Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ကြည်သူ - စွမ်းဆောင်မှုမြင့်မားစေရေး၀န်ထမ်းလက်စွဲ

Regular price 900 MMK
Regular price Sale price 900 MMK
Sale Sold out

          ဝဲ့လ်ချ်နည်းလမ်း

၁၉၈၁ ခုနှစ်မှာ အသက် ၄၅ နှစ်အရွယ်ရှိတဲ့ ဂျက်ခ်ဝဲ့လ်ချ်ဟာ အထွေထွေ လျှပ်စစ် (GE) ကုမ္ပဏီသမိုင်းမှာ အသက်အငယ်ဆုံးနဲ့ ရှစ်ယောက်မြောက်အမှုဆောင် ချုပ် (စီအီးအို)ဖြစ်လာခဲ့ပါတယ်။ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ သူ့ရဲ့ ပထမဆုံးရည်မှန်း ချက်ကတော့ သူ့ဂျီအီးလုပ်ငန်းကို ကမ္ဘာမှာ လုပ်ရဲကိုင်ရဲပြီး ပြိုင်ဆိုင်မှုအရှိဆုံးလုပ်ငန်း ဖြစ်လာဖို့ပါပဲ။ အဲဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် ပြုပြင်ပြောင်းလဲမှု လောက်တော့ အနည်းဆုံးထားလုပ်မှ ရမယ်လို့ ဝဲ့လ်ချ်က သိမြင်ခဲ့ပါတယ်။ ။

လူမှန်နေရာမှန် တကယ်ဟုတ်မဟုတာ သမိုင်းက သက်သေပြပါလိမ့် မယ်။ သူ တာဝန်ယူတဲ့အခါ အမေရိကန်လုငန်းလောကဟာ ဒုက္ခရောက်ခဲ့တဲ့ အချိန်ပေါ့။ ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဆိုင်မှုအသစ်နဲ့ စီးပွားရေးညံ့ဖျင်းမှု အခြေအနေတွေ ဟာ လုပ်ဆောင်မှုပုံစံကို ပြောင်းလဲခဲ့တယ်ဆိုတာ စီအီးအိုအနည်းငယ်လောက်ပဲ သဘောပေါက်ခဲ့ကြတာပါ။ ၁၉၈၀ ပြည့်နှစ်မှာ အမေရိကန်လုပ်ငန်းလောကရဲ့ စီးပွားရေးလုပ်ငန်းပုံစံတွေက ဆယ်စုနှစ်များစွာ မပြောင်းလဲခဲ့ပါဘူး။ ဝန်ထမ်းတွေက အလုပ်လုပ်ခဲ့ကြပြီး မန်နေဂျာတွေက စီမံအုပ်ချုပ်ခဲ့ကြကာ ဝန်ထမ်းတိုင်းဟာ သူတို့ ရဲ့ နေရာကို သိခဲ့ကြပြီး မူတွေဘောင်တွေနဲ့ ဗျူရိုကရေစီတွေရဲ့ ခေတ်ပေါ့။

          ဝဲ့လ်ချ်က မာလိန်မှူးအဖြစ်လုပ်ရတဲ့ ကနဦးကာလတွေကတော့ တိုက်ပွဲတွေနဲ့ ချည်းပါပဲ။ ဂျီအီးရဲ့ နည်းလမ်းဟောင်းတွေနဲ့ လုပ်နေတာတွေကို သူကိုယ်တိုင်ပြုပြင်ပြောင်းလဲပြသခဲ့ပြီး ကုမ္ပဏီကို အောက်ဆုံးကနေ ထိပ်ဆုံးအထိစိတ်ကူးသစ်တွေ၊ ပုံစံသစ်တွေနဲ့ ဆောင်ရွက်နေခဲ့တယ်။ သူ့ရဲ့ ဦးဆောင်မှု ပထမဆယ်စုနှစ်မှာ လုပ်ငန်း ရာပေါင်းများစွာကို ရောင်းချခြင်း သို့မဟုတ် ပိတ်ပင်ခြင်းများ၊ စီမံမှုအလွှာတွေကို သုတ်သင်ပယ်ဖျက်ခြင်းများနဲ့ ကုမ္ပဏီရဲ့ ဗျူရိုကရက်တစ်နည်းလမ်းတွေကို အသွင် ပြောင်းဖို့ ဆုံးဖြတ်သတ်မှတ်ခဲ့ပါတယ်။

         တစ်မူထူးခြားတဲ့ ဝဲ့လ်ချ်ဟာ ဘာကြောင့်များတုန်လှုပ်စရာကောင်းတဲ့ ပြောင်း လဲမှုတွေကို လုပ်နေတာလဲဆိုတာ အနည်းငယ်လောက်ကပဲ နားလည်ခဲ့ကြတယ်။

 ဂျီအီးဆိုတာ ကမ္ဘာ့ဧရာမ ကုန်ထုတ်လုပ်ငန်းကြီးတွေထဲက တစ်ခုလို့ ထင်မြင်ခဲ့ကြ တာပါ။ ဒါကြောင့် ခိုင်ခန့်နေတာကို အပြောင်းအလဲလျှောက်လုပ်နေရင် ပြိုကွဲမသွား နိုင်ဘူးလား။ ဒါပေမဲ့ ဝဲ့လ်ချ်မြင်တာကတော့ ကုမ္ပဏီရဲ့ ကိုယ်ပိုင်ဖွဲ့စည်းပုံကြောင့်ပဲ ကုမ္ပဏီဟာ နစ်မြုပ်နေတာလို့ မြင်ခဲ့မိတယ်။ စီးပွားရေးလုပ်ငန်းဆိုတာ အလျင်အမြန် ကြီးထွားနေရုံနဲ့ မလုံလောက်ဘူး။ ဆန်းသစ်မှုနည်းနည်းနဲ့ စိတ်ကူးသစ်အနည်းငယ် ကို အားပေးတဲ့ဓလေ့ရှိရမယ်လို့ သူက မြင်ခဲ့တာကို အခု ဒီစာအုပ်ကတော့ သမိုင်း မှာ အကြီးမားဆုံးကုမ္ပဏီတစ်ခုဖြစ်အောင် ဂျက်ခ်ဝဲ့လ်ချ်က ဘယ်လိုစွမ်းဆောင်ခဲ့ တယ်ဆိုတာပါပဲ။ ဝဲ့လ်ချ်နည်းလမ်းစာအုပ်ဟာ ဝုလ်ချ်ရဲ့ ပြုပြင်ပြောင်းလဲရေးရဲ့ သီး သန့်ကြီးထွားမှု မဟာဗျူဟာနောက်ကွယ်က ပြုမူပုံနဲ့ ဓလေ့စရိုက်တွေအပေါ် အာရုံ စိုက်တာပါ။

ဥပမာအားဖြင့် အစဉ်အလာရိုးရာဓလေ့များကို အာခံခြင်းမှာတွေ့နိုင်ပါတယ်။ ဂျီအီးရဲ့ ခေတ်နောက်ကျတဲ့အမြင်တွေကို ဝဲ့လ်ချ်က ပယ်ဖျက်နိုင်ခဲ့တယ်။ အရင်ဂျီအီး ကုမ္ပဏီအဟောင်းမှာက အချိန်ကုန်ငွေကုန် လူပန်းတဲ့စိတ်ကူးတွေပဲ ရှိခဲ့တာပါ။ (ဒီနေ ရာမှာ မတီထွင်ရ (NIH=not invented here) ဆိုတဲ့ စိတ်ကူးမျိုးပေါ့) ဝဲ့လ်ချ်က အဲဒီ NIH ကို ပယ်ဖျက်ခဲ့တယ်။ ဘယ်သူ့ဆီကယူယူ ပညာပပူတယ်ဆိုတာ ဂုဏ်ယူ စရာ အထိမ်းအမှတ်လို့ သူက ခံယူထားတာကိုး။ ဒါကြောင့် အကောင်းဆုံး စိတ် ကူးတွေ ဘယ်လိုရရ၊ ရအောင်စိတ်ကူးကွန့်မြူးကြဖို့ ဝန်ထမ်းအားလုံးကို အားပေး ခဲ့တယ်။

ကို အရင် ဂျီအီးကုမ္ပဏီအဟောင်းမှာက လူတစ်ယောက်ရဲ့ ရာထူးအဆင့်အတန်း ကအရေးကြီးဆုံးဖြစ်ခဲ့တယ်။ အဲ့လ်ချ်က ဒါကိုပြောင်းလဲခဲ့တယ်။ တင်ပြသူရဲ့ ရာထူး အဆင့်အတန်းထက် စိတ်ကူးအရည်အသွေးက ပိုအရေးကြီးတယ်လို့ သူက ထင်ခဲ့ တာကိုး။ ဒါကြောင့် ဝန်ထမ်းတွေ စိတ်ကူးရှိရင် သံချောင်းခေါက် (အသံပြု)ဖို့၊ စိတ်ကူးကောင်းတွေကို သူအပါအဝင် ဘယ်သူမှ လက်ဝါးကြီးမအုပ်ဖို့ သူက ဝန် ထမ်းအားလုံးကို တိုက်တွန်းခဲ့တယ်။

ပါဝင်သည်။

“ကမ္ဘာ့ရောပ ကော်ပိုရေးရှင်းကြီးတွေထဲက တစ်ခုဖြစ်တဲ့ GE ရဲ့ ကံကြမ္မာကိုပြောင်းဖို့ နှစ်နှစ်ဆယ် ခရီးနှင်ခဲ့ရတဲ့ GE ရဲ့ ရှစ်ယောက်မြောက်ဥက္ကဋ္ဌဖြစ်သူက ခေါင်းဆောင်မှုလျှို့ဝှက်ချက်တွေမှာ ဘာတွေလိုက်နာရ မလဲဆိုတာတွေ ဆက်လက်ရှုစားကြပါ။”

 

 ဦးဆောင်ပါ

                   ဂျက်ခ်ဂဲလ်ချ်ဆိုတာ စီမံမှုနယ်ပယ်က မဟုတ်ပါဘူး။ ခေါင်းဆောင်မှုနယ် ပယ်ကပါ။ သူဟာ စီမံတယ်ဆိုတဲ့စကားလုံးကိုတောင် မကြိုက်ပါဘူး။ ကမ္ဘာကြီးကို စီမံပါဆိုရင်တောင်မှ သူက စီမံမယ့်သူ မဟုတ်ပါဘူး။ သူ့အတွက်ကတော့ စီမံခြင်းဆို တဲ့ စကားလုံးဟာ ထိန်းချုပ်ခြင်း၊ လူတွေ မွန်းကျပ်ခြင်း၊ အမှောင်ထဲမှာ လူတွေရောက် နေခြင်း စတဲ့ စီမံမှုနဲ့ပတ်သက်တဲ့လူတွေနဲ့ ဆိုးကျိုးတွေအားလုံးကို မြင်ယောင်နေသူပါ။

                  ဂဲလ်ချ်က ဦးဆောင်ရတာကို သဘောကျခဲ့တယ်။ အမြင်တစ်ခု ဖန်တီးရတာ ကိုလည်း သဘောကျခဲ့သူပါ။ အဲဒီနောက် သူဒစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ရာ သိပ်ဇောသန်နေသူ ဝန်ထမ်းတွေကို သူ ခဲ့ တယ်။ ဒါမှ စစ်မှန်တဲ့ခေါင်းဆောင် တစ်ယောက်လို့ ဂဲလ်ချ်က ပြောခဲ့တယ်။ အဲဒီခေါင်းဆောင်ဟာ အမြင်သစ်ကို ဖော် ထုတ်ပြီး အကောင်အထည်ဖော်ဖို့ လက်ဆင့်ကမ်းပေးသူဖြစ်တယ်။ ပြီးမြောက်အောင် မြင်အောင် စီအီးအိုဆိုတာ ခေါင်းဆောင်မှု သို့မဟုတ် စိတ်ကူးသစ်ထုတ်လုပ်မှုကို တစ်ဦးတည်း မောင်ပိုင်စီးထားရမယ်လို့ ဝဲလ်ဘ်က မထင်ပါဘူး။ အိုင်ဒီယာကောင်း

ကောင်းထုတ်ပြီး အလုပ်ကောင်းကောင်းလုပ်ရင် သူ့အတွက်ကတော့ ဘယ်သူမဆို ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်တာပါပဲ။ ဝဲ့လ်ချ် တစ်ခါက ပြောခဲ့ဖူးပါတယ်။ “သူရဲကောင်းဆိုတာ စိတ်ကူးသစ်နဲ့ လူတွေကို ခေါ်တာပါတဲ့။ သူ့အတွက်ကတော့ အမြင်တစ်ခုကို ဖန်တီးပြီး စိတ်ကူးတွေကို ဖော်ထုတ်တဲ့ကုမ္ပဏီတစ်ခုထက် ပိုအရေး ကြီးတာ ဘာမှမရှိပါဘူးတဲ့”

                ဂျီအီးမှာ သူဟာ ကုမ္ပဏီရဲ့ အသက်သွေးကြောဖြစ်တဲ့ စိတ်ကူးသစ်တွေ ဖန် တီးခဲ့တယ်။ ဒါဟာ တက်တက်ကြွကြွနဲ့ လုပ်ရဲကိုင်ရဲတဲ့လုပ်ငန်းကို ဖန်တီးတာပါပဲ။ ကြီးမားတဲ့ ဂျီအီးအင်ဂျင်လည်ပတ်စေမယ့် လောင်စာကို လုပ်ခဲ့တာပါ။ တကယ်လို့ ကုမ္ပဏီအနေနဲ့ ကောင်းတဲ့စိတ်ကူးတွေအားလုံး သူ့အပေါ် မှီခိုနေရတယ်ဆိုရင် အဲဒီ နေရာဟာ တစ်နာရီအတွင်း နစ်မြှုပ်သွားလိမ့်မယ်လို့ သူက ပြောခဲ့ပါတယ်။

ခေါင်းဆောင်ကောင်းဆိုတဲ့သဘောကို လုပ်ငန်းရှင်တွေ စီအီးအိုတွေက အာပေါင်အာရင်းသန်သန်နဲ့ ဆွေးနွေးကြ၊ စိတ်ဝင်စားကြချိန်မှာ ဝဲ့လ်ချ်ကတော့ လက် တွေ့လုပ်ပြနေခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ပြိုင်ရဲဆိုင်ရဲမှုအရှိဆုံး လုပ်ငန်းဆိုတဲ့ ရှေ့ရေး အမြင်ကိုချပြီး အဲဒီယုံကြည်ချက် တကယ်အကောင်အထည်ပေါ်လာဖို့အတွက် ဂျီ အီးကို နှစ်နှစ်ဆယ်ကျော်ကျော်လောက် တွန်းအားပေးခဲ့ရတယ်။ သူ့မှာ ဧရာမစွမ်း အား၊ ယှဉ်ပြိုင်လိုတဲ့ စိတ်ဓာတ်တွေရှိပြီး စိတ်လှုပ်ရှားစေနိုင်တဲ့ အရည်အသွေးနဲ့အောင်မြင်တဲ့ရလဒ်တွေလည်းရှိသလို အဲဒီလိုမျိုး ခေါင်းဆောင်တွေကိုလည်း ရှာဖွေ နိုင်ခဲ့တယ်။

                      ဒီနေရာမှာ သင့်ရဲ့ ဝဲလ်ဘ်ခေါင်းဆောင်မှု ညွှန်းကိန်းကိုမြှင့်ချင်ရင် လုပ်သင့် တာတွေကတော့

(က) အမြင်တစ်ခုကို ရှင်းရှင်းလင်းလင်းပြောပါ။ အခြားသူတွေအကောင်အထည်ဖော်ဖို့ စတင်ဆောင်ရွက်ပါ။

(မီးထွန်းပါ။ ပြီးရင် မီးကူးပါ။)

               ဒါဟာ ခေါင်းဆောင်မှုရဲ့ အဆီအနှစ်ပါပဲလို့ ဝဲ့လ်ချ်က ပြောခဲ့တယ်။ ဘယ်သူ မဆို ရှေ့ရေးအမြင်တစ်ခုရှိနေပြီး အဲဒါကို အားလုံးက နှစ်သက်ခြင်းကြီးစွာနဲ့ ဝိုင်းဝန်း အကောင်အထည်ဖော်လာအောင် ထိုးပေးနိုင်ရင် ခေါင်းဆောင်ဖြစ်တာပါပဲလို့ ဆိုပါတယ်။

ပါသည်။

 (ခ) အရာရာကို အသည်းအသန် အသေးစိတ်မစီမံပါနဲ့ ။

ကုမ္ပဏီတစ်ခုလုံးရဲ့ အခြေအနေကို ခြုံငုံမြင်ထားဖို့ဆိုတာ ကိုယ့်ရဲ့ အလုပ်လို့ ခေါင်းဆောင်တွေက သိရပါမယ်။ အရေးမပါတဲ့ အသေးစိတ်အချက်အလက်တွေကို မစီမံပါနဲ့။ တော်တဲ့လူတွေ ဆွဲခန့်ထားပြီး သူတို့ကို ယုံယုံကြည်ကြည်လွှဲပါ။

(ဂ) လူတိုင်းပါဝင်စေပြီး နေရာတိုင်းက စိတ်ကူးကောင်းတွေကို ကြိုဆိုပါ

လူတိုင်းဆီက အကောင်းဆုံးစိတ်ကူးတွေ ရယူတဲ့အလုပ်လုပ်မယ်ဆိုရင် တစ်ယောက်မှ မကျန်ခဲ့ရလေအောင် သေချာပေါက် လုပ်ရပါမယ်။ အကြောင်းကတော့ အဖွဲ့ထဲမှာ အကောင်းဆုံးစိတ်ကူးကို လျစ်လျူရှုတတ်တဲ့ ခပ်အေးလူမျိုးရှိနိုင်လို့ပါ ပဲ။ သူတို့ကိုပါ ဆွဲခေါ်ပါ။

“ကျွန်တော်တို့ရှာနေတာက လူတွေကို အင်အားရှိအောင် တက်ကြွအောင်၊ ကြည်နူးဂုဏ်ယူအောင်လုပ်နိုင်တဲ့ ခေါင်းဆောင်မျိုးပဲ။ စိတ်ဓာတ်ချမယ်၊ ကန့်သတ်ချုပ်ချယ်မယ်၊ အာဏာပြမယ်ဆိုတဲ့လူစားမျိုးမဟုတ်ဘူး”

စည်းကမ်းမတင်းကျပ်ပါနဲ့

               နှစ်များစွာပဲ ကုမ္ပဏီအများစုဟာ စစ်တပ်တစ်တပ်လို လည်ပတ်ခဲ့ကြတယ်။ အဖြူရောင်အင်္ကျီ၊ ဝတ်စုံပြာတွေလို ယူနီဖောင်းတွေနဲ့ပေါ့။ စည်းကမ်းတွေလည်း တင်းကျပ်ခဲ့တယ်။ (၉ နာရီထိုးရောက်အောင်လာပြီး ၅ နာရီမထိုးခင် အလုပ်မဆင်းရ ဘူးဆိုတာမျိုးတွေပေါ့။ အလုပ်ကြပ်တွေကလည်း အာဏာရှင်ဆန်ဆန် အမိန့်ပေးပြီး တင်းတင်းကျပ်ကျပ် ခိုင်းစေကြတယ်။ စစ်သားဆိုတာ အလုပ်ကို တကယ်တန်းလုပ် ပြရသူတွေ ဖြစ်တာတောင်မှ ဗိုလ်ချုပ်ကြီးတွေက စစ်သားတွေနဲ့ စကားမပြောရဘူး။

ဒီလို စည်းကြီးကမ်းကြီးတွေဟာ အောင်မြင်မှုတွေရရှိရေးမှာ အဖုအထစ်ဖြစ် စေတယ်လို့ ဝဲ့လ်ချ်က ယူဆပါတယ်။ အခုထိတော့ မှတ်တမ်းမတင်ရသေးတဲ့ GEရဲ့အောင်ဇာတ်လမ်းက GE ဟာ ကိန်းကြီးခန်းကြီးမနိုင်လို့ပါပဲလို့လည်း ပြောပါတယ်။ သူ့ကို ဘယ်သူကမှ မစ္စတာဂဲလ်ချ်လို့မခေါ်ဘဲ ဂျက်ခ်လို့ပဲခေါ်ကြရတယ်။ နက်ခ်တိုင် မပါဘဲ ရုံးလာတာ ခဏခဏပါပဲ။ ဟေးလားဝါးလား အစည်းအဝေးမျိုးတွေ လုပ် တယ်။ ပေါ့ပေါ့ပါးပါးနေဖို့ လူတိုင်းကို တိုက်တွန်းပါတယ်။

နယ်စည်းမခြားမှုဟာ စည်းကမ်းမကြီးတဲ့ ပေါ့ပေါ့ပါးပါးနေရာတစ်ခု ဖြစ်လာ ခဲ့တယ်။ (ဆိုလိုတာက လှဲလ်ရဲ့ လွတ်လပ်ပွင့်လင်းတဲ့ ကုမ္ပဏီဖြစ်လာခဲ့တယ်။ မလိုအပ်တဲ့ ဥပဒေတွေ၊ အတည်ပြုချက်တွေ၊ ချယ်လှယ်ပိုင်ခွင့်တွေ မရှိစေရဘူး။ ဝန်ထမ်းတွေဟာ သူတို့စိတ်ကူးတွေကို ထုတ်ပြောဖို့မကြောက်ကြနဲ့လို့ မှာထား တယ်။ တကယ်လို့ အစည်းအဝေးမှာ ကုမ္ပဏီရဲ့ သုခမိန်တွေနဲ့ အမြင်မတူတာတောင် မှ ကြောက်နေစရာမလိုအောင် သူက လွတ်လပ်ခွင့်ပေးထားတယ်။ စိတ်ကူးသစ်တွေ ဆိုတာက စီးပွားရေးလုပ်ငန်းရဲ့ အသက်သွေးကြောဖြစ်လာကတည်းက GE ရဲ့ အောင်မြင်မှု အဓိကအချက်တွေထဲက တစ်ချက်ကတော့ စည်းကမ်းမတင်းကျပ်တာ

ဥပမာအားဖြင့် မန်နေဂျာတွေက ဝန်ထမ်းတွေနဲ့ စကားမပြောတာတို့၊ ဝန် ထမ်းတွေက စကားနားမထောင်တာတို့ကိုတွေ့ရင် တစ်ခုခုအရေးယူပြုပြင်ဖို့ သူတွေးတယ်။ အဲဒါကတော့ WORK-OUT လို့ခေါ်တဲ့ ပြုပြင်ရေးပါပဲ။ အဲဒီလုပ်ငန်းစဉ် က လုပ်နေကျတွေကို ကပြောင်းကပြန်လုပ်တာပါ။ ဝန်ထမ်းတွေက အထက်လူကြီး တွေကို ပြန်အမိန့်ပေးကြရတယ်။ ၁၉၈ဝ လိုနှစ်မျိုးမှာ ဒီနည်းဟာ သိပ်တော်လှန် ရေးဆန်နေတယ်။ ကုမ္ပဏီတွင်းမှာ ဆက်ဆံရေးပုံစံတွေ မူပြောင်းသွားခဲ့တယ်။

ဒါပေမဲ့ ဒါက ဝုလ်ချ်လေ၊ သူက မဟာကော်ပိုရေးရှင်းကြီးရဲ့ ဘော့စ် တစ်ယောက်မဟုတ်လား၊ ကျန်တဲ့ ကျွန်တော်တို့က ကျွန်တော်တို့ကုမ္ပဏီအပေါ် အဲဒီလိုဩဇာမျိုး ဘယ်လိုရှိနိုင်မှာတဲ့လဲ။ ။

ပေါ့ပေါ့ပါးပါးအလုပ်ခွင်မျိုး ဖန်တီးဖို့ နည်းလမ်းတွေ ဒီလိုရှိပါတယ်။

(က) ဘော့စ်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝိုင်းဖွဲ့ ဆွေးနွေးပါ

ပေါ့ပေါ့ပါးပါးဖြစ်မယ့် ရိုးရိုးနည်းလမ်းတွေကို ရှာဖွေပါ။ (ဝတ်စုံကို ကြိုက်သ လိုဝတ်ပါစေဆိုတာမျိုး၊ အလုပ်ချိန်အလျှော့အတင်းလုပ်ပေးတာမျိုးတွေပေါ့။)

(ခ) ပေါ့ပါးတဲ့ အစည်းအဝေးတွေ ပိုလုပ်ပါ

အစည်းအဝေးမှာ ကိုယ်ကချည်း ဦးဆောင်မနေဘဲ ဝန်ထမ်းတွေက တစ်လှည့် စီ ဦးဆောင်တဲ့အူစည်းအဝေးမျိုး လုပ်ပါ။ မှတ်စုလိုက်မရေးကြေး အစည်းအဝေးမျိုး လုပ်ကြည့်ပါ။

(ဂ) ပျော်စရာ မိတ်ဆုံပွဲလေးမျိုး တစ်ခါတစ်ခါလုပ်ပေးပါ

ဌာနတစ်ခုလုံး နေ့လယ်စာအတူစားကြရအောင်တို့ ဒါမှမဟုတ် အလုပ်ပြီးတဲ့ အခါ ဝန်ထမ်းတွေအပြင် မိသားစုတွေရယ် အထူးဖိတ်ကြားထားတဲ့ နာမည်ကျော် တွေရယ်ပါတဲ့ ပွဲမျိုးစီစဉ်ပါ။

“ကုမ္ပဏီမှာ ပေါ့ပေါ့ပါးပါး အစဉ်အလာကို ဆက်လက်ထိန်းသိမ်းဖို့လိုတယ်ဆိုတာ သဘောပေါက်ရပါမယ်။ ဒီလုပ် ရပ်ဟာ ဘော့စ်ရဲ့အချစ်တော်စိတ်ကူးတွေကို အေးအေးဆေးဆေး စိန်ခေါ်တတ်လာအောင် လေ့ကျင့်ပေးရာရောက်တဲ့ သင်တန်းမျိုးနဲ့တူပါတယ်”

           - ဗျူရိုကရေစီစနစ်ကို တိုက်ထုတ်ပါ

ဝဲ့လ်ချ်က ဗျူရိုကရေစီစနစ်ကို အမြဲမုန်းတီးခဲ့သူပါ။ သူ့အတွက်တော့ ဗျူရို ကရေစီဆိုတာ ရန်သူပါပဲ။ ဗျူရိုကရေစီတွေက အချိန်ဖြုန်းတယ်၊ ဆုံးဖြတ်ချက်ချရာ မှာ နှေးကွေးတယ်။ မလိုအပ်ဘဲ အတည်ပြုချက်တွေ ရယူနေတယ်။ ပြီးတော့ အခြား အရာအားလုံးကလည်း ကုမ္ပဏီရဲ့ ယှဉ်ပြိုင်မှုစိတ်ဓာတ်ကို သတ်သလိုဖြစ်နေတယ်။ သူက ဗျူရိုကရေစီကို နှစ်များစွာတိုက်ခိုက်ရင်း အချိန်ကုန်နေခဲ့တယ်။ GE ကုမ္ပဏီရဲ့ ယှဉ်ပြိုင်မှုကို လျော့နည်းစေမယ့် ဘယ်အအရာကိုမဆို သူက သုတ်သင်ရှင်း လင်းဖို့ ကြိုးစားနေခဲ့တယ်။ ။

           ဗျူရိုကရေစီကုမ္ပဏီကို သုတ်သင်ရှင်းလင်းခြင်းဆိုတာ လူတိုင်းရဲ့ အလုပ်လို့ ဝဲ့လ်ချ်က ယူဆတယ်။ ဝန်ထမ်းတွေအားလုံးကို သူက ဗျူရိုကရေစီကို အပြတ်ဆော်ဖို့ တိုက်တွန်းခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ စက်ဆုပ်ရွံရှာစရာကောင်းတဲ့ ဗျူရိုကရေစီ ဟာ GE ရဲ့ ရှယ်ယာတန်ဖိုးမှာ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့လို့ပါပဲ။

           ကြီးမားတဲ့ကော်ပိုရေးရှင်းတစ်ခုမှာ သူ့အနေနဲ့ ဗျူရိုကရေစီကို တန်ပြန်တိုက် ခိုက်တဲ့အခါ ဘာလုပ်သင့်ပါသလဲလို့ ကောလိပ်ကျောင်းသားငယ်တစ်ယောက်က ဂဲလ်ချ်ကိုမေးတဲ့အခါ GE ဥက္ကဋ္ဌက အဲဒီကျောင်းသားကို အခုလိုအကြံပေးခဲ့ပါတယ်။ “လက်ပစ်ဗုံးနဲ့ထုပြီး အပြတ်ရှင်းပစ်လိုက်ပါ”တဲ့။ သုံးမရတဲ့ဗျူရိုကရေစီကို ကုမ္ပဏီက နေဖယ်ရှားဖို့ အနည်းဆုံးကြိုးစားရမှာက လူတိုင်းရဲ့ အလုပ်လို့ သူက ခံယူထားတာ ကိုး။

          ဒါပေမဲ့ ပြောသလောက်တော့ လုပ်ရတာမလွယ်ဘူး မဟုတ်လား။ ကင်ဆာ ရောဂါကို သုတ်သင်တာဟာ ကောင်းတဲ့အလုပ်ဆိုတာတောင်မှ ထာဝရမသတ်နိုင်ဘူး လေ။ ဒါကြောင့်လည်း ဝဲ့လ်ချ်က ဗျူရိုကရေစီကို သွေးစုပ်ဖုတ်ကောင်လို့ ခေါ်ခဲ့တာပဲ ပေါ့။ ဘာကြောင့်လဲဆိုတော့ နှစ်အနည်းငယ်တိုင်း သေရာကပြန်ရှင်လာတဲ့နည်းလမ်း က ဗျူရိုကရေစီမှာရှိနေလို့ပါပဲ။

ဘာပဲဖြစ်ဖြစ် သင်လုပ်နိုင်တာက ရိုးရိုးလေးပါပဲ။ အရှုပ်အထွေးတွေ၊ ထုံးစံ တွေကို ဖယ်ရှားပစ်ပါ။ ကုမ္ပဏီမှာ ပိုမိုလျင်မြန်စွာ တုံ့ပြန်လုပ်ဆောင်တာမျိုး၊ အမြန်ဆောင်ရွက်တာမျိုးလုပ်ရင် ဗျူရိုကရေစီ လျော့ပါးသွားပါလိမ့်မယ်။ နည်းလမ်းအချို့ ကတော့

     (က) မလိုအပ်တာ မလုပ်ပါနဲ့

ကုမ္ပဏီအများစုမှာက မူတွေဘောင်တွေ အများကြီးရှိကြပါတယ်။ လုပ်ဖော် ကိုင်ဖက်တွေနဲ့ အတူ နည်းလမ်းအဟောင်းတွေနဲ့ လုပ်နေတဲ့အကြောင်း စဉ်းစားပြီး တစ်ခုချင်း သုတ်သင်ရှင်းလင်းနိုင်သလို ဒါမှမဟုတ် တိုးတက်အောင်လည်း လုပ်နိုင် ပါတယ်။

(ခ) လုပ်ဖော်ကိုင်ဖက်တွေနဲ့ စည်းကမ်းတကျ ဆုံးဖြတ်ချက်များချပါ

အကယ်၍ ကုမ္ပဏီက တစ်ပတ်မှာ ဆုံးဖြတ်ချက်တစ်ခုချရင် လုပ်ငန်းလိုအပ် ချက်တွေက ရှင်းလင်းလွယ်ကူပါလိမ့်မယ်။ အကယ်၍ ဒါကို သဘောမပေါက်ရင် လိုအပ်ချက်တွေထက်ပိုတဲ့ ရှုပ်ထွေးမှုတွေ ကြုံတွေ့လာရနိုင်ပါတယ်။ ။

(ဂ) လုပ်ငန်းခွင်ကို ပိုပြီး ပေါ့ပေါ့ပါးပါးဖြစ်အောင် လုပ်ပါ

- မှတ်တမ်းတွေအစား လက်ရေးမှတ်ချက်သာ ရေးပို့ပါ။ (ဂျက်ခ်က လက်မှတ် ရေးမှတ်စုကို သဘောကျသူပါ။ ဒါက ဂျက်ခ်ပဲလေ။ မစ္စတာဝလ်ချ်မှ မဟုတ်တာ) စည်းကမ်းတင်းကျပ်တဲ့ ပုံစံမဟုတ်ဘဲ စကားစမြည်ပြောတဲ့ အစည်းအဝေးလုပ်ရင်း အဲဒီအစည်းဝေးမှာ ကုမ္ပဏီရဲ့ အထက်မှသည် အောက်အထိရှိတဲ့ ဝန်ထမ်းတိုင်း အချီ အချဆွေးနွေးတာကို အားပေးပါ။

 

“ဝန်ထမ်းတွေရဲ့အင်အားကိုယူပြီး လိုရာသုံးစွဲနိုင်ဖို့ဆိုရင် ဝန်ထမ်းတွေကို ချုပ်ချယ်မထားပါနဲ့။ သူတို့ကို လွတ်လွတ် လပ်လပ် ပြုမူလုပ်ကိုင်ခွင့်ပေးရပါမယ်။ အဆင့်ဆင့်တင်ပြနေတာတွေကို ပယ်ဖျက်ရပါမယ်။ အစွမ်းသတ္တိတွေပေါ်ဖို့ အတွက် လမ်းကြောင်းတွေကို ရှင်းပေးရပါမယ်”