တယ်။ သူ့အတွက်ကတော့ ငွေကြေး အများကြီးရလိုက်သလိုပါပဲ။ ဒါနဲ့ သူဟာ အချိန်ကုန် လူပန်းခံပြီး အလုပ်အားလုံးကို ကြိုးစားလုပ်ခဲ့တယ်။ တစ်နှစ်မပြည့်ခင် မှာ ဆိုင်အလုပ်ကထွက်ခဲ့ပြီး စက်ဘီးရောင်းတဲ့ဆိုင်အသစ်မှာ ပြောင်းလုပ်ခဲ့တယ်။ အဲဒီအချိန်က စက်ဘီးဆိုတာ ဇိမ်ခံပစ္စည်းလို့ သတ်မှတ်တဲ့အချိန်ပေါ့။ ကိုနိုဆူကီဟာ အဲဒီဆိုင်မှာ ငါးနှစ်လောက်လုပ်ပြီး တွင်ခုံနဲ့ အခြားကိရိယာတန်ဆာပလာတွေ အသုံး ပြုပုံကို လျင်မြန်စွာသင်ယူခဲ့တယ်။ အဲဒီအချိန်အတောအတွင်းမှာ သူ့ပညာရေးပြီးဆုံး ဖို့ ညကျောင်းတက်ချင်ခဲ့တယ်။ ဒါပေမဲ့ သူ့အဖေက တားမြစ်စကား ပြောကြားခဲ့ တယ်။
“ကျွမ်းကျင်မှုနဲ့ ရတဲ့ဝင်ငွေက မင်းအနာဂတ်ကို သေချာစေလိမ့်မယ်။ စွန့်ဦး တီထွင်သူတစ်ယောက်လိုအောင်မြင်ပြီးရင် ပညာတတ်တဲ့လူတွေကို မင်းငှားရမ်းနိုင်ပါ
တယ်။”
အဲဒီအချိန်မှာ အိုဆာကာရဲ့ အဓိကလမ်းမတွေပေါ်မှာ ဓာတ်ရထားတွေက စတင်ပေါ်ပေါက်နေပါပြီ။ ကိုနိုဆူကီရဲ့ ပင်ကိုအသိစိတ်ဓာတ်ကတော့ လျှပ်စစ်မြို့တော် ကြီးဟာ အနာဂတ်လှိုင်းဖြစ်လာလိမ့်မယ်ဆိုတာပါပဲ။ ဒီခွင်အသစ်မှာ တစ်စိတ် တစ် ပိုင်းဖြစ်လာမှာကို စိတ်လှုပ်ရှားနေပြီး အိုဆာကာလျှပ်စစ်အလင်းရောင်ကုမ္ပဏီမှာ အလုပ်တစ်ခုရဖို့ သူ လျှောက်ခဲ့တယ်။ အသက် ၁၅ နှစ်အရွယ်မှာ စက်ဘီးဆိုင်ရဲ့ အလုပ်သင်ဘဝကနေ နုတ်ထွက်ခဲ့ရင်းပေါ့။ နောက် ၅ နှစ်အကြာမှာ သူ့အစ်မရဲ့ စီစဉ်ပေးမှုနဲ့ သူဟာ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။
နှစ်နှစ်အကြာ ၁၉၁၇ ခုနှစ်မှာ သူ့အစ်ကိုနဲ့ ဇနီးရဲ့ အကူအညီနဲ့ သူ့ကိုယ်ပိုင်လျှပ် စစ်ဆော့ကက်များ ထုတ်လုပ်တဲ့ကုမ္ပဏီလေး ထူထောင်ခဲ့သလို စက်ဘီးအတွက် ဘက်ထရီတွေလည်း ထုတ်လုပ်ခဲ့တယ်။ ကုမ္ပဏီက ကောင်းကောင်းမလုပ်နိုင်ခဲ့တဲ့အ တွက် ဒေဝါလီခံရလုနီးဖြစ်ခဲ့တယ်။ လျှပ်စစ်ပန်ကာတွေအတွက် လျှပ်ကာပြားတစ် ထောင်အမှာကို မမျှော်လင့်ဘဲ သူလက်ခံရရှိတဲ့အခါမှာတော့ လုပ်ငန်းဟာ ပြန်မတ်လာခဲ့တယ်။ အခုဆို သူ့မှာ ရင်းနှီးမြှုပ်နှံဖို့ငွေတွေရှိခဲ့တယ်။
သူ အစောပိုင်းနားလည်ခဲ့တာတွေကတော့ ငွေတစ်ခုတည်းကပဲ ငွေကို များများ ရအောင်လုပ်တယ်ဆိုပြီးတော့ပါ။ ငွေစကားပြောရင် လူတိုင်းနားထောင်တယ်လို့ လည်း နားလည်ခဲ့ပါတယ်။ သူဟာ သူ့ထုတ်ကုန်တွေကို တိုးချဲ့ခဲ့တယ်။ ဆန်းသစ် ပူးကပ်နေတဲ့ ပလပ်နဲ့ နှစ်လမ်းသွားဆော့ကက်တွေ အပါအဝင်ပေါ့။ ဒီနှစ်မျိုးလုံးကို သူ ကိုယ်တိုင် ဒီဇိုင်းထုတ်ခဲ့တာပါ။ အဲဒီအချိန်က သူ့အတွေးထဲမှာ မြင့်မားတဲ့ အရည်အသွေးနဲ့ ထုတ်ကုန်တွေကို ဈေးနည်းနည်းနဲ့ရောင်းပြီး ဈေးကွက်မှာ ကျယ် ကျယ်ပြန့်ပြန့်ဖြစ်အောင်ဆိုတဲ့စိတ်ကူးနဲ့ပေါ့။ ဈေးကွက်ထဲတင်လိုက်တဲ့အခါမှာတော့ မတရားရောင်းရပြီး အမြတ်အများကြီးရခဲ့တယ်။ ဒီထုတ်ကုန်တွေဟာ လူကြိုက်တော် တော်များလာခဲ့တယ်။ ကုမ္ပဏီလည်း ငွေတွေဝင်လာခဲ့ကာ အရည်အသွေးမြင့်ပြီး ဈေးနည်းတယ်ဆိုတဲ့ ဂုဏ်သတင်းလည်း ကျော်စောခဲ့တယ်။ သူ မျှော်လင့်ခဲ့သလိုပဲ ရောင်းအားဟာ မိုးထိအောင် မြင့်မားခဲ့လို့ သူ့ရဲ့ ကြီးထွားနေတဲ့လုပ်ငန်းအတွက် စက်ရုံအသစ်တစ်ခု တည်ဆောက်ခဲ့ရတယ်။
၁၉၂၃ ခုနှစ်မှာတော့ ဘက်ထရီအားသုံး စက်ဘီးမီးချောင်းအတွက် ကြီးမားတဲ့ ဈေးကွက်တစ်ခုအသက်ဝင်လာဖို့ ရှိတယ်ဆိုတာကို ကိုနိုဆူကီသဘောပေါက်ခဲ့မိ တယ်။ ဘာလို့လဲဆိုတော့ အဲဒီမီးချောင်းဟာ သုံးနာရီအတွင်း ကြွသွားနိုင်တဲ့ အလား အလာရှိပြီး စိတ်မချရတဲ့သဘောမှာရှိနေတဲ့အတွက် မီးချောင်းတွေ အဆင်သင့်ရှိနေ ဖို့ လိုနေလို့ပါပဲ။ နာရီ ၄ဝ ခံမီးချောင်းအသစ်တစ်ခုအတွက် ဒီဇိုင်းတစ်ခုလိုအပ်တယ် လို့ ကိုနိုဆူကီက အခိုင်အမာဆိုပေမယ့် လက်ကားကုန်သည်တွေက သံသယရှိပြီး ကုန်ပစ္စည်းအသစ်ကို ဈေးကွက်ထဲတင်ဖို့ရာ ငြင်းဆိုခဲ့ကြတယ်။ ဒါနဲ့ကိုနိုဆူကီက စက်ဘီးဆိုင်ပိုင်ရှင်တွေထံကို နမူနာပစ္စည်းတွေတိုက်ရိုက်ပို့ခဲ့တယ်။ သူ အသစ်ထုတ် တဲ့ မီးချောင်းနဲ့ပတ်သက်ပြီး စိန်ခေါ်ခဲ့တယ်။ နောက်ပိုင်းအမှာစာတွေ အလျှံအပယ် ရောက်လာခဲ့တယ်။ ၁၉၃၃ ခုနှစ်မှာ ကုမ္ပဏီဟာ ထုတ်ကုန်ပစ္စည်း အမျိုး ၂၀၀ ထက်မနည်း ထုတ်လုပ်နိုင်တဲ့အဆင့်အထိ ကြီးထွားခဲ့တယ်။
ကိုနိုဆူကီရဲ့ ကြိုက်နှစ်သက်တဲ့စကားကတော့ “လုပ်ငန်းဟာ ပြည်သူပါပဲ”တဲ့။ လူတွေဟာ သူတို့ရဲ့ တစ်ဦးချင်းပါရမီတွေနဲ့ အရည်အသွေးတွေမှာ သြဇာအပြည့်အဝ ရှိဖို့ အတွက် လူ့အသိုင်းအဝိုင်းမှာ ကြီးပွားချမ်းသာဖို့ဆိုတာ မရှိမဖြစ်လိုအပ်တယ်လို့ ကိုနိုဆူကီက အခိုင်အမာယုံကြည်တယ်။ ကိုနိုဆူကီကို နယ်သာလန်ဘုရင်မကြီး ချီးမြှင့်တဲ့ COON ဆု ရတာကလည်း အံ့သြစရာတော့မဟုတ်ပါဘူး။ နယ်သာလန် က နိုင်ငံခြားသားတွေကို အမြင့်ဆုံးပေးတဲ့ဆုပါ။ ဒုတိယကမ္ဘာစစ်အပြီးမှာ ပထမဆုံး