Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ကျော်သက်ဟန် - ဦးသန့်နှင့်မြန်မာနိုင်ငံဦးသန့်အရေးအခင်းလှုပ်ရှားမူ့

Regular price 700 MMK
Regular price Sale price 700 MMK
Sale Sold out

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်

တတိယမြောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် ကို ၁၉၀၉ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်တွင် ပန်းတနော်မြို့၌ မွေးဖွားခဲ့သည်။ ဦးသန့်၏ဖခင်မှာ ဦးဖိုးနှစ်၊ မိခင်မှာ ဒေါ်နန်းသောင် ဖြစ်၍ ဗုဒ္ဓဘာသာမြန်မာ လူမျိုးများဖြစ်သည်။ မွေးချင်း ညီအစ်ကိုများမှာ ဦးခန့်၊

ဦးသောင်း၊ ဦးတင် မောင်တို့ ဖြစ်သည်။ ဦးသန့်၏ဇနီးမှာ ဒေါ်သိန်းတင်ဖြစ်ပြီး ဦးမောင်ဘို၊ ဦးတင်မောင်သန့်နှင့် ဒေါ်အေးအေးသန့်ဟု သားသမီးသုံးယောက် ထွန်းကား ခဲ့သည်။ သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးမှာ ဦးသန့်၏မြေးဖြစ်ပြီး၊ သမီး ဒေါ်အေးအေးသန့်မှ မွေးဖွားသည်။

ဦးသန့်သည် ငယ်စဉ်က ပန်းတနော် အမျိုးသားအထက်တန်း ကျောင်းနှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ မြန်မာပြည် ၏နိုင်ငံရေးရာသီဥတု ပြင်းထန်တင်းမာနေသောကာလတွင် သူသည် ပြင်းပြ ထက်သန်သော အမျိုးသားရေးဝါဒီများနှင့် ဗြိတိသျှသစ္စာတော်ခံများကြား တွင် မိမိကိုယ်ကို အလယ်အလတ်အယူအဆရှိသူအဖြစ် ရပ်တည်ခဲ့သည်။ သူသည် မြန်မာပြည်၏ ပထမဆုံးဝန်ကြီးချုပ်ဦးနုနှင့် ရင်းနှီးသော သူငယ်ချင်း မိတ်ဆွေဖြစ်ပြီး ဦးနုအစိုးရအဖွဲ့တွင် ၁၉၄၈ မှ ၁၉၆၁ ခုနှစ်အတွင်း ရာထူးအမျိုးမျိုးတွင် အမှုထမ်းခဲ့သည်။ ဦးသန့်တွင် အေးဆေးတည်ငြိမ်၍ နှိမ့်ချတတ်သော အမူအရာ ရှိခြင်းကြောင့် မိတ်ဆွေအပေါင်းအသင်းများ၏ လေးစားခင်မင်မှုကို ရရှိခဲ့သည်။

၁၉၆၁ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဒက်ဟမ္မားရှိုးလ် လေယာဉ်ပျက်ကျ၍ ကွယ်လွန်သောအခါ ဦးသန့်အား အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခဲ့ကြသည်။ ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ်ရာထူး ပထမသက်တမ်းကာလအတွင်း ဦးသန့်သည် အမေရိကန်သမ္မတ ဂျွန်အက်ဖ် ကနေဒီနှင့် ဆိုဗီယက်ဝန်ကြီးချုပ် နီကီတာ ကရူးရှက်တို့အကြား ကျူးဘားဒုံးပျံအရေးအခင်းတွင် စေ့စပ်ညှိနှိုင်းမှုလွယ်ကူချောမွေ့ အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့သည်။ ထို့ကြောင့် ကမ္ဘာ စစ်ကပ်ဘေးဆိုးကြီးမှ သီသီကလေး ရှောင်လွှဲနိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဦးသန့်သည် ဂရင်းဆလမ်းစစ်ဆင်ရေးကို ညွှန်ကြားအမိန့်ပေးပြီး ကွန်ဂိုနိုင်ငံ တွင် ခွဲထွက်ရေးသမားတို့၏ ပုန်ကန်သောင်းကျန်းမှုကို အဆုံးသတ်စေ ခဲ့သည်။

၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် သူ့အား ဒုတိယသက်တမ်း အတွက် လုံခြုံရေးကောင်စီမှ တညီတညွတ်တည်း မဲပေးထောက်ခံ၍ အထွေ ထွေအတွင်းရေးမှူးချုပ်အဖြစ် ပြန်လည်ခန့်အပ်ခဲ့ကြသည်။ ထိုဒုတိယသက် တမ်းကာလအတွင်း ဦးသန့်သည် ဗီယက်နမ်စစ်ပွဲတွင် အမေရိကန်၏အပြု အမူကို လူသိရှင်ကြားဝေဖန်ခဲ့၍ ထင်ရှားလူသိများခဲ့သည်။ အာဖရိကနှင့် အာရှတိုက်တို့မှ လွတ်လပ်ရေးရလာကြသော နိုင်ငံသစ်များအား ကုလသမဂ္ဂ အတွင်း ဝင်ရောက်လာအောင်လည်း ဆောင်ရွက်ပေးခဲ့သည်။ ဦးသန့်သည် တတိယသက်တမ်းအတွက် ဆက်လက်တာဝန်ထမ်းဆောင်ရန် ကမ်းလှမ်း ချက်ကို ငြင်းပယ်ခဲ့ပြီး ၁၉၇၁ ခုနှစ်တွင် ရာထူးမှ အနားယူခဲ့သည်။

၁၉၇၄ ခုနှစ်တွင် ဦးသန့် ကွယ်လွန်သည်။ သူသည် ဗုဒ္ဓဘာသာကို ကြည်ညိုကိုင်းရှိုင်းပြီး အပြည်ပြည်ဆိုင်ရာ စင်မြင့်ပေါ်တွင် တာဝန် ထမ်းဆောင်ခဲ့သည့် အထင်ရှားဆုံး မြန်မာ့သံတမန် ဖြစ်သည်။ သူ့ကို မြန်မာ ပြည်သူလူထုက အလွန်ချစ်ခင်လေးစားကြပြီး များစွာလည်း ဂုဏ်ယူကြ သည်။ စစ်အစိုးရ က သူ့အား လေးစားဂုဏ်ပြုမှု မရှိသောအခါ ရန်ကုန်မြို့ သည် လူထုအုံကြွမှုများ ဖြစ်ပွားခဲ့သည်။ ယင်းအုံကြွမှုကို အစိုးရက အကြမ်း ဖက်ချေမှုန်းဖြိုခွဲခဲ့၍ အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြသည်။ မြန်မာပြည် တွင် ဦးသန့် အား သူ၏ဇာတိမြို့ကို ဂုဏ်ပြုလျက် ပန်းတနော်ဦးသန့်ဟု ခေါ်ကြသည်။

ငယ်စဉ်ဘဝ

ဦးသန့်၏မိဘများတွင် သားလေးယောက် ထွန်းကားခဲ့သည့်အနက် ဦးသန့်မှာ အကြီးဆုံးဖြစ်သည်။ ဦးသန့်၏ ဖခင်ဦးဖိုးနှစ်မှာ ဗြိတိသျှခေတ်က အသင့်အတင့်ချမ်းသာကြွယ်ဝသော မြေပိုင်ရှင်နှင့် ဆန်စက်ကုန်သည် မိသားစုမှ မွေးဖွားခဲ့ပြီး အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် သွားရောက်ပညာ သင်ကြားခဲ့သည်။ သူသည် ပန်းတနော်မြို့တွင် အင်္ဂလိပ်ဘာသာစကားဖြင့် ဆက်သွယ်အလုပ်လုပ်နိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။ မြန်မာ နိုင်ငံသုတေသနအသင်းကို စတင်တည်ထောင်ရာတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ပြင် ရန်ကုန်မြို့တွင် သူရိယသတင်းစာထုတ်ဝေခြင်းကိုလည်း ကူညီလုပ်ကိုင် ပေးခဲ့သည်။ သူ၏မိသားစုဝင်များသည် ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သော မြန်မာလူမျိုးများဖြစ်ကြသော်လည်း ဦးသန့်၏မြေးဖြစ်သူ ဦးသန့်မြင့်ဦး ၏အဆိုအရ ဦးသန့်၏ဖခင်တွင် ဝေးဝေး၌ကျန်ခဲ့ပြီဖြစ်သော အိန္ဒိယနှင့် တရုတ် နှစ်ပြည်စလုံးရှိ လူများမှ ဆင်းသက်သည့် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင် ဘာသာဝင် လူမျိုးစုအနွယ်အပြင် ရှမ်းနှင့် မွန်တို့မှပါ ဆင်းသက်သော ဘိုးဘေး ဘီဘင် အဆက်အနွယ်ရှိခဲ့သည်ဟု ဆိုသည်။ ဦးဖိုးနှစ်သည် သူ၏သားလေး ယောက်စလုံး တက္ကသိုလ်မှ ဘွဲ့အသီးသီးရရှိကြလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။

ဦးသန့်မှအပ သူ၏အခြားသားများဖြစ်သော ဦးခန့်၊ ဦးသောင်းနှင့် ဦးတင်မောင်တို့မှာ နိုင်ငံရေးသမားများနှင့် စာပေသမားများ ဖြစ်ကြသည်။

ဦးဖိုးနှစ်သည် အမေရိကန်နှင့် ဗြိတိသျှစာအုပ်အမျိုးမျိုးကို စုဆောင်း၍ ကိုယ်ပိုင်စာကြည့်တိုက်တစ်ခု ဖွင့်လှစ်ထားရှိခဲ့သည်။ ထိုအကျိုးကျေးဇူး ကြောင့် ဦးသန့်သည် စိတ်ထက်သန်သော စာဖတ်သူတစ်ဦးဖြစ်လာပြီး သူ၏ ကျောင်းနေဖက် သူငယ်ချင်းများက သူ့အား “တွေးခေါ်ရှင်ကြီး” ဟု နောက် ပြောင်ကျီစယ်၍ ခေါ်ဆိုခဲ့ကြသည်။ စာဖတ်ခြင်းအပြင် သူသည် တောင်တက် ခြင်း၊ ရေကူးခြင်းနှင့် ခြင်းလုံးကစားခြင်း အပါအဝင် အားကစားအမျိုးမျိုး ကိုလည်း လိုက်စားခဲ့သည်။ သူသည် ပန်းတနော် အမျိုးသားအထက်တန်းကျောင်းတွင် ပညာသင်ကြားနေစဉ် အသက် ၁၁ နှစ်အရွယ်၌ ၁၉၂ဝ တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်သပိတ်မှောက်မှုမှာ ပါဝင်ခဲ့သည်။ သူသည် သတင်းစာဆရာတစ်ဦးဖြစ်လာရန် စိတ်ကူးရှိပြီး ပြည်ထောင်စု မြန်မာနိုင်ငံ ကင်းထောက်လူငယ်များ မဂ္ဂဇင်းအတွက် ဆောင်းပါးတစ်စောင် ရေးသားလိုက်သောအခါ မိသားစုက အံ့သြခဲ့ကြသည်။ ဦးသန့် အသက် ၁၄ နှစ်တွင် ဖခင်ဦးဖိုးနှစ် ကွယ်လွန်၍ အမွေဆက်ခံရေး အငြင်းပွားမှု တသီကြီးရင်ဆိုင်ရပြီး မိခင် ဒေါ်နန်းသောင်နှင့် သားလေးယောက်တို့မှာ ငွေကြေးအခက်အခဲကာလများနှင့် ကြုံတွေ့ခဲ့ကြရသည်။

ဖခင်ကွယ်လွန်ပြီးနောက် လေးနှစ်တက်ရမည့် ဘွဲ့ သင်တန်းပြီးဆုံး အောင် တက်နိုင်တော့မည်မဟုတ်ဟု ယူဆ၍ ထိုအစား ၁၉၂၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဆရာဖြစ်လက်မှတ် ၂ နှစ် သင်တန်းသို့ သာ တက်ရောက်ခဲ့ရသည်။ အကြီးဆုံးသားဖြစ်သည်နှင့်အညီ သူသည် သားသမီး ဝတ္တရားများကို ဖြည့်စွမ်း၍ မိသားစုတာဝန်ကို ထမ်းဆောင် ခဲ့ရသည်။ တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေစဉ် နောင်အခါ မြန်မာနိုင်ငံဝန်ကြီးချုပ် ဖြစ်လာမည့် ဦးနုနှင့်အတူ ပါမောက္ခ ဒီ၊ ဂျီ၊ အီးဟောလ်လက်အောက်၌ သမိုင်းပညာကို လေ့လာသင်ယူခဲ့သည်။

ဦးသန့်၏မိဘနှစ်ဖက်မှ ဆွေမျိုးတော်စပ်သူများက ဦးနုအား ဦးသန့် ကို ဂရုစိုက်စောင့်ရှောက်ရန် ပြောကြားပေးကြ၍ မကြာမီ ဦးနုနှင့် ဦးသန့်တို့ သည် ရင်းနှီးချစ်ခင်သော သူငယ်ချင်းများ ဖြစ်လာကြသည်။ ဦးသန့်သည်တက္ကသိုလ်ဒဿနိကဗေဒအသင်း အတွင်းရေးမှူးအပြင် စကားစစ်ထိုးရေး အသင်း (Debating Society) အတွင်းရေးမှူးအဖြစ်ပါ ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ ရန်ကုန်မြို့တွင်ရှိစဉ် မြန်မာစာအုပ်အသင်းနှင့် စာအုပ် GUDM (The Burma Books Club and The World of Books) မဂ္ဂဇင်းတို့ကို တည်ထောင်သူ ဂျေ၊ အက်စ်၊ ဖာနီဗယ်နှင့် တွေ့ဆုံခဲ့သည်။ ဦးသန့်သည် ယင်းစာအုပ်လောကမဂ္ဂဇင်းတွင် မှန်မှန်ဝင်ရောက် ရေးသား ခဲ့သည်။ ဖာနီဗယ်က ရာထူးကောင်းကောင်းတစ်နေရာကို ရရှိစေမည်ဟု ကတိပြုလျက် ဦးသန့်အား လေးနှစ်တက္ကသိုလ်သင်တန်းကို ပြီးဆုံးအောင် တက်ရောက်၍ ပြည်သူ့ဝန်ထမ်း ဝင်ရောက်လုပ်ကိုင်ရန် တိုက်တွန်းသော် လည်း ဦးသန့်က ငြင်းပယ်ခဲ့သည်။ ဆရာဖြစ်လက်မှတ်ရရှိပြီးနောက် သူသည် ပန်းတနော်သို့ ပြန်သွားပြီးလျှင် ၁၉၂၈ ခုနှစ်တွင် ပန်းတနော်မြို့ အမျိုးသား အထက်တန်းကျောင်း၌ အထက်တန်းပြဆရာအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ သူသည် မစ္စတာ ဖာနီဗယ်နှင့် ဦးနုတို့ကို အမြဲတမ်း အဆက် အသွယ်လုပ်၍ ဆောင်းပါးများကို မှန်မှန်ရေးသားခဲ့သည့်အပြင် စာအုပ် လောက ဘာသာပြန်ပြိုင်ပွဲများတွင်လည်း ပါဝင်ခဲ့သည်။

          ဦးသန့်၏ဓလေ့စရိုက်

ဦးသန့်သည် တက္ကသိုလ်၌ ပညာသင်ယူနေစဉ်မှာပင် ဒေါ်သိန်းတင် နှင့် အိမ်ထောင်ကျခဲ့သည်။ အသက် ၂၀ အရွယ်တွင် တက္ကသိုလ်မှထွက်၍ ဆရာလုပ်ရင်း ညီများကိုထောက်ပံ့၍ ပညာသင်ပေးခဲ့သည်။ ၁၉၆၄ ခု ဇန်နဝါရီလ ၂၂ ရက်တွင် အသက် ၅၃ နှစ်ရှိချိန်၌ ဦးသန့်သည် အရပ် ၅ ပေ ၇ လက်မရှိ၍ ကိုယ်အလေးချိန် ၁၅၄ ပေါင် ရှိသည်။ မူးယစ်စေတတ်သော အဖျော်ယမကာကို သောက်သုံးလေ့မရှိသော်လည်း မြန်မာဆေးပြင်း လိပ်ကိုမူ တစ်နေ့လျှင် ၁၄ လိပ်မှ ၁၅ လိပ်ခန့်ကုန်အောင်သောက်နိုင်သည် ဟု ဆိုသည်။ သူသည် ငယ်စဉ်ကပင် စာပေ၌ မွေ့လျော်ခဲ့၍ လူငယ်ဘဝက ပင် အားလပ်သည်နှင့် အင်္ဂလိပ်စာကြီးပေကြီးများကို ဖတ်ရှုခဲ့သည်။ ဆိုရှယ် လစ်ဝါဒကို သဘောကျကာ အသက် ၂၀ မတိုင်မီ မြန်မာနိုင်ငံ၏ပထမဆုံး ဗြိတိသျှလက်ဝဲစာပေကလပ် ၏ အသင်းဝင်ဖြစ်ခဲ့ပါသည်။