Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ကြည်နိုင် - မောင်ကျန်တစ်တို့အပါအ၀င်မြန်မာစကားပုံပုံပြင်များ

Regular price 1,200 MMK
Regular price Sale price 1,200 MMK
Sale Sold out

မောင်ကျန်တစ်တို့ အမှာ

                           ယခု “မောင်ကျန်တစ်တို့ အပါအဝင် အခြား မြန်မာစကားပုံ ပုံပြင် များ သည် ကျွန်တော် စုဆောင်းရှာဖွေသည့် စကားပုံ ပုံပြင် ဒုတိယ စာအုပ် ဖြစ်ပါသည်။ ပထမစာအုပ်ကို ၁၉၉၇၊ သြဂုတ်လတွင် ထုတ် ဝေခဲ့ပေသည်။ ပထမအုပ်နှင့် ဒုတိယအုပ်ကြား သုံးနှစ်ကျော်ကြားခဲ့ သည်။ နောက် တတိယအုပ် နှံစုတ်ငှက်ငယ် ပညာကြွယ်လည်း ဆက်လက်ထွက်ရှိပါလိမ့်မည်။ စာမူအနေဖြင့်မူ ၁၉၉၆ ဝန်းကျင်က ပင် သုံးတွဲစလုံး ပြီးစီးနေခဲ့ပါသည်။ စာတစ်အုပ်ဖြစ်ရန်၊ စာဖတ် ပရိသတ် လက်ထဲရောက်ရန် အခက်အခဲများစွာကို ကျော်ဖြတ်ရပါ သည်။

                          အခက်အခဲများအကြောင်းကို ဤအမှာတွင် မပြောလိုပါ။ ဤပုံပြင်များ မည်သို့ ရှာဖွေခဲ့ရသည်ကိုသာ အမြွက်မျှ ပြောပါရစေ။

                       ကျွန်တော်တို့၏ ကလေးဘဝသည် အဘွားရင်ခွင်တွင် တအင်းအင်းနှင့် အင်းလိုက်၍ ပုံပြင်နားထောင်ရသည့် အရသာသည် ဘယ်အခါမှ မမေ့နိုင်အောင်ပင် ဖြစ်ပါသည်။ ကျောင်းနေသည့်အခါ၊ အရွယ်ရလာသည့် အခါတွင်လည်း ပုံပြင်စာအုပ်များ လိုက်လံရှာဖွေ ကာ အငမ်းမရ ဖတ်ရှုခဲ့ပါသည်။

ကျောင်းတွင် ကန်တော်မင်းကျောင်း မေတ္တာစာ၊ မဟော် သဓာဇာတ်တော်ကြီး၊ ရှိတ်စပီးယားပုံပြင် တို့ သင် ခဲ့ ရသည်။ နှစ်ခြိုက်စွဲမက်ခဲ့သည်။

                     တစ်စစနှင့် စာလေးပေလေး ထိတွေ့လာရသည့်အခါ ပျို့ ကဗျာများ ဖတ်လာရသည်။ ဥမ္မာဒန္တီပျို့၊ မဃဒေ၀လင်္ကာသစ်၊ ကိုးခန်းပျို့၊ ကျည်းကန်ရှင်ကြီး မေတ္တာစာ၊ ဦးပုညမေတ္တာစာ စသည်ဖြင့်။

ထိုအခါတွင် လူကြီးသူမတို့၏ ဆုံးမစကားများ၊ ပုံခိုင်း စကားများထဲတွင် အချို့သော အသုံးအနှုန်း၊ စကားပုံများသည် ထို ကဗျာလင်္ကာများထဲမှ အသုံးများဖြစ်ကြောင်း သိလာရပါသည်။ စကားပုံနှင့် ဆုံးမစာတို့ တွဲနေသည်များကို သတိပြုမိလာပါသည်။

ကန်တော်မင်းကျောင်း စကားပုံ၊ တောင်ဖီလာစကားပုံ၊ ကျီးသဲလေးထပ် စကားပုံ၊ လုံးတော် စကားပုံ၊ ညောင်ပင်သာ စကားပုံ၊ ကျည်းကန်ရှင်ကြီးစကားပုံ၊ ဖိုးသူတော်ဦးနု စကားပုံ၊ ပေါက္ကံမောင်ချို စကားပုံ စသည် အများအပြားပင် ဖြစ်ပါသည်။ ။

                           မူလကပင် ပုံပြင်နှစ်ခြိုက်သူပီပီ ပုံပြင်များလည်း ရှာဖွေ ဖတ်ရှုခဲ့သည်။ ထိုအခါတွင် စကားပုံနှင့် ပုံပြင်ဆက်သွယ်မှုများ ရှိသည်ကို သတိပြုမိပြန်ပါသည်။ ပျို့၊ ဒွေးချိုး၊ လေးချိုး စသော ကဗျာလင်္ကာနှင့် စကားပုံ၊ ဆုံးမစာစကားပုံ၊ ပုံပြင်နှင့်စကားပုံ ဆက် သွယ်မှုများ၊ ထိုမှတစ်ဖန် ဇာတ်ကြီးဆယ်ဘွဲ့၊ ငါးရာ့ငါးဆယ်၊ ဓမ္မပဒ ဝတ္ထုများ စသည် စသည်ဖြင့် ကျိုးကြောင်းဆက်နွှယ်မှုများ တွေ့ လာရပါသည်။

ရိုးရာပုံပြင်၊ သမိုင်းပုံပြင်၊ ထုံးဟောင်းပုံပြင်၊ သူရဲကောင်းပုံ ပြင်၊ ဒဏ္ဍာရီပုံပြင်၊ ဓမ္မသတ်ပုံပြင်၊ လျှောက်ထုံးပုံပြင် စသည် စသည်ဖြင့် ပုံပြင်အမျိုးပေါင်းများစွာ တွေ့လာရပါသည်။

             နှုတ်ပြောပုံပြင်များ နိုင်ငံအသီးသီးတွင် ရှိနေကြသည်။ ခေတ်အဆက်ဆက် ရှိနေကြသည်။ မည်သည့်အချိန်က စခဲ့မှန်း မသိ၊ ယဉ်ကျေးမှုဆိုင်ရာ ဒေသကြီးများအလိုက် ပျံ့နှံ့တတ်ကြပါ သည်။

အခြားပုံပြင် အမျိုးအစားများထက် ဖွင့်ဆိုရှင်းပြ ပုံပြင် အမျိုးအစားသည် အရှားပါးဆုံး ဖြစ်သည်ဟု သုတေသီတို့ ဆိုကြပါ သည်။ ဥရောပနှင့် အာရှတွင် ရိုးရာပုံပြင်များသည် ဖွင့်ဆိုရှင်းပြခြင်း ထက် ဖြစ်ရပ်အမျိုးမျိုးနှင့် သက်ဆိုင်သည်ဟု သုတေသီတို့ ဆိုပါ သည်။

                         လူထုဦးလှသည် တိုင်းရင်းသားပုံပြင်များစွာကို လုံ့လ ကြီးစွာဖြင့် ရှာဖွေခဲ့၊ စုဆောင်းခဲ့ပါသည်။ ဒေါက်တာထင်အောင် သည် မြန်မာ့တရားဥပဒေပုံပြင်များ၊ မြန်မာ့ကျေးလက်ပုံပြင်များ၊ မြန်မာ့ပုံပြင် ၃၀ စသည်ဖြင့် စုဆောင်းခဲ့သည်။ တက္ကသိုလ်တင်အေး သည် မြန်မာစကားပုံ ပုံပြင်များကို ရှာဖွေစုဆောင်းခဲ့သည်။ ဓမ္မာ စရိယ ဦးအေးနိုင်၊ ဆရာဦးသန်းထွတ် စသော ဆရာများ၊ အခြား ဆရာများလည်း ရှာဖွေပြုစုခဲ့ကြပါသည်။ ထိုဆရာများ၏ ဖောက်သောလမ်းတွင် ထိုဆရာများ၏ ခြေအစုံကို ဦးခိုက်လျက် လျှောက်မိ ခဲ့ပါသည်။ ။

               ကျီးသဲလေးထပ်ဆရာတော်၏ ပုရာဏ်ကျမ်းနှင့် ဓမ္မခန် ဖတ်စာ၊ ဦးကြီး၏ငလက်တို၊ ငညိုနှင့် စကားတောင်စား၊ ဟံသာဝတီ ဦးဘရင်၏ လယ်ယာလုပ်သား စကားပုံများ၊ ဦးသော်ဇင်၏ မဟာ သုတကာရီ လမ်းညွှန်နီတိ၊ သင်္ဂဇာစကားပုံ ပုံပြင်၊ ဗန်းမော်ဆရာ တော်ပုံပြင်၊ ကျပင်းတရားစာ၊ ဒေါင်းဖတ်စာ၊ စာဏကျ၊ ဖြတ်ထုံး၊ လျှောက်ထုံးပုံပြင်များ၊ ဝိစိတြပေါရာဏစကားပုံ၊ ဦးဖေမောင်တင်၏မြန်မာဝတ္ထုသမိုင်းအစ စသည်ဖြင့် အရပ်ရပ်သော စာအုပ်စာပေ များမှ မှတ်သားချက်များ၊ စုဆောင်း ရှာဖွေချက်များ၊ လူကြီးသူမ တို့၏ နှုတ်ပြောရိုးရာပုံပြင်များ အများအပြားပင် ဖြစ်ပါသည်။

အချို့ပုံပြင်များမှာ ကြားဖူးပြီး ဖြစ်ပါလိမ့်မည်။ ကျွန်တော့် အဖို့မူ ပုံပြင်ဖတ်ရသည်၊ နားထောင်ရသည်ကို ရိုးသွားသည်ဟု မရှိ ပါ။ ဆိုရိုး၊ စကားပုံ၊ လက်သုံး၊ ပုံခိုင်း အမျိုးကွဲပြားပါလိမ့်မည်။ စာဖတ်ပရိသတ်များ ကြားဖူးပြီး ပုံပြင်များ ပါရှိပါက ရှေး လူရွှင်တော်ကြီးများ ပြောလေ့ရှိသကဲ့သို့ “နှစ်ထပ်ရှိမှ မှတ်မိမည်”ဟု သဘောထားစေလိုပါသည်။ ။

               ဤစကားပုံ ပုံပြင်များကို ငယ်စဉ်က ပုံပြင်မွေ့လျော်မှု ပီတိ ပေးခဲ့သည့် လက်ပံတန်းမြို့နယ်၊ နတ်စင်ကုန်းကျေးရွာမှ အဘွား ဒေါ်ပန်းညှာအား သတိရသောအားဖြင့် ရှာဖွေစုဆောင်းတင်ပြ အပ် ပါကြောင်း။ ကလေးသူငယ်အပေါင်း ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ။

ကြည်နိုင် ၂၃-၇-၂၀၀၀