ကျော်မြသန်း - ဧကရီဖြစ်ပြီးမှ
အခန်း (တစ်)
ဒီကောင်မလေး ငယ်ငယ်က မည်းမည်းသည်းသည်း ချေး တွဲလောင်းနဲ့ ရွံစရာ ကလေး၊ ကြီးလာတော့လဲသိပ်လှ”
“ဒေါင်းမျိုးလေးပေါ့”
သည်လိုဆိုကြသည်။ ဒေါင်းဟူသည် မွေးကင်းစမှအတောင်အလက်မစုံမီအထိုလှည့်ရအလွန်ဆိုးသည်။ ရွံစရာကလေး။ အတောင်အလက်ပြီဆိုသောအခါ အလွန်လှ။ ကျက်သရေ အပေါင်းညောင်း ပြည့်စုံပါဘိ။ငယ်ငယ်က နှပ်ချေးတွဲလောင်းနှင့် ရွံစရာကောင်မလေး များသည်လည်း ဆယ်ကျော်သက် ဖွံ့ဖြိုးစအရွယ် ကောက်ကြောင်း ပျပျထချိန်မှ ရှိုက်ဖိုကြီးငယ်အင်္ဂါရပ် အသွယ်သွယ် လင်းလက်လာချိန်တွင်မူ ကြွလာသည် ။ လှလာသည်။ - ဖောင်းဖောင်းအိအိတစ်တစ်ရစ်ရစ်ချိုင့်ချိုင့်ဝန်းဝန်း ကားထားစွင့်စွင့် ကောက်ကြောင်း ဝင်လာပြီဆိုသောအခါ နှပ်ချေးတွဲလောင်းနှင့် ရွံ စရာကလေးဆိုသည်ကို ဘယ်သို့လျှင် ပြန်လည်အမှတ်ရကြမှာပါ။
လှနေသည်ကိုသာ မြင်ကြသည်။
ကြွနေသည်ကိုသာ မက်ကြသည်။
ဆယ်ကျော်သက် မိန်းကလေး မှန်သမျှ မလှသည်ကို လှအောင်၊ မကြွသည်ကို ကြွအောင်၊ မလှုပ်သည်ကို လှုပ်အောင်၊ မခါထည်ကို ခါအောင် ဖန်တီးတတ်ပါပေ့။ ပြုပြင် နိုင်စွမ်း ရှိကြပါပေ့။
ဖန်တီးပြုပြင်သမျှလည်း ဖြစ်ရလေသည်သာ။ မျက်ခုံးမွေးကျိုးတိုးကျဲတဲ ဟိုတစ်ပင် သည်တစ်ပင် ပေါက် နေသလား။ မပူးလေနှင့်။ သုံးရက်စပဲလိုချင် သလား၊ ငါ ရက်စပဲ လိုချင်သလား၊ လပြည့်ဝန်းပဲလိုချင် သလား၊ သိပ်ရင်း ထူ၍ကလေးပဲ လိုချင်သလား ဖြစ်စေရ မည် ။
မျက်တောင်က စင်းစင်းကလေး ငိုက်နေသမို့ ကြည့်လို့ မကောင်းလို့များ ရွှေစိတ်တော် မည်းပါလေနှင့်။မီးခြစ်ဆံသာမက ဖယောင်းတိုင်ပါ တင်၍ရသော ရှည် လျားကော့ပျံနေသည့် မျက်တောင်ကို လိုချင်ပါပြီတဲ့။
အသာကလေး ကေက်တပ်လိုက်ရုံသာ။ သို့သော် အလေ့ အကျင့်မရှိရင်တော့ ခဏခဏ မျက်တောင်ခတ်ရသပေါ့။
မျက်ခွံ မို့မို့ ကလေးလည်း ပေါ်ချင်သည်။ မျက်အိမ် ကလေးလည်း ကြွတက်လာစေချင်သည်ဆိုကြပါစို့ ။ အပေါ်က လိုရာအရောင်ရှိတ်ပေးလိုက်၊ အောက်က ကာချယ် ပါးပါးကလေး ခံပေးလိုက်။
မို့လာမည်။
ကြွလာမည်။
နှာခေါင်းရင်းကလေး ပြားနေသလား။ဒါလဲမပူနှင့်။ လှည်းဘီးမျက်မှန်ကလေး: ဖြည့်ပေးလိုက်ရုံာ။သွယ်လျသော နှာခေါင်းကလေးပေါ်လာမည်။
မိန်းကလေးများ၏ မျက်နှာအလှတွင် အရေးပါဆုံးက နှုတ်ခမ်းလေးနှစ်လွှာ။
ရှည်မျောမျောလေး ဖြစ်နေပြီး ။
ထူနေပြီဆိုမှဖြင့် ပုံဖော်လို့ မကောင်း။ ပုံပန်းကျကျ ချစ်စရာကောင်းသော နှုတ်ခမ်း နှစ်လွှာ ပေါ်စေချင်ပြီတဲ့။
အမေမွေးကတည်းက သည်အတိုင်းပဲဟာ ဘယ်ပြင်ချင်လို့ ရပါ့မလဲဟု မဆိုလေ့နှင့်။
အရောင်ဖျော့ဖျော့ နှုတ်ခမ်းဆိုးဆေးရွေးပြီး ပါးပါး ကလေး လိုသလို ပုံဖော်လိုက်ပါ။
ဘယ်သူပြိုင်၍ လှပါတော့နိုင် ဖြစ်သွားရစေပါမည်။
၁ + ကျော်မြသန်း
၃၄+၃၂+၃၄ ကိုယ်လုံးကလေးမျိုးလိုချင်လည်း ရပါသည်။
ခုပေး၊
ခံပေး
ဖြည့်ပေး
ပြင်တတ်ရင် ၃၂+၂၈ + ၃၂ ထိအောင်ဖြစ်နိုင်ပါသည်။ သို့မို့ကြောင့်လည်း မြင်မြင်သမျှ တွေ့တွေ့သမျှ ကောင်မလေးများ အလွန့်အလွန် လှကြပါလေသတည်း ဖြစ်ကုန်ကြ သည်။ .
ငယ်ငယ်က နှပ်ချေးတွဲလောင်းနှင့် ဘုတ်ဆုံ။
ခုတော့ အလွန်လှ။
သူ့နာမည်က ယဉ်နွဲ့ခိုင် ။
မည်းမည်းသည်းသည်း နှပ်ချေးတွဲလောင်း ဘုတ်ဆုံမ၊ လှလာသော ကြွလာသောအခါ နာမည်ကလည်း လှပါလေမှ။
“ယဉ်နွှဲခိုင်”
အခန်း (နှစ်) ဦးသက်ခိုင် ဒေါ်ကြည်ကြည်တို့မှာ ယဉ်နွဲ့ခိုင်၏ မိဘများ ဖြစ်၍ ဦးသက်ခိုင်မှာ တစ်ခေတ်တစ်ချိန်က လျှမ်းလျှမ်းတောက် လူ့ အလွှာထဲ ဝင်ဆန့်ခဲ့သူဖြစ်၏။
ပါလီမန်အတွင်းဝန် ဦးသက်ခိုင်။
သွင်းကုန်ထုတ်ကုန် ကုမ္ပဏီပိုင်ရှင် ဒေါ်ကြည်ကြည်။
ပြည်တော်သာ စီမံကိန်းကြီးကို အကောင်အထည် ဖော်ပြရာတွင် ထိပ်ဆုံးခေါင်းဆောင်ပိုင်းမှ ပါဝင်နေရသူများ ဖြစ်သည့်အတိုင်းပြည်တော်သာစီမံကိ၏ အနှစ်သာရ ကြွေးကြော်သံဖြစ်သော တိုက်တစ်လုံး၊ ကားတစ်စီး ဝင်ငွေရှစ်ရာကို စံနမူနာပြ ခံစားနေသူများထဲတွင် ပါဝင်သူများလည်း ဖြစ်၏။
ဦးသက်ခိုင်နှင့် ဒေါ်ကြည်ကြည်တို့မှာ ငယ်ပေါင်း လင် မယား မဟုတ်။ ဦးသက်ခိုင် ထိပ်ပိုင်းရောက်လာသောအခါ ရိုးရိုး တောသူမကြီးနှင့် အလုပ်မဖြစ်ကြတော့ ပါလီမန် အတွင်းဝန် ဆိုတာက ဒုဘိယတန်း ခေါင်းဆောင်ကြီး။
ဟို ဧည့်ခံပွဲတက်ရ၊ သည်ဧည့်ခံပွဲတက်ရ၊ အိမ်မှာလည်း ဧည့်သည် အဝင်အထွက်မပြက် ။ လာကြသ:ဧည့်သည်များမှာ ဂရိတ်တွေ၊ ပဂေးတွေ၊ ဝိတ်ဒိတ်ကြဲတွေ။
မယားကြီးဖြစ်သူမှာ ဦးသက်ခိုင် ပါလီးမန် အတွင်းဝန် မဖြစ်ခင် ပဝေသဏီ ကူးတို့သမား မဲလုံးဘဝက အိမ်ထောင်ပြုခဲ့သော တောသူ ရိုးရိုး အအကြီး။
ဇွန်း ခက်ရင်း မကိုင်တတ်။ အထက်တန်းလွှာကပုဂ္ဂိုလ်များ နှင့် ဘယ်သူဘယ်ပုံ ဆက်ဆံရမည်ကိုမကျွမ်းကျင် ဧည့်ခံပွဲဘက် လို့မှ မပြင်ဘတ်၊ မဆင်တတ်။ လူချင်းတွေ့လျှင် အထက်တန်းလွှာတို့၏ မဖြစ်မနေပြုံးရသော မလိုင်ပြုံးကလေးကိုမှ မပြုံးတတ် သံတမန်အပြုံးဆိုတာတော့ ဝေလာဝေး။
ဒေါ်အေးမြနှင့် ဦးသက်ခိုင် တွဲ၍မဖြစ်ကြi တောမှာပွင့်သည့်ပန်း ဘောမှာပဲလန်းဆန်းစေရန် တယ်ကြီးကုန်းရွာသို့ ပြန်ပို့ထားလိုက်ပြီး ဒေါ်ကြည်ကြည်ကို နေရာစား ဝင်ထားပေးလိုက်ရသလို၊
သမီးယဉ်နွှဲခိုင် ငယ်ငယ်က ဘုတ်ဆုံမဟု နာမည်တွင်ခဲ့သလို ဦးသက်ခိုင်က ငယ်နာမည်မှာ “မဲလုံး”ဟု တွင်ခဲ့လေသတည်း။
ပါလီမန်အတွင်းဝန် ဦးသက်ခိုင်၏အဖေ ယဉ်နွှဲခိုင်၏အဖိုး အမည်မှာ ဦးတောကျော် ။
ဦးသက်ခိုင်ကို ချောက်လတ်ဘက် ထူပြောသော မြဒ်ဝကျွန်းပေါ် ရွာတစ်ရွာတွင် မွေ့ဖွားခဲ့၏။
ရွာနာမည်ကို တက်ကြီးကုန်းလို့ ဆိုကြပါစို့။
ဘယ်ကြီးကုန်းရွာမှာ ချောင်းလက်တက် ဝိုင်းနေသောကျွန်းပါ်မြေတွင် တည်ထားသော ရွာကလေးတစ်ရွာဖြစ်၍ အိမ်ခြေ တစ်ရာ့နှစ်ဆယ်ခန့်မျှရှိ၏။
စိမ်းလန်းစိုပြေသော သစ်ပင်များ ဝိုင်းရံလျက်ရှိသော သဲ ဆန်ဆန်ကျွန်းမြေပေါ်မှာ ဘယ်ကြီးကုန်းရွာကလေးမှာ နေချင့်စဖွယ် သာယာချမ်းအေးသော ရွာကလေးတစ်ရွာဖြစ်၏။
ယင်း ကယ်ကြီးကုန်းရွာမှာ မြစ်ဝကျွန်းပေါ် ဒေသတွင် ရှိသော်လည်း ရွာသူရွာသားများ၏ မျိုးဆက်မျိုးနွယ်များမှာ မြစ်ဝကျွန်းပေါ် ဇာဘိချက်မြှုပ်များ မဟုတ်ကြပေ။
အင်္ဂလိပ်များ အောက်မြန်မာပြည်ကိုသိမ်းလိုက်ပြီးနောက် မြေဆီလွှားကောင်းလှသည့် မြစ်ဝကျွန်းပေါ်ဒေသကြီးကို ဆန်စပါးစိုက်ပျိုးရာ အဓိကနယ်မြေကြီးအဖြစ် ပေါ်ထွန်းလာစေရန် သတ်မှတ်ခဲ့၏။
အဆီအနှစ် ပြည့်ဝသော မြေတွေ ပေါများနေပါလျှက် လုပ်မည့်လူအင်အားကမရှိ။