Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ကျော်ရင်မြင့် - လင်မယားတွေအိမ်ထောင်ရေးအဆင်ပြေမယ့်နည်း

Regular price 1,700 MMK
Regular price Sale price 1,700 MMK
Sale Sold out
Type

လင်မယားတွေ အိမ်ထောင်ရေး အဆင်ပြေမယ့်နည်း


မောင်အေဝမ်းမှာ ဇနီးတစ်ယောက်ရှိတယ်ခင်ဗျ။ လူတွေဟာ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ဓာတ်ကြီး လေးပါးနဲ့ ဖွဲ့စည်းထားတယ်ဆိုပေမဲ့ မောင်အေဝမ်းရဲ့မယား ခင်အေဝမ်း ကတော့ ဖွဲ့စည်းပုံ နည်းနည်းလွဲနေပုံရတယ်။

မောင်အေဝမ်းအထင်ပြောရရင် ဝါယောဓာတ်နည်းနည်း လွန်ကဲ နေတယ်။

မောင်အေဝမ်းရဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။ မနက်လင်းတာနဲ့ သူတို့အိမ်မှာ ရေနွေးကရားအိုးနဲ့ သူ့မိန်းမ အပြိုင်ဆူ တာပဲတဲ့။

ခင်အေဝမ်းက အဲဒီလို မဟုတ်ဘူး။ မနက်လင်းတာနဲ့ ရေနွေးကရားအိုး မဆူခင်ကတည်းကခင်အေဝမ်းက ဆူနေတာ။ ပူညံပူညံနဲ့ သူမို့ ဝါယောများပလေ။ နားပူ နားဆာ ပြိုင်ပွဲသာ ရှိလို့ကတော့ ခင်အေဝမ်းက ကမ္ဘာ့အိုလံပစ်မှာ ရွှေ တံဆိပ်ရမှာ သေချာတယ်ခင်ဗျ။

မောင်အေဝမ်းကသာ နားပူနာဆာ လုပ်သလေးဘာလေး ပြော နေရတာ၊ မိန်းမတွေက “နားပူနားဆာ ဆိုတဲ့ ဝေါဟာရကို လက်မခံ ဘူးခင်ဗျ။ ဘဝခရီးလမ်းမှာ ယောက်ျားသားတွေ လုပ်ရမယ့်အလုပ်ကို လုပ်ကိုင်ဖို့အတွက် သတိပေး နှိုးဆော်နေတာတဲ့။ သေလိုက်။

အလုပ်ကို အချိန်မီ သွားနိုင်ဖို့၊ အိပ်ရာစောစောထ၊ ရေမိုးချိုးဖို့၊ အိမ်အလုပ်တွေကို မယ်တစ်ရွက် မောင်တစ်ထမ်း ကူညီလုပ်ကိုင်ဖို့၊ ကျွမ်းနေတဲ့ မီးလုံးလဲဖို့၊ မီးဖိုက္ခိုင်ပြတ်နေတာ အသစ်ပြန်တပ်ဖို့၊ ချွေး စော်နံနေတဲ့ စွပ်ကျယ်တွေ၊ အင်္ကျီတွေ၊ ပုဆိုးဟောင်းတွေကို အဝတ် ညစ်ခြင်းထဲ သတ်သတ်မှတ်မှတ်ထည့်ထားဖို့ ပစ္စည်းတွေ ဖရိုဖရဲ ပစ္စ လက်ခတ်ထားတာပြန်သိမ်းဖို့၊ သတိပေးနှိုးဆော်ချက်တွေက စုံသလား မမေးနဲ့။ လက်သည်းညှပ်ကိုညှပ်ပြီး သူ့နေရာသူ ပြန်ထားဖို့ဆိုတဲ့ အသေးအဖွဲကအစ ထောင့်စေ့ပေါ့။

အမယ်... အမယ်... နားပူ နားဆာလုပ်တယ်ဆိုတာ အပြု သဘော ဆောင်တယ်တဲ့ခင်ဗျ။

ယောက်ျားတွေကို ဘီယာတွေ၊ အရက်တွေ သိပ်မသောက်နဲ့ နော်၊ အဆီအအိမ့်တွေ သိပ်မစားနဲ့နော်။ ဗိုက်ကြီး ပူလာပြီ၊ ခါးကြီး တုတ်လာပြီ၊ လေ့ကျင့်ခန်း လုပ်ပါနော်လို့ ချော့ချော့မော့မော့ပြောရင် ကိုရွှေယောက်ျားတို့ နားထောင်မယ်များ ထင်သလား၊ ဝေးသေးတဲ့။

                  နားပူနားဆာ လုပ်တာက ပိုအလုပ်ဖြစ်တယ်လို့ မိန်းမက ပြောတယ်ဗျ။

ယောက်ျားတွေ ကျန်းမာအသက်ရှည်ဖို့ မတို့က စေတနာနဲ့ နားပူ နားဆာ လုပ်ရတာတဲ့။ သေလိုက်။

ဟုတ်တယ်ပဲ ထားလိုက်ပါဦး။ စေတနာနဲ့ နားပူနားဆာ လုပ် တယ်ပေါ့လေ။

| ကိုအေဝမ်းတို့ ယောက်ျားသားကြီးတွေက ပြန်ပြီး နားပူနားဆာ လုပ်မယ်ဆိုရင်တော့ လူတွေရဲ့အမြင်က တစ်မျိုးခင်ဗျ။ ယောက်ျားတွေ နားပူနားဆာ လုပ်ခွင့်မရှိဘူး။ ကိုအေဝမ်းရဲ့ သူငယ်ချင်း အမျိုးသား တစ်ယောက်ဟာ အင်မတန် နားပူနားဆာလုပ်တာ ဝါသနာပါတယ်။ အဲဒီလူကို လူတွေက မိန်းမကြီးနဲ့ တူတယ်လို့ တံဆိပ်တပ်ကြပြန်ရော၊ ခက်ဖူးလား။

ယောက်ျားဆိုတာ (အဟမ်း) အိမ်ထောင်ဦးစီး၊ အိမ်ဦးနတ်လို့ ဆိုသကိုး။ ယောက်ျားတွေဟာ ခေါင်းဆောင်တွေ၊ ယောက်ျားတွေဟာ အသိအမြင် ဉာဏ်ပညာ ကြီးမားကြတယ်။ အမျိုးသမီးတွေရဲ့ ဦးဆောင် လမ်းပြပုဂ္ဂိုလ်တွေ ဖြစ်တယ်။ အဲဒီလိုကဏ္ဍကြီးတွေကို မောင်အေဝမ်း တို့က အပိုင်စီးထားခဲ့မိကြပေသကိုး။ အဲဒီတော့လည်း အကြောင်းကိစ္စ ရှိတဲ့အခါ ပူညံပူညံမလုပ်ဘဲ အကျိုးသင့်၊ အကြောင်းသင့် ဝေဖန် ဆွေးနွေးရမှာတဲ့။ အဲဒီလို ဝေဖန်သုံးသပ်လမ်းညွှန်မှုပေးတာက မိန်းမ တွေကို သူတို့ ဂရုစိုက်ပုံပြတာပါတဲ့။

အဲ... မိန်းမတွေကလည်း ဘယ်မှာ အညံ့ခံမှာလဲ၊ ပူညံပူညံနဲ့ နားပူနားဆာ လုပ်တာက ယောက်ျားတွေကို ဂရုစိုက်မှု ပြတာတဲ့။

ဆိုပါဆို့....

ယောက်ျားတွေက စိုထိုင်းထိုင်း တဘက်ကို တန်းပေါ်မှာ ဖြန့် မလွှားဘဲ လုံးထွေးပြီး အိပ်ရာပေါ်ပစ်တင်ထားမိရင်၊ အမှိုက်ကို တွေ့ ကရာ ချောင်ထဲပစ်လိုက်မိရင် အဲဒီလို အဲဒီလိုကိစ္စမျိုး တစ်ခုခုလုပ်မိရင် မိန်းမက မျက်နှာလွှဲနေမှာ မဟုတ်ဘူး။ ပြောမှာ၊ ပြောကို ပြောဦးမှာ။ အဲဒါ ယောက်ျားကို ဂရုစိုက်တာတဲ့။ ။

အဲဒီလိုပြောချင်ဆိုချင်တဲ့ ဉာဉ်ကို ယောက်ျားတွေက မကြိုက်မှန်း မိန်းမတွေက သိတယ်။ ထပ်ခါထပ်ခါ ပြောပေးမှ ယောက်ျားတွေက ပြုပြင်မှာလို့ မိန်းမတွေက ယုံတယ်။ ဗျစ်တောက်ဗျစ်တောက်နဲ့ ဓာတ်ပြား ဟောင်းကြီးကို တစ်နေကုန် ဖွင့်နေမယ်။

သူတို့ပြောသမျှဆိုသမျှဟာ အဖြစ်မှန်ကို အခြေခံတာလို့ မိန်းမ တွေက ဆုပ်ကိုင်ထားတာ။ သူတို့ပြောသမျှဟာ စိတ်ပျက်ငြီးငွေ့စရာ ကောင်းတယ်လို့ သူတို့ကိုယ်တိုင် သိရင်တောင်မှ မနားတမ်း ဆက် ပြောဦးမှာတဲ့။ အမှန်ကိုပြောတာမို့ သူတို့တရားတယ်လို့ မိန်းမတွေက ခံယူထားတာ။ ခက်ဘူးလား။

အမယ်... သူတို့မိန်းမချင်းကျတော့ ပူညံပူညံလုပ်တာကို နားပူ နားဆာလို့ မမြင်ဘူးတဲ့ဗျ။ မိန်းမတွေ ရှုမြင်ကြပုံက ယောက်ျားတွေ

ဟာ ငပျင်းတွေ၊ အင်မတန်အရေထူပြီး အကြောမာလို့ ကိုင်ရတွယ်ရ ခက်တယ်၊ ပြောလို့လည်း မနာတဲ့ သတ္တဝါတွေလို့ မြင်တာ။ နားပူ နားဆာလုပ်တဲ့ မိန်းမရဲ့သူငယ်ချင်း အမျိုးသမီးက ပူညံပူညံလုပ်နေတဲ့ သူကို မြင်ရရင် သူ့ခမျာ ဝဋ်ခံနေရရှာတာဆိုပြီး အချင်းချင်း သနားကရုဏာ သက်ပါသတဲ့။

ခင်အေဝမ်းကို ပူညံပူညံ သိပ်မလုပ်ပါနဲ့ကွာ။ အိမ်နီးချင်းတွေ ကြားလို့လည်း မကောင်းပါဘူးလို့ မောင်အေဝမ်း မရဲတရဲ ပြောကြည့်တော့ ဘယ်လိုပြန်ပြောမယ်ထင်သလဲ။ သူများတွေကြားရင် ပိုကောင်း တာပေါ့။ ဒီအိမ်မှာ သခင် ဘယ်သူလဲဆိုတာ အားလုံးသိနိုင်တာပေါ့ တဲ့။ သေရော။

ကိစ္စတစ်ခုကို မပြီးနိုင်မစီးနိုင် ပူညံပူညံလုပ်ဖန်များလာတဲ့အခါ ယောက်ျားတွေစိတ်ထဲ ဘယ်လိုဖြစ်မယ်ထင်သလဲ။ စရည်းအိုးခွက် ကြီးစွာလျက်ပင် တစ်စက်ကျများ ပြည့်သောလားသို့ မကျေမချမ်း ဖြစ်ရမှုတွေဟာ တအံ့နွေးနွေးနဲ့ ရင်ထဲမှာ အကျိတ်အခဲကြီး ကြီးကြီး လာသဗျ။ တစ်ချိန်ချိန်မှာ ပေါက်ကွဲသွားနိုင်တယ် (သတ္တိရှိရင်ပေါ့လေ)။

ယောက်ျားတွေကို စစ်တမ်းကောက်ကြည့်တော့ သူတို့အမုန်း ဆုံးစာရင်းရဲ့ ထိပ်ဆုံးမှာ နားပူနားဆာ လုပ်ခြင်းဆိုတာပဲ ရှိသတဲ့။ မောင်အေဝမ်းနဲ့ သဘောထားချင်းတိုက်ဆိုင်လိုက်လေ။ အမေရိကန်ပြည်ထောင်စုမှာ ကိုယ့်မယားကိုယ် ပြန်သတ်မှုတွေ

တစ်နှစ် ဖြစ်ပွားခဲ့တာမှ ၂၀၀၀ ကျော်ဟာ မိန်းမ

က နားပူနားဆာလုပ်တာက သတ်ပစ်ချင် လောက်အောင် တွန်းအားပေးသလို ဖြစ် ကို သွားရတာတဲ့ ခင်ဗျ။

မောင်အေဝမ်းနဲ့ သဘောချင်း တိုက်ဆိုင် လိုက်လေ။

ဟောင်ကောင်မှာ ကိုယ့်မယား ခေါင်းကို တူနဲ့ထထုသတ်တဲ့အမှု ဖြစ်တယ်။ ပူညံပူညံလုပ်တတ်တဲ့ သူ့မိန်းမရဲ့ ခေါင်းထဲက ဦးနှောက်ကို ဖျက်ဆီးပစ်ဖို့အတွက် ခေါင်းကို တူနဲ့ထုသတ်လိုက်တာလို့ တရားခွင် မှာ ယောက်ျားက အစစ်ခံတယ်တဲ့။ တရားသူကြီးကလည်း မိန်းမက နားပူနားဆာလုပ်လို့ တူနဲ့ ထထုမိတယ်ဆိုတာကို လက်ခံပြီး ပြစ်ဒဏ် ကို လျှော့လျှော့ပေါ့ပေါ့ ချပေးသတဲ့။ မောင်အေဝမ်းနဲ့ သဘောချင်း တိုက်ဆိုင်လိုက်လေ။

အစကပြောခဲ့မိပါရောလား၊ မောင်အေဝမ်းရဲ့မိန်းမလည်း ဝါယော နည်းနည်းလွန်ကဲနေတယ်လို့။

သူ နားပူနားဆာလုပ်တာတွေကို ကြာလာတော့ မောင်အေဝမ်း သည်းမခံနိုင်တော့ဘူး။ ခင်အေဝမ်း နားပူနားဆာ လုပ်ဖန်များလာတဲ့ အခါ မောင်အေဝမ်း (မှန်ရာဝန်ခံပါ့မယ်) ထုပစ်လိုက်မိပါရောလား။

ဟောင်ကောင်က လူလို မိန်းမ ခေါင်းကို တူနဲ့ထုပစ်လိုက်တာတော့ မဟုတ်ဘူး။ မိန်းမ မမြင်ကွယ်ရာကို ထွက်သွားပြီး ကိုယ့်ပေါင်ကိုကိုယ် လက်သီးဆုပ်နဲ့ ထုပစ်လိုက်တာ။

အမယ်လေး.. နာလိုက်တာ။