Skip to product information
1 of 13

Other Websites

ကြည်မင်း - ခေါင်းဆောင်မှုပညာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
အခန်း ၁ 
ပထမလုပ်ငန်းစဉ်
 ပြဿနာကို အသွင်ပြောင်းခြင်း
 

          အခြေအနေတစ်ရပ်ကို အသွင်ပြောင်းတယ်ဆိုတာ လူ တွေက အရေးကြီးတယ်ထင်နေတာတွေ၊ ဂရုစိုက်နေတာတွေကို လမ်းလွှဲပစ်တာပါပဲ။ ပြဿနာကို ရှုမြင်ပုံနဲ့ ချဉ်းကပ်ပုံဟာ အရေး ကြီးပါတယ်။ ရှင်းလို့ရနိုင်တဲ့ဘက်ကလှည့်ရှင်းလိုက်တော့ သက်ဆိုင် ရာလောကကြီးလည်း ပြောင်းသွားပါတယ်။

          ခေါင်းဆောင်တွေအတွက် အရေးအကြီးဆုံးအလုပ်ဟာ ကိုယ့်အဖွဲ့အစည်းအတွက် လက်တွေ့ဆန်တာတွေ ဖော်ဆောင်ပေးဖို့ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အဲဒီအတွက် အခြေခံအဆင့်ကတော့ ပြဿနာ

တွေမြင်အောင်ကြည့်ရမယ်၊ အသွင် ပြောင်းယူသင့်ယူရမယ် ဆိုတဲ့အဆင့် ဖြစ်ပါတယ်။ ဆိုပါတော့။ လုပ်ငန်းရဲ့ ရှေ့ရေးအမြင် (ဖောက်သည်ကို ဦးထိပ်ထား/အရည် အသွေးကို ဦးထိပ်ထား/ ဝန်ထမ်းကို ဦးထိပ်ထား ဆိုတာမျိုး တစ် ခုခု) ဟာ လုပ်ငန်းရဲ့ အခြေအနေကို ပြောင်းလဲသွားစေပါလိမ့်မယ်။ စားသုံးသူရယ်၊ ရောင်းပေးသူရယ်၊ ဝန်ထမ်းရယ် ဆိုတဲ့သုံးမျိုးဟာ ဒီအမြင်ကို ခံယူလုပ်ကိုင်ကြပုံချင်းမတူရင်ပေါ့။ ခေါင်းဆောင်က ဒီလိုလုပ်ကြမယ် လို့ ကြေညာလိုက်တဲ့အခါမှာ ရလဒ်တွေ ထွက်လာ မှာပဲ။ ရည်မှန်းချက်တစ်ခုနဲ့ ပတ်သက်လီးရင် အုပ်စုအလိုက် လုပ်ရပုံ၊ ခံယူပုံ ကွဲပြားပေမယ့် ပန်းတိုင်ကတော့ အတူတူဖြစ်နေအောင် အသွင်ပြောင်းပေးတာကို ဆိုပါတယ်။      

          ဧကရာဇ်အလက်ဇန္ဒားဟာ တစ်ခါတစ်ရံမှာပြဿနာကို အသွင်ပြောင်းပါတယ်။ ကြုံနေရတဲ့ပြဿနာကို နောက်ပြဿနာအသစ်ဖြစ်သွားအောင် ပြောင်းယူတာပါ။ အသစ်ကိုဖြေရှင်းလိုက်ရင် အဟောင်းကိုဖြေရှင်းရလွယ်

သွားတာ၊ ဖြေရှင်းစရာတောင် မလိုတော့တာမျိုး ဖြစ်သွားတတ်ပါတယ်။ အဲဒီလိုလုပ်တာကို ရေစီး လွှဲပစ်တာ လို့ ကျွန်တော်ခေါ်ချင်ပါတယ်။ ဒီအရည်အချင်းဟာ ဒီစာအုပ်ထဲမှာ ပြောမယ့် ခေါင်းဆောင်ပညာရဲ့ လျှို့ဝှက်နည်းတွေ ထဲမှာ အရေးအကြီးဆုံး လို့ ပြောရင်ရနိုင်ပါတယ်။ အလက်ဇန္ဒား ဟာ သဘာဝအရန်အတားတွေအပါအဝင် အတားအဆီးတွေကို ငုံ့ခံရမယ့်ကိစ္စတွေလို့ မယူဆခဲ့တာ မြင်လာကြရပါလိမ့်မယ်။ အဲဒီ ပြဿနာတွေကို အသွင်ပြောင်းပြီး ဖြေရှင်းပါတယ်။ လုပ်ရတာ ပုံစံမျိုးစုံရှိပေမယ့် တစ်ခါတလေကျရင် လူတွေကို အတွေးဆန်း၊ အမြင်ဆန်းကလေး ချပြပေးလိုက်ရုံနဲ့ အလုပ်ဖြစ်သွားတတ်ပါတယ်။

*****

 

ဧကရာဇ်အလက်ဇန္ဒားထံမှ ခေါင်းဆောင်မှုပညာ 

 

         ၁။ ရေတပ်ကို ကုန်းပေါ်တွင် အနိုင်တိုက်ခြင်း

              ခေါင်းဆောင်တွေအဖို့ “ဖြေရှင်းမရနိုင်သော ပြဿနာ” 

              ဆိုတာမျိုးနဲ့ အမြဲကြုံတွေ့ရတာချည်းပါပဲ။

              ကမ္ဘာကျော် စစ်ရေး၊ နိုင်ငံရေး၊  စီးပွားရေးခေါင်းဆောင်များဟာ

              အဲဒီ လို ဖြေရှင်းရခက်တဲ့ ပြဿနာတွေကို ထိပ်တိုက်မဖြေရှင်း

              ကြဘူးဆိုတာ ကျွန်တော် သုတေသနလုပ်ကြည့်တော့ တွေ့ ပါတယ်။

              ပြဿနာကို အသွင်ပြောင်းလိုက်ပြီး ပြဿနာ သစ်အဖြစ် 

              ရင်ဆိုင်ဖြေရှင်းယူလိုက်တဲ့အခါမှာ မူလ ပြဿနာပါ 

              ဖြေရှင်းပြီးသားဖြစ်သွားကြပါတယ်။

 

          အလက်ဇန္ဒားဟာ (သူ့တစ်သက်တာ စစ်ပွဲကြီးလေးပွဲ အနက် နှစ်ပွဲဖြစ်တဲ့) ဂရာနီးကပ်စ်နဲ့ အစ်ဇပ်စ်ကို နိုင်ပြီးတဲ့နောက် ပါးရှားပြည် (ယခု အီရန်) ရဲ့ အတွင်းပိုင်းကို ထိုးဖောက်ဖို့တာစူနေ ပါတယ်။ အဲဒီအတွက် သူဟာ ရိက္ခာတွေ၊ လက်နက်တွေ စုရပါ တယ်။

          ရိက္ခာကိစ္စကတော့ အလက်ဇန္ဒားခေါင်းအကိုက်ရဆုံးပါပဲ။ စစ်တပ်အတွက်ရိက္ခာအများကြီး

လိုတယ်။ အဲဒီတုန်းကတော့ အခု လိုအဝေးပြေးလမ်းမတို့၊ ရိက္ခာကားတန်းတို့၊ ရိက္ခာတင်လေယာဉ်တို့ ရှိတာမဟုတ်ဘူး။ အဲဒီတော့ တပ်ရိက္ခာကို အလွယ်ဆုံးနဲ့ အသက်သာဆုံးပို့တဲ့နည်းဟာရေကြောင်းကနေ ပို့တဲ့နည်းပဲရှိတယ်။ ဒီတော့မြစ်ကြောင်းနဲ့ပင်လယ်ကမ်းစပ်တစ်ဝိုက်ကို အလက်ဇန္ဒားဟာသိမ်းပိုက်

ထားနိုင်ဖို့လိုနေတယ်။ ပါးရှားပြည်ကိုလောလောဆယ်အုပ်ချုပ်နေတဲ့မင်းကတတိယမြောက်ဒါးရီးယပ်စ်။ ဒီမင်းဆက် ဟာ ပါးရှားပြည်ကိုအုပ်စိုးခဲ့တာ နှစ်ပေါင်းထောင်ချီနေပြီ။ သူတို့မှာအင်မတန်တောင့်တင်းတဲ့ စစ်လှေ နှစ်ရာကျော်ပါဝင်တဲ့ ရေတပ် ကြီး ရှိနေတယ်။ အဲဒါနဲ့ ပြောင်းပြန်ပဲ၊ အလက်ဇန္ဒားမှာတော့ ရိက္ခာတင်ဖောင်ကြီးတွေရယ်၊ ကမ်းရိုးတန်းသွားလှေ အနည်းငယ် ရယ်ပဲရှိတယ်။ ပြဿနာကတော့ရှင်းနေ

ပါတယ်။ အလက်ဇန္ဒားရဲ့ ရိက္ခာတင်ဖောင်ကြီးတွေကို အင်မတန်တိုက်ရည်ခိုက်ရည်ကောင်း တဲ့ ပါးရှန်းရေတပ်ရဲ့ ရန်က ဘယ်လိုကာကွယ်မလဲ။

          အားကောင်းတဲ့ ရေတပ်ကြီးတစ်ခု အပြိုင်တည်ထောင်ဖို့ ဆိုတာကိုပဲ စဉ်းစားမိမှာပါ။ အဲဒီအစီအစဉ် ပုံပေါ်ခဲ့တာက နောင်နှစ်ပေါင်း သုံးရာကျော်အကြာ ဂျူးလိယက်ဆီဇာလက်ထက်ကျမှ ဖြစ်ပါတယ်။ ကုန်းပေါ်

ကနေ ဝိုင်းပြီး ညှပ်တိုက်ကြမယ့် ရန်သူတွေ လက်က လွတ်အောင်ရုန်းဖို့ဆိုပြီး အုပ်ချုပ်ရေးကောင်စီဆီက ဘတ် ဂျက်တောင်းတည်ဆောက်ခဲ့တာပါ။ အလက်ဇန္ဒားကျတော့ အဲဒီလို လုပ်ခွင့်မသာခဲ့ပါဘူး။ အဲဒီလောက်လည်း အချိန်မရဘူး၊ ငွေလည်း အကုန်မခံနိုင်ဘူး။ တပ်ကို တစ်နှစ်လောက် စခန်းချပြီး လှေတွေ တည်ဆောက်ရမယ်။ သစ်ပင်တွေလှဲ၊ ပျဉ်ပြားတွေဖြတ်၊ မိုင်းတွေ တူးပြီးသတ္တုတွေကျို၊ ရွက်တွေချုပ်၊ ရေတပ်ဗိုလ်တွေ ရေတပ်သားတွေ ခန့်အပ်လေ့ကျင့်။ အဲဒီလိုလုပ်နေတုန်းမှာ ပါးရှန်းတွေက ရိပ်မိပြီး ဝင်တိုက်လာလိမ့်မယ်။ ပါးရှန်းရေတပ်ဆိုတာ ရေကြောင်း တိုက်ပွဲ ကျွမ်းပြီးသားလူတွေ။ ဒီတော့ အပြိုင်ရေတပ် တည်ဆောက်တာလုပ်သင့်တဲ့ လမ်းမဟုတ်ဘူး။ ဘာလုပ်ကြမလဲ။ (စဉ်းစားကြည့် ချင်ရင် ခဏနားပြီး စဉ်းစားပါ။)

          အလက်ဇန္ဒားရွေးချယ်လိုက်တဲ့ လမ်းကတော့ပြောင်မြောက်လွန်းလို့ ခုခေတ်အထိ ရေတပ်သင်တန်း

ကျောင်းတွေမှာ စစ်ဗျူဟာလေ့လာရင် မပါမပြီး ဖြစ်ခဲ့ပါတယ်။ သူက ရေတပ်ကိုကုန်းပေါ်ကနေအနိုင်တိုက်တာပါ။ နောက်ပိုင်းမှာ ဒီဗျူဟာကို လိုက်တုကြတဲ့ ဗိုလ်ချုပ်တွေအများကြီးပေါ်ခဲ့ပါတယ်။တချို့လည်းစစ်ပွဲနိုင်ကြပါတယ်။ သို့သော် အလက်ဇန္ဒားကတော့ အဲဒီလိုတိုက် ခဲ့တဲ့ ပထမဆုံး စစ်ဘုရင်ပါ။

           အလက်ဇန္ဒားဟာ သူ ရင်ဆိုင်ရမယ့်ရန်သူဖြစ်တဲ့ ပါးရှန်း ရေတပ်ရဲ့ အကြောင်းကို သတင်းစုပါတယ်။ ရလာသမျှကို ဆန်းစစ် ကြည့်လိုက်တဲ့အခါမှာ အဲဒီရေတပ်ရဲ့ အားနည်းချက်ကြီးတစ်ခုကို သွားတွေ့ပါတယ်။ သောက်ရေလိုအပ်မှုပါ။ ဒီနေ့ခေတ်မှာတော့ အနုမြူစွမ်းအင်သုံးရေငုပ်သင်္ဘောတွေဟာ ခြောက်လထက်မက ရေငုပ်ပြီးနေနိုင်ပါတယ်။ ပင်လယ်ရေကနေရေချိုချက်နိုင်တဲ့ စက်တွေရှိနေလို့ပါ။ ဟိုတုန်းကတော့အိုးတွေနဲ့ချက်

ကြရတော့ ရေက မလုံလောက်ပါဘူး။ ထင်းအတွက်ကလည်း သိပ်လေးပါ တယ်။ ဒီတော့ လှေတွေဟာ သောက်ရေသယ်သွားရပါတယ်။ ဒါကြောင့် သူတို့ဟာ ရေပြတ်သွားရင် ပြန်လာသယ်နိုင်တဲ့ခရီးအကွာ အထိပဲ သွားနိုင်ကြပါတယ်။ လှော်တက်ကြီးတွေအားကိုးရတဲ့ အဲဒီ လှေကြီးတွေဟာ ပူပြင်းတဲ့ မြေထဲပင်လယ်ဒေသမှာ လှုပ်ရှားဖို့သောက်ရေကို နှစ်ရက်စာလောက်ပဲ သယ်နိုင်ကြပါတယ်။ အလက် ဇန္ဒာရဲ့ လှေတွေကသာ အဲဒီလိုနှစ်ရက်စာခရီးအတွင်းက ရေချို တွင်းတွေ ရေကန်တွေကို အုပ်စီးထားနိုင်ရင် ပြီးပြီပေါ့။

           ခက်တယ်လို့ထင်ရတဲ့ အဲဒီအလုပ်ကို အလက်ဇန္ဒားက လွယ်လွယ်ပဲလုပ်နိုင်ခဲ့ပါတယ်။ မြစ်တို့၊ ကန်တို့၊ တွင်းတို့ကို နိုင်သမျှ အပိုင်သိမ်းထားလိုက်တယ်။ မသိမ်းချင်တဲ့၊ မသိမ်းနိုင်တဲ့ တွင်းတွေ ကန်တွေကျတော့ အဆိပ်ခတ်ပစ်တယ်။ အဲဒီလိုနဲ့ ကမ်းခြေတစ်လျှောက်ချီတက်လာလိုက်တာ အခုခေတ် လက်ဘနွန်ပြည်ရှိရာကို ရောက်လာပါရော။ အဲဒီမှာ ကျွန်းပေါ်က တိုင်ယာဆိုတဲ့မြို့လေးကို တွေ့တယ်။ ကုန်းတွင်းပိုင်းက တိုင်ယာမြို့မဟုတ်ပါဘူး။ ဟိုင်းကြီး ကျွန်းပေါ်က ဟိုင်းကြီးမြို့လို တိုင်ယာပါ။ အဲဒီကျွန်းမှာ မြေအောက် ရေကြောတစ်ကြောရှိတော့ ရေချိုကောင်းကောင်း ရပါတယ်။ အဲဒီ ရေကို တိုင်ယာက ပါးရှန်းရေတပ်ကို ရောင်းစားနေပါတယ်။ တိုင် ယာကျွန်းကလည်း တက်သိမ်းဖို့မလွယ်ဘူး။ ခံစစ်ကြောင်း သိပ်လုံပါတယ်။ ဒါကြောင့်လည်း သူတို့က အလက်ဇန္ဒားကို မမှုပါဘူး။

           ရှေ့ဆက်ချီမတက်ခင်မှာ အလက်ဇန္ဒားဟာ တိုင်ယာကို သိမ်းရမယ်၊ ဒါမှမဟုတ် တိုင်ယာကျွန်းဟာ ပါးရှန်းရေတပ်ကိုသောက်ရေမပေးတော့ပါဘူး ဆိုတဲ့အာမခံချက် ရရမယ်။ ဒါကြောင့် အလက်ဇန္ဒားက ပထမအဆင့်အနေနဲ့ တိုင်ယာမြို့လူကြီးတွေဆီ သံတမန်နည်းနဲ့ ချဉ်းကပ်ပါတယ်။ လူကြီးတွေက မချေမငံနဲ့ မောင်း ထုတ်လိုက်ကြတယ်။ ဒီတော့ ရွေးစရာလမ်းတစ်လမ်းပဲရှိတော့ တယ်။ ဒီကျွန်းလေးကို သိမ်းရမယ်။

          အလက်ဇန္ဒားဟာ တပ်အင်အားသုံးပြီး ကျောက်တန်းဖို့ပါ တယ်။ ကမ်းခြေကနေ ကျွန်းအထိ မိုင်ဝက်လောက်ရှိမယ်။ တချိုကတော့ တစ်မိုင်နီးပါးလောက်ရှိတယ်လို့ ဆိုပါတယ်။ ပေါက်ချွန်းတွေ၊ပေါက်ပြား

တွေသုံးပြီး ပင်လယ်ကို ဖို့ပစ်ပါတယ်။ တိုင်ယာ ကျွန်းသားတွေကလည်း အမျိုးမျိုးနှောင့်ယှက်ကြပါတယ်။ ဒါကို အလက်ဇန္ဒားကခြေမြန်တပ်တွေ၊ လှေတွေနဲ့ပြန်ကာကွယ်ပေးရပါတယ်။ ခုနစ်လအကြာမှာ မြေလမ်းဖို့ပြီးသွား

ပါတယ်။ တက်သိမ်း လိုက်တာ နှစ်ပတ်အကြာမှာ တစ်ကျွန်းလုံးကျပါတယ်။ သူ့ကို မချေ မငံဆက်ဆံခဲ့လို့ဆိုပြီး အတော်ပြင်းပြင်းထန်ထန်သတ်ဖြတ်မှုတွေ လုပ်ပါတယ်။ ပါးရှန်းရေတပ်လည်း ရေချိုငတ်သွားတော့ အဲဒီဒေသမှာ မနေနိုင်တော့ဘူး။ ဒါနဲ့ အလက်ဇန္ဒားလည်း အီဂျစ်ကို လွတ်လွတ်ကျွတ်ကျွတ် ချီတက်နိုင်ခဲ့ပါတော့တယ်။

 

ဆင်ခြင်စရာ

           အလက်ဇန္ဒားဟာကျွန်းကိုကြည့်ပြီး မြေပြင်ကိုမြင်သူဖြစ်ပါတယ်။ ရင်ဆိုင်ရတဲ့ပြဿနာကို အသွင်ပြောင်း

လိုက်တဲ့အတွက် ထိုးဖောက်သိမ်းပိုက်လို့မရနိုင်ဘူး လို့ ဆိုကြတဲ့ကျွန်းဟာ သိမ်းပိုက် လို့ရသွားပါတယ်။ ရေတပ်နဲ့ပတ်သက်နေတဲ့ကိစ္စကို ကြည်းတပ်

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)