ကြည်သာထွန်း - စီးပွါးရေးလုပ်ငန်းသုံးစာတစ်စောင်ကျွမ်းကျွမ်းကျင်ကျင်ရေးတတ်ဖို့
( ၁ )
ဒီစာအုပ်ကို အကောင်းဆုံးဘယ်လိုအသုံးချမလဲ
ဤစာအုပ်သည် အောင်မြင်သော စီးပွားရေးလုပ်ငန်းသုံး စာတစ်စောင် ရေးသားနိုင်ရန် လိုအပ်သည့် အချက်များကို လမ်းညွှန်ပေးထားသော စာအုပ် ဖြစ်သည်။ လုပ်ငန်းစတင်လုပ်ကိုင်ချိန်တွင် အကောင်းဆုံး အသုံးပြုနိုင်သလို လုပ်ငန်းလုပ်ကိုင်နေစဉ် တစ်လျှောက်လည်း သုံးသွားရမည့်စာအုပ်ဖြစ်သည်။ စာဖတ်သူနှင့် စာရေးသူတို့သည် စကားပြောဆိုဆက်ဆံသည့် ဖြစ်စဉ်တစ်ခု ထဲတွင် ပါဝင်နေကြသည်ဆိုသည်ကို မမေ့ပါနှင့်။ စာဖတ်သူသည် လုပ်ငန်း ခွင်တွင် ဖောက်သည်များ အပေါင်းအသင်းများနှင့် ဆက်သွယ်ပြောဆို ဆက်ဆံဖို့ ကြိုးစားနေသူတစ်ဦး ဖြစ်ပါလိမ့်မည်။ သို့ဆိုလျှင် ဤစာအုပ်သည် စာဖတ်သူအတွက် လိုအပ်နေသော အခြေခံအရည်အသွေးများကို ပေးစွမ်း ပါလိမ့်မည်။ စာဖတ်သူသည် ကိုယ့်ကိုယ်ကိုယ် မေးခွန်းများ ပြန်မေးရပါ လိမ့်မည်။ ဒီလိုမျိုး တကယ်ပြောချင်တာလား၊ ရှင်းပြထားတာ ရှင်းရှင်း လင်းလင်းရှိရဲ့လား၊ ဒီနေရာမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းများ ရှိသလား စသည့်မေးခွန်းများဖြစ်သည်။
ကိုယ့်ထံတွင် ကိုယ်ပိုင်ရေးသားဟန်မရှိလျှင် အဘိဓာန်ကို အမှီသဟဲ ပြုပါ။ အဘိဓာန်သည် စာလုံးပေါင်းနှင့် အဓိပ္ပာယ်တို့ကိုသာ ပေးစွမ်းသည် မဟုတ်ပါ။ အဖြတ်အတောက်သင်္ကေတအသုံးများ၊ စာလုံးအကြီးအသေး ရွေးချယ်အသုံးပြုမှုများကိုလည်း လမ်းညွှန်ပေးနိုင်ပါသည်။
( ၂ )
မစခင် စဉ်းစားပါ
စီးပွားရေးလုပ်ငန်းသုံး စာအရေးအသားကို အထူးပြုရေးသားမည် ဖြစ်သော်လည်း မရေးသားမီ ဘယ်လိုပုံစံမျိုး ရေးမလဲဆိုသည်ကို အရင် စဉ်းစားပါ။ အောက်ပါ မေးခွန်းများကို ဖြေကြည့်ပါ။
ဘာအကြောင်းရေးမှာလဲ
စာတစ်စောင်ကို ဘာတွေထည့်ရေးမလဲ အတိအကျ မစဉ်းစားဘဲ စတင်ရေးသားသည်မှာ အလွန်လွယ်ကူပါသည်။ နောက်ပိုင်းတွင်မှ ပြန် တည်းဖြတ်နေရသဖြင့် အချိန်ပိုကုန်သွားနိုင်ပါသည်။ သို့မဟုတ်ပါက စာ လက်ခံသူ မိတ်ဆွေ သို့မဟုတ် ဖောက်သည်အတွက် မလိုအပ်သော သတင်း အချက်အလက်များ ပါသွားပါလိမ့်မည်။
စာလက်ခံမယ့်သူက ဘယ်သူလဲ
ကိုယ် ဆက်သွယ်ပေးပို့လိုက်သည့် စာကို တကယ် လက်ခံဖတ်ရှုမည့် သူမှာ ဘယ်သူပါလဲ။ အတွင်းစည်းက ဖောက်သည်လား၊ အပြင်စည်းက ဖောက်သည်လား။ ဒီစာကို ဖတ်ပြီးတော့ သူများတွေကို ပြမည့်လူမျိုးလား။ လက်ခံဖတ်ရှုမည့်သူက နည်းပညာဆိုင်ရာ စကားလုံးများကို နားလည်နိုင် ပါသလား။ ရင်းရင်းနှီးနှီး ပြောလို့ရေးလို့ ရပါသလား။ ။
ဘာကြောင့် ဒီစာကို ရေးပြီးပို့ရတာလဲ
သတင်းအချက်အလက်ပေးချင်လို့လား။ စာလက်ခံမည့်သူအပေါ်တွင် သြဇာလွှမ်းမိုးချင်လို့လား၊ ဆွဲဆောင်ချင်လို့လား။ ဘယ်လို တုံ့ပြန်မှုမျိုး အတွက် ကြိုတင်ပြင်ဆင်ထားပါသလဲ။ ကိုယ်ဆက်သွယ်ရေးသားရမည့် စာဟန်နှင့် ပုံစံကို ရွေးချယ်နိုင်ရန် ထို မေးခွန်းများကို ဖြေပေးရပါမည်။//
စီးပွားရေးလုပ်ငန်းသုံး စာတစ်စောင် ကျွမ်းကျွမ်းကျင်ကျင်ရေးတတ်ဖို့
ဘယ်လို ဆက်သွယ်အကြောင်းကြားမှာပါလဲ
" လက်ခံမည့်သူနေရာမှ စဉ်းစားကြည့်ပါ။ စာတစ်စောင် လက်ခံ ၊ ရလျှင် ဘယ်လိုခံစားရပါမလဲ။ ဖက်စ်တစ်စောင်၊ အီးမေးလ် တစ်စောင်ဆိုရင်ရော။ ဖုန်းဖြင့် ဆက်သွယ်လျှင်ရော ဘယ်လို သဘောထားပါမလဲ။ "
- - - - - - - - - - - - - -
« ၃ »
ဘယ်လို အရေးအသားမျိုးလဲ
ဘာအကြောင်းလဲ၊ ဘယ်သူ့ဆီပို့မှာလဲ၊ ဘာကြောင့်လဲဆိုသည့် မေးခွန်း များကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆုံးဖြတ်ရမည် ဖြစ်သည်။ အကြောင်းမှာ စီးပွားရေးလုပ်ငန်းဆိုင်ရာ စာရေးသားပေးပို့မှုတွင် သီးခြား ရည်ရွယ်ချက် ရှိသောကြောင့် ဖြစ်သည်။ ဘာကြောင့်ဆိုသော မေးခွန်းကို နှစ်ကြိမ်ပြန် စဉ်းစားခြင်း သို့မဟုတ် အချိန်ယူ၍ စဉ်းစားခြင်းပြုသင့်သည်။
အဲဒီပုဂ္ဂိုလ် သို့မဟုတ် အဲဒီကုမ္ပဏီကို စာရေးသားဆက်သွယ်ဖို့ ကိုယ့်ရဲ့ တန်ဖိုးရှိသော အချိန်များကို ဘာကြောင့် အကုန်ခံနေရပါသနည်း။ ဘာ ရည်ရွယ်ချက်ဖြင့် ယင်းသို့ ဆက်သွယ်ရန် ကြိုးစားနေရပါသနည်း။ သတင်း အချက်အလက်ပေးဖို့ သို့မဟုတ် ကိုယ့်ဘက်ပါအောင် စည်းရုံးဖို့ တစ်ခုခု ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
* သတင်းအချက်အလက်ပေးရုံသက်သက်အရေးအသားမျိုးကို ထိရောက်
သော အရေးအသား Effective Writing ဟု ခေါ်ဆိုနိုင်ပါသည်။
* တစ်ဖက်သားကို ကိုယ့်ဘက်ပါလာအောင် စည်းရုံးလိုသော ရည်ရွယ် ချက်ဖြင့် ရေးသည့် အရေးအသားမျိုးကို ထိရောက်မှုအတွက် အရေးအသား Writing for Effect ဟု ခေါ်ဆိုနိုင်သည်။
ထိရောက်သော အရေးအသားဆိုသည်မှာ ဝါကျတည်ဆောက်ပုံကို အရိုးရှင်းဆုံးအသုံးပြုထားပြီး အခြေခံ အချက်အလက်များ အကုန်ပါသော ရေးဟန်ကို ဆိုလိုသည်။ ထိရောက်သောအရေးအသား၏ အဓိက ရည်ရွယ် ချက်မှာ သတင်းအချက်အလက် ပေးပို့ဖို့ ဖြစ်သည်။ ထိရောက်မှုအတွက် အရေးအသားဆိုသည်ကတော့ တစ်စုံတစ်ဦးကို ကိုယ်စဉ်းစားသလို စဉ်းစား စေချင်သော ရည်ရွယ်ချက်ဖြစ်သည်။ ယင်းကဲ့သို့ အရေးအသားမှာ စာ တစ်စောင် သို့ မဟုတ် အစီရင်ခံစာတစ်စောင်ဖြစ်နိုင်သလို ကြော်ငြာ သို့မဟုတ် ကြွေးကြော်သံမျိုးလည်းဖြစ်နိုင်ပါသည်။
စာအရေးအသားအများစုမှာ ထိုအမျိုးအစား နှစ်ခုကြားတွင် ရှိနေ သည်။ ကိုယ့်ဘက်က နားလည်သွားပြီဆိုလျှင် ထို အစွန်းနှစ်ဖက်ကြား၌ မည်သည့်နေရာတွင် ရပ်တည်ရမည်ဆိုသည်ကို သိရှိသွားမည်ဖြစ်သည်။ ဘယ်လို အရည်အသွေးမျိုးကို သုံးရမည်၊ ဘယ်လို လေသံမျိုးဖြင့် ပြောရမည်။ ဘယ်လို စကားလုံးမျိုးကို ရွေးချယ်ရမည် ဆိုသည်ကို ချက်ချင်း သိမြင် နားလည်သွားမည်ဖြစ်သည်။
" စဉ်းစားဆင်ခြင်သည့် လုပ်ငန်းစဉ်တစ်ခုလုံးအတွက်
အချိန်အနည်းငယ်သာ ပေးရပါသည်။ ဤနေရာတွင် အရေး
ကြီးသော မေးခွန်းများစွာတော့ ရှိပါသည်။ သို့သော် ထိုမေးခွန်း i များအတွက် အချိန်များစွာပေးနေစရာ မလိုပါ။"
( ၄ )
အခြေခံစည်းမျဉ်းများ
The stadium planning meeting will be held at 2.00 pm on 4 November 2013. The venue is the client s conference suite, where coffee will be served from 1.30 pm. I suggest we meet there at 1.45 pm. This will get us a few minutes to discuss crucial points. Please call to confirm this arrangement.
ယင်းမှာ ရှင်းလင်းပြီး ထိရောက်သော အရေးအသားဖြစ်သည်။ အဓိပ္ပာယ်သည် လုံးဝရှင်းလင်းပြတ်သားသည်။ စာရေးသားပေးပို့သူသည် ရိုးရှင်းသော အချက်အလက်အချို့ကို လက်ခံသူအား ပေးပြီး လုပ်ဆောင်ချက် တစ်ခုကို ခွင့်တောင်းထားကြောင်း တွေ့ရမည်ဖြစ်သည်။ ပြောပုံဆိုပုံမှာ စီးပွားရေးဆန်သည်။ ထိုသို့သော ဆက်သွယ်ရေးသားမှုမျိုးသည် သိပ်အချိန် ယူပြီး ရေးစရာမလိုဘဲ ဖတ်ဖို့လည်း အချိန်မကုန်သည့် ရေးသားနည်းမျိုး ဖြစ်သည်။ အလွန့်အလွန် ကုန်ကျစရိတ် သက်သာသည်။
( အောက်ပါ အကြောင်းပြချက်နှစ်မျိုးအတွက် ယင်းသို့ ထိရောက်သော ရေးသားနည်းဖြင့် ရေးဖို့ လိုအပ်သည်။
- ရိုးရိုးရှင်းရှင်း မြန်မြန်ဆန်ဆန် ဆက်သွယ်ရန်၊
- ပို၍အဆင့်မြင့်သော ရေးသားဟန်များအတွက် အခြေခံကောင်းတစ်ခု
ရရှိရန်။
ထိရောက်သော အရေးအသားကောင်းတစ်ခုကို ရေးသားနိုင်ရန် အောက်ဖော်ပြပါ အဓိကသော့ချက် စည်းမျဉ်းငါးခုကို လိုက်နာရမည်ဖြစ်သည်။
- ရိုးရှင်းသော စကားလုံးများသုံးလို့ရလျှင် ရိုးရှင်းသော စကားလုံးများ
ကိုသာ သုံးပါ။
- အဓိကအချက်ကို ရှေ့တွင်ထားပြီး ရှင်းလင်းသော ဝါကျတည်ဆောက်
ပုံကို အသုံးပြုပါ။
- စာတစ်ကြောင်းတွင် တတ်နိုင်သမျှ အဓိပ္ပာယ်အပြည့်အစုံ ပါဝင်ပါစေ။
- စာတစ်ကြောင်းကို အကြောင်းအရာတစ်ခုအတွက်သာ သုံးပါ။
- Active voice ဖြင့်သာ ရေးပါ။
( ၅ )
ရိုးရှင်းသောစကားလုံးများ သုံးလို့ရလျှင်
ရိုးရှင်းသောစကားလုံးများကိုသာ သုံးပါ
ထိရောက်သော စီးပွားရေးလုပ်ငန်းသုံး အရေးအသားကို ဖတ်ရလွယ်၊ သဘောပေါက်လွယ်သော ခပ်တိုတို အများသုံး စကားလုံးများဖြင့်သာ တည်
ဆောက်ထားသင့်သည်။ မဖြစ်မနေအခြေအနေမျိုးမှလွဲ၍ ရှုပ်ထွေးသော စကားလုံးများကို အသုံးမပြုပါနှင့်။ နားလည်ရခက်သလို တခမ်းတနားနိုင်ပြီး ရှေးဆန်သွားနိုင်ပါသည်။
တစ်ခါတစ်ရံတွင် ရှည်လျားသော စကားလုံးများကို ရှောင်ရသည်။ နည်းပညာဆိုင်ရာစကားလုံးများ၊ ထုတ်ကုန်နှင့် နေရာဒေသ ဖော်ပြမှုများ၊ စီးပွားရေးလုပ်ငန်းသုံးသက်သက်ဖြစ်သော ရှုပ်ထွေးသည့်စကားလုံးများ စသည်ဖြင့်ဖြစ်သည်။ ဤစည်းမျဉ်း၏ အဓိကအချက်မှာ ရိုးရှင်းသော စကား လုံးများ သုံးလို့ရလျှင် ရိုးရှင်းသောစကားလုံးများကိုသာ သုံးဖို့ ဖြစ်သည်။
အောက်ပါစာရင်းကို ကြည့်ပါ
ရေးသားပုံ အဓိပ္ပာယ်
ascertain find out
commencement start
concerning about
endeavor try
foremost first
initiate start
notwithstanding despite
particulars facts
pertaining to about
remuneration pay
sufficient enough
supplementary extra
အရှည်ဆွဲဆန့်ထားသည့် စကားလုံးများကို ဂရုစိုက်ပါ။ အရှည်ပုံစံသည် အဓိပ္ပာယ် ရှုပ်ထွေးသွားစေနိုင်ပါသည်။ တစ်ခါတစ်ရံ အနည်းငယ်ကွဲလွဲ သော အဓိပ္ပာယ်ကို ဖော်ဆောင်တတ်သည်။ အောက်ပါဥပမာများကို ကြည့်ပါ။
event → eventuality
documents → documentation
method → usage
expenses → expenditure
ဤစာမျက်နှာတွင်ပေးထားသော အကြံပြုချက်သည် အရှည်ဖြန့်စကား လုံးများကို ဘယ်တော့မှအသုံးမပြုရဟု မဆိုလိုပါ။ သုံးလျှင် သေသေချာချာ ဂရုတစိုက် အသုံးပြုသင့်သည်ဟု ဆိုလိုရင်းဖြစ်သည်။ သံသယရှိလျှင် ရိုးရှင်း သည့် စကားလုံးကိုသာ ရွေးချယ်ပါ။
- • ••• •••
« ၆ »
အဓိကအချက်ကို ရှေ့တွင်ထားပြီး ရှင်းလင်းသော
ဝါကျတည်ဆောက်ပုံကို အသုံးပြုပါ
ကိုယ်ရေးသည့် ဝါကျတွင် အဓိကအချက်ကို တစ်ချက်တည်းရောက် အောင် ရည်ရွယ်ရေးသားသင့်ပါသည်။ အဓိပ္ပာယ်ကို တတ်နိုင်သမျှ ရှင်းရှင်း