စိတ်ကူးချိုချိုစာပေ
ကြည်ကြည်မာ - ကမ္ဘာ့တိရစ္ဆာန်ပုံပြင်များ
ကြည်ကြည်မာ - ကမ္ဘာ့တိရစ္ဆာန်ပုံပြင်များ
ထုတ်ယူရရှိနိုင်မှုကို မတင်နိုင်ခဲ့ပါ။
ခေါင်းမာတဲ့ ဆင်ကလေး
[ အာဖရိကပုံပြင် ]
အာဖရိကတိုက်မှာ ဟိုတုန်းက ဆင်မိသားစုကြီးတစ်စု နေထိုင်ကြ တယ်။
သူတို့ထဲမှာ ဆင်ကလေးတစ်ကောင်ဟာ အလွန်တစ်ယူသန် တယ်။ သူ့ဘာသာ နေချင်သလို နေတယ်။ သူများက သူ့ကိုလုပ်ခိုင်းတဲ့ အလုပ်ဟူသမျှ သူက မလုပ်ဘူး။ သူ့ကို စေတနာနဲ့ ဖျောင်းဖျတာ၊
တောင်းပန်တာ၊ အပြစ်တင်ပြောဆိုတာတွေ အားလုံး ဘာအရာမှ မထင် ဘူး။ သူကတော့ ထင်သလို လုပ်နေတာပဲ။ ။
* တစ်နေ့မှာ မိသားစု တစ်စုလုံးက ချောင်းထဲသွားကစားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဖခင်က စကားနားမထောင်တဲ့ ဆင်ကလေးကို ပြောတယ်။
“လာဟေ့ .. ခေါင်းမာတဲ့သားလေး၊ တို့အားလုံး ရေချိုးသွားကြ
မယ်” ။
“ကျွန်တော် မသွားချင်ဘူး” ဆင်ကလေးဟာ ခပ်ရိုင်းရိုင်း ပြန်ပြောတယ်။
“မင်း ရေထဲမှာ ကစားတာ သိပ်ကြိုက်တယ် မဟုတ်လား”
မိခင်က ညင်သာတဲ့အသံနဲ့ သူ့ကိုပြောတယ်။ သူမ သားလေးကို နားချတယ်။
“ဒီနေ့ မသွားဘူး” ဆင်ကလေးဟာ နှုတ်ခမ်းစူနေတယ်။
“လူကြီးစကားလည်း နားမထောင်၊ အကျိုးအကြောင်းလည်း နား မလည်တဲ့ကလေး မလုပ်နဲ့နော်”
ဆင်ကလေးရဲ့ အဘိုးက ဖျောင်းဖျတယ်။
“တို့အားလုံး သွားကြရင် မင်းတစ်ယောက်တည်း ကျန်ခဲ့တော့ ပျင်းနေမှာပေါ့”
“ကျွန်တော် ဘယ်တုန်းကမှ မပျင်းဘူး” ဆင်ကလေးက ခေါင်းမာ မာနဲ့ ဖြေတယ်။
“အလွန်လှပတဲ့ သဖန်းပင်တစ်ပင်ကို တွေ့ ထားတယ်” ။ ဆင်အဘိုးက သူ့မြေးလေးကို လိုက်ချင်အောင် ပြောတယ်။ “မင်းကို ငါခေါ်သွားမယ်” ဒီတစ်ခါတော့ ဆင်ကလေးဟာ ငြိမ်နေတယ်။ “အခု ခေါင်းမမာနဲ့ တော့ လိုက်ခဲ့ပါ” ဦးလေးက အော်ပြောတယ်။ ဒီနောက် အဒေါ်က အော်ပြောပြန် တယ်။
“မင်းက တို့ကို ကျီစားနေတာလား၊ မြန်မြန်လာလေ” ဆင်ကလေးဟာ ခေါင်းမာမာနဲ့ မလှုပ်မယှက် ကြည့်နေတယ်။
“တို့တစ်တွေ ရေထဲမှာ လိုက်တမ်းပြေးတမ်း ကစားမယ်ဆိုတာ မင်းသိလား”
ဆင်ကလေးရဲ့ ညီအစ်ကိုမောင်နှမတွေက အော်ပြောတယ်။ “မလိုက်ဘူး၊ မလိုက်ဘူး”
ဆင်ကလေးဟာ တအားကုန်းအော်ပြီး သစ်တောဆီကို ပြေးသွား တယ်။
ဆင်ကလေးရဲ့ အမေဟာ သူမသားကလေးကို လိုက်ခေါ်ချင် တယ်။ ဒါပေမဲ့ ဆင်ကလေးအဖေက တားတယ်။
“သွားပလေ့စေ၊ သူ မလိုက်လည်း တို့သွားမှာပဲ။ ဒါမှ သူသိလိမ့်
မယ်” ။
ဒီလိုနဲ့ အားလုံးတဖြည်းဖြည်း ထွက်ခွာသွားကြတယ်။
ဆင်ကလေးဟာ ဘေးပတ်ပတ်လည်ကို လှည့်ကြည့်တယ်။ သူ့ကို တစ်ယောက်တည်း ထားရစ်ခဲ့တာ မယုံနိုင်အောင် ဖြစ်နေတယ်။
“ခက်တာပဲ”
ဆင်ကလေးဟာ ဝမ်းနည်းစွာပြောတယ်။ ဆင်ကလေးဟာ အလွန် ဝမ်းနည်းသွားတယ်။ သူတို့ တကယ်ပဲ သွားကြပြီ။ သူတစ်ယောက် တည်း ခြောက်ကပ်ကပ်ကြီး ဖြစ်နေတယ်။ စိတ်ဆိုးပြီး ငိုချလိုက်ချင် တယ်။ အခု ဘယ်သူနဲ့ ကစားရပါလိမ့်။
“ခက်လိုက်တာ”
ဆင်ကလေးဟာ အကျယ်ကြီး ပြောပြန်တယ်။ ဒါပေမဲ့ သူ့စကား ကို အိမ်သားတွေ ဘယ်ကြားမှာလဲ။
“သိမယ်” ဆင်ကလေးက ကြိမ်းတယ်။
“ခုကစပြီး ငါ ကလေးမဟုတ်တော့ဘူး” လို့ တွေးလိုက်ပြီးတာ နဲ့ ဆင်ကလေးဟာ တက်ကြွလာတယ်။ စိတ်ထဲလည်း ပျော်သွား တယ်။ ။
ဒီနောက် သူကတွေးတယ်၊ ငါ တခြားအကောင်တစ်မျိုးမျိုး ဖြစ် သွားရင် ကောင်းမှာပဲ တဲ့။
ဆင်ကလေးက ဒီလိုဆုံးဖြတ်တယ်။
“ငါ ခြင်္သေ့တစ်ကောင်ဖြစ်မယ်” သူဟာ ခြေလေးချောင်းကို မိုး ပေါ်ထောင်ပြီး လေးပင်စွာ လှဲချလိုက်တယ်။
ဟိုဘက်လှိမ့်လိုက်၊ သည်ဘက်လှိမ့်လိုက် လုပ်နေတယ်။ ခြေ ထောက်လေးချောင်းကို မိုးပေါ်ထောင်ပြီး လျှောက်ကန်နေတယ်။ ။
ခြင်္သေ့လေးတွေ ဒီလိုလုပ်တာ သူတွေ့ဖူးတယ်။ ဒါ့ကြောင့် အတု ခိုးပြီး လုပ်နေတာ။ ဒါပေမဲ့ ခဏလည်းနေရော ဆင်ကလေးဟာ ဒီလို လုပ်တာကို စိတ်မဝင်စားတော့ဘူး။
သူဟာ ပင်ပန်းစွာ ပြန်ထလိုက်တယ်။ သူ့ခြေထောက်ကြီးကို တအားနင်းပြီး မြက်ခင်းထူထူကို ဖြတ်လျှောက်သွားတယ်။
တောဆိတ် တစ်ကောင်ဟာ တောထဲက ပြေးထွက်လာတယ်။ အရပ်လေးမျက်နှာကို ကြောက်ကြောက်နဲ့ ဝေ့ကြည့်နေတယ်။
“တောဆိတ်ကလေးက လှလိုက်တာ” ဆင်ကလေးက စဉ်းစား နေတယ်။
“ငါ သူနဲ့ကစားမယ်” ။ “ကျွန်တော်လည်း တောဆိတ်တစ်ကောင်ပါပဲ” ။
ဆင်ကလေးဟာ ဝမ်းသာအားရနဲ့ အကျယ်ကြီးအော်ပြီး တော ဆိတ်ကလေးဆီ ပြေးသွားတယ်။ တောဆိတ်ကလေးဟာ တအားလန့်ပြီး သစ်တောထဲကို ခုန်ပေါက်ပြေးဝင်သွားတယ်။
ဆင်ကလေးဟာ တောဆိတ်ကလေး ပေါ့ပေါ့ပါးပါးလေး အဝေး ကြီး ခုန်ပြေးသွားသလို အတုခိုးလုပ်ကြည့်တယ်။ အသက်အောင့်ပြီး ပေါင်တံကြီးတွေကို ဆန့်တယ်။ “တောဆိတ်ရဲ့ ခုန်လွှားပုံနဲ့ ငါနဲ့မကိုက်ဘူး ထင်ပါရဲ့”
ဆင်ကလေးဟာ ပြောရင်းဆိုရင်း သစ်ခက်တစ်ခက်ကို ချိုးယူ လိုက်တယ်။ သစ်ခက်နဲ့ ယပ်တောင်လုပ်ခတ်တယ်။
ဒီလောက်တောင် မြန်မြန်ပြေးတာဟာ အရူးမို့ပဲ” လို့ ပြောလိုက် သေးတယ်။
ကင်းလိပ်ချော တစ်ကောင်ဟာ ဆင်ကလေး ခြေထောက်ရှေ့ကို အသာလေး ရောက်လာတယ်။ ဆင်ကလေးဟာ သူ့နှာတံရှည်ကြီးနဲ့ စိတ်ဝင်စားစွာ ကိုင်ကြည့်မယ်လုပ်တုန်းမှာ ကင်းလိပ်ချောဟာ သစ်ပင် တစ်ပင်ပေါ် ခုန်တက်ပြေးပြီး နွယ်ပင်အနောက် ဝင်ပုန်းနေတယ်။
ဆင်ကလေးဟာ ကင်းလိပ်ချောနောက်ကနေလိုက်ရင်း အော် ပြောတယ်။
“ဟေး.. ဘာဖြစ်လို့ တစ်ခါတည်း ထွက်ပြေးတာလဲ၊ ငါမင်းနဲ့ အတူ ကစားချင်တယ်။ ငါလည်း ကင်းလိပ်ချောတစ်ကောင်ပဲဟာ”
“ဒါဖြင့်ရင် မင်းဘာဖြစ်လို့ သစ်ပင်အောက်မှာ ရပ်နေတာလဲ” ကင်းလိပ်ချောက တဟားဟားရယ်ရင်း မေးတယ်။ “အထက်ကို တက်ခဲ့၊ ငါ့ဘေးရောက်အောင် တက်ခဲ့လေ”
ဆင်ကလေးဟာ အတည်ပေါက်နဲ့ သူ့ရှေ့ခြေထောက် နှစ်ချောင်း ကို သစ်ပင်ပေါ် ထောက်ထားတယ်။ သူ့နှာမောင်းရှည်ကြီးနဲ့ နွယ်ပင်ကို ချိတ်ဆွဲပြီး အထက်ကိုတက်ဖို့ လုပ်တယ်။ ပြီး
အဲဒီအချိန်မှာ ကင်းလိပ်ချောက တအားအော်တယ်။
“မင်းရူးနေလား၊ မင်းက ငါ့အလှပဆုံး နေရောင်ပလ္လင်ကို ဆွဲချ မလို့လား” လို့ပြောပြီး မျက်စိတစ်မှိတ် အတွင်းမှာပဲ ကင်းလိပ်ချောဟာ သစ်ပင်ပေါ်ကနေ ဆင်းပြီး မြက်ခင်းနဲ့ ချုံပုတ်ပေါင်းကြားမှာ ပျောက်သွား တယ်။
“သူလည်း ငါနဲ့မကစားချင်ဘူး” ဆင်ကလေးဟာ ဒေါသထွက် ထွက်နဲ့ ပြောတယ်။
“ငါ တခြားမိတ်ဆွေ သွားရှာတာပဲ ကောင်းတယ်၊ မင်းက ဘာကြီး
ကျယ်တာလဲ ငါက မင်းကို အားကိုးမယ်မှတ်လို့လား”ဆင်ကလေးဟာ ဒေါပွပြီး မြက်ခင်းပေါ် လျှောက်သွားတယ်။
ဒီအချိန်မှာ မျောက်ကလေးတချို့ဟာ မြက်ခင်းပေါ်မှာ ထွေးသတ် ကစားနေတယ်။
“သူတို့ကစားတာ တယ်လည်း ပျော်စရာကောင်းပါလား” ဆင်ကလေးဟာ သဘောပေါက်သွားသလိုလိုနဲ့... ကို
“ငါ ခုမှသိတယ်၊ ငါက မျောက်တစ်ကောင် လုပ်ရမှာ” လို့ပြော တယ်။
“ငါ မင်းတို့နဲ့အတူ ကစားပါရစေ” ဆင်ကလေးက တောင်းပန်တယ်။
သ
ည် “မင်းကစားချင်သလို ကစားပေါ့ ...” မျောက်တွေက စူးစူးရှရှ အော်တယ်။ ချက်ချင်းပဲ ရောက်လာတဲ့ ကစားဖော်ဆီကို ဝိုင်းအုံလာ တယ်။
ဆင်ကလေး စိတ်ထဲမှာ အလွန်ပျော်သွားတယ်။ အခုတော့ သူ မိတ်ဆွေရပါပြီ။
ဒါပေမဲ့ ဒါဘာကစားနည်းလို့ ပြောရမလဲ။ မျောက်ကလေး တစ်ကောင်ဟာ ဆင်ကလေးရဲ့ ကျောပေါ်တက်ပြီး သူ့နားရွက်ကို ဆွဲ တယ်။ သည်။
တခြားတစ်ကောင်က ဆင်ကလေးရဲ့ နှာမောင်းရှည်ကြီးကို ဆွဲပြီး သွားတယ်။ တတိယမျောက်က ဆင်ကလေးရဲ့ အမြီးကိုကိုင်ပြီး နောက် ကို ဆွဲတယ်။
| ကျန် မျောက်တွေက ဆင်ကလေးရဲ့ ခြေထောက်ကို ဖက်တက်ပြီး သူ့ဗိုက်ကို ဆွဲလိမ်တယ်။ ပြီးရင် အပ“မြန်မြန် လွှတ်ကြစမ်း၊ မင်းတို့လုပ်တာ နာလှပြီ”
ဆင်ကလေးဟာ စိတ်ဆိုးစွာပြောရင်း မျောက်ကလေးတွေကို ခါ ပစ်ဖို့ ကြိုးစားတယ်။
“ငါ့ ကို မြန်မြန်လွှတ်ကြ၊ မင်းတို့ကစားတာ ငါမကြိုက်ဘူး...”
ဆင်ကလေးဟာ ဒေါသထွက်ပြီး ခြေထောက်ဆောင့် အော်နေ တယ်။ ဒီတော့မှ မျောက်တွေက လွှတ်လိုက်တယ်။ ဒါပေမဲ့ ဆင်ကလေး ကို ဝိုင်းသရော်ကြတယ်။
ဆင်ကလေးဟာ အဲဒီနေရာကနေ အမြန်ထွက်ပြေးတယ်။ သူ့စိတ် ထဲမှာ နည်းနည်းမှ မပျော်ဘူး။
“ငါ အများနဲ့ အတူ ရေချိုးဆော့ကစားဖို့ လိုက်သွားရင် ဘယ် လောက်ကောင်းလိုက်မလဲ” င်း ( ဆင်ကလေးဟာ နောင်တရစွာ သက်ပြင်းချတယ်။ သက်ပြင်းချ ပြီးတာနဲ့ ချောင်းဘေးကို တန်းပြေးသွားတယ်။
ဆင်ကလေးဟာ အဝေးကြီးကတည်းက သူ့ညီအစ်ကို မောင်နှမ တွေ ရေထဲမှာ ဆော့ကစားနေတဲ့ လက်ခုပ်တီးသံနဲ့ ဆူညံရယ်မောသံကို ကြားရတယ်။
အားလုံး ပျော်မြူးနေတာကို မြင်တွေ့ရတယ်။ “ကျွန်တော်လည်း အတူတူ ကစားမယ်”
။ ဆင်ကလေးဟာ အကျယ်ကြီးအော်ပြီး ကမ်းဘေးကို ပြေးသွား တယ်။ နားရွက်နှစ်ဖက်ဟာ လေထဲမှာ တဖျပ်ဖျပ်လွင့်နေတယ်။
အဖေက သူ့ကိုကြိုဆိုတဲ့အနေနဲ့ နှာမောင်းနဲ့ ရေကိုစုပ်ပြီး သူ့ ကိုယ်ပေါ် တအားမှုတ်ထုတ်တယ်။
ဒီနောက် ဦးလေးက သူ့ကို ရေထဲ အသာတွန်းချတယ်။
ညီအစ်ကို မောင်နှမတွေဟာ စိတ်ပြန်လည်လာတဲ့ ခေါင်းမာ ကလေးဆီ ပြေးလာတယ်။ ချက်ချင်းပဲ ရေစစ်တိုက် ကစားကြတယ်။
ဆင်ကလေး စိတ်ထဲမှာ ပျော်နေတယ်။
“ဆင်နဲ့အတူတူ နေတာကမှ စိတ်ချမ်းသာတာ”
သူ့ရင်ထဲမှာ နားလည်သွားတယ်။ အဲဒီနေ့ကစပြီး ဆင်ကလေး ဟာ ခေါင်းမမာတော့ဘူး။ ။
Share




