Skip to product information
1 of 8

Other Websites

ကြည်မင်း - ခေါင်းဆောင်တစ်ဦးရဲ့နလုံးသား

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

              ကောင်းတာလုပ်တုန်း

           မိအောင်ဖမ်းနိုင်ခြင်းသည်

     လူများကို တိုးတက်ဖွံ့ဖြိုးစေရေး၏

            သော့ချက်ဖြစ်သည်။

                    Ken Blanchard & Spencer Johnson

                                           တစ်မိနစ်မန်နေဂျာ ....မှ

ကောင်းကောင်းကြိုးစားနေတာကို မိအောင်ဖမ်းတာဟာ စီမံ အုပ်ချုပ်ရေးမှာ အလွန်ထက်မြက်တဲ့ လုပ်ရပ်တစ်ခုပါပဲ။ ခက်နေ တာက လူကြီးအများစုဟာ ဝန်ထမ်းတွေရဲ့ မှားကွက်ကို ဖမ်းရာမှာ ပါရမီထူးချွန်နေကြခြင်းပါပဲ။ တစ်ပတ်မှာ အနည်းဆုံးတစ်နာရီလောက်တော့ လုပ်ငန်းခွင်မှာ လျှောက်လှည့်ပါ။ ဝန်ထမ်းတွေ ချီးကျူးလောက်စရာအကွက်ကိုဖမ်းပါလို့ “လူကြီး”တွေကို ကျွန်တော် အကြံပေးလေ့ရှိပါတယ်။

          ကောင်းကွက်ကို ချီးကျူးရာမှာ တိတိကျကျ ထောက်ပြ ချီးကျူးဖို့လိုတယ်ဆိုတာတော့ မှာထားရပါတယ်။ ဟိုဟိုဒီဒီ လျှောက် ကြည့်ပြီး-တော်တယ်ဟေ့၊ ကောင်းတယ်ကွ၊ ကျေးဇူးပဲ၊ဆိုတာမျိုးပြောတာဟာအဓိပ္ပာယ်မရှိပါ။ လုပ်ပုံကိုင်ပုံကောင်းသကွ- လို့ ခပ်ညံ့ညံ့ဝန်ထမ်းတွေကိုလည်းပြော၊ တော်တဲ့ဝန်ထမ်းတွေကိုလည်းပြောရင် လူညံ့ကိုကျတော့ လှောင်ပြောင်လိုက် ရိလိုက်ရာကျတယ်။ လူတော်ကိုကျတော့ စိတ်ဓာတ်ကျသွားစေတယ်။ 

          ကောင်းကွက်ကို ချီးကျူးပေးလိုက်ရင် ဝန်ထမ်းတွေဟာ ကိုယ့်အလုပ်ကိုလည်း ကျေနပ်သွားတယ်။ ရှေ့ဆက်ကြိုးစားဖို့လည်း တွန်းအားရသွားတတ်တယ်။ သတိထားရမှာကတော့

            - ချက်ချင်းချီးကျူးပါ။

            - ဘယ်အတွက်ကြောင့်ဆိုတာ တိတိကျကျပြောပြီးချီးကျူးပါ။ 

            - အဲဒီလိုပဲ ဆက်ကြိုးစားချင်နေအောင် တွန်းအားပေးပါ။

                         ဒီနည်းလမ်းများဟာ အိမ်တွင်းမှာ ကျင့်သုံးရင် လည်း အကျိုးများစေနိုင်ပါတယ်။ 

                လူမှုဆက်ဆံရေးမှာ ပိုတွင်ကျယ်လာပြီး ပိုမိုခိုင်မြဲလာစေပါလိမ့်မယ်။

 

 

        ကောင်းကောင်းလုပ်ပြနေသူသည်

        သူ့ကိုယ်သူ ကျေနပ်ဂုဏ်ယူ၏။

                    Ken Blanchard &Robert Lorber

                    တစ်မိနစ်မန်နေဂျာကို လက်တွေ့အသုံးချခြင်း ......မှ

တစ်မိနစ်မန်နေဂျာစာအုပ်ထဲမှာ စပင်ဆာဂျွန်ဆန်နဲ့ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ်ကျေနပ်ဂုဏ်ယူ

နေသူများသည် ကောင်းကောင်း လုပ်ပြကြသည်လို့ရေးခဲ့ပါတယ်။ စာအုပ်ထွက်ပြီးတဲ့နောက်မှာ ကျွန်တော်ဟာ ကိုယ့်ဘက်ကစပြီး ကောင်းကောင်းဆက်ဆံ၊ ပြီးမှ သူက ကောင်းကောင်းတုံ့ပြန့်လာပါလိမ့်မယ်လို့မျှော်လင့်

ပါဆိုတဲ့ လူမှုဆက်ဆံရေးရှေးနည်းကြီးကို ပြန်ဆန်းသစ်ထားတာပါလားဆိုတာ သဘောပေါက်မိလိုက်ပါတယ်။ တစ်မိနစ်မန်နေဂျာကို လက်တွေ့ အသုံးချခြင်း စာအုပ်ကျတော့ အဲဒီအဆိုကို ရှေ့နောက်ပြောင်း လိုက်ပြီ။

          အခုတော့ ကျွန်တော်တို့အဖွဲ့ကလုပ်ပေးသမျှတိုင်းဟာ လူ တွေ ကောင်းကောင်းလုပ်ပြလာနိုင်ရေးအတွက် အကူအညီပေးတာ သာဖြစ်ပါတယ်။ ကောင်းကောင်းလုပ်ပြလိုက်မိပြီဆိုရင် ကိုယ်ကြိုးစားခဲ့တာကို သက်သေပြ

စရာ ရလာပြီဖြစ်လို့ သူတို့ဟာ ကျေနပ် စရာ ဂုဏ်ယူစရာ ရှိလာပြီပေါ့။

          ထက်မြက်တဲ့ခေါင်းဆောင်တစ်ယောက်ဟာ သူ့ဝန်ထမ်း တွေရဲ့ စွမ်းဆောင်ရည်တက်လာဖို့အတွက် ဦးစားပေးလုပ်ဆောင် ရာမှာ နည်းလမ်း၂ဆင့်ရှိပါတယ်။ 

          (က) သူတို့ဘာတွေလုပ်ရမယ်ဆိုတာ သိနေအောင်လုပ်တယ်၊ 

          (ခ) အဲဒီလုပ်ငန်းတွေ ပြီးမြောက်ဖို့အတွက် ပံ့ပိုးမှုတွေ၊

                အားပေးမှုတွေ သင်ပြမှုတွေ လိုလေသေးမရှိ လုပ်ပေးတယ်။ 

           ခေါင်းဆောင်ရယ်လို့ ဖြစ်လာရင် ကိုယ့်အခန်းကဏ္ဍဟာ ကိုယ်

           ထင်ထားတာထက်ပိုကြီးမားများပြားနေတာကို

           တွေ့ရပါမယ်။လူတွေကိုအောင်မြင်သူတွေဖြစ်လာအောင်ကူညီပေးနိုင်တဲ့ 

           စွမ်းအား တွေ၊ လုပ်ပိုင်ခွင့်တွေ ရလာပါတယ်။

 

 

           မိမိမျှော်လင့်ထားသည့်အတိုင်း

           တိတိကျကျ မှန်မှန်ကန်ကန်

           လုပ်ပြနိုင်သည်ကို တွေ့ရမှ

          ချီးမွမ်းမည်ဟု အချိန်ဆွဲမနေပါနဲ့။

                      Ken Blanchard & Spencer Johnson

                                               တစ်မိနစ်မန်နေဂျာ ...မှ

ခေါင်းဆောင်အတော်များများဟာ စိတ်ရင်းစေတနာကောင်းကြသော်လည်း ကိုယ့်လူတွေကို ချီးမွမ်းဖို့

ကျတော့ ခိုင်းထားတာ လုံးဝ ပြီးစီးအောင်မြင်သွားတဲ့အထိ စောင့်နေတတ်ကြတယ်။ ဒီလိုတမ်း သာဆိုရင် သူတို့မဆုံးနိုင်အောင် စောင့်ကြရတော့မှာပဲ။ မျှော်လင့် ထားတဲ့အတိုင်း လုံးဝတိတိကျကျဖြစ်လာဖို့ဆိုရာမှာ အသေးစိတ် တွေပါ အတိအကျမှန်ကန်ဖို့လိုလာပြီကိုး။ တိုးတက်မှုကို စောင့်ကြည့် ချီးကျူးတယ်ဆိုတာက ပိုပြီးသဘာဝကျပါတယ်။ လှုပ်ရှားရှင်သန်နေတဲ့ ပစ်မှတ်ဖြစ်နေလို့ပါ။

          ကလေးပေါက်စတစ်ယောက်ကို မတ်တပ်ရပ်ခိုင်းပြီး လမ်းလျှောက်လို့ပြောမယ်။ ကလေးက လမ်းစမ်းလျှက်ကြည့်ရာကလဲကျမယ်။ ဒီတော့လျှောက်လို့ပြောတာဘာလို့ရအောင် မလျှောက်သလဲဆိုပြီး

ရိုက်မယ်။ ဒါမျိုးလုပ်ကြသလား။ မလုပ်ကြပါဘူး။ ကလေးကို တွဲထူပြီးရပ်ခိုင်းမယ်။ နည်းနည်းယိုင်ထိုးယိုင်ထိုး ဖြစ်နေပေမဲ့ရပ်နိုင်လာပြီးဆိုရင်“ဟောရပ်နိုင်ပြီးဟေ့”ဆိုပြီးချီးမွမ်းမယ်။ ပွေ့ဖက်နမ်းရှုပ်မယ်။ နောက်တစ်နေ့

ကျတော့ တစ်လှမ်းလောက် ကြိုးစားလှမ်းတတ်သွားပြီ။ အဲဒီမှာချီးကျူးတာ အားပေးတာတွေ ထပ်လုပ်မယ်။ ဒီလိုနဲ့ ကလေးဟာယုံယုံရဲရဲဖြစ်လာပြီး နောက်ဆုံးတော့ လမ်းလျှောက်တတ်သွားတာပါပဲ။ လူကြီးတွေနဲ့လည်း ဒီလိုပဲပေါ့။ တစ်ချက်ဟုတ်သွားတာကို စောင့်ကြည့်ချီးကျူးလိုက်ပါ။ အစပိုင်းမှာ မှန်နေတာကိုက သိပ်ကောင်းသွားပါပြီ။

 

 

         ပြန်လှန်အသိပေးခြင်းသည်

         အောင်မြင်သူများအတွက် နံနက်စာ

                                        Rick Tate

အလုပ်ချိန်အတွင်းမှာ ပျင်းတွဲတွဲဖြစ်နေကြတဲ့ ဝန်ထမ်းမျိုးအများ ကြီးတွေ့ခဲ့ဖူးပါတယ်။ သို့သော် အလုပ်ဆင်းရတော့မယ်ဆိုရင် ဘယ် သူမဆို တက်ကြွလာကြတော့တာပါပဲ။ ညနေ ငါးနာရီဝန်းကျင်ဆို ရင် ရုံးကနေ ဂေါက်ကွင်းတို့ တင်းနစ်ကွင်းတို့ ကိုယ်တာဝန်ယူ သင် ပြနေတဲ့ ကလေးသူငယ်ကစားကွင်းတို့ဆီ ပျော်ပျော်ကြီး ချီတက် ကြပါလေရော။ လူတွေဟာ ကိုယ်ကြိုးစားထားတာကို အဖြေပြန်သိ နိုင်တဲ့ လုပ်ငန်းမျိုးမှာ တက်ကြွကြပါတယ်။ ပြန်လှန်အသိပေးခြင်း သတင်းရရှိခြင်း feedbackဟာ လူတွေအတွက် အရေးကြီးပါတယ်။ ကိုယ်ဘယ်လောက် ခရီးရောက်နေလဲဆိုတာ သိချင်ကြတာချည်း ပါပဲ။ အဲဒီလိုသတင်းအချက်အလက် အမြဲပြန်ပေးနိုင်ဖို့အတွက် တစ်ဦးချင်းအကဲဖြတ်မှတ်တမ်းတွေရှိဖို့ လိုအပ်လာတာဖြစ်ပါတယ်။

          တချို့မန်နေဂျာတွေဟာ ဝန်ထမ်းတွေရဲ့ အားနည်းချက် တွေ ညံ့ကွက်တွေကို တေးမှတ်ထားပြီး တစ်ချက်ကလေး အမှား လုပ်မိတာနဲ့ နင်းပြောပစ်တာမျိုး၊ နှစ်လည်အကဲဖြတ်မျက်နှာစုံညီ အစည်းအဝေးကျမှ ဖွင့်ချတာမျိုး လုပ်တတ်ပါတယ်။ တချို့ကြတော့ လည်း ကိုယ့်ဌာနရဲ့ ညံ့ကွက်တွေကို ဖုံးပြီးတော့ မကောင်းလည်း “အားလုံးကောင်းပါသည်ခင်ဗျား” တွေလုပ်တတ်ကြပါတယ်။ အထိုး အနှက်ခံရတဲ့ ဝန်ထမ်းတွေ အညာခံရတဲ့လူတွေဟာ ကိုယ့်မိခင်ဌာန ကို လေးစားမှုလည်း လျော့သွားပြီး ကိုယ့်အလုပ်အပေါ်မှာလည်း အထင်သေးသွားတတ်ကြပါတယ်။ 

          အကောင်းအဆိုးကို ပြန်လှန်အသိပေးခြင်းဟာ စွမ်းဆောင် ရည်တိုးမြှင့်ရေးနှင့် လုပ်ငန်းခွင်အပေါ် စိတ်ကျေနပ်မှုရစေရေး အတွက် အထိရောက်ဆုံး အဖိုးနည်းဝန်ပါနည်းပရိယာယ်ဖြစ်ပါ တယ်။ လုပ်ရတာမြန်တယ်။ဘာမှလည်း အပိုကုန်ကျမှုမရှိဘူး။ မှားတာရှိရင်လည်း မြန်မြန်ပြန်ပြင်နိုင်မယ်။

 

 

          သင်ကခွင့်မပြုလျှင် မည်သူကမှ

          သင့်ကိုနိမ့်ကျအောင် မပြုလုပ်နိုင်။

                           Eleanor Roosevelt

တစ်မိုးသောက်လို့ လောကထဲဝင်လိုက်ရတိုင်းမှာ ကျွန်တော်ဟာ “ငါ့ရဲ့စိုပြေအိုကေကို ဘယ်သူမျှလာမထိပါးစေရ” ဆိုတဲ့ ခံယူချက် နဲ့ ဝင်ပါတယ်။ ဘုရားသခင်ဟာ ပေါက်တတ်ကရမလုပ်ဘူးလို့ ကျွန်တော်ရဲရဲကြီး ယုံတယ်။ ကျွန်တော်မှာ အပြစ်အနာအဆာ ကင်း တယ်။ ပြုပြင်စရာမလိုဘူး- ဆိုတာမျိုးပြောတာတော့ မဟုတ်ပါ။ ကျွန်တော့်ရဲ့ မူလအတွင်းသဏ္ဌာန်မှာ ကိုယ့်ဟာကိုယ်ပြည့်စုံ ညီညွှတ်နေတာ၊ အိုကေမှာ ပြနေတာကို ပြောချင်တာပါ။

          အဲဒီလို ချမ်းချမ်းမြေ့မြေ့နေမယ်လို့ ကျွန်တော်ဆုံးဖြတ် ထားပါတယ်။ ဒီတော့ သင်ယူစရာတွေနဲ့ကြုံရင် လွယ်လွယ်လက်ခံ နိုင်လာပါတယ်။ ကျွန်တော်လုပ်လိုက်တာ ပုံမကျဘူး စသဖြင့်ဝေဖန် တာမျိုးတွေရှိလာရင် ဒါဟာကျွန်တော့ကို “လူဆိုး”လို့ သူတို့ပြောချင် တာပဲလို့ မခံယူပါဘူး။ ကိုယ့်ဘဝကိုယ်လျှောက်ရမယ်။ ကိုယ်လုပ် တာ ကိုယ်ခံရမယ်ဆိုတဲ့ ယုံကြည်ချက်ရှိနေတော့ အဲဒီလိုဝေဖန်တာ မျိုးကို ခံငြင်းမယ်၊ ကာကွယ်မယ်ဆိုတဲ့ အမြင်မျိုးထားမနေတော့ဘဲ သူတို့ရဲ့ ဝေဖန်ချက်ထဲကနေ ကိုယ်ဘာရမလဲ၊ ဘယ်လို ပညာယူရ မလဲပဲ ကြည့်လာတတ်ပါတယ်။ 

          တက်ကျမ်းဆရာကြီး နော်မန်ဗင်းဆင့်ပီးလ်က နေ့တိုင်းနေ့ တိုင်းအတွက် ကျွန်တော်တို့မှာ ရွေးချယ်စရာ နှစ်ခုရှိနေတယ်။ ကိုယ့် ကိုယ်ကိုယ် အကောင်းမြင်ရင် မြင်၊ အဆိုးမြင်ရင် မြင်တဲ့။ ဒုတိယ လမ်းကို ဘာကြောင့်များ ရွေးချင်နေကြရပါလိမ့်။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)