Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ကျော်ရင်မြင့် - အောင်မြင်ရေးဖြတ်လမ်းနည်း

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out
Type

မိတ်ဆက်

ကျွန်တော် အသက်ခပ်ငယ်ငယ် စာရေးဆရာပေါက်စ တုန်းကပါ။

ကိုယ်လိုသူလို စာပေဝါသနာပါတဲ့သူတွေနဲ့ ပေါင်းမိ ပါတယ်။ အဲဒီအချိန်က စာရေးဆရာ ကဗျာဆရာတို့ စတိုင် အတိုင်း လွယ်အိတ်ကလေးတွေကိုယ်စီလွယ်ပြီး လက်ဖက် ရည်ဆိုင်ကို ကျောက်ချထိုင်ကြ၊ စာအကြောင်း ပေအကြောင်းလေပမ်းကြတာပေါ့။ ဟိုနေရာစုစု ဒီနေရာစုစုနဲ့ လုပ်နေတဲ့ သူတစ်စုကို ကဗျာဆရာကြီး ဆရာကြည်အောင်ကကြည့်ပြီး “မင်းတို့ကို မြင်ရတာ မြင်းအုပ်ကြီး ပြေးနေတာ ကြည့်သလိုပဲ တဲ့ ။ ဆရာကြည်အောင်က စကားကို ဒုံ (တည့်) 'မပြောဘဲ အလင်္ကာဆင်ပြီး ပြောတတ်တယ်။

ပြီးတော့ ဆရာက ဆက်ပြောတယ်။

“မင်းတို့ တွေးကြည့်ကြကွာ။ မြင်းတွေ အုပ်လိုက်ကြီး ပြေးနေကြတယ်။ ပြေးရင်းပြေးရင်း အချိန်နည်းနည်း ကြာတော့ မြင်းအုပ်ထဲက တစ်ကောင်စ နှစ်ကောင်စက မြင်း အုပ်ရဲ့ ရှေ့ကို ချွန်ထွက်လာတယ်။ ဒီလိုပဲ မင်းတို့လည်းအခုတော့ အတူတူ စုစု စုစုပေါ့။ နောက် ၅ နှစ်၊ ၁၀ နှစ် ကြာရင်တော့ ကြိုးစားတဲ့ကောင်က ရှေ့ချွန်ထွက်လာမှာပဲ”

ဆရာ့စကားက ရင်ထဲစွဲသွားတယ်။ တကယ်လည်း ဟုတ်တယ်။ ဒီအုပ်စုထဲက ကြိုးစားသူအချို့က နိုင်ငံကျော် စာရေးဆရာ၊ အယ်ဒီတာတွေ ဖြစ်လာတယ်။ အချို့ကတော့ သူလိုကိုယ်လိုပါပဲ။ )

စာဖတ်သူကော ကိုယ့်အနာဂတ်ကို တွေးကြည့်ဖူးပါ သလား။ နောက် ၅ နှစ်နေရင် ဘယ်အနေအထားလဲ။ နောက် ၁ဝ နှစ်နေရင် ဘယ်အနေအထားလဲ။ သေချာတာ တစ်ခုကတော့ ဒီနေ့ ကျွန်တော်တို့ချင်း တန်းတူရည်တူ အတူတူနေနေတဲ့သူထဲက အချို့ကတော့ ချွန်” ထွက်သွား မှာပဲ။ ကြိုးစားလှုပ်ရှားတဲ့သူက ဒီ အုပ်စုထဲက သူလိုကိုယ်လို တွေထက်တော့ သာတဲ့သူက သာသွားမှာပဲ။

နောက် ၅ နှစ် ၁ဝ နှစ်အကြာမှာ ကိုယ်က ဘယ်အနေ အထားမှာ ရှိမှာလဲ။ သူလိုကိုယ်လိုထဲမှာ ကျန်နေခဲ့မှာလား။ ချွန်ထွက် လာသူထဲမှာလား။ အခု ရပ်ပြီး စဉ်းစားကြည့်ရ အောင်။ စိတ်ကူးကြည့်ရအောင်။

အရင်က လည်ပင်းဖက်နေရတဲ့သူက နောက် ၅ နှစ် ကြာတဲ့အချိန်မှာ ကိုယ်က မော့ကြည့်ရတဲ့သူ ဖြစ်သွားရင် တယ်တော့ မနိပ်ဘူး။

ကျွန်တော်က ပိုက်ဆံကို ကိုးကွယ်သူ မဟုတ်ပါဘူး။ ဒါပေမဲ့ ပိုက်ဆံဆိုတာ ရှိရင်တော့ ကောင်းတယ်။ မွဲနေတာနဲ့ ယှဉ်ရင် ပိုက်ဆံရှိတာ ကောင်းတယ်လို့ လက်ခံထားပါ တယ်။ ပိုက်ဆံရဖို့အတွက် ဘနဖူး သိုက်တူးတဲ့သူတွေ၊

“ကိုယ့်ဂုဏ် ကိုယ့်သိက္ခာကို ရောင်းစားတဲ့သူတွေကို ကျွန်တော် ရွံပါတယ်။ ဒါပေမဲ့ နည်းမှန်လမ်းမှန် ကြိုးစားပြီး ပိုက်ဆံရှိလာသူတွေကိုတော့ လေးစားတယ်။ လူတိုင်းကို ရိုးသားကြိုးစားပြီး သူဌေးဖြစ်ကြစေချင်တယ်။

အချို့ကတော့ ပြောမယ်၊ လူ့ဘဝမှာ သူဌေး”ဆိုတာ အလကား။ လူမှုအကျိုးပြုတဲ့သူဖြစ်ဖို့ လိုတယ်လို့ ပြောမယ်။ ဒါလည်း မငြင်းလိုပါဘူး။ သူဌေးပဲလုပ်လုပ်၊ ပရဟိတ သမား ပဲ လုပ်လုပ်၊ နိုင်ငံ့ဝန်ထမ်း၊ နိုင်ငံရေးသမားပဲလုပ်လုပ် လုပ်ချင် တဲ့ အလုပ်ကို လုပ်ကြပါ။ အားပေးပါတယ်။ ဒါပေမဲ့ ဘာပဲ လုပ်လုပ် ထူးချွန်သူတော့ ဖြစ်စေချင်တယ်။ ဟို မရောက် ဒီမရောက်တော့ မဖြစ်ရင်ကောင်းတယ်။ ဇာတ်ထဲမှာ ဒို့ လူကလေးများ ဆိုသလေ.. လို့ ရှေ့က တိုင်ပေးရင် နောက် လူအုပ်ထဲကနေ ဝေလေလေ..”လို့ အော်ပေးရတဲ့ နောက် လိုက်ထဲကတော့ မဖြစ်စေချင်ဘူး။ ဘဝမှာ အဓိက ဇာတ်

ဆောင်ဖြစ်ရင် ပိုပြီး ထိထိရောက်ရောက် စွမ်းဆောင်နိုင် တယ်။

ဘယ်ကိစ္စမဆို နည်း ရှိရမယ်လို့ စာရေးသူ ယုံကြည် တယ်။ ဒါကြောင့် ခြေဖဝါး လက်ဖဝါးသာ အရင်းအနှီး ရှိ တဲ့ ဘဝမျိုးကနေ သူဌေးဖြစ်လာသူတွေကို သူတို့ ဘယ်လို သူဌေးဖြစ်လာကြသလဲဆိုတဲ့ သူတို့ရဲ့ နည်းကို ရှာဖွေကြည့် မိတယ်။ အောင်မြင်သူတွေ လျှောက်ခဲ့တဲ့လမ်းကို ကြည့်ပြီး သူတို့ရဲ့ နည်းကို စိတ်ဝင်တစား လေ့လာကြည့်မိတယ်။

ခေတ်ကြီးက “အမြန်ခေတ်၊ “ Short cut'ခေတ်။ Short cut ဆိုတာ “ဖြတ်လမ်းပါ။ သမားရိုးကျ လမ်းရိုးဟောင်းမဟုတ်ဘဲ အမြန်ရောက်အောင်သွားတဲ့ ‘လမ်း

ကြောင်း” ပဲ။ ပိုပြီးမြန် ပိုပြီးလွယ်ကူတဲ့ နည်းလမ်းပါပဲ။ ဒီလို Shortcut သိရင် ပိုမြန်တာပေါ့။ ဒါကြောင့် ကျွန်တော် တွေ့ဆုံရသူ အချို့ရဲ့ ဘဝထဲက အောင်မြင်နည်း သူဌေးဖြစ် နည်းတွေ လေ့လာပြီး Short cut ကို ရှာဖွေထုတ်နုတ်ပါ တယ်။

ကျွန်တော်တွေ့ဆုံဖူး၊ လေ့လာဖူးတဲ့ သူဌေးတွေရဲ့ သူဌေးဖြစ်သွားစေတဲ့နည်း ၊ သူတို့ဘဝကို အပြောင်းအလဲ ဖြစ်သွားစေတဲ့ အလုပ်၊ အတွေး၊ စိတ်နေစိတ်ထား၊ အောင် မြင်သူတွေရဲ့ ကြိုးပမ်းပုံနဲ့ ဘဝအချိုးအကွေ့တွေကို ဒီ စာအုပ်မှာ အဓိက ဖော်ပြထားပါတယ်။

လူတွေ တစ်ယောက်နဲ့ တစ်ယောက် ဖြတ်သန်းရတဲ့ ဘဝခရီး၊ မိသားစု ပတ်ဝန်းကျင်အနေအထားချင်း မတူကြ ဘူး။ ဒါကြောင့် ဒီစာအုပ်ထဲမှာ ဖော်ပြထားတဲ့ နည်း”ကို

ကော်ပီကူးလို့တော့ အဆင်ပြေချင်မှ ပြေမယ်။ သူ့အတွေ့ အကြုံ သူ ရင်ဆိုင်ဖြတ်သန်းပုံ၊ သူ့ဘဝအတွက် အလှည့် အပြောင်း ဖြစ်စေတဲ့အချက်ကို ရှာဖွေ လေ့လာပြီး ကိုယ့် ဘဝအတွက် အဖြေထုတ်ရမှာ ဖြစ်တယ်။ လူတစ်ယောက်အ တွက် ဒီစာအုပ်မှာ ဖော်ပြထားတဲ့ နည်းအားလုံး မလိုအပ်ပါ ဘူး။ ကိုယ်နဲ့ကိုက်ညီမယ့် နည်းတစ်နည်း တွေ့ပါလိမ့်မယ်။ ဒီနည်းနဲ့ ကိုယ့်ဉာဏ် ကိုယ့်ဆင်ခြင်မှုကိုယ့်အားထုတ်မှုနဲ့ ကိုယ်ရည်မှန်းထားတဲ့ ကိုယ့်ဘဝကို ထူထောင်ရမှာပါပဲ။

မသိသူ ကျော်သွား၊ သိသူဖော်စားတဲ့။ နည်းလမ်း တွေရှိတာ သိမယ်၊ ကိုယ်တိုင်ကလည်း လိုလိုချင်ချင် အောင် မြင်လိုတဲ့ စိတ်ဆန္ဒရှိရင်တော့ ဆေးနည်းတစ်ဖုံလို “ဖော်စား” ရမှာပါပဲ။

ကျန်းမာဖို့တွက် အနာရောဂါရှိရင် သက်သာပျောက် ကင်းဖို့ အတွက် ဆေးတွေ ဆေးနည်းတွေရှိတယ်။ “ခု

သောက်၊ ခုပျောက် ဆိုတဲ့ ဆေးနဲ့ နည်းတော့ မရှိသေးဘူး။ ဇွဲကောင်းကောင်းတော့ လိုပါတယ်။ ကြိုးစား အားထုတ်မှု တော့ ရှိရပါမယ်။

အခုအချိန်က စပြီး စဉ်းစားပါတော့။ နောက် ၅ နှစ် နေရင် လူကြီးမင်းက ဘယ်အနေအထားကို ရောက်မယ် ထင်သလဲ။ အဲဒီအတွက် ကိုယ်က ဘာတွေ ပြင်ဆင်ထားပြီး ပြီလဲ။

ကျော်ရင်မြင့်

 

Upgrade လုပ်ပါ

အောင်သမာဓိ ရွှေပညာအခမဲ့သင်တန်းသားတွေက သင်တန်း ဆရာတွေကို အမှတ်တရအဖြစ် ကန်တော့ပွဲ လုပ်တယ်။

ဒီကန်တော့ပွဲကိုတက်ရောက်တဲ့ သင်တန်းဆရာတွေနဲ့ သင်တန်း သား အားလုံးကို အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်က ကျပ် ၅,ဝဝဝ တန်တွေ လက်ဆောင်အဖြစ်ပေးတယ်။ ပြီးတော့ သင်တန်းဆရာတွေက အမှတ်တရ စကားပြောကြတယ်။

သင်တန်းဆရာတွေထဲမှာ ယူဒီ ဦးခင်မောင်ဝင်းလည်းပါတယ်။ သူက “ အသိအမြင် အတွေးအခေါ်တွေကို အမြဲတမ်း upgrade လုပ် နေရမယ်”လို့ ပြောတယ်။ ပြီးတော့ လက်တွေ့တစ်ခု ချက်ချင်း သူက လုပ်ပြတယ်။

အဲဒီအချိန်မှာ အောင်သမာဓိ ဦးအောင် ပေးထားတဲ့ ၅,၀၀၀ တန်တွေ လူတိုင်းမှာ ရှိတယ်။ သူ့အိတ်ထဲက ၅,၀၀၀ တန်ငွေစက္ကူကို ယူဒီ ဦးခင်မောင်ဝင်းက ထုတ်လိုက်တယ်။ “ဒီ ၅ဝဝဝ တန် ငွေစက္ကူကို ဘယ်လို upgrade လုပ်မှာလဲ ” မေးတယ်။ ပရိသတ် စဉ်းစားနေကြ တယ်။ အဖြေမထွက်ဘူး။ ယူဒီ ဦးခင်မောင်ဝင်း စကားပြောနေတဲ့ စင်မြင့်

ပေါ်က ဆင်းလာတယ်။ အောင်သမာဓိ ဦးအောင်ကို သူ့လက်ထဲက ငွေစက္ကူ ပေါ်မှာ လက်မှတ်ထိုးခိုင်းလိုက်တယ်။ ပြီးတော့ စကားပြောစင် ရှိရာ စင်မြင့်ပေါ် ပြန်တက်သွားတယ်။

“ဦးအောင် လက်မှတ်ထိုးထားထားတဲ့ ၅,ဝဝဝ တန် ဘယ်မှာမှ မရှိဘူး။ ဒီတစ်ရွက်ပဲ ရှိတယ်။ ဒီ ၅,ဝဝဝ တန်ကို လေလံပစ်မယ်။ ကြမ်းခင်းဈေး ၁၀,၀၀၀ ။ ဘယ်သူ ပေးမှာလဲ”

ပရိသတ်ထဲက လက်တွေထောင်ကြတယ်။

“၁၅,၀၀၀”

လက်တွေ ဆက်ထောင်ဆဲ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အတူတူ လက်မှတ်ထိုးထားတာ ဆိုတဲ့ ၅,ဝဝဝ တန် ငွေစက္ကူ တစ်ရွက်ရဲ့ ပုံ လူမှုကွန်ရက် စာမျက်နှာပေါ်တစ်ချိန်က တက်လာဖူးတယ်။ အဲဒီ ၅ဝဝဝ တန် ငွေစက္ကူကို ပြန်ရောင်းရင် ကြမ်းခင်းဈေး ၁ဝ သိန်းဆိုရင်တောင်မှ ပေးဝယ်ကြမှာပဲ။ ဒီ ဦးခင်မောင်ဝင်း က upgrade လုပ်ပုံကို လက် တွေ့ပြလိုက်တာ။

သူ စကားပြောပြီးလို့ စင်ပေါ်ကပြန်ဆင်းတော့ သူ့လက်ထဲက ၅,ဝဝဝ တန်ကို ပရိသတ်ထဲက သင်တန်း သားတစ်ဦးဦးကိုပေးဖို့ လက် ကမ်းတယ်။ လှမ်းယူတဲ့ လက်တွေ အများကြီး။ Upgrade လုပ်ပုံ လုပ်နည်းတစ်ခုကို ယူဒီဦးခင်မောင်ဝင်းက လက်တွေ့ပြလိုက်တာပါ။

ယူဒီဦးခင်မောင်ဝင်းကိုယ်တိုင်က သူ့ဘဝကိုသူ တန်ဖိုးရှိအောင် တစ်ဆင့်ပြီး တစ်ဆင့် upgrade လုပ်လာခဲ့တာ။

သူ ငယ်ရွယ်စဉ်မှာပဲ သူ့မိဘနှစ်ပါးက အိမ်ထောင်ပြိုကွဲသွား တယ်။ သူ့မိခင်က စစ်ကိုင်းမြို့နယ်ထဲက ထန်းတောရွာကို ပြန်သွား တယ်။ ကိုခင်မောင်ဝင်း မိခင်နဲ့အတူပါသွားတယ်။ သူ့အတန်းပညာက