Skip to product information
1 of 1

Other Websites

ကျော်မြသန်း - ယုံလွယ်အထိနာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

( ၁ ) ရိုးတွင်းချဉ်ဆီခိုက်အောင် အေးသည့်အချမ်းဒဏ်ကို အလူး အလဲ ခံရသည်မှာ ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားတွင်။

အချိန်မှာ အပူပိုင်းဒေသများတွင်ပင် အနွေးထည်ကို ကိုယ် နှင့်မကွာဝတ်ရသည့် အအေးလွန်မြ ဇန်နဝါရီလ။

 ဒေသခံများအတွက် နေနေကျမို့လားမသိ။ အအေးဒဏ်ကို ထူးထူးထင်ထင် ခံစားရပုံမပေါ်။

တချို့ဆို အနွေးထည်သော်မှ မဝတ်ဘဲ သွားလာလှုပ်ရှား နေကြသည်။

 နေကလေးညိုလာပြီဆိုကတည်းက အနွေးထည်နှစ်ထပ် ဝတ် လိုက်ရသည်။

ရန်ကုန်သားများဖြစ်သည့် တင်အောင်ထွန်း(ခေါ်) ထွန်းထွန်း နှင့် ခင်မောင်အေးတို့မှာ အရောင်းအဝယ် ကိစ္စတစ်ခုဖြင့်မြစ်ကြီး နားသို့ ပထမဆုံး ရောက်ရှိခဲ့ခြင်းဖြစ်၏။

ထို့ကြောင့်လည်း သူတို့နှစ်ယောက်မှာ မြစ်ကြီးနားအအေး ဒဏ်ကြောင့် နေမထိထိုင်မသာ ဖြစ်နေကြရသည်။

သူတို့တည်းခိုသည့် နေရာက မြစ်ကမ်းဘက်သို့ မျက်နှာ ပြုထားသောကြောင့် လေတဟူးဟူးတိုက်သည်။ လေနှင်သည့် အအေး ငွေ့ကို အမြဲတမ်းထိတွေ့နေရသည်။

 အပူရှိန်မပျောက်သေး၊ နေလုံးမကွယ်သေးစေကာမူ အအေး ဒဏ်က အပူရှိန်ကို နိုင်နိုင်နင်းနင်း လွှမ်းမိုးနေပြီ။

ပါလာသည့် အနွေးထည်များ ကိုယ်ပေါ်သို့ရောက်နေသည့် တိုင် မြစ်ကြီးနား၏ အအေးကို မတွန်းလှန်နိုင်ခဲ့ပေ။

အမှောင်ဘက်သို့ ကူးပြောင်းလေလေ အအေးလှိုင်းက ပို၍ သိပ်သည်းရင့်ကျက်လာလေ။

တစ်ကိုယ်လုံး ရှိန်းဖိန်းပြီး ရင်တွင်းပူနွေးသွားစေမည့် ယမကာနှစ်ပက်အခံလေးလုပ်ထားသည့်တိုင် အနည်းငယ်မျှသာ နေ သာထိုင်သာရှိစေသည်။ '

ညစာစားပြီး အပြင်သို့ လုံးဝမထွက်တော့ဘဲ ထင်းမီးဖို၏ အပူရှိန် အကာအကွယ်ကိုယူ၍ ထိုင်သည့်တိုင် ရှေ့ပိုင်းနွေးသော် လည်း နောက်ပိုင်းကမူ အေးနေသည်။

ရှစ်နာရီသာသာပဲ ရှိသေးသည်။ အိပ်ရာဝင်သော အလေ့ အထမရှိစေကာမူ အိပ်ရာထဲသို့ ဝင်ခဲ့ရသည်။

ထူထဲသော ဂွမ်းကပ်ကြီးများ ကိုယ်ပေါ်သို့ ပုံ့ပုံ့အိအိ ရောက် နေသည့်တိုင် အသားဆိုင်များ နွေးထွေးသလို ရှိသွားသော်လည်း ရိုးတွင်းချဉ်ထဲသို့ နွေးထွေးမှု မပေးနိုင်။

“ချမ်းလိုက်တာ၊ အသည်းကို ခိုက်သွားတာပဲ”

ဆိုသည့် ပြောစမှတ်စကား ပေါ်လာသည်မှာ မြစ်ကြီးနား ၏ အအေးဒဏ်ကိုခံဖူးသူတစ်ယောက်၏ ညည်းတွားသံမှ မြစ်ဖျား ခံလာလေသလား မသိ။ တကယ့်ကို အသည်းခိုက်အောင် ချမ်းအေး လွန်းလှပါသည်။

ထွန်းထွန်းနှင့် ခင်မောင်အေးတို့ နှစ်ယောက်မှာ လာရင်းကိစ္စ မြန်မြန်ပြီးပါစေဟု ဆုတောင်းနေရသည်။

ကိစ္စက တေ့လွဲကလေး လွဲနေသည်။ ဖြစ်ဖို့အလားအလာ နီးစပ်နေသည်။

သို့မို့ကြောင့် မပြန်နိုင်သေးဘဲ တေ့လွဲကလေးလွဲနေသည်ကို တေ့ဆက်ဖြစ်သွားအောင် စောင့်နေရသည်။

ပစ္စည်းအရောင်းအဝယ် ဈေးနှုန်းမှာ ညှိ၍ ရနိုင်ဖွယ်ရှိသော် လည်း ငွေပေးချေရေးကိစ္စတွင်မူ အညှိရခက်အောင် အခက်အခဲ ထင်နေသည် ။

ပစ္စည်းပိုင်ရှင်တွေက တန်ဖိုးငွေကို မြစ်ကြီးနားမှာပင် ပေး ချေရန် တောင်းနေသည်။ ။

သူတို့က ရန်ကုန်ကို ပစ္စည်းရောက်ပြီးမှ ငွေအပြည့် ပေးချေ မည်။ ယခုဈေးတည့်လျှင် စရန်ငွေ သုံးသိန်းပေးခဲ့မည်။ ,

ဒါက ထွန်းထွန်းတို့ဘက်က သဘောထား ... ။

 ပစ္စည်းတန်ဖိုးက မနည်း၊ သိန်းသုံးဆယ်ကျော်သည်။

 နယ်လုသည့် အထစ်အငေါ့လေးများ ညှိလို့မရသေး။

သူတို့ဘက်က နောက်ဆုံးအဖြေပေးရန် နှစ်ရက်စောင့်ရန် ပြောထားသည်။ .

ရောက်ပြီးမှတော့ မထူး၊ စောင့်ရမည်။

မြစ်ကြီးနားရောက်ပြီးမှ မြစ်ဆုံသို့ မရောက်လျှင် မြစ်ကြီး နားရောက်သည်မမည်။

စောင့်ရမည့်အတူတူ သူတို့က မြစ်ဆုံကို သွားချင်သည်။

ဒေသခံများက မသွားဖို့တားသည်။ လမ်းခရီး စိတ်မချရ သောအခြေအနေရှိသည်။ ။

သွားချင်သည့်ဆန္ဒ သိပ်ပြင်းပြရင်တော့ သွားနိုင်သည့် အခြေ အနေကို ဖန်တီးပြီး လိုက်ပို့ပေးမည်ဟု ပြောသည်။

သို့မှ မြစ်ကြီးနား၏ နာမည်ကျော်အံ့တစ်ပါး မြစ်ဆုံသို့ ရောက် ခဲ့ရသည်။

မြစ်ကြီးနားမှ မြစ်ဆုံသို့ သွားရာလမ်းတစ်လျှောက်တွင် ရှိ နေသည့် မှိုင်းဝေနေသော တောင်တန်းကြီးများ အကွေ့အကောက် အတက်အဆင်း ရောပြွန်းနေသော သဘာဝရှုခင်းများ၊ အမြင်တစ်မျိုး ဆန်းသည့် ကချင်တိုင်းရင်းဖွားများ၏ စိုက်ခင်းများကို တရိတ်ရိတ် ကျော်ဖြတ်သွားရသည့် လမ်းခရီးမှာ မြင်ကွင်းလှပသည်။

သဘာဝပအိုနီပိုင်ရှင်၊ ကချင်အမျိုးသမီး လှပျိုဖြူများ၏ မွေးရာပါ အလှမှာ တစ်ရပ်တစ်ကြေးသားတို့အား ဆွဲဆောင်ထား သည်သို့နှယ် ရှိနေသောကြောင့် သာမောဖွယ်ရာ ခရီးလမ်းကြောင်းဟု ဆိုမည်သို့ရှိပါချေ၏။

စိတ်အေးလက်အေးသာ သွားရမည့် ခရီးလမ်းကြောင်း ဖြစ် ပါမူ ကြည်နူးစရာများ ဝေဖြာနေပါလိမ့်မည်။

ထိုစဉ်ကာလ အေးချမ်းသာယာမှု မရှိသေးသောကြောင့် စိုး တရွံ့ရွံ့ စိတ်တစ်ထင့်ထင့် သွားကြရသည်။ လူနေရွာတွေက ကြဲသည်။

 ကျားကို မကြာခဏ ရပ်ရသည်။ကားမောင်းသူ ကချင်အမျိုးသားလူရွယ်က လမ်းတွင် တွေ့ရ သူများအား ရှေ့လမ်းခရီး အခြေအနေကို မေးမြန်းရသည်။

ရွာရောက်လျှင်လည်း ကားပေါ်မှဆင်းပြီး အဖျက်သမား သောင်းကျန်းသူများ၏ လှုပ်ရှားမှုသတင်းကို အမေးအမြန်းပြုရသည်။

ထိုသို့လျှင် လမ်းခရီးအခြေအနေ စိတ်မချရသောကြောင့် - သာယာရှုမောဖွယ်ရာ သဘာဝအလှကို တင်းပြည့်ကျပ်ပြည့် မခံစား  ရသလို ရှိသည်။ ။

ချမ်းအေးရသည့်အထဲ အကာအရံ မရှိသော ဂျစ်ကား ကလေးထဲသို့ တရကြမ်းတိုးဝင်လာသည့် လေသရမ်းကြောင့် မျက်နှာ ကို ဘေးဘက်သို့ ကြာရှည် လှည့်မထားရဲ၊ သဘာဝ အလှများကို ခိုးကြောင်းခိုးဝှက် လှစ်ခနဲလှစ် ခနဲ ကြည့်ခဲ့ရသည်။

အနွေးထည် ကင်းလွတ်သည့် နှာသီးဖျားနားရွက်ဖျား ၊ ကလေးများမှာ ကျဉ်နေသည်။

ကားလမ်းကို ဟိုဘက်ဒီဘက်ခွ၍ ရွာတည်ထားသည့် ရွာ ကြီးသို့ရောက်သောအခါကျမှ ကားရပ်နားပြီး အောက်သို့ဆင်းရသည်။ ရွာထဲရှိအိမ်ကြီးတစ်အိမ်ပေါ်တက်ပြီး ကြက်ဥကြော်နှင့်ရေနွေးကြမ်း

သောက်ရင်း နာရီဝက်လောက် နားနေလိုက်တော့မှ အနည်းငယ် နေ သာထိုင်သာရှိသွားသည်။

 လိုက်ပါလာသူများထဲမှ ထိုအိမ်ရှင်များနှင့် ရင်းနှီးသူ နှစ်ယောက်ပါသောကြောင့် အိမ်ရှင်များကလည်း သူတို့တတ်နိုင်သလောက် ဧည့်ဝတ်ပြုကြသည်။

ခုရက်ပိုင်းအတွင်း လမ်းခရီးအခြေအနေ ကေင်းနေသည့် အကြောင်းပါ သိလိုက်ရသည်။ ။ထိုသတင်းကြောင့် စိတ်တစ်ထင့်ထင့် ဖြစ်ရမှု ငြိမ်သက် သွားသည်။

မြစ်ဆုံသို့ ရောက်သွားပါပြီ။

လမ်းကြော၏ ညာဘက်တွင် ရှိနေသော ကုန်းကမူလေး ပေါ်သို့ ဂျစ်ကားကို ချိုးကွေ့တက်လိုက်၏။ .

အဆောက်အအုံတစ်ခုရှေ့တွင် ဂျစ်ကားကို ထိုးရပ်လိုက် သည်။

အပြုအပြင်၊ အလှဲအကျင်းမရှိသော အဆောက်အအုံမှာ နားနေရန် မဆိုထားဘိ။ ခေတ္တဝင်ရောက်ရပ်နားရန်အတွက်ပင် အခက် အခဲဖြစ်ဖွယ်ရာသို့ အသွင်ဆောင်နေသည်။

ပြုပြုပြင်ပြင် သပ်သပ်ရပ်ရပ် ရှိခဲ့စဉ်က နားနားနေနေ နေချင်စဖွယ် အရိပ်အဆင် ထင်ရစ်နေစဖွယ်ရှိပါလိမ့်မည်။

ခုတော့ဖြင့် အလွန်အလင်း အကျည်းတန် အရုပ်ဆိုးသော အဆောက်အအုံကလေးတစ်ခုအဖြစ် ရပ်တည်လျက် ရှိနေပါချေပြီ။

အကျည်းတန်အရုပ်ဆိုးသည့် အဆောက်အအုံကလေးထဲသို့ ဆင်တော့ဘဲ မေခနှင့်မလိခပေါင်းစုံရာကို ကြည့်မြင်နိုင်မည့် နေရာ သို့ ဆက်လျှောက်ခဲ့ရသည်။

ကမ္ဘာအစွန်းလေးတွင် ရပ်လျက်မှ ကြည့်လိုက်ရသည်။

သဘာဝအလှ၏မြင်ကွင်းမှာ မျက်စိကို မလွှဲသာအောင် ဆွဲ ဆောင်ထားသည်။

မေခနှင့်မလိခ မြစ်နှစ်သွယ်မှ စီးဆင်းလာသော ရေညီနောင်တို့ တွေ့ဆုံပေါင်းစည်းရာမြစ်၏ သဘာဝ အလှပမှာ ထင်းကင်း ပြပြကြီးကို ပေါ်လွင်နေသည်။

သဘာဝအလှ၏ ရှုခင်းကို ငေးမောရင်း ရင်ထဲမှာ တလှပ်လှပ်ခံစားမှု ဖြစ်ရှိလာသည်။

အခြားသော အရာအားလုံးကို မေ့လျော့သွားစေသော ခံစား မှုပီတိ လွှမ်းထင်သွားသည်။

 မြစ်ဆုံ၏ ရေပြင်ကိုမူ ဖွေးဖွေးအိအိနှင့် ဂွမ်းပုံကြီးက ထွေး ပိုက်ထားသမို့ လှလိုက်သည်မှာ စက်စက်ယိုအောင် လှသည့်အလှဟု ဆိုရမည်သို့နှယ်။ -

ရုပ်ရှင်ထဲတွင် နိုင်ဂရာအလှပုံရိပ်ကို တွေ့မြင်ဖူး၏။ ,

ရေတံခွန်ကြီးမှ တရကြမ်းစီးဆင်းနေသည့် ဖွေးဖွေးလှုပ်မျှသော ရေအယာဉ်စီးဆင်းပုံမှာ ကြမ်းတမ်းသည်။

မြစ်ဆုံ၏ ရေအပြင်စီးဆင်းနေပုံမှာမူ ငြိမ်သက်သည်။ နုယာဉ်သည်။

အနောက်တိုင်းသားတစ်ယောက်၏ အမြင်တွင် နိုင်ဂရာ ရေတံခွန်၏ အလှကို တင်စားပါလိမ့်မည်။

 အရှေ့တိုင်းသား မြန်မာတိုင်းရင်းသား လူမျိုးများကမူမြန် ဆုံ၏အလှကို အမွှမ်းတင်ကြလိမ့်မည်ပါ။

မြစ်ဆုံ၏ ရေအပြင်မှာ အေးမြကြည်လင်နေသည်။

ရေပြင်အောက်ခြေတွင် အနယ်ထိုင်နေသည့် အရွယ်အစား အမျိုးမျိုး ကျောက်စရစ်ခဲလေးများကို အတိုင်းသား မြင်နေရသည်။

မြစ်ဆုံ၏ အလှကို ခြယ်မှုန်းရလျှင် ဆုံးအံ့မထင်။

ဧရာဝတီတံခါးဝမြစ်ဆုံမှ ရေစီးကြောင်းအတိုင်း လိုက်သွား လျှင် ပထမမြစ်ကျဉ်း၊ ဒုတိယမြစ်ကျဉ်း၊ တတိယမြစ်ကျဉ်းတို့၏ မောဖွယ်ရာ၊ တိမ်းမူးဖွယ်ရာ အံ့ဖွယ်တစ်ပါး အလှအပများကိုလည်း တွေ့ရမည်ဖြစ်၏။

ဘယ်သူပြိုင်၍ လှပါတော့နိုင်။

အလှအပများ စုစည်းနေသည်မှာ မြစ်ဆုံ။ ။

မာန်ဟုန်နေသည့် ဧရာဝတီက တစ်မျိုးတစ်ဘာသာ လှပ သော အလှအပများဖြင့် ထည်ဝင့်နေသလို၊ ငြိမ်သက်အေးချမ်းသည့် တစ်စုံတစ်နည်းလှပနေ။

မြစ်ဆုံက သူတို့အား ဖမ်းစားထားစေကာမူ ကြာရှည်ငေးမော နေချိန်မရ။

အခြေအနေမပေးသောကြောင့် ခဏတဖြုတ် လှည့်ကြည့်ပြီး ပြန်ခဲ့ရသည်။

ထိုနေရာမှာ လုံခြုံမှု လုံးဝမရှိ။

ခုလို အေးချမ်းသာယာသော အချိန်မျိုးမှာသာ ရောက်ခဲ့ရင် သုံးလေးရက်လောက်တော့ အနည်းဆုံးနေဖြစ်မှာ သေချာသည်။

နေမညိုခင် မြစ်ကြီးနား ပြန်ရောက်ရမည်။ လမ်းမှာ မှောင်လို့မဖြစ်။

မြို့အပြင် ဂိတ်အဆင့်ဆင့်၏ အစစ်အဆေး အမေးအမြန်း ခံရမည်။

မြစ်ကြီးနားတွင် နောက်ထပ်နှစ်ရက်နေရသည်။

 အလုပ်ဖြစ်တော့မလိုလိုနှင့် အလုပ်မဖြစ်။

ပစ္စည်းလည်းကြိုက်သည်။ ဈေးညှိလို့လည်း ရသည်။ အထစ်အငေါ့ဖြစ်နေသည်မှာ ငွေပေးချေဖို့ကိစ္စ။

 ဒါကိုတော့ ညှိလို့မရ။

ထွန်းထွန်းတို့ဘက်က ထိုမျှလောက်များစားသည့် ငွေကြေး ခဏကိုယူလာဖို့ မဝံ့ရဲသလို သူတို့ဘက်ကလည်း ရန်ကုန်အထိ၊ စ္စည်းယူလာမြို့ ငွေလိုက်ယူရမည်ကို မဝံ့မရဲ။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)