Skip to product information
1 of 12

Other Websites

ကျော်သက်ခိုင်(ဆေးတက္ကသိုလ်) - သက်ကြီးမိဘများအားပြုစုစောင့်ရှောက်ပေးခြင်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
အခန်း (၁) 
ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ အခြေအနေများ
 

           အသက်ကြီးရင့်၍ အိုမင်းမစွမ်းဖြစ်နေသည့် မိဘတစ်ဦးဦးကို အနီးကပ် ပြုစုစောင့်ရှောက်ရန် လူတို့သည် အထွေအထူး မစဉ်းစားကြတော့ဘဲ မဆိုင်းမတွ တာဝန်ယူကြသည်ဟု ယေဘုယျအားဖြင့် ထင်မြင်ယူဆကြသည်။ သင့်အပေါ် မွေးကျေးဇူး၊ ကျွေးကျေးဇူးများ တင်ရှိနေသည့်အပြင် သင်ကိုယ်တိုင် ချစ်ခင်မြတ်နိုး သည့် သင်၏ မိဘသည် သင်၏ အကူအညီကို လိုအပ်နေသည်။ ထို့ကြောင့် သင့်တွင် သင်၏ မိဘကို တာဝန်ယူဖို့အပြင် အခြားရွေးချယ်စရာ ဘာမျှ မရှိတော့ ချေ။ ဤသို့ ဤနှယ် ရိုးစင်းစွာ စဉ်းစား၍ ဆုံးဖြတ်ချက်ချလိုက်သည်ဆိုခြင်းမှာ တကယ့် လက်တွေ့ဘဝတွင် ဖြစ်နိုင်ခဲလှသည်။ သင်သည် အနာဂတ်ကို မျှော်တွေး နေသည့်အခါ သင်ကိုယ်တိုင် သတိမပြုမိသောအရာများသည် သင်၏ အတွေး စိတ်ကူးကို လွှမ်းမိုးထားကြသည်။

            သင်၏ မိဘများကို ပြုစုစောင့်ရှောက်ပေးရန် သင်သည် ဆုံးဖြတ်ချက်ကို ချမှတ်သည့်အခါ သင်သည် သင်၏ ကိုယ်ပိုင်အချိန်များကို ထည့်သွင်းစဉ်းစားလေ့ ရှိသည်။ သင်၏ ကိုယ်ရည်ကိုယ်သွေး၊ ဆက်ဆံရေး၊ အလုပ်ကိစ္စ၊ မိသားစုကိစ္စ၊ နေအိမ်၊ သင်၏ ဆန္ဒများအပြင် သင်၏ မိဘများနှင့် သင်၏အကြားတွင်ရှိသော အတိတ်ကာလမှ ဆက်ဆံရေး၊ အတူတကွ နေထိုင်ခဲ့စဉ်က အမှတ်ရစရာများနှင့် ပြဿနာများကိုပါ ထည့်သွင်းစဉ်းစားလေ့ရှိသည်။ ဤအခန်းတွင် သင်၏ စဉ်းစားမှုများအပေါ် မမြင်တွေ့နိုင်သည့် နည်းလမ်းများတွင် မသိမသာ သက်ရောက်နေကြ သည့် ပိုမိုကျယ်ပြန့်သော အခြေအနေများကို ဆွေးနွေးမည်ဖြစ်ပါသည်။

           ကျွန်ုပ်တို့သည် ရွေးချယ်မှုများကို ပြင်ပ ပယောဂများမပါရှိဘဲ မိမိဘာသာ လွတ်လပ်စွာ ပြုလုပ်နေကြသည်ဟု ခံစားမိကြလေ့ရှိသည်။ စင်စစ်အားဖြင့် ကျွန်ုပ် တို့ပါဝင်နေထိုင်ကြသည့် လူ့အဖွဲ့အစည်းသည် ကျွန်ုပ်တို့၏ စိတ်ကူးစိတ်သန်းများ ကို ဖန်တီးတည်ဆောက်ပေးပြီး ကျွန်ုပ်တို့ကို အတွေ့အကြုံများဖြင့် ရုပ်လုံးဖော်ပေး သည်။ ဤသို့လျှင် သင်၏ ရွေးချယ်မှုများသည် ဘောင်ကျဉ်းသွားကြသည်။ သင်၏ ရွေးချယ်မှုများသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ က လူတစ်ဦး၏ ရွေးချယ်မှုများနှင့် မတူညီနိုင်တော့ချေ။ ထိုနည်းအတိုင်းပင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ က သင့်နေရာ တွင် ရှိခဲ့သည့် လူတစ်ဦး၏ ဆုံးဖြတ်ချက်သည်လည်း သင်၏ ဆုံးဖြတ်ချက်နှင့် မတူညီနိုင်ပါချေ။ ထို့ကြောင့် သင်၏ အခြေအနေအပေါ် လူမှုအသိုင်းအဝိုင်းနှင့် မိသားစုဘဝများတွင် ပြောင်းလဲမှုများ၏ သက်ရောက်မှုကို ဆွေးနွေးခြင်းသည် အကျိုးဖြစ်ထွန်းစေနိုင်ပါသည်။

 

ပြောင်းလဲနေသော လူမှုအသိုင်းအဝိုင်း

 

လူသားသက်တမ်း တိုးလာခြင်း

 

           ၂၀ ရာစုအတွင်း ဗြိတိန်နိုင်ငံတွင် သက်ကြီးရွယ်အိုများ၏ အရေအတွက် သိသာစွာ တိုးပွားလာခြင်းအတွက် သုတေသနစစ်တမ်းများ ကောက်ယူရန် မလိုအပ် ပါချေ။ ၂၀ ရာစု အစပိုင်းတွင် တစ်နိုင်ငံလုံး လူဦးရေ၏ ၆ ရာခိုင်နှုန်းသည်သာ ပင်စင်စား အသက်အရွယ်များဖြစ်ခဲ့ကြသော်လည်း ၁၉၉ဝ နောက်ပိုင်းနှစ်များတွင်သက်ကြီးရွယ်အိုများ၏ အရေအတွက်သည် တစ်နိုင်ငံလုံးလူဦးရေ၏ ၁၀ ရာခိုင်နှုန်း အထိ ရှိလာခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် မွေးဖွားခဲ့သည့် ယောက်ျားလေးတစ်ဦး သည် သူ့အသက် ၄၈ နှစ်အထိ ရှည်လိမ့်မည်ဟု မျှော်လင့်နိုင်ပြီး မိန်းကလေး တစ်ဦးသည် ၅၂ နှစ်အထိ မျှော်လင့်နိုင်သည်။ ၁၉၉၀ ခုနှစ်သို့ ရောက်ရှိသည့်အခါ တွင် လူသားသက်တမ်းသည် ယောကျာ်းလေးအတွက် ၇၂ -၃ နှစ်ဖြစ်ပြီး၊ မိန်းကလေးအတွက် ၇၈၂ နှစ် ဖြစ်လာခဲ့သည်။

           ပြုစုစောင့်ရှောက်မှုအမြင်နှင့် ကြည့်မည်ဆိုလျှင် အသက် ဂဝ ကျော်၊ ၉၀ ကျော်အရွယ်ရှိသည့် လူဦးရေသည် ပိုမိုတိုးပွားလာသည်။ သူတို့အနက် အများစုသည် မစွမ်းဆောင်နိုင်သည့် အခြေအနေများတွင် ရှင်သန်နေထိုင်ကြ သည်။ သက်ကြီးရွယ်အိုအတော်များများသည် သူတို့ဘာသာ နေထိုင်နေကြပြီး၊ အချို့သည် အခြားသူများ၏ ကူညီပံ့ပိုးမှုကို နေ့စဉ် ရှင်သန်မှုအတွက် ရယူနေကြ သည်။ ဤကဲ့သို့ လူသားသက်တမ်းတိုးမြင့်လာခြင်းသည် ဝမ်းမြောက်ဖွယ်ကောင်း သည့် တိုးတက်မှုတစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်တိုင်လည်း အသက်ရှည်စွာ နေနိုင်ကြသလို ကျွန်ုပ်တို့၏ မိဘများနှင့်လည်း ကျွန်ုပ်တို့အသက်ကြီးသည်အထိ ဆက်ဆံရေးရှိနေလိမ့်မည်ဖြစ်သည်။ ကျွန်ုပ်တို့၏ ကလေးသူငယ်များသည်လည်း သူတို့၏ အဘိုးအဘွားများ၏ ချစ်ခင်စောင့်ရှောက်မှုများကို ရရှိနိုင်ကြမည် ဖြစ်သည်။ ထို့ကြောင့် မိသားစုဘဝတွင် မျိုးဆက် ၄-၅ ဆက်ရှိနေပါလိမ့်မည်။

           လူသားသက်တမ်းတိုးလာခြင်းဆိုသည်မှာ ကျွန်ုပ်တို့၏ တာဝန်များ တိုးပွား များပြားလာကြသည်ဆိုခြင်းကိုလည်း အဓိပ္ပာယ်သက်ရောက်စေသည်။ ကျွန်ုပ်တို့ ၏ ကလေးသူငယ်များ အရွယ်ရောက်လာကြပြီး တစ်အိုးတစ်အိမ် ထူထောင်ကြ သည့်အခါ ကျွန်ုပ်တို့၏တာဝန်များ ပြီးဆုံးသွားကြပြီး ကျွန်ုပ်တို့လွတ်လပ်စွာ နေထိုင် ကြရတော့မည်ဟု ယူဆမိကြသည်။ ထိုအချိန်တွင် ကျွန်ုပ်တို့၏ မိဘများကအကူအညီကို လိုအပ်လာကြခြင်းမျိုး ဖြစ်တတ်လေ့ရှိသည်။ ယခုအချိန်တွင် လူအတော်များများသည် အသက် ၇၀ ကျော်သည်အထိ အသက်ရှည်ကြသောကြောင့် သင်သည် ပြုစုစောင့်ရှောက်မှုတာဝန်ကို နှစ်အတန်ကြာ ထမ်းဆောင် နေရသည်ဆိုခြင်းမှာ အထူးအဆန်းမဟုတ်ပါချေ။ အချို့ဆိုလျှင် မိဘနှစ်ပါးစလုံးကို တစ်ချိန်တည်း တစ်ပြိုင်တည်းသော်လည်းကောင်း၊ တစ်ဦးပြီးတစ်ဦး ဆက်တိုက်သော်လည်းကောင်း ပြုစုပေးကြရသည်။ သူတို့၏ ကလေးသူငယ်များ၊ မြေးများ၊ ဦးလေးများ၊ အိမ်ထောင်ဘက်များနှင့် မိတ်ဆွေများအပေါ်တွင်လည်း တာဝန်ကျေပွန် အောင် နေကြရသည်။

           အသက်ကြီးရင့်မှုကြောင့် ခွန်အားဆုတ်ယုတ်လာခြင်းသည် လတ်တလော ဖြစ်ပေါ်လာလေ့မရှိဘဲ တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာသည့် သဘော ရှိသည်။ ဆေးသိပ္ပံပညာသည် ရုတ်တရက် ပြင်းထန်စွာ ဖြစ်ပေါ်သည့် ဖျားနာမှု များကို ပဋိဇီဝဆေးဝါးများဖြင့် ကောင်းမွန်စွာ ကုသပေးနိုင်သည် မှန်သော်ငြားလည်း အယ်လ်ဇိုင်းမား သူငယ်ပြန်အတိတ်မေ့ရောဂါနှင့် အဆစ်ရောင်ရောဂါတို့ကိုမူ ပျောက် ကင်းအောင် မကုသနိုင်ပါချေ။ အဆိုပါ ရောဂါအမျိုးအစားများ၏ အကျိုးဆက်များ သည် နှစ်နှင့်ချီ၍ တဖြည်းဖြည်းချင်း ပြသကြလေ့ရှိသည်။ ရောဂါခံစားသူ၏ အခြေအနေသည် တဖြည်းဖြည်းဆုတ်ယုတ်လာသည်နှင့်အမျှ ပြုစုစောင့်ရှောက် ပေးသူသည်လည်း တဖြည်းဖြည်းအားနည်းလာမည် ဖြစ်သည်။ အသက် ဂဝကျော်သူများ၏ အရေအတွက်သည် တိုးပွားလာသည်နှင့်အမျှ သူတို့အနက် ငါးဦး လျှင် တစ်ဦးစီတွေ့ကြုံခံစားကြရသော အတိတ်မေ့ရောဂါ၏ ပုံစံများသည်လည်း တိုးပွားလာတော့သည်။ ပြီးလူသား သက်တမ်းတိုးပွားလာသောကြောင့် သင်သည် သက်ကြီးရွယ်အို - မိဘများအား စောင့်ရှောက်ပေးရန် လိုအပ်သည့်အခြေအနေကို တွေ့ကြုံရန် ပိုမိုနီးစပ်လာသည်။ အဆိုပါ တာဝန်သည် နှစ်အတန်ကြာသည်အထိ ပြုစုစောင့်ရှောက် ပေးရမည့် တာဝန်မျိုးလည်း ဖြစ်နိုင်ပါသည်။

 

လူမှုဖူလုံရေးမူဝါဒများ ပြောင်းလဲခြင်း

 

           မိသားစုများ၊ ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေသင်္ဂဟများသည် သက်ကြီး ရွယ်အိုများ၏ လိုအပ်ချက်များကို အဓိက ထောက်ပံ့ပေးနေကြသည်ဆိုခြင်းကို အားလုံးက သိရှိထားပြီး ဖြစ်သည်။ အစိုးရက ပေးအပ်သည့် လူမှုဖူလုံရေးထောက်ပံ့ကြေးဆိုသည်မှာ အနည်းငယ်မျှသာ ဖြစ်သည်။ သို့ရာတွင် စနစ်တကျ ဖွဲ့စည်းထားကြသည့် အဖွဲ့များ၏ အခန်းကဏ္ဍသည် သင်၏ မိဘများအား သင်၏ ပြုစုစောင့်ရှောက်ပေးခြင်းအပေါ် သိသာထင်ရှားစွာ သက်ရောက်မှုရှိနိုင်သည်။ အထူး သဖြင့် စောင့်ရှောက်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်နေကြသည့် ရန်ပုံ ငွေ စီမံကိန်းများသည် မိသားစုများ၏ နေ့စဉ်ဘဝကို အကျိုးပြုနိုင်သည်။ သင်၏ မိဘများအား အကောင်းဆုံး ပြုစုစောင့်ရှောက်ပေးရန် သင် စဉ်းစားသည့်အခါ အဆိုပါ ဝန်ဆောင်မှုများ ရရှိမှုကို ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါသည်။

သက်ကြီးရွယ်အိုများ စောင့်ရှောက်မှု မူဝါဒသည် သင်၏ ရွေးချယ်မှုအပေါ် လွှမ်းမိုးနေသည်။ လတ်တလော လူကြိုက်အများဆုံး မူဝါဒတစ်ခုမှာ အိုမင်းမစွမ်း ဖြစ်နေကြသည့် မိဘများကို ဘိုးဘွားရိပ်သာ၊ သို့မဟုတ် သက်ကြီးဂေဟာကဲ့သို့ နေရာများသို့ မပို့ဘဲ မိမိနေအိမ်တွင်ထားရှိ၍ ပြုစုစောင့်ရှောက်ခြင်း ဖြစ်သည်။ အဆိုပါ စောင့်ရှောက်မှုအမျိုးအစားကို မိသားစုအတွင်း ပြုစုစောင့်ရှောက်မှု (Community Care) ဟုခေါ်ကြသည်။ အဆိုပါစောင့်ရှောက်နှင့်ပတ်သက်သော အယူအဆသည် မိမိနေအိမ်အား စွန့်ခွာ၍ ဘိုးဘွားရိပ်သာသို့ မသွားရောက်လို ကြသည့် သက်ကြီးရွယ်အိုများ၏ ဆန္ဒကို ထင်ဟပ်ပြသည်။ ၁၉၉၀ ခုနှစ်တွင်မိသားစုအတွင်း စောင့်ရှောက်မှု မူဝါဒကို အမျိုးသား ကျန်းမာရေး ဝန်ဆောင်မှု နှင့် မိသားစုအတွင်း စောင့်ရှောက်မှုဥပဒေ (National Health Service and Community Care Act)အဖြစ်ပြဌန်းခဲ့သည်။

          အဆိုပါ ဥပဒေခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မိမိတစ်ဦးတည်း • ရှေ့ခရီးဆက်ရန် မဖြစ်နိုင်သည့် သက်ကြီးရွယ်အိုများအား ဘိုးဘွားရိပ်သာသို့ သွားရောက်ရန် ပြုလုပ်ခြင်းကို အဆုံးသတ်ရန် ဖြစ်သည်။ ဥပဒေရှိနေသည်မှာ ယူဆချက် အရ အမှန်တကယ် အလုပ် လုပ်သော်လည်း မိသားစုအတွင်း စောင့်ရှောက်မှုစနစ် သစ်သည် ရန်ပုံငွေလုံလောက်စွာ ရရှိရန် မလွယ်ကူပါချေ။ သက်ကြီးရွယ်အိုများကို သူတို့၏ နေအိမ်တွင်ပင် ထားရှိ၍ ပြုစုစောင့်ရှောက်ပေးခြင်းသည် စရိတ်စက လွန်စွာ ကြီးမားလှသည်။ များသောအားဖြင့် မြို့နယ်တာဝန်ရှိ ပုဂ္ဂိုလ်များသည် လုံလောက်သည့် ငွေကြေးပမာဏကို မဖြည့်ဆည်းပေးနိုင်ကြချေ။ ထို့ကြောင့် ယခင်က ငွေကြေးမပေးဆောင်ခဲ့ရသော ဝန်ဆောင်မှုများအတွက် ငွေကြေး ပေးဆောင်စေခြင်းဖြင့် တုံ့ပြန်မှုများ ရှိခဲ့ဖူးသည်။

           သက်ကြီးရွယ်အိုများ၏ လိုအပ်ချက်များသည် များပြားလာသည်နှင့်အမျှ လူမှုအသိုင်းအဝိုင်းတွင် ဝန်ဆောင်မှုများပေးကြမည့် အရင်းအမြစ်များသည် လုံလောက်စွာ ရှိကြရန် လိုအပ်သည်။ ထိုကဲ့သို့ မရှိခဲ့ပါလျှင် ပြုစုစောင့်ရှောက်သူများသည် ငွေကြေးလိုအပ်သည့်ဒဏ်ကို လှလှကြီး ကြုံတွေ့ကြရပါလိမ့်မည်။ | အဆိုပါ အရင်းအမြစ်များနည်းပါးသည့် လူမှုဝန်ဆောင်မှုဌာနများသည် အခြားသော

ထောက်ပံ့မှုများ မရရှိကြသည့် သက်ကြီးရွယ်အိုများကို ဦးစားပေးကြလေ့ရှိသည်။ ပြုစုစောင့်ရှောက်သူများ ရှိနေကြသည့် သက်ကြီးရွယ်အိုများကိုမူ ဦးစားမပေးနိုင်ကြပါချေ။

           ၁၉၉၅ ခုနှစ်တွင် သက်ကြီးရွယ်အိုများအား စောင့်ရှောက်ပေးနေကြသည့် လူများကို အသိအမှတ်ပြု၍ ဝန်ဆောင်မှုပေးရန် လွှတ်တော်တွင် စတင် အဆိုတင်သွင်းသည်။ လွှတ်တော်ကိုယ်စားလှယ်များအားလုံးသည် အဆိုပါ အဆို တင်သွင်းမှုကို ထောက်ခံခဲ့ကြသည်။ အဆိုပါ အဆိုတင်သွင်းမှုသည် စောင့်ရှောက်မှု များ၏ အခန်းကဏ္ဍနှင့် သူတို့၏ လိုအပ်ချက်များကို အသိအမှတ်ပြုသည့် ပထမ ခြေလှမ်းတစ်ခု ဖြစ်သည်။

           သင်၏ မိဘများအား ပြုစုစောင့်ရှောက်ပေးရန် သင်၏ ဆုံးဖြတ်ခြင်းနှင့် ပတ်သက်၍ အစိုးရ၏ လူမှုဖူလုံရေး ရန်ပုံငွေများသည် ပြုစုစောင့်ရှောက်သူများရှိ ကြသော သက်ကြီးရွယ်အိုများကို ဦးစားပေးကူညီမှု မပြုလုပ်ကြပါဆိုသော အကြောင်းအချက်ကိုလည်း သိရှိရန် လိုအပ်သည်။ တစ်ခါတစ်ရံ မိသားစုအတွင်းစောင့်ရှောက်မှု မူဝါဒသည် သင်၏ ဆန္ဒနှင့် စွမ်းဆောင်နိုင်မှုတို့ကို ဆန့်ကျင်၍ သင်၏ မိဘများကို နေအိမ်တွင်သာ စောင့်ရှောက်ရန် တွန်းအားပေးခြင်းမျိုးကိုပင် သင် ခံစားရနိုင်သည်။ သို့ရာတွင် ယခုနောက်ပိုင်း ခေတ်စားလာသည့် ပြုစုစောင့် ရှောက်သူများ၏ လှုပ်ရှားမှုများကိုမူ သင်နှစ်သက်ပါလိမ့်မည်။ ပြုစုစောင့်ရှောက်သူ များအား အထောက်အပံ့ပေးရန် ရှေ့တန်းမှ ကြိုးစားနေသည့် အမျိုးသားသက်ကြီး ရွယ်အိုပြုစုစောင့်ရှောက်သူများအသင်း  (Carers National Association) သည် ပြုစုစောင့်ရှောက်သူများ၏ လိုအပ်ချက်များကို အများပြည်သူအား သိရှိ နားလည်စေခဲ့သည်။ လူမှုရေးနှင့် နိုင်ငံရေး အခြေအနေများသည် ဆက်တိုက် ဆိုသလို ပြောင်းလဲနေကြပြီး ထိုကဲ့သို့ ပြောင်းလဲခြင်းများသည် သင်၏ ပြုစုစောင့် ရှောက်ပေးခြင်းအပေါ် အကျိုးသက်ရောက်နေကြသည်။

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)