ကျော်ရင်မြင့် - ငပျင်းတွေအတွက်အောင်မြင်ရေးနည်းလမ်းများ
ကျေးဇူးရှင် လူပျင်းများ
ကိုယ့်ကို “လူပျင်းလို့ အပြောခံရရင်တော့ အောင့်တယ်။ မကြိုက်ချင်ဘူး။
ဒါပေမဲ့ အမှန်အတိုင်း ဝန်ခံကြေးဆိုရင်တော့ လူတိုင်း အနည်းနဲ့ အများ ပျင်းတတ်ပါတယ်။ ပျင်းတတ်တာ ရှက်စရာမဟုတ်ပါဘူး။
လောကမှာ လူပျင်းတွေပျင်းတတ်လို့ လူ့အကျိုးပြုအလုပ်တွေ အများကြီး ပြီးစီးတာ။
ရီမုတ်ကွန်ထရိုး ( Remote Control) ဆိုပါတော့ ၊ တီဗီကို ထိုင်ရာကထပြီး ခလုတ်မနှိပ်ချင်ဘူး။ ထိုင်ရာမထ လိုင်းတွေ ပြောင်း ကြည့်ချင်တယ်၊ အသံအတိုးအလျှော့တွေ လုပ်ချင်တယ်။ စိတ်မထင်ရင် ပိတ်ချင်ပိတ်မယ်။ ပိတ်ပြီးမှ ပြန်ဖွင့်ချင်ဖွင့်ဦးမယ်။ စိတ်ထင်တိုင်း ထထ လုပ်ရရင် အပင်ပန်းသား။ ပြီးတော့ ပျင်းစရာကြီး။ ရီမုတ်ကွန်ထရိုး ဆိုတာ တီထွင်လိုက်တယ်။ လူတိုင်းကြိုက်တာပေါ့။ ရီမုတ်ကွန်ထရိုးက တီဗီအတွက်တွင်မကဘူး။ အဲယားကွန်းလည်း အတိုးအလျှော့ အဖွင့် အပိတ်အားလုံး လုပ်နိုင်တယ်။ ထိုင်ရာကထပြီး ခလုတ်တွေ နှိပ်ဖို့မလို ဘူး။ ခုတော့ဖြင့် ကားတံခါးအဖွင့်အပိတ်လည်း ဒီရီမုတ်ကွန်ထရိုး၊ ဝင်းတံခါးကြီး ပိတ်တာဖွင့်တာတောင်မှ ကားပေါ်ကဆင်းစရာမလိုဘဲရီမုတ်ကွန်ထရိုး တစ်ချက်နှိပ်ရုံနဲ့ အဆင်ပြေတယ်။ ထိုင်ရာကထပြီး ခလုတ်တွေနှိပ်ရရင် လမ်းလျှောက်ရသလိုတောင်ဖြစ်သေးဆိုပြီး ထထ လုပ်နေရင် ဒီလို အဆင်ပြေတာ ဘယ်မှာ တီထွင်ဖြစ်မှာလဲ။ ထိုင်ရာမထ ပြီးချင်တဲ့ ကျေးဇူးရှင်ကြောင့် ကမ္ဘာလောကကြီး ဘယ်လောက်အဆင်ပြေ သွားသလဲ။
ဒီလိုပါပဲ။ ထမင်းချက်တဲ့အခါ အခြေအနေ စောင့်ကြည့်စရာ မလိုအောင် ထမင်းပေါင်းအိုးကို ဖန်တီးထားတယ်။ ရေထည့်၊ ဆန်ထည့် ခလုတ်နှိပ်ထား။ ထမင်းကျက်ရင် ‘ဒေါက်ခနဲခလုတ်တက်။ ဘယ်
လောက် အဆင်ပြေလိုက်ပါသလဲ။ ဒါမျိုးတွေ အများကြီးရှိတယ်။ ပျင်းတဲ့ လူတွေက “လိုရင်ကြံဆ နည်းလမ်းရ ́ ဆိုတဲ့စကားကို လက်ခံယုံကြည် တယ်။ ဒါကြောင့် တီထွင်ကြတယ်။ ShortCut တွေ ဖန်တီးပေးကြ တယ်။ ဘယ်လောက် အဆင်ပြေလိုက်သလဲ။
ပျင်းတတ်တာ ရှက်စရာမဟုတ်ဘူး။ အရေးကြီးတာက အပျင်းကြီး ပြီး ကိုယ့်ကိုယ်ကိုယ် သံချေး တက်ခံမနေဖို့ပါ။ ဘဝမှာအောင်မြင်ဖို့ ပျော်ရွှင်ဖို့ နည်းလမ်းတွေရှိတယ်။ ဒီနည်းလမ်းတွေဟာ ရှာဖွေလေလေ တွေ့ရှိလေလေပါ။ ကျင့်သုံးမယ်ဆိုရင် ဘယ်သူမဆို အောင်မြင်ပျော်ရွှင် နိုင်ကြပါတယ်။
အနက်ရောင် ပူဖောင်း
ပွဲဈေးတန်းတစ်ခုမှာပါ။
ဈေးသည်တွေလည်းအများကြီးပေါ့။ ကောက်ညှင်းကျည်တောက် သည်လည်း ရှိမယ်၊ မလိုင်၊ ကရေကရာသည်၊ မုန့်လင်မယားသည်။ ပေါက်စီသည်၊ မုန့်သည်ပေါင်းစုံလည်း ရှိပါမယ်။ ဝက်သားတုတ်ထိုး သည်၊ ကလေးကစားစရာ အရုပ်သည်တွေလည်းရှိနိုင်တယ်။ ပူဖောင်း သည်၊ အထည်သည်ကအစ ဈေးသည်အစုံ ပွဲဈေးတန်းမှာ ရှိနိုင်ပါတယ်။ မိုးပျံပူဖောင်းသည်လာပြီး ရောင်းတဲ့ပွဲဈေးတန်းမှာ သတိထားကြည့်မိရင် မိုးပျံပူဖောင်းလေးတွေ ကောင်းကင်ကိုတလူလူနဲ့ ပျံတက်သွားတာကို တွေ့မြင်ဖူးကြတယ်။ တစ်ခါတလေ မိုးပျံပူဖောင်းနီနီလေး ကောင်းကင်မှာ လွင့်ပျံတက်လို့။ တစ်ခါတစ်ရံ မိုးပျံပူဖောင်းပြာပြာလေး လေထဲမှာ လွင့် မျောလို့။ . ကောင်းကင်ထက်မှာ လွင့်ပျံတက်ပြီး လေနှင်ရာပါသွားတဲ့ မိုးပျံ ပူဖောင်းလေးတွေကို မြင်မိတဲ့အခါ ပူဖောင်းဝယ်ထားတဲ့ ကလေးတစ်
ယောက်ယောက်ရဲ့ လက်က ကြိုးစလွတ်ထွက်လို့ မိုးပျံပူဖောင်းက မိုးပေါ် ပျံတက်သွားတာလို့ ထင်မိတယ်။ အခါခပ်သိမ်းတော့လည်း အဲဒီလိုဖြစ်တာမဟုတ်ဘူး။ မိုးပျံပူဖောင်း ရောင်းတဲ့သူက သူရောင်းမယ့် ပူဖောင်း လေးတွေကို တမင်ကြိုးဖြုတ်ပြီး လွှတ်လိုက်တာတဲ့။ ဘာကြောင့် ဒီလို လုပ်တာလဲ။ မိုးပျံပူဖောင်းကိုလေထဲလွှတ်ပစ်လိုက်တော့ အလဟဿ မဆုံးရှုံးပေဘူးလားလို့ တွေးမိမှာပဲ။
ပွဲဈေးတန်းမှာ ဟိုဒီမောသွားလာနေတဲ့ ကလေးသူငယ်တွေက ကောင်းကင်ပြင်ကျယ်ကျယ်မှာ လွင့်ပျံလာတဲ့ မိုးပျံပူဖောင်း နီနီပြာပြာ စိမ်းစိမ်းလေးတွေကို မြင်တတ်တယ်တဲ့။ ဒီလိုမြင်တဲ့အခါ မိုးပျံပူဖောင်းကို စိတ်ဝင်စားသွားတယ်။ ဝယ်ချင်လာတယ်။ လူကြီးမိဘကို မိုးပျံပူဖောင်း ဝယ်ပေးဖို့ ပူဆာတယ်တဲ့။ ဒါကြောင့် မိုးပျံပူဖောင်းသည်တွေဟာ ပူပေါင်း အရောင်းနှေးသွားရင် သူရောင်းမယ့် မိုးပျံပူဖောင်းတွေထဲက တစ်လုံးကို ကြိုး ဖြတ်ပြီး ကောင်းကင်ကို လွှတ်တင်တာတဲ့။ အရောင်းသွက်ဗျူဟာ ပေါ့ ။
ပွဲဈေးတန်းတစ်ခုမှာ မိုးပျံပူဖောင်းသည် တစ်ယောက်က သူတို့ အရောင်းနည်းဗျူဟာအတိုင်း ပူဖောင်းအရောင်းနှေးတဲ့အခါ မိုးပျံပူဖောင်း လေးတွေကို ကြိုးဖြတ်ဖြတ်ပြီး လွှတ်လွှတ်တင်သတဲ့။ တစ်ခါတစ်ရံ နီနီလေး၊ တစ်ခါတစ်ရံ ဝါဝါလေး၊ တစ်ခါတစ်ရံ ပြာပြာလေး၊ တစ်ခါ တစ်ရံတော့ ပူဖောင်းစိမ်းစိမ်းလေး။
ဒီလိုနဲ့ မိုးပျံပူဖောင်းသည် လက်မလည်အောင် ပူဖောင်းရောင်းနေ ရတယ်။ တစ်ညနေခင်းမှာတော့ ပူဖောင်းသည်ရဲ့ ပုဆိုးစကို တစ်စုံတစ်ယောက်က ဆွဲလိုက်တယ်တဲ့။ ပူဖောင်းသည်လည်း သူ့ပုဆိုးစ တင်းခနဲ ဖြစ်သွားတော့ ငုံ့ကြည့်မိတာပေါ့။ ကလေးတစ်ယောက် သူ့ကိုမော့ကြည့် နေတယ်။ ပူဖောင်းသည်ကလည်း ကလေးကို ပူဖောင်းဝယ်ချင်တယ် ထင်ရဲ့ဆိုတဲ့ မျှော်လင့်ချက်နဲ့ မျက်စပစ်လိုက်ပြီး “ဘာလဲကွ ချာတိတ်” ဆိုပြီး ခပ်ရွှင်ရွှင်မေးတာပေါ့။
ချာတိတ်လေးက မိုးပျံပူဖောင်းသည်ကို ပြန်ပြုံးပြပြီး “ဦးကိုတစ်ခု မေးချင်တယ်” လို့ပြောတယ်။ ပူဖောင်းသည်ကလည်း ခပ်သွက်သွက်ပါ။ “မေးစေဗျား။ မေးပါ၊ မေးပါဆိုပြီး ပြန်ပြောတယ်။ ကောင်းကင်ထက်မှာ တလူလူလွင့်ပျံတက်နေတဲ့ မိုးပျံပူဖောင်းနီနီလေးကို ကလေးက လက်ညှိုး ညွှန်ပြပြီး “ဟိုမှာ.. ပူပေါင်းနီနီလေး မိုးပေါ်ကို ပျံတက်သွားတယ်နော်” တဲ့။ မိုးပျံပူဖောင်းသည်က `အေးပေါ့ ဆိုပြီး ပြန်ဖြေတယ်။ ကလေးက ဆက်ပြီး “ပူဖောင်းပြာပြာလေးလည်း မိုးပေါ်ပျံတက်တယ်နော်လို့ ဆက် ပြောတယ်။ ပူဖောင်းသည်က ခပ်ပြုံးပြုံးပဲ “အင်း”လို့ပြောတယ်။ ကလေး က ဆက်မေးတယ်။ “
ပူဖောင်း အဝါရောင်လည်း တက်တယ်နော်”တဲ့။ ပူဖောင်းသည်က 'နီနီ၊ ပြာပြာ၊ ဝါဝါ မိုးပေါ်ပျံတက်ကြတာပဲ။ အဲဒီတော့ သားက ဘာသိချင်တာလဲ”လို့ ပြန်မေးတယ်။ ကလေးလေးက ခပ်သွက် သွက်ပဲ “အနက်ရောင်ပူဖောင်းကော မိုးပေါ်ပျံတက်နိုင်သလား” ဆိုပြီး မေးလိုက်တယ်။
မိုးပျံပူဖောင်းသည်က ပထမတော့ ရယ်လိုက်ဦးမယ်လို့ပဲ။ ဒါပေမဲ့ မရယ်ဘူး။ ပူဖောင်းသည်ရဲ့ မျက်နှာက တည်ကြည်သွားတယ်။ ကလေး လေးသိချင်တဲ့အဖြေကို လေးလေးနက်နက် ပြန်ဖြေပေးတယ်။
“သားရေ ပူဖောင်းရဲ့ အရောင်က နီချင်နီမယ်၊ ပြာချင်ပြောမယ်။ အနက်ရောင်ဖြစ်ချင်လည်း ဖြစ်မယ်။ မိုးပေါ်ကို ပျံတက်ဖို့အတွက် ပူဖောင်းရဲ့ အရောင်က အရေးမကြီးဘူး။ ပူဖောင်းထဲမှာ မိုးပေါ်ပျံတက် မယ့်စွမ်းအား ၊ မိုးပေါ်ပျံတက်စေမယ့်အရာ ရှိဖို့သာလိုတယ်”တဲ့။
ဒီအဖြစ်အပျက်လေးမှာ တွေးစရာတွေ အများကြီးရှိတယ်။ အောင် မြင်သူတွေ အောင်မြင်မှုရခြင်းရဲ့ အဓိကအကျဆုံးအချက်က သူတို့ကိုယ် အတွင်းမှာ အောင်မြင်ချင်တဲ့ စိတ်ဓာတ် ရှိနေလို့ပါပဲ။ အောင်စိတ်မရှိဘဲ မအောင်မြင်နိုင်ဘူး။ အောင်မြင်မှုကို လိုလားတဲ့သူဟာ ရှေးဦးပထမအောင်စိတ် ရှိကိုရှိရပါမယ်။
“မိုးပေါ်ကို ပျံတက်ဖို့အတွက် ပူဖောင်းရဲ့ အရောင်က အရေးမကြီး ဘူး။ပူဖောင်းထဲမှာ မိုးပေါ်ပျံတက်မယ့်စွမ်းအား၊ မိုးပေါ်ပျံတက်စေမယ့် အရာ ရှိဖို့သာလိုတယ်ဆိုတဲ့ ပူဖောင်းသည် ပြောတဲ့စကားက အမှန်ပါပဲ။