Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ကြည်သာထွန်း - ဒေးလ်ကာနက်ဂျီ၏ဒီဂျီတယ်ခေတ်လူပေါ်လူဇော်လုပ်နည်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

အခန်း (၁)

ကိုယ့်ရှူးကိုယ်မပတ်ပါစေနဲ့

“လူတွေ မစဉ်းစားတာဟာ ခေါင်းဆောင်တွေအတွက် ဘယ်လောက် များ ကံကောင်းလိုက်သလဲ” ဆိုသည့်စကားရပ်နှင့် `အာဏာအတွက် အာဏာဆိုတာကို ကျုပ် စိတ်မဝင်စားဘူး။ ကိုယ်ကျင့်တရားနဲ့ ညီညွတ်တဲ့ အာဏာသာလျှင် မှန်ကန်ပြီးကောင်းမွန်တယ်” ဆိုသည့် စကားရပ်တို့ကို နှိုင်းယှဉ်ကြည့်ပါ။ အဒေါ့ဖ်ဟစ်တလာနှင့် မာတင်လူသာကင်း ဂျူနီယာ တို့၏ ပြောစကားများဖြစ်သည်။

ကွဲပြားမှုမှာ ထင်သာမြင်သာ ရှိလှပါသည်။ ပထမစကားရပ်က သြဇာအာဏာသည် လှည့်ဖျားကောက်ကျစ်မှု၊ အထက်စီးက ဆက်ဆံမှုတို့ ရောပြွမ်းနေသော အတ္တဆန်သည့်သဘာဝကို ဖော်ညွှန်းသည်။ ဒုတိယ စကားရပ်က သြဇာအာဏာသည် အကောင်းတကာတို့ စုပြီး ယုံကြည်ရ သည့် သဘောသဘာဝကို ဖော်ညွန်းသည်။ ကျွန်တော်တို့ နေ့စဉ်သုံးစွဲနေ

သော စကားလုံးတို့သည် ထိုအစွန်းနှစ်ရပ်၏ ကြားထဲတွင် ရှိနေပါသည်။ ထိုအစွန်းနှစ်ပါး၏ ဇာတ်သိမ်းပိုင်းတစ်ခုစီကို သမိုင်းတွင် တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။ ကျွန်တော်တို့သည် တစ်ဖက်သားနှင့် ပြောဆိုဆက်ဆံရာတွင် တစ်ဖက်လူကို နှိမ့်ချခြင်းနှင့် မြှင့်မြှောက်ခြင်းဟူသော နည်းလမ်းနှစ်သွယ်ဖြင့် ဆက်ဆံလျက်ရှိကြသည်မဟုတ်ပါလား။

ဤနေရာတွင် ကာနက်ဂျီက မဝေဖန်နှင့်၊ မပုတ်ခတ်နှင့်၊ သို့မဟုတ် စောဒကမတက်နှင့်ဟု အကြံပေးထားပါသည်။ သို့သော် ယနေ့ခေတ်တွင် ထိုသို့ နေထိုင်ဖို့ဆိုသည်မှာ ပို၍ပို၍ ခက်ခဲသောအရာတစ်ခု ဖြစ်လာသည်။ စကားကို ဂရုတစိုက်ပြောရမည်ဟု ဆိုခြင်းသည်ပင်လျှင် လျှော့တွက်၍

ပြောသလို ဖြစ်နေသည်။ အလွန်ကြီးမားကျယ်ပြန့်လှသည့် အင်တာနက် ဟုခေါ်သော ဒီဂျစ်တယ်ကင်းဗတ်စကြီးပေါ်တွင် ကိုယ့်အတွေးကိုတင်လိုက် ခြင်းသည် လူကြားသူကြားထဲတွင် ပြောချင်ရာပြောလိုက်သလိုပင်ဖြစ်သည်။

ဒီဂျစ်တယ်ဆက်သွယ်မှုစနစ်က လူတွေကြားထဲမှာ အမြန်ဆုံးနဲ့ ဈေး အသက်သာဆုံး နည်းလမ်းနဲ့ ပို့ဆောင်ပေးတယ်။ တစ်ယောက်ယောက်ရဲ့ ဂုဏ်သတင်းကျော်ကြားမှုကို တိုက်ခိုက်တဲ့နေရာမှာ ဒီနေ့ ခေတ်နည်းပညာ

ဟာ ဘယ်တုန်းကနဲ့မှ မတူအောင် မြန်ဆန်ပြီး လွယ်ကူနေပြီ”ဟု Enchantment ဟူသည့် အရောင်းရဆုံး စာအုပ်တစ်အုပ်ကို ရေးသားခဲ့သူ ဂိုင်း ကာဝါဆာကီက ဆိုသည်။

ဆက်သွယ်ရ မြန်ဆန်လွယ်ကူခြင်းသည် ကောင်းသောအချက်ဖြစ် သည်။ ထိုကောင်းသောအချက်ပင်လျှင် ယနေ့ခေတ်၏ မဝေဖန်နှင့်၊ မပုတ် ခတ်နှင့်၊ စောဒကမတက်နှင့်ဟူသော သဘောတရားကို ပြန်လည်အသက် ဝင်လာစေသည့် အချက်ဖြစ်လာတော့သည်။ တစ်ချိန်က လူမသိသူမသိ ဝေဖန်ပုတ်ခတ်မှုတို့သည် ယနေ့ခေတ်တွင် ပြစ်ဒဏ်ကျခံရမည့်ကိစ္စများ ဖြစ်လာသည်။

ဒေါက်တာ ပက်ထရစ် မိုက်ကယ် နက်စ်ဘစ်၏ အဖြစ်ကိုကြည့်ပါ။ သူသည် ကနေဒါနိုင်ငံသား ဆရာဝန်တစ်ဦးဖြစ်သည်။ သူက Facebook ပေါ်တွင် သူ့သမီး၏ မိခင်ဖြစ်သူ (တရားဝင်လင်မယားမဟုတ်)ကို ဂုဏ် သိက္ခာကျဆင်းစေမည့် အရေးအသားမျိုး ရေးသားခဲ့သည်။ ထိုအတွက် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၄ဝဝဝဝ ပေးဆောင်ခဲ့ရသည်။

နောက်ဖြစ်ရပ်တစ်ခုမှာ လီဗာပူး ဘောလုံးအသင်း၏ ဒတ်ချ်တိုက် စစ်မှူး ရိုင်ယန်ဘာဘဲလ် ဖြစ်သည်။ သူက မန်ချက်စတာယူနိုက်တက် အသင်းကို ရှုံးပြီးနောက် တွစ်တာ (Twitter) တွင် ကွင်းလယ်ဒိုင်လူကြီးဟောင်းဝပ်ဝက်ဘ်၏ပုံကို တင်လိုက်ပြီး အောက်မှ သူတို့က ဒီလူကို အကောင်းဆုံးဒိုင်တွေထဲက တစ်ယောက်လို့ ခေါ်ကြတယ်။ ဟာသပဲ”ဟု ရေးလိုက်သည်။ သူလည်း ပေါင် ၁ဝဝဝဝ ဒဏ်ငွေ ချမှတ်ခံလိုက်ရသည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ဘီဘီစီ ဘလော့ဂါတစ်ဦးဖြစ်သူ ဘင်ဒါးစ်က “လွန်ခဲ့တဲ့ တစ်နှစ်လောက်ကဆိုရင် ဘာဘဲလ်ဟာ ဒေါသအရမ်းထွက်ပြီး သူ့ရည်းစားကောင်မလေးကို ပြောပြရုံလောက်ပဲ ရှိမှာပါ။ အခုတော့ သူ့ လက်ချောင်းလေးတွေထိပ်မှာ တစ်ကမ္ဘာလုံးကို ပြောပြဖို့အတွက် အရမ်း အဆင်ပြေတဲ့ ကိရိယာ ရှိနေပြီလေ” ဟု သုံးသပ်ခဲ့သည်။

မိတ်ဆွေ အပေါင်းအသင်းများကြားတွင် အမှတ်တမဲ့ ပြောဆိုဝေဖန် မှုလေးတစ်ခုသည်ပင်လျှင် ယခုခေတ်တွင် ဒဏ်ငွေဆောင်ရမည့်ကိန်းဆိုက် လာသည်။ ၂၀၀၉ ခုနှစ်တွင် Proofpoint က အမေရိကန်ကုမ္ပဏီဝန်ထမ်း

ထောင်ဂဏန်းကို စစ်တမ်းကောက်ခဲ့ရာ ၈ ရာခိုင်နှုန်းမှာ Facebook, LinkedIn စသည့် လူမှုကွန်ရက်များတွင် သဘောထားမှတ်ချက်ရေးရာမှ အလုပ်ထုတ်ခံခဲ့ရကြောင်း တွေ့ရှိခဲ့ရသည်။ ၂၀၁၁ခုနှစ်တွင် Huffington Post ကလည်း ဖေ့စ်ဘွတ်ခ်တွင် ရေးသားမိ၍ အလုပ်ထုတ်ခံရသူ ၁၃ ဦးအကြောင်း တင်ပြခဲ့သည်။ အလုပ်ထုတ်ခံရခြင်းများတွင် အောက်ပါ ပြဿနာများပါဝင်သည်။ ။

ပီဇာဆိုင်မှ ဝန်ထမ်းအမျိုးသမီးငယ်တစ်ဦးသည် စားသုံးသူနှစ်

ယောက်ကို သုံးနာရီမျှဧည့်ခံခဲ့ရပြီး မုန့်ဖိုးနည်းနည်းသာ ရလိုက် သည်။ ထိုသုံးနာရီတွင် သူအလုပ်ဆင်းရမည့်အချိန်ထက် တစ် နာရီပိုပါသွားခဲ့သည်။ သူက ထိုစားသုံးသူနှစ်ဦးကို ဖေ့စ်ဘွတ်ခ် ပေါ်တွင် “အပေါစားတွေ”ဟု ရေးလိုက်မိသဖြင့် အလုပ်ထုတ်ခံ ခဲ့ရသည်။ ဖီလာဒဲဖီးယားအီးဂဲလ်အသင်းမှ ကစားကွင်းဝန်ထမ်း တစ်ဦးသည် သူနှစ်သက်သော ကစားသမား ဘရိုင်ယန်ဒေါ့ကင်းကို အသင်း က ဒင်ဘာဘရွန်ကော့စ်အသင်းနှင့် စာချုပ်ရန် ခွင့်ပြုလိုက်သော ကြောင့် အသင်းကို ဝေဖန်ပြစ်တင်ခဲ့၍ အလုပ်ထုတ်ခံခဲ့ရသည်။

  • ကနေဒါ ကုန်ခြောက်ဆိုင်တစ်ဆိုင်မှ ဝန်ထမ်း ခုနစ်ဦးသည် I got Farm Boy'd ဟု အမည်ပေးထားသည့် ဖေ့စ်ဘွတ်ခ် အုပ်စု (group) တစ်ခုဖွဲ့ထားသည်။ ထိုအုပ်စုပေါ်တွင် ဝယ်သူ များအကြောင်း ဝေဖန်ရေးသားခဲ့သောကြောင့် အလုပ်ထုတ် ခံခဲ့ရသည်။

လူမှုဆက်ဆံရေးမီဒီယာများပေါ်တွင် ဝေဖန်လိုက်ခြင်းသည်ကရုဏာ စိတ်ဖြင့် တင်လိုက်သော စာတစ်ကြောင်းထက် ပိုမိုပျံ့နှံ့လွယ်သည်။ ထို့ အတူ ခွင့်လွှတ်နားလည်ပေးကြသည်ထက် တရားစီရင်လိုက်ကြသည်က ပိုများကြောင်း မြင်တွေ့ကြရပေလိမ့်မည်။ လူများစုသည် အခြားသူ တစ်ဦး မှားယွင်းလျှင် လွတ်လပ်စွာပြောဆိုခွင့်ကို ကိုင်စွဲတတ်ကြပြီး မိမိမှားယွင်း လျှင် လွတ်လပ်စွာ ဆိတ်ဆိတ်နေခွင့်ကို ကိုင်စွဲတတ်ကြပါသည်။ လွတ် လပ်စွာ ပြောဆိုခွင့်ကို ဓားသဖွယ်ကိုင်စွဲပြီး အသရေဖျက်မှုကို ဒိုင်းသဖွယ် ကိုင်စွဲထားသည်ဆိုပါလျှင် လူသားဆက်ဆံရေး နယ်ပယ်သည် စစ်မြေပြင် တစ်ခုသာ ဖြစ်လာပါလိမ့်မည်။ မည်သို့ပင်ဆိုစေ ဝေဖန်မှုနှင့် စောဒကတက် သည့် ယဉ်ကျေးမှုတို့သည် ကံမကောင်း အကြောင်းမလှစွာပင် လက်တွေ့ ရှိနေသည့် အမှန်တရားများဖြစ်နေပါသည်။

သြဇာတိက္ကမ ကြီးမားသူတို့သည် ကိုယ့်ဘက်က ဘယ်လောက်မှန် ပြီး တစ်ဖက်က ဘယ်လောက်မှားပါစေ မမျိုမသိပ်ဘဲ လက်လွတ်စပယ် မပြောဆိုကြပေ။ ထိုသို့ပြောဆိုမှုသည် ဆက်ဆံရေးကို မည်သည့်နည်းနှင့် မဆို ထိခိုက်ပျက်စီးစေတတ်သည်ဟု နားလည်ထားသူများ ဖြစ်ကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် ကိုယ်တည်ဆောက်ထားတာထက်ပိုပြီး ပျက်စီးမှုကို ဖြစ်စေနိုင်သည်။ အပြန်အလှန် ဆက်ဆံရေးကို အဆင်ပြေနေရာမှ တင်း မာလာစေနိုင်သည်။ ထို့ကြောင့် ယနေ့ခေတ်တွင် ကျွန်တော်တို့သည် ခေါင်း

ဆောင်ကောင်းများထက် စကားများသော ခေါင်းဆောင်များကိုသာ ရရှိ ထားကြသည်မှာ အံ့သြစရာတော့မဟုတ်ပါ။ အများစုမှာဖြစ်ကြောင်းကုန် စင်ကို ပြောရုံထက် ဘာမှပို၍ မလုပ်တတ်ကြ။ ဖြစ်သမျှအကုန် လျှောက်

ပြောနေခြင်းသည် ညံ့ဖျင်းသောရလဒ်တစ်ခု ထွက်ပေါ်လာစေနိုင်ရုံတင် မကပါ၊ လောင်စာတစ်ခုလည်း ဖြစ်သည်။ “ကိုယ်ပြောလိုသည့် စိတ်ရင်းနှင့် အဓိပ္ပာယ်ရှိသည့် ပူးပေါင်းဆောင်ရွက်မှု” တို့အကြားတွင် ရှိနေသော ကွာဟချက်ကို မီးလောင်ရာ လေပင့်သလိုသာ ရှိစေပါလိမ့်မည်။

စစ်မှန်သော ခေါင်းဆောင်ကောင်းတစ်ယောက်သည် တင်းမာနေ သည့် အနေအထားမှာပင် ဂုဏ်သိက္ခာရှိရှိ ဖြေရှင်းနိုင်ရသည်။ အမေရိကန် သမ္မတလင်ကွန်းသည် သာဓကဆောင်စရာ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ ပြည်တွင်းစစ်အတွင်း မဟာဗျူဟာမြောက် အမှားတစ်ခုကို သူဘယ်လို ရင်ဆိုင်ဖြေရှင်းခဲ့သလဲ ဆိုသည်ကို ကြည့်ပါ။

ဂတ်တီစဘတ်တိုက်ပွဲသည် ၁၈၆၃ ခုနှစ် ဇွန်လ၏ ပထမဆုံး သုံး ရက်တွင် တိုက်ခိုက်သည့် တိုက်ပွဲဖြစ်သည်။ ဇူလိုင် ၄ ရက် ညတွင် ဗိုလ်ချုပ် ရောဘတ်လီသည် တောင်ပိုင်းသို့ စတင်ဆုတ်ခွာခဲ့ရသည်။ ထိုအချိန်မှာပင် မုန်တိုင်းတိမ်တိုက်တို့က မိုးသားများစွာကို သယ်ဆောင်ကျဲဖြန့်လိုက်သည်။ ဗိုလ်ချုပ်လီ၏ ဆုတ်ခွာလာရသော တပ်ကြီးသည် ပိုတိုမက်သို့ ရောက်လျှင် ခရီးဆက်နိုင်စရာမရှိတော့။ ရှေ့တွင် ဘယ်လိုမှဖြတ်သန်းရန် မဖြစ်နိုင်သည့် ဒေါသတကြီးစီးဆင်းနေသောမြစ်ကြီး ခံနေသည်။ နောက်တွင် အောင်ပွဲခံ ပြည်ထောင်စုတပ်မတော်ကြီး။ ဗိုလ်ချုပ်လီအတွက် ထွက်ပေါက်မရှိတော့။ ပြည်ထောင်စုတပ်မတော်အနေနှင့် ဗိုလ်ချုပ်လီကို အမိဖမ်းပြီး ပြည်တွင်း စစ်ကို စောစီးစွာအဆုံးသတ်ရန် မဟာအခွင့်အရေးကြီးရလိုက်ခြင်းဖြစ်သည်။

သမ္မတလင်ကွန်းက စစ်ကောင်စီမခေါ်ဘဲ ဗိုလ်ချုပ်လီကို အပြတ် တိုက်ရန် ဗိုလ်ချုပ် ဂျော့မေဒီထံ ကြေးနန်းရိုက်လိုက်သည်။ အထူးဆက် သားတစ်ယောက်ကိုလည်း ချက်ချင်းစေလွှတ်ပြီး မဆိုင်းမတွ တိုက်ပွဲဝင်ရန် တိုက်တွန်းသည်။ သို့သော် ဗိုလ်ချုပ်မေဒီက စစ်ကောင်စီ ခေါ်လိုက်သည်။ တိုက်ဖို့ ချီတုံချတုံ ဖြစ်နေသည်။ နောက်ဆုံးတွင် မြစ်ရေလျော့ကျသွားပြီး ဗိုလ်ချုပ်လီနှင့် သူ၏တပ်များ မြစ်ကမ်းတစ်ဖက်သို့ ကူးသွားနိုင်ခဲ့သည်။

သမ္မတ လင်ကွန်း ဒေါသပုန်ထလေပြီ။ ဗိုလ်ချုပ်မေဒီထံသို့ စာတစ် စောင် ချက်ချင်းရေးလိုက်သည်။ သူ ချစ်ခင်ရပါသော ဗိုလ်ချုပ် ခင်ဗျား

ဗိုလ်ချုပ်လီ လွတ်မြောက်သွားတဲ့အရေးမှာ ကံမ ကောင်း အကြောင်းမလှတာကို ဗိုလ်ချုပ်အနေနဲ့ သဘောကျမယ်လို့ မထင်ပါဘူး။ သူဟာ ကျုပ်တို့ရဲ့ လက်တစ် ကမ်းအကွာကို ရောက်ခဲ့တာပါ။ သူ့ကို ဖမ်းယူနိုင်မှု ဟာ ကျုပ်တို့ရဲ့ နောက်ပိုင်းအောင်မြင်မှုတွေနဲ့ ဆက်စပ် နေပါတယ်။ စစ်ပွဲကြီး ရပ်တန့်သွားနိုင်ပါတယ်။ ပြီး ခဲ့တဲ့ တနင်္လာနေ့က ဗိုလ်ချုပ်ဟာ သူ့ကို မတိုက်ခိုက် နိုင်ဘူးဆိုရင် တောင်ပိုင်းမှာ ဘယ်လိုတိုက်ခိုက်မလဲ။ အဲဒီဘက်မှာဆိုရင် လက်ရှိအင်အားရဲ့ အလွန်ဆုံး သုံးပုံ နှစ်ပုံကိုပဲ ခေါ်သွားနိုင်မှာမဟုတ်လား။ ဒါဟာ မျှော်လင့် စရာမဟုတ်သလို ကျုပ်ကလည်း ဗိုလ်ချုပ်လုပ်နိုင်မယ် လို့ မျှော်လင့်မထားပါဘူး။ ဗိုလ်ချုပ်ရဲ့ ရွှေရောင်အခွင့် အရေးကြီးဟာ ဆုံးရှုံးသွားပါပြီ။ ဒီအတွက် ကျုပ်လည်း အတိုင်းမသိအောင် စိတ်ထိခိုက်ရပါတယ်။ သို့သော် သမ္မတလင်ကွန်းသည် ထိုစာကို ဘယ်တုန်းကမှ မပို့ခဲ့ပါ။ သူကွယ်လွန်ပြီးသည့်နောက်မှသာ သူ၏စာရွက်စာတမ်းများထဲမှ ထိုစာကို တွေ့ရခြင်းဖြစ်သည်။ ။

သမ္မတလင်ကွန်းသည် လူမှုဆက်ဆံရေးတွင် ဆရာကျသူတစ်ဦး ဖြစ်သည်။ သူပြောသမျှသည် ကရုဏာတရားပေါ်တွင် အခြေပြုသည်။ ထိုစာကို ပို့လိုက်လျှင် သူ၏ဒေါသများ အတန်ငယ် ပြေပျောက်သွားနိုင် သည်။ သို့သော်တစ်ချိန်တည်းမှာပင် ဗိုလ်ချုပ်မေဒီ၏ စိတ်ပျက်အားငယ် မှုကို မီးလောင်ရာလေပင့် ဖြစ်သွားမည်ကို သူတွေးပုံရပါသည်။ ထို့ထက် ပို၍ဆိုရလျှင် တိုက်ပွဲဝင် ဗိုလ်ချုပ်ကောင်းတစ်ဦးကို ဆုံးရှုံးရမည်ဖြစ်သည်။

ဗိုလ်ချုပ်မေဒီသည် များမကြာမီရက်ပိုင်းကမှ ပိုတိုမက်တပ်မကြီး၏ စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ရသူဖြစ်သည်။ ထို့ကြောင့် သူ့ပေါ်တွင် ကြီးလှစွာသော စိတ်ဖိစီးမှုရှိနေမည်မှာ အသေအချာပင်။ ဒီကြားထဲတွင် သူနှင့် သူအမိန့်ပေးရမည့် ပုဂ္ဂိုလ်များအကြား စိတ်ဝမ်းကွဲသွားလျှင် ပိုဆိုး သွားပေလိမ့်မည်။ သမ္မတလင်ကွန်းအနေနှင့် အထက်ပါစာကို ပို့လိုက်လျှင် စကားလုံးတိုက်ပွဲတွင်တော့ အနိုင်ရသွားပါလိမ့်မည်။ ဩဇာထူထောင်မှု စစ်ပွဲကြီးတွင်တော့ အရေးနိမ့်သွားတော့မည်သာ ဖြစ်သည်။

 ယင်းသို့ဆိုသဖြင့် ဗိုလ်ချုပ်မေဒီ၏ အမှားကိုထောက်မပြရတော့ဘူး ဟုတော့ မဆိုလိုပါ။ ထောက်ပြသည့်နေရာတွင် ထိရောက်မှုရှိသည့် နည်း လမ်းနှင့် ထိရောက်မှုမရှိသည်နည်းလမ်းဟူ၍ လမ်းနှစ်သွယ်ရှိသည်ဟုသာ ဆိုလိုရင်းဖြစ်သည်။ သမ္မတလင်ကွန်းက သူ၏စိတ်ပျက်မှုကို ဂုဏ်သိက္ခာ ရှိသောနည်းလမ်းဖြင့် အသိပေးခဲ့သည်။ ယင်းသို့ ပြုလုပ်လိုက်ခြင်းသည် ပင်လျှင် ဗိုလ်ချုပ်မေဒီကို သူ၏ဇာတိမြေ ဖီလာဒဲဖီးယားတွင် သေသည် အထိ နိုင်ငံသားကောင်းတစ်ယောက်အဖြစ် အလုပ်လုပ်ကိုင် နေထိုင်သွား ရန် တွန်းအားတစ်ရပ်ဖြစ်လာစေခဲ့သည်။ သမ္မတလင်ကွန်းသည် ဗိုလ်ချုပ် မေဒီအပေါ် သြဇာလွှမ်းမိုးမှုကို ဆက်လက်ထိန်းသိမ်းသွားနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

သမ္မတလင်ကွန်းသည် သမိုင်းတစ်လျှောက် အခြားသော အမေရိ ကန်သမ္မတများ အားလုံးထက်ပင် နှုတ်စောင့်စည်းမှုသဘောတရားကို ပိုမို သိနားလည်သူ တစ်ယောက်ဖြစ်သည်။ လူ့သဘောကို နောကျေအောင် သိသူဟု ဆိုနိုင်သည်။ ကျွန်တော်တို့သည် ကိုယ့်ကိုယ်ကိုယ် ကာကွယ် တတ်သည့် သတ္တဝါများဖြစ်သည်။ ကိုယ့်ချမ်းသာသုခကို ထိပါးလာမည် ဆိုလျှင် ကာကွယ်သည်၊ ငြင်းပယ်သည်၊ ပုတ်ထုတ်တတ်သည်။ ကိုယ့် ဂုဏ်သိက္ခာကို အထိပါးခံ၍ပင် ယင်းသို့ လုပ်တတ်ကြပါသည်။

ကျွန်တော်ဖြစ်စေ စာဖတ်သူဖြစ်စေ ကိုယ်လုပ်သည့်အလုပ်တစ်ခု ငြင်းပယ်ခံရသည်ကို ကျေနပ်ပျော်ရွှင်နိုင်ပါမည်လား။ အငြင်းခံသင့်၍ဖြစ် စေ မသင့်၍ဖြစ်စေ ငြင်းပယ်ခံရသည်ကို နှစ်မြို့မည် မဟုတ်ကြပါ။ “လက်ခံ မှုကို မွတ်သိပ်တပ်မက်တာကြောင့် ကျွန်တော်တို့ဟာ ငြင်းပယ်မှုကို သေမ လောက် ကြောက်ကြတယ်'ဟု ဟော်မုန်းပညာရှင် ဟန်ဆဲလ်ယီက ဆိုသည်။

ကိစ္စတစ်ခုဆောင်ရွက်ဖို့ သို့မဟုတ် အပြောင်းအလဲတစ်ခုလုပ်ဖို့ မိမိ တင်သွင်းသည့်အဆို အောင်မြင်ရန် ဝေဖန်တိုက်ခိုက်သည့်နည်းကို အသုံး ပြုခြင်းသည် နောက်သို့ ခြေလှမ်းနှစ်လှမ်းစာလောက် ပြန်ဆုတ်လိုက်ရ သလိုပင်ဖြစ်သည်။ အပြောင်းအလဲပြုလုပ်ရန် လူတို့ကို ဦးဆောင်ရသည် မှာ မြင်းကို ရေချရသလိုပင်ဖြစ်သည်။ မည်သို့ဆိုစေ ကိုယ့်ရည်မှန်းချက်ထဲ တွင် ငြင်းပယ်ခံရခြင်းကို ထည့်သွင်းထားမည်တော့ မဟုတ်ပေ။

 ဤသဘောမှာ လူများစုရှေ့မှောက်တွင် ပြောဆိုရသည့်အချိန်တွင်မှ မဟုတ်ဘဲ တစ်ယောက်ချင်း နှစ်ယောက်ချင်း ပြောရဆိုရသည့်အခါတွင်လည်း ဤ သဘောအတိုင်းသာဖြစ်သည်။

ဘလော့များ၊ လူမှုကွန်ရက်များတွင် ဝေဖန်ချက်တစ်ခုရေးသားလိုက် ပြီဆိုလျှင် တစ်ဖက်သားကို မဖြစ်မနေ တုံ့ပြန်ဖို့ အကျပ်ကိုင်လိုက်သလိုပင် ဖြစ်သည်။ တစ်ဖက်က တုံ့ပြန်လာပြီဆိုလျှင် သူထပ်၍ မြှင့်တင်လိုက်သော အကာအကွယ်တို့ကို ထိုးဖောက်ရန် ကိုယ့်မှာ ပြောစရာနည်းနည်းသာ ရှိ တတ်သည်။ ပြီးတော့ ကိုယ်နောက်ထပ်ပြောသမျှကို တစ်ဖက်က သံသယ မျက်လုံးဖြင့်သာ ကြည့်တော့မည်ဖြစ်သည်။ ပို၍ဆိုးလာလျှင် ကိုယ်ပြော သမျှကို ပြန်လည် ဝေဖန်တိုက်ခိုက်တော့မည်ဖြစ်သည်။ ထိုကြောင့် ဝေဖန် ပြောဆိုမှုတို့သည် မမြင်ရသော ဘူမာရမ်းများဖြစ်သည်။ ပစ်လွှတ်လိုက်သူ ဆီကို တည့်တည့်မတ်မတ် ပြန်လာမည်သာဖြစ်သည်။ အ ခလုတ်တစ်ချက်နှိပ်ရုံ၊ မိုက် သို့မဟုတ် ဖုန်းကင်မရာလေးရှိရုံနှင့် တစ်ကမ္ဘာလုံးသို့ ဆက်သွယ်သတင်းပေးပို့နိုင်သည့် ယနေ့ခေတ်ကြီးတွင် ယင်းသို့ ကိုယ့်ရှူးကိုယ်ပတ်သည့်ကိစ္စမျိုးသည် ပို၍ပို၍ လျင်လျင်မြန်မြန် နှင့်ဖြစ်ပေါ်လာလျက်ရှိသည်။ မင်းသားကြီး မဲလ်ဂစ်ဘ်ဆင်သည် ကံမကောင်းအကြောင်းမလှစွာပင် ယင်းပြဿနာမျိုးကို ကြုံတွေ့ လိုက်ရဖူးသည်။ သူ၏ရည်းစားဟောင်းကို လူမျိုးရေးခွဲခြားပုတ်ခတ်ပြီး ပြောဆိုလိုက်မှုသည် ထိုမိန်းကလေး၏ ဖုန်းမှတ်တမ်းထဲတွင်ကျန်ရှိပြီး တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့ သွားခဲ့သည်။ ဟောလီဝုဒ်တွင် သူတစ်သက်လုံး ထိန်းသိမ်းလာသော ဂုဏ် သိက္ခာကို ကြီးစွာထိခိုက်စေခဲ့သည်။

အလားတူ သိက္ခာတော်ရဆရာတော် ဂျက်ဆီဂျက်ဆင်သည်လည်း ယင်းသို့ ကြုံရဖူးသည်။ သူ၏ပြောကြားချက်အချို့သည် Fox New သတင်းဌာန၏ မိုက်ခရိုဖုန်းတွင် မှတ်တမ်းဝင်သွားခြင်းဖြစ်သည်။ သိက္ခာတော်ရဆရာတော် ဂျက်ဆီဂျက်ဆင်ဟာ ဒီမိုကရက်တစ် အမတ်လောင်း တစ်ဦးကို လူမည်းအသိုင်းအဝိုင်းအပေါ် ကိုယ်ကျင့်တရားလိုက်နာဖို့ လက် ချာပေးတာနဲ့ပတ်သက်လို့ ပုဂ္ဂိုလ်ရေးအရ ဝေဖန်တိုက်ခိုက် ပြောကြားလိုက် ပုံရပါတယ်” ဟု CNN သတင်းဌာနက ကြေညာသွားသည်။ ဂျက်ဆီ