Skip to product information
1 of 2

Other Websites

ကျော်ဝင်း - စိန်ခေါ်ကြသူများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ကိုယ့်စာကိုယ်ရေး၊ ကိုယ့်တေးကိုယ်ဆို

          “လူ” နှင့် သမိုင်း” - ယခုထက်တိုင် ယတိပြတ်အဖြေပေးဖို့ မလွယ်လှသည့် မေးခွန်းတစ်ခုရှိသည်။ “လူက သမိုင်းကိုရေးသလော၊ သမိုင်းက လူကိုရေးသလော” ဆိုသော ပုစ္ဆာဖြစ်သည်။ ယခု အတိအကျ အဖြေထုတ်မည့်သူတွေ ပေါ်လာပြီ။ ၂၁ ရာစုလူငယ်များဖြစ်ပါ ၏။ “သမိုင်းကရေးသော လူမဖြစ်စေရ၊ လူက သမိုင်းကိုရေးရမည်” ဟု ခပ်ရဲရဲ ကြွေးကြော်လိုက်သည်။

          ဤကိစ္စနှင့်ပတ်သက်ပြီး စကားလုံးအသစ်များ လျှံကျလာ ရာ အရေးကြီးသော ဝေါဟာရတစ်ခုကို မသိလို့မဖြစ်။ TailorMade Biography ဟုဆိုသည်။ သူများရေးသော “အတ္ထုပ္ပတ္တိ” Biography သက်သက်မဟုတ်။ ယနေ့လူငယ်တွေက ကိုယ့်အကြောင်း သူများရေးတာမလိုချင်၊ ကိုယ်တိုင်ရေးရမည်ဟု ခံယူ သည်။ သို့နှင့်တိုင် “ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ” Auto Biography တော့လည်း မဟုတ်ပြန်။ 

         “ကိုယ်တိုင်ရေး”ဆိုသည်နှင့် မလုံလောက်။ ပေါ့လွန်းသည်။ ဆိုလိုချက်အကုန်မမိ။

          “မိမိစိတ်ဆန္ဒနှင့် ကိုက်ညီအောင် ရည်ရွယ်ချက်ရှိရှိ တီထွင်ဖန်တီးထားသော ကိုယ် တိုင်ရေး အတ္ထုပ္ပတ္တိဖြစ်ရမည်ဟု အဓိပ္ပာယ်ဖွင့်ပါသည်။ TailorMade ဆိုသည်က ဤသဘောအားလုံးကို ညွှန်းသည်။

ပြောရလျှင် ဇာတ်၏အစမှာ ၂၀ ရာစုအဆုံးနှင့် ၂၁ ရာစု အစလောက်က ကျင်းပခဲ့သော လူငယ်ရေးရာ ကွန်ဖရင့်များဟု ဆိုရပါလိမ့်မည်။ အဆိုပါကွန်ဖရင့်များတွင် ပညာရှင်များစုဝေးပြီး ရာစုသစ်လူငယ်၏ သဘောသဘာဝများကို စစ်တမ်းထုတ်ခဲ့ရာ အယူအဆနှစ်ခု သိသိသာသာ ကွဲလာသည်။ ပထမအစုက လူငယ်ရေစီးကို ဘဝင်မကျ။ “မိုဒယ်မရှိ၊ မစ်ရှင်ပျောက်၊ အတ္တကြီး” No Model, Lost Mission and Egocentric ဆိုသော အဓိကအချက်သုံးချက်ကို ထောက်ပြသည်။

          ဒုတိယအစုက ဤ ဝေဖန်ချက်ကို ဘဝင်မကျပါ။ လူကြီးမျက်စိနှင့် လူငယ်တွေကို ကြည့်ခြင်းဖြစ်ရာ သဘာဝမကျဟု တုံ့ပြန်ဝေဖန်သည်။ တစ်ဆက် တည်းမှာပင် “ယနေ့လူငယ်များ၏ တူရူချက်မှာ လူကြီးတွေ လိုက် မမီတော့လောက်အောင် သိပ်မြင့်သွားပြီ”ဟုလည်း အကဲဖြတ်ပါ သည်။

          “အိုက်ဒေါ(လ) နှင့် “အိုက်ဒီး(လ)”“မိုဒယ်မရှိ'ဆိုသော ပထမဝေဖန်ချက်နှင့်ပတ်သက်၍ လူ ငယ်များဘက်မှ ပြောစရာတွေရှိနိုင်သည်။ (ဤနေရာတွင် ကျွန်တော်တို့ဆီမှာ ခေတ်စားနေသော မိုဒယ်(လ)ကောင်မလေးတွေ နှင့်မရောထွေးစေချင်ပါ။ အတုယူလောက်သည့် စံပြပုဂ္ဂိုလ်မျိုးကိုဆိုလိုရင်းဖြစ်သည်) စင်စစ် “မိုဒယ်(လ) ဟု လွယ်လွယ်ပြောနေသော်လည်း၊ “ဘယ်လိုမိုဒယ်(လ)မျိုးလဲ” ဆိုသည်ကို ဆန်းစစ်ဖို့ လိုမည်ဟု ဆိုသည်။

          မိုဒယ်(လ)တွင် “အိုက်ဒေါ(လ)” Idol နှင့် “အိုက်ဒီး(လ)Ideal ဆိုပြီး နှစ်မျိုးရှိရာ တစ်ခုနှင့်တစ်ခု မတူပါ။

           “အိုက်ဒေါ(လ)”သဘောက စိတ်လှုပ်ရှားမှုနှင့် ပိုဆိုင်သည်။ “နှလုံးသားခိုက်’ Heart-Throb ဆိုသောစကားနှင့် ယှဉ်တွဲပြော ကြသည်။ ဆယ်ကျော်သက်ရွယ်တွင်Boy Friend, Girl Friend ဖြစ်တတ်သည်။

          နည်းနည်းအရွယ်ရလာတော့ နာမည်ကြီး အဆိုတော်၊ ရုပ်ရှင်စတား၊ အားကစားသမား စတာမျိုးတွေ ဖြစ်နိုင် သည်။ စိတ်ပညာရှင်များ၏ အလိုအရ မိမိ၏ ဘာမှမဆန်းပြားသော သာမန်ဘဝမှ ခေတ္တဖြစ်စေ ထွက်ပြေးလိုရာမှ ပေါ်ထွက် လာသော “ဆလစ်ဘရစ်တီ မြတ်နိုးစိတ်” Celebrity Admiration ဟု အကဲဖြတ်ပါသည်။ ဤကိစ္စမှာ လူငယ်တိုင်း၏ စိတ် သဘာဝဖြစ်ရာ ယခင်ကရှိသလို ယခုလည်းရှိသည်။ ဘာမှမဆန်း၊ ဟိုတုန်းက “ပရက်စလေ ́ ယခု “အမ်မီနန်)၊ အရင်က “မွန်ရိုး၊ ဒီနေ့ “ဘရစ်နီစပီးယား’ ဒါပဲကွာသည်။

          “အိုက်ဒီး(လ) က ဤသို့မဟုတ်။ ပို၍ လေးနက်သည်။ ကြည်ညိုအားကျခြင်းနှင့် ဆိုင်သည်။ ဆယ်ကျော်သက် အရွယ် တွင် မိဘများဖြစ်တတ်ပြီး အရွယ်ရလာသည်နှင့်အမျှ အမျိုးသား ခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ဘာသာရေး ခေါင်းဆောင်များ စသည်ဖြင့် အပြန့်ကျယ်သွားနိုင်သည်။ သူတို့ဆီမှ တစ်ခုခု အတုယူစရာ ရှိလိမ့်မည်ဟု ယူဆရသော မိမိ၏လောက အမြင်ကို မြင့်မားတက်ကြွစေသော “ဟီးရိုး”သဘောဖြစ်သည်။ စိတ်ပညာရှင်များအလိုအရ “ကိုယ်ပိုင်အမှတ်အသား သရုပ်ပါသော အချက်ပြမီးတိုင်' Personalized Beacon of Change ဟု ဆိုပါသည်။ ယနေ့လူငယ်များတွင်မူ “အိုက်ဒီး(လ)'မရှိသလို ဖြစ်နေရာ အဆိုပါ “အချက်ပြမီးတိုင်” ပျောက်နေတော့သည်။

          အဆိုပါအပြောင်းအလဲအတွက် လူငယ်တွေကို အပြစ်တင် မည်ဆိုလျှင် မတရားပါ။ ပို၍တာဝန်ရှိသည်မှာ လူကြီးများကိုယ် တိုင်ဖြစ်ဖို့များသည်ဟု စောဒကတက်ကြသည်။

          “အိုင်ဒီအိုလိုဂျီ” နှင့် “အိုင်ဒီယာ”“မစ်ရှင်ပျောက်'ဆိုသော ဒုတိယဝေဖန်ချက်နှင့် ပတ်သက် သော တုံ့ပြန်ဆွေးနွေးချက်များမှာလည်း စိတ်ဝင်စားစရာကောင်း သည်။ စင်စစ် လူငယ်များ၏ နိုင်ငံရေးနှင့်ဝေးလာသော တိမ်း ညွတ်မှု’ Apolitic Trend ကိုကြည့်ပြီး မစ်ရှင်ပျောက်ဆုံးပြီဟု သဘောထားကြဟန်ရှိသည်။ ၂၀၀၀ ပြည့်နှစ်က ထုတ်ပြန်ခဲ့သော ဂျာမနီအခြေစိုက် “ရဲလ်” သုတေသနစင်တာ၏ အစီရင်ခံစာတစ်ခု တွင် “လူငယ်များ၏ နိုင်ငံရေးစိတ်ဝင်စားမှုမှာ သိသိသာသာ ကျ လာသည်” ဟု အကဲဖြတ်ထားသည်။ ဤသည်မှာ တွေ့ရှိချက် နှစ်ရပ်အပေါ် အခြေခံ၍ ကောက်ချက်ချသည်ဟု မှန်းဆရပါ သည်။ ရွေးကောက်ပွဲများတွင် လူငယ်မဲဆန္ဒရှင် အရေအတွက် နည်းလာခြင်းနှင့် နိုင်ငံရေးပါတီများတွင် လူငယ်ပါတီဝင်အချိုးကျ လာသော အချက်များဖြစ်သည်။

          စောဒကတက်သူများက လူငယ်များ နိုင်ငံရေးနှင့် ဝေးလာ သည်ကို မငြင်း။ သို့နှင့်တိုင် လူ့လောက ကောင်းစားရေးကို ရှေးရှုသော နိုင်ငံရေးဆိုသည်ကို စိတ်ပျက်သွားသည်မဟုတ်။ မယုံ ကြည်တော့သည်မဟုတ်။ လက်တွေ့ဆောင်ရွက်နေသော နိုင်ငံ ရေးသမားများနှင့် နိုင်ငံရေးအဖွဲ့ အစည်းများအပေါ် သံသယရှိ လာခြင်း ဖြစ်သည်။ လက်တွေ့လုပ်ကိုင်နေသော လုပ်ထုံးလုပ် နည်းများအပေါ် ဘဝင်မကျတော့ခြင်း ဖြစ်သည်။ သူတို့အမြင် အရ ယနေ့နိုင်ငံရေးမှာ လူတွေစု၊ စကားတွေများပြီး ပက်ကျိသွား သွားသလို ဖြစ်နေသည်။ အင်ဖော်မေးရှင်းခေတ်၏ ဒိုင်းနမစ်အပြောင်းအလဲများနှင့် ဘယ်လိုမှ စရွေးမကိုက်ဟု မြင်လာကြ သည်။ အမေရိကန်လူငယ်များက စီလီကွန်ချိုင့်ဝှမ်း၏ စပိကို ကက်ပတော်(လ) တောင်ကုန်းက အမီမလိုက်နိုင်ဟု ဝေဖန်ကြ သည်။ ဤအချက်များအရ Apolitic ဖြစ်ကောင်းဖြစ်မည်။ Anti Politic လုံးဝမဟုတ်ဟု ရပ်ခံတင်ပြကြသည်။ ။

          နိုင်ငံရေးဆိုသည်နှင့် အိုင်ဒီအိုလိုဂျီနှင့် တွဲစပ်ကြည့်ကြ သည်များလည်းရှိသည်။ အိုင်ဒီအိုလိုဂျီကြီးများ ပြိုကျနေသော ခေတ်တွင် လူဖြစ်ကြီးပြင်းရသူများအနေနှင့် မည်သည့် အိုင်ဒီအို လိုဂျီကိုမှ အရမ်းအကန်း မယုံတော့သည်မှာ အလွန်သဘာဝကျ ပါသည်။ နောက်ဆုံးလက်ကျန်ဟု ဆိုနိုင်သော လစ်ဘရယ် ဒီမို ကရေစီကိုပင် အကြွင်းမဲ့စိတ်ချလက်ချ ပုံအပ်နိုင်ကြသည်မဟုတ် ပါ။ “တန်ဖိုး” Value ကို ယုံကြည်သည့်တိုင် ငုပ်လျှိုးနေသော “အကျိုးစီးပွားများ' Interests ကို သံသယနှင့် စောင့်ကြည့်ချင် ကြသည်။ သို့နှင့်တိုင် ဘေးထိုင်ဘုပြော သက်သက်တော့လည်း မဟုတ်ပြန်၊ ပြိုကျနေသော “အိုင်ဒီအိုလိုနေရာတွင် “အိုင်ဒီယာ” များဖြင့် ကျားကန်ဖို့ အားသန်ကြဟန်ရှိသည်။ ။

          အဆိုပါအိုင်ဒီယာ၏ ရှေးရှုရာသည်ပင် သူတို့၏ “မစ်ရှင်” ဖြစ်တန်ရာသည်။ တစ်ခုတော့ရှိသည်။ ယခင်ကလို “ဆင်ခေါင်း ခွေးမချီနိုင်” မစ်ရှင်မျိုးမဟုတ်။ တစ်နိုင်တစ်ပိုင် မစ်ရှင်ဟု ဆိုနိုင် သည်။ “ကိုယ်ပိုင်မစ်ရှင်” Personal Mission ဟု ညွှန်းလေ့ရှိပါ သည်။ ဤမစ်ရှင်က “လောကကြီး ဘာဖြစ်နေလဲ”ကို အလေးမပေး။ “ငါ ဘာလုပ်ပေးနိုင်လဲ” ကို အဓိကထား စဉ်းစားသည်။ အကောင်အထည်မဲ့လောကကြီးကို အပြစ်မတင်။ မိမိ၏ အစွမ်း အစကို အထက်မြက်ဆုံးဖြစ်အောင် တည်ဆောက်သည်။ စင်စစ် မစ်ရှင်ပျောက်ဆုံးသွားခြင်း မဟုတ်ပါ။ မစ်ရှင်နှင့်ပတ်သက်သော သဘောထားများ မတူတော့ခြင်း ဖြစ်သည်။ ချဉ်းကပ်ပုံများပြောင်းသွားခြင်း ဖြစ်သည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)