Skip to product information
1 of 1

Other Websites

ကျော်မြသန်း - ရွက်ကျိုးရင်တက် တက်ကျိုးရင်လက်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

ရွက်ကျိုးယင်တက် တက်ကျိုးယင်လက်

အဆောင်တံခါးပိတ်ချိန်၊ -

အဆောင်ပြင်ပတွင်’ အလင်းရောင်မချုပ်ငြိမ်းသေးသော် လည်း အားပျော့မှေးစမှိန်ပြုနေပြီ။ မိန်းမဆောင်တွင် ထွန်းထားသည့် ၆၀ အား မီးလုံးမှ ဖြာဝေလာသည့် အလင်းရောင်မှာ

တောက်တောက်ပပ်မရှိ။ တစ်ယောက်ကိုတစ်ယောက် သဲသဲကွဲကွဲ မြင်နိုင်ရုံသာ။

တံခါးသော့ခလောက်ကြီးကို အားပါးတရ သုံးလေးခါ လောက် ဆွဲခါလိုက်သည့်အသံမှာ နားထဲသို့ စူးဝင်သွားပြီး နှလုံး သားသို့ပါ ရိုက်ခတ်လိုက်ဘိသို့ ရှိချေ၏။

 ထောင်များတွင် အသုံးပြုမည့် သော့ခလောက်များမှာ သေးသေးကွေးကွေးဟူ၍မရှိ။ ဧရာမသော့ခလောက်ကြီးတွေမို့ အားပါးတရ ဆွဲခါလိုက်သည်။ အသံမှာ နားမခံသာရုံထက် ပို၍ ကျယ်လောင်လွန်းဘိ၏။

မိန်းမဆောင်တွင် ရှိနေကြသော အချုပ်နှင့် အကျဉ်း သမများမှာ အိမ်ထောင်ပိတ်ချိန်တွင် အားလုံး ပုံစံထိုင်ကြရသည်။ စကား လုံးဝမပြောရ။ မနက်မိုးလင်း အိပ်ဆောင်ဖွင့်ချိန်မှ ညနေအိပ်ဆောင်ပိတ်ချိန်သို့တိုင် သီချင်းဆိုသံ စကားပြောသံ မရပ်မစဲ ရှိနေသော်လည်း အိပ်ဆောင်ပိတ်ချိန်တွင်မူ တိတ်ဆိတ်မှု လွှမ်းမိုး သွားစမြဲ ရှိချေ၏။

“ဟာမတွေနော်၊ မနက်ကျရင် ဘာသံညာသံ မကြားရစေနဲ့" မိန်းမဆောင်ကိုင်ရသည့် ထောင်မှူးလေး၏ အသံသာ တိတ်ဆိတ်မှုကို ဖောက်ထွက်လာ၏။

ညနေတိုင်း အဆောက်ကိုင်ထောင်မှူးလေးက ဤသို့ သတိပေးရစမြဲ။

“ကောင်မတွေ” ရိုင်းရိုင်းပျပျ အခေါ်အဝေါ် အစား နားခံ သာဖွယ်ရာရှိသည့် ‘ဟာမတွေ' ဟု အခေါ်အဝေါ် ပြုသည်ပါ။ -

စိတ်သွားတိုင်း ကိုယ်ပါ၊ လိုရာသို့ မရောက်နိုင်သည့်နေရာ မှာတောင်း။

ထို့နေရာသို့ အားကောင်းမောင်းသန် ယောက်ျားများသာ ရောက်ကြသည်မဟုတ်၊ နုနယ်ပျော့ပျောင်း ဖော့ဖယောင်းနှင့် နှိုင်း ရာအပ်သည့် မိန်းမသားများလည်း ရောက်ကြသည်။ ဘဝကံကြမ္မာ အလှည့်အပြောင်းနှင့် ကြုံလာသည့်အခါ မရောက်အပ်သည့်နေရာ သို့လည်း မရှောင်မလွှဲသာ ရောက်ရသည်ပါ။ သတ္တဝါတို့သည် ကံ . တည်းဟူသော အလုပ်၊ မိမိကိုယ်တိုင်၏ ပြုမူချက်အပေါ်၌တည်၍ ပြောင်းလဲမှု ဖြစ်နေကြသည် မဟုတ်ပါလော။

ဝေဝေ၏ ငယ်စဉ်ဘဝမှာ ဆူးညှောင့်ခလုတ်ကန်သင်းဘီ ၏။ ဘဝ၏ ချမ်းမြေ့မှုအရိပ်နှင့် တွဲဆုံခဲ့ရ၏။ သည်လိုနေရာမျိုး ကို ရောက်ရလိမ့်မည်ဟု အိပ်မက်သော်မှ မမက်ရာသို့ ရှိခဲ့ပါ၏။

သို့တစေ ခုရောက်နေရပါလေပြီ။

သည်အကြောင်း အတွေးစဉ်သို့ ထင်ဟပ်လာသောအခါ၊ ရင်ထဲမှာ နာကျည်းစိတ်များ ယိုဖိတ်လျှံတက်လာသည်။ နားထင် ကြောများ ထောင်တင်းလသည်။ .

ဖြစ်လိုရာဖြစ်စေ မစဉ်းစားတော့ပါဘူးဟု အဆုံးအဖြတ် ပြုခဲ့စေကာမူ အိပ်ဆောင်ပိတ်ချိန်ရောက်တိုင်း အတွေးစဉ် ထင်လာ" စမြဲ ရှိခဲ့၏။

ထောင်မှူးလေး ပြန်ထွက်သွားပြီး ပုံစံအထိုင်မှ ထိုင်ချင်သလို ထိုင်နိုင်သည့်အထိုင်သို့ ပြောင်းလိုက်ရတော့မှဘဲ အတွေးစဉ် လည်း ရိပ်ကနဲ ပြတ်ထွက်သွားရသည်။

ယောက်ျားတွေထက် လျှာတိုစေကာမူ၊ စကားရှည်တတ် သည့် မိန်းမတို့ထုံးစံအတိုင်း စကားသံတွေ စည်စည်ဝေဝေ ရှိလာ ချေ၏။ အိပ်ချိန်သို့ မရောက်မချင်း တိုးတိုးကြိတ်ကြိတ် စကား . ပြောသံများ၊ ခပ်အုပ်အုပ်ရယ်သံများ၊ ညင်းညင်းသဲ့သဲ့ သီချင်း ညည်းသံများ ထွက်လာစမြဲရှိသလို မအောင့်မအီးနိုင်ရယ်လိုက် သည့် အသံများလည်း ထွက်ပေါ်လာတတ်၏။

“ကောင်မတွေနော်”

တန်းစီး ဒေါ်အေးမြတ် ဟဲ့သံလည်း ပေါ်ထွက်လာရစမြဲ ရှိချေ၏။

ရပ်တည်လျှောက်လှမ်းခဲ့ရသော ဘဝ၏ အဆစ်အပိုင်း ၏တွင် ရင်ဆိုင်ကျော်လွှားခဲ့ရသည့် အတိတ်ခရီးကားချပ်မှာ စေ့စေ့ မျက်ဝန်းထဲသို့ ပန်းချီရေးတင်ပြလိုက်ရသလို တရိပ်ရိပ် တရေးရေး ပေါ်လာသည်။ “မြင့်မားလုံခြုံသော အုက်ရိုးကြီးလေးဘက် ကာထားသည့် အထဲတွင် ထပ်ဆင့်ကာထားသည့် ငါးတပြန့်အုတ်ရိုးအပြင် ဧရာမသော့ခလောက်ကြီးနှင့် လှောင်အိမ်ထဲသို့ ရောက်နေစေကာမူ ဝေဝေ၏ စိတ်အစဉ်မှာ အုတ်ရိုးပြင်ပဆီသို့ ပျံ့လွင့်လျက်...

***

တစ်

မော်လမြိုင်ရထားမှခရီးသည်များ ဘူတာအပြင် ဘက်သို့ အန်ထွက်လာသည်။ ဘူတာကြီးရှေ့ ကွက်လပ်ပြင်တွင် ကားမျိုးစုံ တို့မှာ နေရာလပ်မရှိအောင် တစီနှင့်တစီးပိတ်ဆို့ ရပ်ထားကြသည်။ ဆိုက်ကားများ ဝင်ရောက်ရပ်နား ခွင့်မရှိသည့် နေရာမို့ လှအောင်မှာ သူ၏ဆိုက်ကားကို ဘေးလွတ်ရာနေရာတွင် ရပ်ထားရသည်။

အချိန်မှာ နေ့လယ်နှစ်နာရီခွဲ။

ချစ်ချစ်တောက်ပူလောင်သည့် နေပူရှိန်မှာ အားမာန်ဝင့်ဖြာလျက်။

နှီးချောသပ် ရေနံချေသုတ် ဦးထုပ်ကို ဆောင်းထားသည့် လူငယ်မှာ ဆိုက်ကားဘေးတွင်ရပ်နေယင်း ကားမစီးပဲဆိုက်ကားနှင့်သွားမည့် ခရီးသည်ကို လှမ်းမျှော်နေရသည်။ ။

နေပူလိုက်တာ၊ မိုးရွာလွန်းရန်ကောလို့ ချွေးပြိုင်းပြိုင်း ကျအောင် အသုံးပြုခဲ့ရပြီမို့ လန်းဆန်းနိုင်အား ကုန်ခန်းစပြုနေပြီး။သို့တစေ စိတ်ပျက်သည့် အရိပ်အဆင်သူ့မျက်နှာတွင် မထင်။ ခရီးသည်ရပါ့မလားဆိုသည့် စိုးရွံ့ စိတ်ကလေးသာသူ့မျက်နှာတွင် ရေးရေးပျပျထင်နေသည်။

ခြေနင်းပြားအလည်းများမှနေ့တွက် ကိုက်သည်မို့ခရီး သည်ကိုမျှော်ရသည်ပါလေ။

ဗဟန်းဘက်သွားသည့် ခရီးသည်၊ ကန်တော်လေးဘက် သွားသည့် ခရီးသည်မျိုးက ကားစီးလေ့မရှိ။ ဆိုက်ကားကိုပဲ စီးလေ့ရှိသည်။ ကားသမားတွေက ခရီးနီးတယောက်သမားဆို မတင်ချင်။ တယောက်တည်းသမားကလည်း တယောက်တန်ကြေးသာ ပေးနိုင်သဖြင်ဈေးနှုန်း အပြောအဆိုတည့်လေ့မရှိ။

လှအောင်ကဖဆပလမှာ အမြဲတမ်းဂိတ်ထိုးလေ့ရှိပေမယ့် ရထားချိန်ရောက်လို့ ရပ်ကွက်ခရီးသည် မပေါ်လာယင်ဘူတာကြီး ဘက်ကို ဘီးလှိမ့်ထွက်လေ့ရှိသည်။

အဲဒီနေ့က ခရီးသည်မျှော်နေဆဲမှာ ခရီးသည်ပေါ်လာ သည်။

အမျိုးသမီးတယောက် ဘေးလွယ်အိတ်အတော်ကြီးကြီး တစ်အိတ်နှင့် လက်ဆွဲခြင်းတခုပါသည်။ ပခုံးတဘက်မှာ ဆလင်းဘက်အိတ်လွယ်လို့ ဘဲခေါင်းစိမ်းရောင်ဝမ်းဆက်နှင့် ရထား ဆင်းခါနီးမှ မိတ်ကပ်ဖို့လာသည်ထင်ပါ့။ မျက်နှာပြင်ပေါ်မှာ အဆီ မပြန်၊ ချွေးမတင် လှလှယဉ်ယဉ်ကလေး။ ။

သွားမည့်ခရီးက ဗဟန်း။

ဈေးစကားပြောပြီး ဈေးတည့်တည့်နှင့် ခြင်းနှင့်အိတ်ကို လှမ်းယူ၍ နောက်ခုံပေါ်တင်ပြီး ကြိုးသိုင်းချည်လိုက်သည်။ .

နေပူထဲ. နင်းရပေမယ့် အမျိုးသမီးထံက ထွက်လာသည့် ကိုယ်သင်းရေမွှေးကြောင့် အမောပြေသလိုရှိရသည်။ ပြီး... အမျိုး သမီးက ဟန်ကြီးပန်ကြီး ဂိုက်ဆိုက်မဖမ်းပဲ နှုတ်သွက်အာသွက်စကားတပြောပြောနှင့်မို့ နင်းရမှန်းမသိ။

သူ့ကို တရင်းတနှီးခေါ်ပုံက မောင်လေးတဲ့။အသက် အရွယ်ချင်း အလွန်အမင်ကွာအံ့မထင်။ ကွာလှ သုံးလေးနှစ်ပေါ့။

“မောင်လေးက အမြဲတမ်း ဘယ်ဂိတ်မှာထိုးသလို"

“ဖဆပလ ရပ်ကွက် တိုက်(၅) ရှေ့ပါမှာ"

 “အဲဒီမှာ ခရီးသည်ကောရရဲ့လား”

“ဟုတ်ကဲ့ အမြဲတမ်းဖောက်သည်တွေ ရှိပါတယ်”

“နေတော့ကော ဖဆပလမှာပဲပေါ့”

 “ဟုတ်ကဲ့ ဖဆပလ ရပ်ကွက်မှာပါ”

ကျောက်တိုင်ကွေ့ ကွေ့လိုက်ပြီးသည်နှင့် ဆိုက်ကားကို ဂရုတစိုက် နင်းနေရသည်။ ။

“အစ်မရေ သည်လမ်းမှာတော့ စကား သိပ်မပြောနဲ့ဗျ။ .

သေမင်းတမန်ကားတွေက အရမ်းမောင်းကြတာ။ ရေခဲ ဆိုင် မှတ်တိုင်က ခရီးသည်ကို အလုအယက်တင်ဖို့ လေ'

တောင်၊ မြောက်ဥက္ကလာဆွဲသည့် သင်္ဘောသားကားလေး များသည်ယာဉ်ထိန်းရဲ မရှိတတ်သည့်နေရာတွင် အလုအယက် တရကြမ်းမောင်းလေ့ ရှိရာ ဟီးနိုးကားကြီးများကိုပင်နင်လား ငါလားကျော်တက်လေ့ ရှိကြသည်။ ပြီးတော့ သည်လမ်းယာဉ်ကြော် ပေါ်တွင် ကားပြတ်သည်ဟူ၍မရှိ။ဆိုက်ကားနင်းသူများ အထူး ဂရုစိုက်ရသည့်လမ်း။

မောင်းလေး သည့် မမကလည်း အလိုက်တသိ စကား - မပြောတော့။ ဆင်မည့်လမ်းရောက်ခါနီးမှ လက်ညှိုးထိုး ပြသည်။

အမျိုးသမီးက ဆလင်းဘက်အိတ်ထဲက ငါးကျပ်တန်တရွက်ထုတ်ပေးပြီး အိတ်နှင့်ခြင်းကိုယူဖို့ ဖြေနေသည့်ကို ရပ်စောင့် နေသည်။

“စောင့်မနေနဲ့အစ်မ၊ ကျွန်တော် အိမ်ပေါ်လိုက်ပို့ပေးမယ်”

အပြုံးနှင့် ခေါင်းညိတ်၍ အိမ်ပေါ်တက်သွားသည်။

အမျိုးသမီးက တလွဲထင်ကောင်း ထင်သွားလေးလားမသိ။ ဆိုက်ကားဆရာအများအပြားက ခရီးသည်၏ပစ္စည်းကို အိမ်ပေါ် ရောက်သည်အထိ ပို့ပေးရိုးထုံးစံမရှိ။ ခု လှအောင်က အိမ်ပေါ် အရောက်ပို့ပေးသည်မှာ မမခရီးသည်၏ အပြုံးနှင့်အလှကြောင့် မဟုတ်။ ခရီးသည်တိုင်းအပေါ်ထားလေ့ရှိသည့် သူ၏စေတနာကြောင့်။

လှအောင် ဆိုက်ကား စီးဖူးသည့် ခရီးသည်များမှာ သွားစရာလာစရာရှိယင် လှအောင်ကို အယင်ကြည့်ကြသည်။ လှအောင်မတွေ့မှ တခြားဆိုက်ကားကို ခေါ်ကြသည်။

ဖဆပလ ရပ်ကွက်ထဲက မိဘရှင်နှစ်ဦးကဆိုလျှင်သူတို့ ကလေးတွေကျောင်းပို့ ကျောင်းကြိုအတွက် လှအောင်ကိုပင်တိုင် ငှားထားကြသည်။ မိဘတွေကိုယ်တိုင် မလိုက်ကြ။ ဆိုက်ကားပေါ် တင်ပေးရုံးနှင့် လှအောင်က ကျောင်းခန်းထဲက ထိုင်ခုံအထိ ပို့ပေး သည်။ ပြန်ကြိုတော့လည်း ထိုနည်းအတိုင်း အိမ်ပေါ်ရောက်သည် အထိ ပို့ပေးသည်။

သူ၏ရိုးသားမှု ဝီရိယနှင်နှင့် စေတနာက သူ့ကိုပြန်၍အ ကျိုးပေးသည်ဟု ဆိုရလေမလားမသိ။ ဝင်ငွေချင်းယှဉ်လျှင် သူကတပန်းသာစမြဲ။ နေ့တွက်မကိုက်သည့် နေ့ဟူ၍လည်း မရှိစမြဲ။

တနေ့ဝင်ငွေသုံးဆယ် အထက်မှာပဲရှိသည်။အောက် မယို့။

ဆိုက်ကားသမားအချင်ချင်းပင် မနာလိုဝန်တိုစကား ဆိုကြသည့်အထိ လှအောင်၏ဝင်ငွေမှာ အသာစီး အပေါ်စီးမှာပဲ အလံစိုက်ထူထားနိုင်ခဲ့သည်။ အလံလဲသည်ဟူ၍ မရှိခဲ့။

ပြီးတော့ သူက အရက်သေစာ သောက်စားခြင်းမရှိ ဆိုသည့်နာမည်ကောင်းလေး တလုံးကိုလည်း အများအသိအမှတ် ပြုရထားသည်။ များသောအားဖြင့် ဆိုက်ကားသမားနှင့် အရက်

သေစာသည် တွဲစပ်စမြဲ ရှိကြ၏။ တနေကုန် ပင်ပန်းနွမ်းနယ် သည်ကို “ယမကာအဖျော်ရည်ကလေးနှင့် ဆေးကြောသုတ်သင်၍ အားသစ်ပြန်လည်မွေးကြသည်မှာ သူတို့ အလေ့အကျင့်ဟုဆိုရမည်ပါ။

ထိုမှာ အရက်ကို စွဲစွဲမြဲမြဲကြိုက်သွားတတ်ကြသည်။

အင်္ဂလိပ်ခေတ်က ဆိုက်ကားဆရာများနည်းတူ တနေကုန် ကာယအားကို အသုံးပြုရသည့် လန်ချာဆွဲသော ဂေါ်ရင်ဂျီကုလား များမှာ နေညိုချိန်ရောက်လျှင် ကဇော်ဆိုင်တွင် စုရုံး၍ အပန်းဖြေ ကြသည်မှာ အစဉ်အလာ။

ကာဇောဆိုင် ဆိုင်းဘုတ်ကိုကြည့်။

နှုတ်ခမ်းမွေးကားကားနှင့် အားရပါးရပြုံးနေသည့် ဂေါ်ရင်ဂျီကုလား ပုလင်းမော့နေသည့်ပုံ။

ကာယအားကို အသုံးပြုနေရသူများ၏အပန်းဖြေဆေးသည် အရက်ဟူ၍ စွဲထင်လာသည့် အစဉ်အလာမှာယနေ့ထက်တိုင် ခိုင်မြဲနေပါလေသည်။

လှအောင်က အရက်မသောက်တတ်၊ သို့တစေ နေညိုချိန် ရောက်လျှင် အရပ်ထဲက အရက်ပုန်းဆိုင်ကိုရောက်စမြဲ။ အရက် သုံးကျပ်ဖိုးမှန်မှန်ဝယ်ရသည်။ဒါကသူ့အတွက်မဟုတ်၊အဖေ့အ

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)