ကျော်ဝင်း - သူတို့အမြင် သူတို့အပြော
ပီတာအက်(ဖ)ဒရပ်ကာ
အရင်းလွန် လူ့အဖွဲ့အစည်း
ယခုစာစုမှာ “ပီတာအက်(ဖ)ဒရပ်ကာ” (Peter. E. Drucker) ၏ ၁၉၉၄ ခုနှစ်ထုတ်စာအုပ် “အရင်းလွန် လူ့အဖွဲ့အစည်း (Post Capitalist Society) မှ ဖြစ်သည်။ စာအုပ်တစ်ခုလုံး၏ ဆိုလိုချက်ကို ငုံမိစေသည်ဟု ယူဆရသော နိဒါန်းပိုင်း အပြောင်းအလဲ”
( The Transformation ) ကို ၇၅ အခြခံ၍ " ဒရပ်ကာ " ၏ အခြားစာအုပ်မှ ထုပ်နုတ် ဘာသာပြန် မိတ်ဆက်လိုက်ခြင်း ဖြစ်ပါသည်။
အနောက်တိုင်း၏သမိုင်းကို အကြမ်းဖျင်းကြည့်လိုက်လျှင်ပင် ရာစုအနည်း ငယ်မျှကြာပြီးတိုင်း ကြီးမားနက်ရှိုင်းသည့် အပြောင်းအလဲများနှင့် ကြုံတွေ့ရလေ့ ရှိသည်ကို သတိပြုနိုင်ပါသည်။ ဤသို့ပြောင်းလဲသည့်အခါတိုင်း လူ့အဖွဲ့အစည်း တစ်ရပ်၏ လောကအမြင် အခြေခံတန်ဖိုးများ၊ လူမှုရေးနှင့် နိုင်ငံရေးအဆောက် အအုံ၊ ယဉ်ကျေးမှုအနုပညာနှင့် အဓိကကျသော အဖွဲ့အစည်းများ အားလုံးကို ဆယ်စုအနည်းငယ်အတွင်းမှာပင် အသစ်ပြန်လည်စုစည်းပုံဖော်လေ့ရှိကြသည်။ ဤသို့ဖြင့် နှစ်ပေါင်း (၅၀)မျှ ကြာသွားသောအခါ အဟောင်းနှင့် ဘာမှမဆိုင်တော့သော လောကသစ်တစ်ရပ် ပေါ်ထွက်လာရတော့သည်။ ဤတွင် အခြေ အနေသစ် လောကသစ်တွင် လူဖြစ်လာရသော မျိုးဆက်သစ်လူငယ်များ အနေနှင့် မိမိတို့ မိဘများမွေးဖွားပြီး ကြီးပြင်းခဲ့ရာ မိမိတို့အဘိုးအဘွားများ ဖြတ်သန်းခဲ့ရာ ခေတ်ဟောင်း၊ လောကဟောင်းကို စိတ်ကူးမျှနှင့်ပင် မှန်းဆမရတော့လောက် အောင် အဆက်ပြတ်သွားရတော့သည်။
မျက်မှောက်ခေတ်ပြိုင်ကမ္ဘာတွင် ဤကဲ့သို့သော အပြောင်းအလဲကြီးတစ်ခု အရှိန်အဟုန်နှင့် ဖြစ်ပေါ်လျက်ရှိနေပေပြီ။ စင်စစ် ကျွန်တော်တို့ အားလုံးမှာ ဆိုခဲ့ပါ အပြောင်းအလဲ ဖြစ်စဉ်ကြီးကို ဖြတ်သန်းနေသူများ ဖြစ်သည်။ ဤ ဖြစ်စဉ်ကြီးကို ဖြတ်သန်းရင်းမှပင် ကျွန်တော်တို့သိထားသော အရင်းရှင်စနစ် ဆိုသည်ကြီးကို သမိုင်းထဲတွင် ချန်ထားခဲ့ရပေတော့မည်။ ကျွန်တော်တို့ အားလုံး ရှေးရှုပုံဖော်နေကြသည်မှာ အရင်းလွန်လူ့အဖွဲ့အစည်း တစ်ရပ်ပင် ဖြစ်တော့သည်။
မှတ်တိုင်များ
လက်လှမ်းမီသလောက် သမိုင်းကို ပြန်ကြည့်လိုက်သောအခါ ဤကဲ့သို့သော အပြောင်းအလဲမျိုးကို (၁၃) ရာစုက တစ်ကြိမ်ကြုံခဲ့ရသည်။ ထိုစဉ်က ဥရောပ လူ့အဖွဲ့အစည်းအများစုမှာ အသစ်ဖြစ်ထွန်းလာသော “မြို့ကြီးများ (Cities) တွင် ဗဟိုပြု စုစည်းလာကြသည်။ “ကုန်သည်များနှင့် လက်မှုပညာသည်များ၏ အစည်းအရုံးများ” (guilds) မြို့အရပ်မှာပင် အခြေတည် ပေါ်ထွက်လာပြီး အဓိကလွှမ်းမိုးသော လူမှုအင်အားစု ဖြစ်လာသည်။ စီးပွားရေးဘက်တွင် “ရပ်ဝေး မြေခြား ကုန်သွယ်ရေး” (Long distance trade) ပြန်လည် စန်းပွင့်လာသည်။ပန်းချီ၊ ပန်းပုနှင့်ဗိသုကာမှုတွင်လည်း ပုံသဏ္ဌာန်သစ်၊ ဟန်သစ်တို့ ဖွံ့ဖြိုးလာ ခဲ့သည်။ ပညာရေးဘဝတွင် ကျေးလက်ဘုန်းတော်ကြီးကျောင်းများနေရာသို့ မြို့ပြ ဒေသ၏ ကနဦးတက္ကသိုလ်များက ဝင်ရောက်နေရာယူစပြုလာသည်။ ဘာသာ ရေး ဖနှင့် ယဉ်ကျေးမှုဘက်တွင် “စိန့်ဒိုမိနစ်' ၏ နောက်လိုက်များဖြစ်သော “ဒိုမစ်နင်ကင်ဂိုဏ်း' နှင့် 'စိန့်ဖရန်စစ်'၏ နောက်လိုက်များ ဖြစ်သော “ဖရန်စစ်စကင် ဂိုဏ်း' တို့ အပြိုင်ပေါ်ထွက်လာကြသည်။ ဘာသာစကား ဘက်မှဆိုလျှင် “လက်တင်” ဘာသာမှ ဒေသန္တရဘာသာစကား အသီးသီးသို့ ရွေ့သွားပြီး စာပေ အနုပညာဘက်မှပြောရလျှင် “ဒန်တီ'၏ ခေတ်ဟု ဆိုနိုင်ပါလိမ့်မည်။
ဤသို့ဖြင့် နှစ်ပေါင်း (၂၀၀)မျှ ကြာသွားသောအခါ နောက်ထပ် အပြောင်း အလဲကြီးတစ်ရပ်နှင့် ကြုံလိုက်ရပြန်ပါသည်။ “ဂူတင်ဘတ်' ပုံနှိပ်စက် တီထွင် လိုက်သော (၁၄၅၅) ခုနှစ်နှင့် မာတင်လူသာ၏ ပရိုတက်စတင့် လှုပ်ရှားမှုကာလ (၁၅၁) ကြား နှစ်ပေါင်း (၆၀) ကျော်ကျော် ဖြစ်သည်။ (၁၄၀၀) နှင့် (၁၅၀၀) ပြည့်နှစ်ကြားတွင် “ဖလောရင့်' နှင့် “ဗင်းနစ်” မြို့များ၌ အထွတ်အထိပ် ရောက် လာသော ပြန်လည်ဆန်းသစ်ရေး ကာလလည်းဖြစ်ပါသည်။ ရှေးဟောင်း ယဉ်ကျေးမှု အနုပညာများကို ပြန်လည်ဖော်ထုတ်ခြင်း၊ အမေရိကတိုက်ကို ရှာဖွေ တွေ့ရှိခြင်း၊ ရောမခေါဘဏီတပ်ကြီးများနောက်ပိုင်း ပထမဆုံး အမြဲတမ်း စစ်တပ်အဖြစ် စပိန်ခြေလျင်တပ်ဖွဲ့ ပေါ်ပေါက်လာခြင်း၊ အာရေဗျကိန်းဂဏန်းများကို အခြေခံ၍ သင်္ချာပညာ ပေါ်ထွန်းလာခြင်း စသည်တို့မှာ ထင်ရှားသော မှတ်တိုင် များ ဖြစ်ပါသည်။ သို့ဖြင့် (၁၅၂၀) လွန်သည်နှင့် အလယ်ခေတ်ကြီး တစ်ခုလုံးကို ကျောခိုင်းလိုက်သည့် ခေတ်သစ်တစ်ခု အစပြုလာခဲ့တော့သည်။
နောက်တစ်ကြိမ် အပြောင်းအလဲကို (၁၅ရ၆) ခုနှစ်က မွေးထုတ်ပေး လိုက် သည်ဟု ဆိုနိုင်ပါလိမ့်မည်။ ဤနှစ်မှာပင် အမေရိကန် လွတ်မြောက်ရေးစစ်ပွဲ ပေါ်ထွက်လာခဲ့သလို ဂိမ်းဝပ်၏ ရေနွေးငွေ့အင်ဂျင်လည်း စတင်လည်ပတ်ခဲ့သည်။ ထို့ထက် “အဒမ်စမစ်'၏ “နိုင်ငံများ၏ ဓန” (wealth of Nations) မှာလည်း ဤနှစ်မှာပင် ထွက်လာခဲ့သည်။ ဤမျှ အရေးကြီးသော (၁ရရ၆)မှ စတင်ခဲ့သော အပြောင်းအလဲကြီးမှာ နှစ်ပေါင်း (ထ) မျှ ကြာမြင့်ခဲ့ပြီး “ဝါတာလူးစစ်ပွဲ' ရောက်မှ ဆုံးခန်းတိုင်သွားခဲ့သည်။ ဤ နှစ်ပေါင်း (၄၀) ကာလအတွင်း စက်မှုတော်လှန်ရေး ကြီး ပေါ်ထွက်လာခဲ့သလို ပထမဆုံး ခေတ်သစ်တက္ကသိုလ်များလည်း ပေါ်ပေါက်လာခဲ့သည်။ အရင်းရှင်စနစ် ကွန်မြူနစ်စနစ် စသောခေတ်သစ် အိုင်ဒီအိုလိုဂျီများ၏ မြစ်ဖျားခံရာမှာလည်း ဤဆယ်စုများပင်ဖြစ်သည်။ ပြောရလျှင် ခေတ်သစ် ဥရောပ ယဉ်ကျေးမှုကို အပီအပြင်ပုံဖော်ခဲ့သော အပြောင်းအလဲကြီး ဖြစ်ပါသည်။ ဤသို့ဖြင့် ၁၈၂၀ နောက်ပိုင်းမှစ၍ “ခေတ်သစ် အရင်းရှင် စနစ်” ဆိုသော အခင်းအကျင်း သစ်တစ်ခု ဖြစ်တည်လာရတော့သည်။
နောက်ထပ် နှစ်ပေါင်းနှစ်ရာအကြာ ကျွန်တော်တို့ခေတ်သို့ ရောက်သော အခါတွင် နောက်ထပ် အပြောင်းအလဲကြီးတစ်ခုနှင့် ဒုတ်ဒုတ်ထိ ရင်ဆိုင်နေရပေပြီ။ ဤအကြိမ်တွင်တော့ အပြောင်းအလဲ၏ “ခွင်” မှာ၊ အနောက်တိုင်း လူ့အဖွဲ့အစည်း အတွင်းမှာပင် ကန့်သတ်ထား၍ မရတော့ပါ။ သမိုင်းရေစီးသည် အနောက်ကိုကျော်၍ ကမ္ဘာလုံးအတိုင်းအတာသို့ ရောက်ရှိလာပြီဖြစ်ပါသည်။ လက်ရှိအပြောင်း အလဲ၏မူလအစကို သတ်မှတ်ရာတွင်လည်း မတူသောအဆိုပြုချက် အမျိုးမျိုး ရှိနိုင်သည်။ အချို့က အနောက်မဟုတ်သော နိုင်ငံတစ်ခုဖြစ်သည့် ဂျပန်နိုင်ငံ စီးပွားရေးအင်အားကြီး ဖြစ်လာသော (၁၉၆၀) တစ်ဝိုက်ဟု ယူဆကြသည်။ အချို့ကလည်း အင်ဖော်မေးရှင်းကို ဗဟိုအချက်အချာနေရာသို့ ပို့လိုက်သော ကွန်ပျူတာကို အမှတ်ပေးကြသည်များရှိသည်။ ကျွန်တော်၏ သီးခြားအယူအဆ အရဆိုလျှင် ဒုတိယကမ္ဘာစစ်ကြီးအပြီး ထွက်ပေါ်လာသော “အမေရိကန် စစ်မှု co&tup:98&z?quc3" (American G.1 Bill of Rights) of cops: copsza: စဉ်းစားဖို့ လိုမည်ထင်သည်။ ဤဥပဒေအရ အမေရိကန်စစ်မှုထမ်းများကို တက္ကသိုလ်ပညာ သင်ကြားခွင့်ရရန် ငွေကြေးထောက်ပံ့ရမည် ဖြစ်သည်။ ဤအချက်က ပညာလူ့အဖွဲ့အစည်းသို့ ဦးတည်လှည့်ပြောင်းသွားစေနိုင်သည့် အစပြုချက်ဟု ယူဆနိုင်မည်ထင်သည်။ ။
အကယ်၍ သမိုင်းကိုသာ လမ်းပြမြေပုံအဖြစ် အသုံးပြုနိုင်မည်ဆိုလျှင် လက်ရှိအပြောင်းအလဲမှာ ခရစ်နှစ် (၂ဝဝဝ) သို့မဟုတ် (၂၀၂၀) လောက်ထိ ခရီးဆက်ဦးမည့် အလားအလာရှိသည်။ သို့တိုင် ကမ္ဘာကြီး၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အပြောင်းအလဲများကိုမူ ယခုပင် မျက်မှောက်ပြုနေရပြီ ဖြစ်ပါသည်။ ပြောရလျှင် ကျွန်တော်တို့တတွေမှာ အပြောင်းအလဲ ဖြစ်စဉ်ကြီးတစ်ခု၏ ခရီး တစ်ဝက်တွင် ရောက်ရှိနေပြီဟု ဆိုနိုင်ပါလိမ့်မည်။
ပုံပျက်လာသော အရင်းရှင်စနစ်
လွန်ခဲ့သော ဆယ်စုအနည်းငယ်သာဆိုလျှင် “အရင်းလွန် လူ့အဖွဲ့အစည်း' ဟု ဆိုလိုက်သည်နှင့် မာဝါဒက ရည်ညွှန်းဖော်ထုတ်ခဲ့သော ဆိုရှယ်လစ်စနစ်ဟု အများစုက နားလည်ကြပါလိမ့်မည်။ ယခုအခါ မာက်ဝါဒ၏ ကံကြမ္မာကို သမိုင်းက သက်သေပြခဲ့ပြီးဖြစ်ပါသည်။ သို့နှင့်တိုင် အရင်းရှင်စနစ် ကိုယ်တိုင်သည်လည်း မယိမ်းမယိုင်ကျောက်စာတိုင်ကြီးနှယ် အပြောင်းအလဲမရှိ တည်တံ့နေခဲ့သည် မဟုတ်ပါ။ ဖွံ့ဖြိုးပြီးနိုင်ငံအများစု၏ တိုးတက်ဖြစ်ထွန်းမှုများမှာ အစဉ်အလာ အရင်းရှင်စနစ် နယ်ပယ်ကို သိသိသာသာ ကျော်လွန်ခဲ့ပြီ ဖြစ်ပါသည်။
အစဉ်အလာ အရင်းရှင်လူ့အဖွဲ့အစည်းကို လူမှုအလွှာနှစ်ခုက လွှမ်းမိုးထား သည်။ ကုန်ထုတ်အရင်းအနှီးများကို ပိုင်ဆိုင်ချုပ်ကိုင်ထားသော “အရင်းရှင်' များနှင့် ကား(လ)မက္ခက “ပစ္စည်းမဲ့' ဟု ဝိဂြိုဟ်ပြုခဲ့သည့် အလုပ်သမားထုတို့ ဖြစ်သည်။ ကား(လ)မာ၌ သက်ရှိထင်ရှား ရှိချိန်တွင် အလုပ်သမားထု၏ အခြေ အနေမှာ လုပ်အားမှလွဲပြီး ဘာမှရောင်းစရာမရှိ၍ ပစ္စည်းမဲ့ဟု ဆိုနိုင်စရာရှိပါသည်။ သို့နှင့်တိုင် မာ၌ ကွယ်လွန်သော (၁၈၈၃) နောက်ပိုင်း “ကုန်ထုတ်သတ္တိ တော်လှန်ရေး' (Productivity Revolution) အကျိုးဆက်ကြောင့် တစ်စုံတစ်ရာ ချောင်လည်သော လူလတ်တန်းစားအဖြစ် ဖွံ့ဖြိုးလာခဲ့သည်။ ဤသို့ ဆက်လက် ဖွံ့ဖြိုးခဲ့ရာမှ စက်မှုနိုင်ငံအသီးသီးရှိ အလုပ်သမားထု၏ အခြေအနေမှာ ဒုတိယ ကမ္ဘာစစ်အပြီးတွင် အမြင့်ဆုံးအမှတ်သို့ ရောက်လာခဲ့တော့သည်။ သို့နှင့်အမျှ (၁၉၅၀) တစ်ဝိုက်ရောက်သောအခါ စက်မှုအလုပ်သမား လူတန်းစားမှာ ဖွံ့ဖြိုးပြီး နိုင်ငံများ၏နိုင်ငံရေးဘဝတွင် အရေးကြီးသော အင်အားစုတစ်ရပ် ဖြစ်လာခဲ့ပါသည်။ သို့သော် ၁၉၆ဝ ဝန်းကျင် ““စီမံခန့်ခွဲမှု တော်လှန်ရေး” (Management Revolution) အရှိန်ရလာခြင်းနှင့်အတူ ကော်လာပြာအလုပ်သမား၏ အနေ အထားမှာ အရေအတွက်အရသော်လည်းကောင်း၊ အရေးပါမှုအရ သော်လည်းကောင်း အကျဘက်သို့ ရောက်လာခဲ့ရသည်။ ခရစ်နှစ် (၂၀၀၀) အရောက်တွင် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံအားလုံးကို ကော်လာပြာအလုပ်သမားဦးရေမှာ အလုပ်အင်အားစု တစ်ခုလုံး၏ ခြောက်ပုံတစ်ပုံ (သို့မဟုတ်) ရှစ်ပုံတစ်ပုံခန့်သာ ရှိတော့သည်။
အစဉ်အလာ အရင်းရှင်လူတန်းစား၏ ဖွံ့ဖြိုးမှု အမြင့်ဆုံးအမှတ်မှာ ထို့ ထက်ပင်စောသေးသည်ဟု ဆိုရပါလိမ့်မည်။ (၂၀)ရာစုဆန်းခါစ (အတိအကျပြောရလျှင် ပထမကမ္ဘာစစ် အကြိုကာလ) ကပင် အစဉ်အလာ အရင်းရှင်တို့၏ ဘုန်းမီးနေလမှာ အကျဘက်သို့ရောက်လာခဲ့သည်။ ထိုအချိန်လောက်မှစ၍ အမေရိကန်မှ မော်ဂန်၊ ရော့ဖဲလား၊ ကာနက်ဂျီဖို(ဒ်) တို့လို၊ ဂျာမနီမှ ဆိုင်မင်၊ သိုင်ဆင်၊ ခရု(ပ)တို့လို ဗြိတိန်မှ ကုနတ်၊ လီဗာ၊ ဗစ်ကာ၊ အန်းစထရောင်းတို့လို အရာရာ ချုပ်ကိုင်ခြယ်လှယ်နိုင်သော အရင်းရှင်ဆို၍ မရှိတော့ပါ။ ဒုတိယကမ္ဘာ စစ်အပြီး ကာလလောက်မှစ၍ အဆိုပါလက်ဝါးကြီးအုပ် အရင်းရှင်ကြီးများနေရာတွင် စီမံခန့်ခွဲမှု တော်လှန်ရေးက မွေးထုတ်လိုက်သော “ပရော်ဖက်ရှင်နယ် မန်နေဂျာများ” က အစားဝင်လာခဲ့သည်။ ယခုအခါ မီဒီယာမျက်နှာစာများတွင် နေရာယူထားသော ခေတ်သစ်ဇောတိကများ မရှိမဟုတ် ရှိပါသည်။ သို့နှင့်တိုင် သူတို့တတွေမှာ ကုန်ထုတ်အရင်းအနှီးများကိုပိုင်ဆိုင်ထားသော အရင်းရှင်များမဟုတ်၊ အလွန်မြင့် မားသော လခနှင့်ဘောနတ်များရနေသည့်တိုင် ဝန်ထမ်းများသာဖြစ်သည်။ ကော်လာဖြူအလုပ်သမားများသာဖြစ်ပါသည်။ ။
အထူးသဖြင့် အမေရိကန်ပြည်ထောင်စုမှာဆိုလျှင် တိုင်းပြည်၏ အရင်း အနှီးအများစုမှာ လက်ဝါးကြီးအုပ် အရင်းရှင်ကြီး တစ်ယောက်စ၊ နှစ်ယောက်စ၏ အိတ်ကပ်ထဲတွင်ရှိနေသည်မဟုတ်၊ စတော့ရှယ်ယာဈေးကွက်ထဲတွင် လည်ပတ် လျက်ရှိနေသည်။ ဤသို့ လည်ပတ်နေသော အရင်း၏ တစ်ဝက်ကျော်မှာလည်း ပင်စင်လစာငွေများသာဖြစ်နေသည်။ ဤပင်စင်ငွေ၏ တကယ့်ပိုင်ရှင်အစစ်မှာ အရင်းရှင်များမဟုတ်။ ဝန်ထမ်းများသာဖြစ်သည်။ မာက်ဝါဒ ဆိုလိုချက်အရ ဆိုရှယ်လစ် လက္ခဏာမှာ ကုန်ထုတ် အရင်းအနှီးများကို အလုပ်သမားထုက ပိုင်ရမည်ဟုဆိုလျှင် လက်ရှိကမ္ဘာပေါ်တွင် ဆိုရှယ်လစ်အကျဆုံးနိုင်ငံမှာ အရင်းရှင် ထိပ်သီး အမေရိကန်ဟူ၍ပင် ဆိုရတော့မလို ရှိတော့သည်။
ဤတွင် ပြောလိုသည်မှာ အစဉ်အလာ အရင်းရှင်စနစ်၏ အဓိက အင်အားစု နှစ်ရပ်ဖြစ်သော အလုပ်သမား (ကော်လာပြာ အလုပ်သမား) သည်လည်းကောင်း၊ အရင်းရှင် (ကုန်ထုတ်အရင်းအနှီးပိုင်ရှင်) သည်လည်းကောင်း၊ မိမိတို့၏ မူလ အနေအထားမှ ယုတ်လျော့ကျဆင်းနေပြီ ဆိုသည့်အချက် ဖြစ်ပါသည်။ သူတို့
နေရာတွင် အစားထိုးဝင်လာပြီး ရှေ့တန်းသို့ တဖြည်းဖြည်း တက်လာကြသူများမှာ ပညာဖြင့် အသက်မွေးသော “ပညာအလုပ်သမား” (Knowledge worker) နှင့် “ဝန်ဆောင်အလုပ်သမား” (Service worker) တို့ပင် ဖြစ်တော့သည်။