Skip to product information
1 of 20

Other Websites

ကြည်မင်း - ဆွန်ဇူး၏ရှင်သန်အောင်မြင်ရေးနည်းလမ်းများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
အခန်း ၁ 
လူထုအားကို အများကြီးလိုသည် 

 

          လုပ်ငန်း စတော့မယ်ဆိုရင် ဝန်ထမ်းအင်အားကို အဓိက အလေး အနက် စဉ်းစားဖို့ ကျွန်တော်အကြံပေးချင်တယ်။ အရင်တစ်ချိန် ကထက် အခုအခါမှာ ဝန်ထမ်းရွေးချယ် နေရာချထားမှုကို ထိထိရောက်ရောက် စီစဉ်ဖို့ ပိုပြီးလိုအပ်နေပြီ။ အကျပ်အတည်း ကာလမှာ ဝန်ထမ်းတွေရဲ့ အရည်အသွေးကသာ စကားပြောတယ်။ ဘယ်လောက် အင်အားများသလဲဆိုတဲ့ အရေအတွက်က အဓိက မကျဘူး။

ဝန်ထမ်းရေးရာသည် သော့ချက်

 

          သက်တမ်းအရင့်ဆုံး ယိုးဒယား သွင်းကုန်ထုတ်ကုန် လုပ် ငန်းကြီးတွေအနက် တစ်ခုအပါအဝင်ဖြစ်တဲ့ (မိသားစုပိုင်) ဘာရာ၊ ဝင်ဆာ ကုမ္ပဏီဟာ မြေဩဇာ အစ၊ အကောင်းစား အဝတ်အထည် တွေ အလယ်၊ မာစီဒီးကားတွေ အဆုံး အားလုံး ရောင်းဝယ် ဖောက် ကားတဲ့ လုပ်ငန်းကြီးပါ။ ၁၉၉၃ မှာတော့ သူတို့ဟာ ကြုံသမျှ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ပြုပြင်ရမှာ ရိုးရိုးလေးပဲ။ ဝန်ထမ်းတွေရဲ့ အရည်အသွေးကို မြှင့်ရုံပဲလို့ မြင်လာကြတယ်။ ဒါနဲ့ ယိုးဒယားရဲ့ မဟာလုပ်ငန်းစုကြီး ဖြစ်တဲ့ Siam Cement က ဝန်ထမ်းရေးရာ ကျွမ်းကျင်သူတစ်ဦးကို အရဆွယ်ပြီး သူတို့ဆီ မှာ ဝန်ထမ်းမြှင့်တင်ရေး ဌာနသစ်တစ်ခု ထူထောင်ပါတယ်။ ဝန်ထမ်းရေးရာမှာ ငွေကုန်ခံ ရင်းနှီးမြှုပ်နှံရမယ့်ခေတ် ရောက်လာ ပါပြီလို့ ကုမ္ပဏီ ဥက္ကဋ္ဌက ပြောတယ်။

Asian Business ၁၉၉၃ ဒီဇင်ဘာလထုတ်ထဲမှာ ဒီလို ဇာတ်လမ်းတွေအများကြီး တွေ့နိုင်ပါတယ်။ လုပ်ငန်းတွေ ချဲ့လာ ကြတယ်။ အပြိုင်အဆိုင်တွေ များလာကြတယ်။ အဖြစ်အပျက်တွေ က မြန်တယ်။ နည်းပညာတွေ၊ ဈေးကွက် ဗျူဟာတွေကလည်း ဆန်းပြားလာတယ်။ ဒီလို ခေတ်ကြီးမှာ ဝန်ထမ်းရေးရာဟာ အဓိကကျလာပြီလို့ သဘောပေါက်လာတဲ့ အာရှကုမ္ပဏီတွေ တစ်နေ့တစ်ခြား တိုးပွားလာနေပါပြီ။

 

နှစ်ပေါင်း ၂၅၀၀ က အမွေ

 

          တရုတ်သမိုင်းမှာ ဘီစီ ၇၇ဝ-၄၇၆ အထိ ကာလကို နွေဦး ခေတ်နဲ့ ဆောင်းဦးခေတ်လို့ ခေါ်ကြပါတယ်။ အဲဒီကာလမှာ ပေါ်ခဲ့ တဲ့သေနင်္ဂဗျူဟာ ပညာရှင်တစ်ဦးဟာ ဝန်ထမ်းရေးရာ စီမံမှုတွေအတွက်လည်း အခြေခံမူတွေ ချမှတ်ပေးခဲ့တယ်ဆိုတာ လူတွေ သိပ်မသိကြပါဘူး။ သူ့ခေတ်တုန်းကတော့ ဆွန်ဇူးဟာ ခိုင်မာ ထက် မြက်တဲ့ တပ်မတော် တည်ဆောက်ရေးကိုပဲ ရည်မှန်းခဲ့တာပါ။ သူ့ရဲ့ သေနင်္ဂဗျူဟာ ကျမ်းထဲမှာ စစ်သားစုဆောင်းနည်း၊ ရွေးချယ်နည်း၊ လေ့ကျင့်နည်း၊ စိတ်ဓာတ် ပျိုးထောင်နည်းနဲ့ စစ်အောင်နည်းတွေ ကို ထဲထဲဝင်ဝင် တင်ပြခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီလို ရေးခဲ့တာ ပေါ့။

 

          စစ်တိုက်ခြင်းရဲ့ အဓိက ရည်ရွယ်ချက်ဟာ အောင်ပွဲရဖို့ 

          စစ်မှာ ကြာရှည် ဆွဲနိုင်ဖို့ အဓိက မဟုတ်ဘူး  အောင်ပွဲ က အဓိက

 

          နှစ်ပေါင်း ၂၅၀၀ ရှိလာခဲ့ပြီ ဖြစ်ပေမယ့် ဆွန်ဇူးရဲ့ အမြင်ဟာ ဒီနေ့ခေတ် လုပ်ငန်းရှင်တွေရဲ့ အမြင်နဲ့ မခြားပါဘူး။ မြန်မြန်နဲ့များများ ထုတ်လုပ်နိုင်ရမယ်။ မြန်မြန်နဲ့ များများ မြတ်နိုင်ရမယ်။ ဒါမှ ပြိုင်ဖက်တွေအပေါ် အသာစီးရမယ်။ ဒီလို ရလာဖို့အတွက် ဝန်ထမ်းတွေရဲ့ စုပေါင်းလုပ်အားက အရေးကြီး တယ်။ ဒါကြောင့် ခေတ်သစ် လုပ်ငန်းရှင်တွေ ကုမ္ပဏီ အရာရှိကြီး တွေဟာ ဝန်ထမ်းရေးရာရဲ့ အရေးကြီးပုံကို မြင်လာကြတယ်။ များများ ထုတ်လုပ်ပြီးများများ မြတ်နိုင်ဖို့အတွက် ဝန်ထမ်းရေးရာ မြှင့်တင်ရေး နည်းလမ်းတွေ ရှာဖွေလာကြတော့တယ်။

 

ဝန်ထမ်းတွေရဲ့ စွမ်းအားရော စိတ်ဓာတ်မြှင့်တင်မှု

 

          တပ်သားတွေရဲ့ စွမ်းအားနဲ့ စိတ်ဓာတ်ကို မြှင့်တင်ရေး အတွက် ဆွန်ဇူးက ဒီလို ရေးခဲ့ပါတယ်။

          စစ်ပွဲမှာ ရန်သူ့မြင်းရထား ဆယ်စင်းထက် ကျော်ပြီး သိမ်းပိုက် ပြနိုင်ခဲ့ရင် အဲဒီအဖွဲ့ကို ဆုပေးရမယ်။ 

 

          နယ်ပယ်သစ်ကို ဝင်တိုက်ပြီး သိမ်းပိုက်နိုင်ခဲ့ရင် ရလာတဲ့ ပစ္စည်းဥစ္စာ (အကျိုးအမြတ်)ကို ငယ်သားတွေ ခွဲဝေ ပေးပါ။ 

 

          ကိုယ့်စစ်သားတွေအပေါ် လူမမည်လို သဘောထားပြီး ကာကွယ်ပေးတဲ့ စစ်ကဲရဲ့ ဦးဆောင်ရာဆိုရင် အသူတစ်ရာ နက်တဲ့ ချောက်ထဲဖြစ်ဖြစ် လိုက်ကြမှာပဲ။ ကိုယ့် စစ်သားတွေ အပေါ် ရင်ဝယ်သားလို သဘောထားတဲ့ စစ်ကဲအတွက် အသက်စွန့်ရဖို့ ဝန်မလေးကြဘူး။

 

          ရသင့်တာတွေ ပြည့်ပြည့်ဝဝ ရပြီး ခေါင်းဆောင်အပေါ်မှာ လည်း မမှိတ်မသုန် ယုံကြည်ချက်ရှိနေကြရင် ခေါင်းဆောင်က ဘာပဲလုပ်လုပ် ထောက်ခံကြမယ်။ စွမ်းအားပြည့် ဆောင်ရွက်ပေး ကြမယ်။ အသက်နဲ့ ရင်းပြီး သစ္စာစောင့်သိကြမယ်ဆိုတဲ့ ဆွန်ဇူးရဲ့ အမြင်ဟာ စူးရှလှပါတယ်။

 

ဗျူဟာမြောက် ကျင့်သုံးရေး

 

          သေသေချာချာအကွက်ချ ပြင်ဆင်လေ အောင်ပွဲရဖို့ ပိုနီးစပ်လေ ဖြစ်တယ်။ ပြင်ဆင်မှု အားနည်းရင် အောင်ပွဲ က မသေချာဘူး။ ဘာမှ ပြင်ဆင် တွက်ဆမှု မရှိဘူးဆိုရင်တော့ စဉ်းစားသာ ကြည့်တော့။ ဒါလေး တစ်ခုကို ကြည့်ပြီး စစ်ပွဲမှာ နိုင်မလား ရှုံးမလား ပြောနိုင်တယ်။ 

 

          ဒါဟာ ဗျူဟာမြောက် စီမံမှု၊ ဒါမှမဟုတ် နည်းဗျူဟာ ချမှတ်မှုကို ရည်ရွယ်တာ ဖြစ်ပါတယ်။ အမြင်ကျယ်တဲ့ ခေတ်ပေါ်မန်နေဂျာတွေဟာ ဝန်ထမ်းရေးရာရှိတာ အများထင်နေသလို ရုံးလုပ်ငန်းသက်သက်၊ ဘယ်သူ ခွင့်ယူသလဲ၊ ကိုယ်ရေး ဖိုင်တွေက ဘယ်လိုလဲ၊ လစာ စာရင်းကရော ဆိုတာမျိုး မဟုတ်တော့ဘူး ဆိုတာ နားလည်လာကြပါတယ်။

          လုပ်ငန်းတွေဟာ ပြည်တွင်း ကွက်ကွက်ကလေးမှာသာ မဟုတ်တော့ဘဲ ပြည်ပကိုပါ ခြေဆန့်လာကြတဲ့အခါ ရေသစ် မြေ သစ်ရဲ့ အထာကို ဝန်ထမ်းတွေ ဗဟုသုတ ရှိနေရလိမ့်မယ်။ ဆွန်ဇူးက ဒီလို ပြောခဲ့ပါတယ်။

 

          ရန်သူကို လေ့လာပါ၊ မိမိ ကိုယ်ကို သဘောပေါက်ပါ၊ ဒါဆိုရင် အောင်ပွဲဟာမလွဲဘူး။ မြေကိုသိ၊ ကောင်းကင်ကို သိ၊ ဒါဆိုရင် - အောင်ပွဲဟာ ပြည့်စုံသွားမယ်။ ယခင်က

 

          မြေကို သိခြင်းဆိုတာ လက်တွေ့ လုပ်ကိုင်ရမယ့် နယ်မြေ ဝန်းကျင်ကို သိဖို့ ဖြစ်ပြီး ကောင်းကင် ဆိုတာကတော့ နိုင်ငံရေး၊ စီးပွားရေးဆိုတဲ့ လုပ်ငန်း ရာသီဥတုကို သိဖို့ ပြောတာပါ။ ဒီလို သိမြင်ဖို့အတွက် ဆွန်ဇူးရဲ့ ကျမ်း အခန်း ၁၃ (ထောက်လှမ်းရေး အခန်း) မှာ ဒီလို ဆိုထားပါတယ်။

 

          ရန်သူ့ နယ်မြေထဲမှာ ပူးဝင် လှုပ်ရှားဖို့ အထူး လေ့ကျင့် ပေးထားတဲ့ ကိုယ့်လူတွေကို အေးဂျင့်တွေလို့ ခေါ်တယ်။ သူတို့ဟာ နည်းမျိုးစုံသုံးပြီး ထောက်လှမ်းကြ သတင်းပို့ ကြရမယ်။

 

          အာရှကုမ္ပဏီတွေ အထူးသဖြင့် ဂျပန် ကုမ္ပဏီတွေဟာ ဝန်ထမ်းတွေ အမြင်စုံဖို့ လေ့ကျင့်ရေးအတွက် ဘတ်ဂျက် သီးသန့် ထားလာကြတယ်။ ဂျပန်ကုမ္ပဏီတွေဟာ သူတို့ လုပ်ငန်းတွေ၊ ဈေးကွက်တွေကို အမေရိကန်ပြည်ဆီ ခြေမဆန့်ခင် အစောကြီးကတည်းကပဲ လူတွေ

ထောင်နဲ့ ချီပြီး အမေရိကန်ပြည်ကို လွှတ်ထားတယ်။ အင်္ဂလိပ်စာ ကျွမ်းကျင်ဖို့၊ ရေသစ် မြေသစ်ရဲ့ အထာကို နားလည်ဖို့၊ အရေး ကြုံရင် ဝင်ဆံ့နိုင်ဖို့အတွက် ကြိုတင် စီမံကိန်းချ လေ့ကျင့် ပေးထား တာလို့ Michael Robert က သူရဲ့ “ရိုးရိုးစင်းစင်း နည်းဗျူဟာ” စာအုပ်ထဲမှာ ရေးထားတယ်။ ဆမ်ဆောင်း ကုမ္ပဏီကလည်း ဝန်ထမ်းရေးရာ စီမံချက်နဲ့ ဝန်ထမ်းပေါင်း ၄ဝဝ လောက် ရွေး ပြီးတော့ သူတို့ရဲ့ လုပ်ငန်းတွေ ရှိနေတဲ့ နိုင်ငံပေါင်း ၄၅ နိုင်ငံ ကို တစ်နှစ်ကြာ စေလွှတ်တယ်လို့ တစ်နေရာရာမှာ ဖတ်လိုက်ရပါ တယ်။ အပေါ်က မူချပေးလို့ အဖြစ်သဘောမျိုး လုပ်ရတာတော့ အကျိုးများမယ် မမှတ်ပေဘူး။

ကျဉ်းထဲကျပ်ထဲမှာတော့ ဒီလို စရိတ်ကြီးတဲ့ စီမံချက်မျိုးကို တချို့ကုမ္ပဏီတွေက လုပ်နိုင်ကြလိမ့်မယ်။ သို့သော် ဒီလိုမျိုး ကိုယ့် ဝန်ထမ်းတွေအတွက် ဆောင်ရွက်ပေးနေတယ်ဆိုရင် “ကုမ္ပဏီ

ကောင်း” အဖြစ် နာမည်ကောင်း ရသွားတဲ့အတွက် လူတော်တွေ ဝင်လာကြမယ်။ ရှိပြီးသား လူတော်တွေကို ထိန်းထားနိုင်မယ်။ ဒါဆိုရင် သူများထက် တစ်ပန်းသာပြီပေါ့။

 

ဝန်ထမ်းရေးရာ - ယနေ့နှင့် မနက်ဖြန်

 

          ရုံးစာရေးအဖြစ် ဝန်ထမ်းရေးရာ လုပ်ငန်းတွေကို ၁၀ နှစ် လောက် မြင်ခဲ့ တွေ့ခဲ့ ဝင်လုပ်ခဲ့ရတဲ့ ဝန်ထမ်းတစ်ယောက်ဟာ တစ်နေ့မှာ ဝန်ထမ်းရေးရာ ဖွံ့ဖြိုးတိုးတက်မှုတွေ ကိုင်ရတဲ့ ဌာနမှူး တစ်ယောက် ဖြစ်လာတယ်ဆိုတာ အဆန်းမဟုတ်တော့တာမျိုး ဖြစ်ပါတယ်။ ဝန်ထမ်းရေးရာကို ကိုင်တယ်ဆိုတာ ရုံးတက် ရုံးဆင်း စိစစ်နေရုံလေး မဟုတ်တော့ဘဲ လုပ်ငန်းကြီး တစ်ခုလုံးရဲ့လည်ပတ်မှု လမ်းကြောင်းကို ဖန်တီးပေးရတာတွေ၊ တိုးတက်မှုကို ပုံဖော်ပေးရတာတွေ၊ ရှေ့ရေးကို ကြိုတင်တွက်ဆပြီး အထက် လူကြီးတွေဆီ အကြံပြုရတာတွေပါ ပါလာပြီ။

 

           အောင်နိုင်မှာကို ကြိုပြီး သိမြင်နေသူဟာ အောင်ပွဲရဖို့ ပိုပြီး သေချာတယ်။ စစ်မရောက်ခင်က မြားကုန် နေရင်တော့ အောင်ပွဲနဲ့ ဝေးဖို့ ကျိန်းသေတယ်။ 

          ရှေ့ရေးမြင်တဲ့ ဘုရင်နဲ့ ဉာဏ်ပညာရှင် စစ်ကဲတို့ဟာ ဘယ်ကို ချီတက် ချီတက် ရန်သူကို နှိမ်နင်းနိုင်လိမ့် မယ်။ သူတို့ဟာ ကြိုတင် တွက်ဆ သိမြင်ထားတဲ့ အတွက် အံ့မခန်း ကြီးကျယ် တဲ့ အောင်ပွဲတွေ ရကြမှာ ဖြစ်တယ်။

 

          ဒီလို ကြိုတင် သိမြင်မှု ဆိုတာ ထိပ်တန်း အရာရှိကြီးတွေက ပဲ သိရမှာလို့ ဒီကနေ့ ခေတ်မှာ မယူကြတော့ပါဘူး။ ဝန်ထမ်း စီမံမှုဟာ သိပ်အရေးကြီးတယ်လို့ မြင်လာကြတဲ့ လူကြီးပိုင်းဟာ သူတို့ရဲ့ ဝန်ထမ်းရေးရာ ဌာနမှူးတွေ အပေါ် ပိုပြီး အလေးထား လာကြပါပြီ။ တချို့ ကုမ္ပဏီတွေမှာဆိုရင် အမြင့်ဆုံး စီမံရေးအဖွဲ့မှာ ဝန်ထမ်း ရေးရာ ဌာနမှူးတွေကိုပါ အဖွဲ့ဝင်အဖြစ် ထည့်လာကြပြီ။ တချို့ဝန်ထမ်းရေးရာ ဌာနမှူးတွေဆို ဒါရိုက်တာ အဖွဲ့ထဲမှာတောင် ပါကြရတယ်။ ဒီလောက် အဆင့်မြင့်မလာဘူးဆိုရင်တောင် ဝန်ထမ်း ရေးရာ ဌာနမှူးဆိုတာ ရုံးတက်ရုံးဆင်း စစ်၊ ခွင့်ယူတာ ဝင်တာ ထွက်တာ စစ်ဆိုတဲ့ ရုံးစာရေး လုပ်ငန်းမျိုးပဲဆိုတဲ့ အမြင်ကို ပယ် နိုင်ကြပါပြီ။ ရာထူးအဆောင်အယောင်တွေ မြင့်လာပြီး လစာတွေ တိုးလာကိုပဲ ကြည့်လေ။

          ဒီလို ဖြစ်လာတော့ ဝန်ထမ်းရေးရာ ကိုင်ရတဲ့သူဟာ အမြင် ကျယ်ဖို့နဲ့ ခေါင်း ကောင်းဖို့ လိုလာပါတယ်။ လုပ်ငန်းပိုင်း ဆိုင်ရာမှာ

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)