Skip to product information
1 of 1

Other Websites

ကျော်မြသန်း - ဘိုးတော်ကျော်မြသန်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

ခရီးသည်အစ

 သူ၏ အမည်မှာ ကိုကျော်မြသန်း။

အလုပ်အကိုင်မှာ စိန်ရွှေအရောင်းအဝယ်လုပ်ငန်း။ ပွဲစားလည်း လုပ်သည်။ ဝယ်ရောင်းလည်း လုပ်သည်။

ရန်ကုန်မှာ အခြေချ၏။ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင် သော်လည်း အရောင်းအဝယ်ဖြစ်မည့် ပစ္စည်းကောင်းရှိသည်ဟု သတင်းရလျှင် ရင်းနှီးသော နယ်ခံမိတ်ဆွေ အဆက်အသွယ်ရှိသည့် မြို့ကြီးများအထိ ခြေဆန့် လျက်ရှိ၏။

 စီးပွားရေးလုပ်ငန်း ဖြစ်ထွန်းသည့်အလျှောက် အိုးပိုင်အိမ်ပိုင်နှင့် တင့်တောင်းတင့်တယ် နေနိုင်သည်။

သူတို့လို အရောင်းအဝယ်စီးပွားရေးသမားများမှာ အရောင်းအဝယ် ပွင့်လင်းအဆင်ပြေစေရန် လာဘ်လာဘရွှင်လန်းပွင့်ဖြိုးစေရန်၊ သွားလာရာ၊ လုပ်ရာကိုင်ရာမှာ ဘေးမသီရန်မခ  အန္တ ရာယ်ကင်းစေရန်အတွက် အင်း၊ အိုင်၊ ခလဲ့၊ လက်ဖွဲ့ အဆောင်အယောင်များကို အားကိုးသမှုပြုကြသည်။ ယုံယုံကြည်ကြည်လည်း ဆောင်ယူထားရှိမြဲရှိကြသည်။

ယင်းသို့သော အဆောင်ကောင်းများ ပေးစွမ်းနိုင်သည်ဟု ကျော် သတင်းထွက်လာလျှင် ထိုနေရာသို့ အရောက်မနှေးအမြန် ပြေးလေ့ရှိကြသည်။

 ဒါက သူတို့သဘာဝ၊ လုပ်ရိုးလုပ်စဉ် အလေ့အထ။

ဘိုးတော်သမားက “ဝိဇ္ဇာ”၊ နတ်သမားက နတ်ကတော်' ဗေဒင်သမားက “ယတြာအကျော်”ကို ဆည်းကပ်ကြ၏။

တချို့က တစ်လိုင်း၊ တချို့က နှစ်ပိုင်းပူး၊ တချို့ကျတော့ သုံး လိုင်း၊ လိုင်းစုံပူးကြသည်။

တချို့က အကြားအမြင် ဓာတ်လိုင်း (ဝါ) ဘိုးတော်လိုင်းတစ် လိုင်းတည်း အားပြုကြ၏။ .

တချို့ကျတော့ နတ်လိုင်းနှင့် ဗေဒင်လိုင်း၊ နှစ်လိုင်းပူးသည်။ စုံသမှာကျတော့ ပူးမည့်ပူး သုံးလိုင်းစလုံးပါအောင် ပူးကြသည်။ ။

ကိုယ့်ဟာကိုယ် ကြိုးစား၍ ကိုယ့်အကြောင်းနှင့်ကိုယ် ဖြစ်ထွန်း အောင်မြင်နေသူများကလည်း ကိုယ့်ဟာကိုယ် ဆိုသည်ကို မေ့ပြီး သူတို့ကို အားကိုးချင်ကြသည်။ သူတို့ပါမှ အလုပ်အောင်မြင်မည်ဟု ထင်ကြသည်။

ကိုကျော်မြသန်းထံမှာ ဓာတ်လုံး၊ ဓာတ်ပြား၊ သပိတ်ကွဲ၊ ကြေး ပြား၊ စက္ကူ၊ အင်းမျိုးစုံနှင့် သစ်တိုသစ်စဖြင့် အရုပ်ထုလုပ်၍ ဆေးစီရင်ထား သည့် အရုပ်အမျိုးပေါင်းစုံလည်း ရှိသည်။ ။

သိဒ္ဓိပြီးမြောက်၊ လိုရာခရီးရောက်သည်ဆိုသော ရွှေရောင် ငွေ ရောင် ဖြူ၊ နီ၊ ညို၊ ပြာ ရောင်မျိုးစုံ ဆေးလုံးကလေးများလည်း တစ်ပုံတစ်ပင် ရှိပါလေ၏။

နံ့သာငါးမျိုး စိမ်၍လည်းကောင်း၊ ရေမွှေးစိမ်၍လည်းကောင်း၊ ပန်းပေါင်းရေစိမ်၍လည်းကောင်း၊ ပုလင်းမျိုးစုံနှင့် ထည့်ထားသည်မှာလည်း ပုလင်းပေါင်းမနည်း။ ။

ဒါတွေအပြင် “အာကာသလွှဲ၊ ဓာတ်စက်ဖြတ်၊ ဖိုအောင် ဓာတ် လက်စွပ်ကြီးလည်း ရှိသေး၏။

မြေပြင်ကလာသော လက်နက်မျိုးစုံကို ထားဘိတော့၊ အာကာသ ပျံဝဲ ထူးကဲသော လက်နက်ဆန်းများကိုပင် တားဆီးကာကွယ်နိုင်သည်ဟု အဆိုရှိသော အာကာသလွှဲ ဓာတ်စက်ဖြတ် လက်စွပ်ကြီးမှာ ယနေ့ ခေတ်စား နေသော စကတ်ဒုံးကျည်ကိုပင် မှအံ့မထင်။

အဲဒီလောက်ဆို ကိုကျော်မြသန်း၏ ဆရာပေါင်းစုံ ချဉ်းကပ်မှု အတိုင်းအတာကို သိလွယ်မြင်လွယ် ရှိလောက်ပါပြီ။

သူက နှစ်လိုင်းပူးသမား။ ဝိဇ္ဇာလိုင်းနှင့် ဗေဒင်ယတြာလိုင်းကို ပူးထားသည်။ဒါက သူ့အပိုင်း။ ဇနီး မမြင့်မြင့်အေးကတော့ ပြုံးရောင်းချပ်ချေးသမား။

ဘိုးတော်နှင့် ပူးနောင်းမှာ လိုင်းပူး၍မရသောကြောင့် အိမ်မှာ ချပ်ချေးလုပ်၍မရ၊

ကိုကျော်မြသန်းက ဝိဇ္ဇာပွဲ (ဝါ) အတက်ပွဲ အမြဲထိုးသည်။ ဝိဇ္ဇာကအထက်၊ နတ်က အောက်။ အဆင့်အတန်းချင်း မတူသလို၊ လမ်းချင်းလည်းမတူ။ '

ဝိဇ္ဇာဂိုဏ်းသမားက နတ်တင်သော၊ နတ်ကိုပသသောပစ္စည်းများ ကို မစားရ။ နတ်ကို အမိန့်ပေးစေခိုင်းရသူ။

လိုင်းချင်းမတူ၍ အိမ်မှာ ပွဲမပေးရတော့ကော အကြောင်းလား၊ ရန်ကုန်မှာ ကနားပွဲတွေက ပြည့်လို့ပါ။

လမ်းဘေးမှာ တခြိမ်းခြိမ်း၊ အိမ်ပေါ်မှာ၊ ခြံထဲမှာ၊ တိုက်ပေါ်မှာ တခြိမ်းခြိမ်း၊ သီးသန့်ပွဲတွေကလည်း တခြိမ်းခြိမ်း။

အမိန့်ခံပွဲ၊ အမိန့်မခံပွဲ။

မောင်းခတ်ပွဲ၊ တိုးတိုးတိတ်တိတ်ပွဲ။ အထူးသီးသန့် လက်တို့ပွဲဟူ၍လည်း ရှိပြန်သည်။

လင်တစ်ထမ်း၊ မယ်တစ်ရွက် ဆိုရိုးစကားရှိသားပဲဟာ။ လင် တစ်လမ်း မယ်တစ်လမ်း လမ်းစုံဘက်စုံ ဆိုတာမျိုးလည်း ရှိရလိမ့်မပေါ့။

စီးပွားဖြစ်လေ ပိုလုပ်ရလေး ။တကယ် အလုပ်လုပ်သူမှာ ဒြပ်ရှိလူသား။

ဘာမှမလုပ်ဘဲ အခြောက်တိုက် အသားယူပြီး မိန့်မိန့်ကြီး ဟန်ထည်၊ မာန်ကြွယ်နေသူများမှာ ဒြပ်မဲ့အရုပ်များ။

မည်သို့ပင်ရှိပါစေ .,

မြန်မာလူမျိုးနှင့် အမအစ အားကိုးချင်စိတ်မှာ ခွဲလို့မရသည့် ခိုင်မြဲသော အတွဲအဖြစ် မပျက်မယွင်း ထာဝရတည့်တံ့နေပေလိမ့်မည်။ ။ကိုကျော်မြသန်း အလုပ်ကိစ္စနှင့် မြစ်ကြီးနားသို့ ရောက်သွား သည့်လမှာ ကျွဲချိုဖျားပင် မခံသာအောင် အေးလှပါသည်ဆိုသော ပြာသိုလ။

ရိုးတွင်းခြင်ဆီခိုက်အောင် လွန်လွန်ကဲက်အေးသည့် မြစ်ကြီးနား အအေးဒဏ်မှာ ဌာနေများအတွက် လွန်လွန်ကဲကဲဟု မဆိုသာသော်လည်း တစ်ခါတစ်ခေါက် ရောက်သွားသည့် အောက်ပြည်သားများအဖို့မှာမူ တကယ့်ကို မခံသာအောင် အအေးဒဏ်လွန်ကဲသည်ဟု ဆိုရမည့်သို့အောင် အေးလွန်းလှ၏။

ဂွမ်းကပ်အထပ်ထပ်အနွေးထည် အထပ်ထပ်တို့ဖြင့် ရစ်သိုင်း လွှမ်းခြုံသည့်တိုင် အေးတာတခြား၊ လေးတာတခြားဖြစ်နေသည်။

အပူပိုင်းဒေသများ၌ပင် အနွေးထည် ကိုယ်ပေါ်မှမခွာရသော အအေးလွန်မြ ဇန်နဝါရီလ။

တစ်ခွက်တစ်ဖလား မော့တတ်သူ ရှပ်ဘဲ၊ ပုလင်းသမားများမှာ မူ ရင်တွင်းနွေး ယမကာဖြင့် အအေးဒဏ်ကို အထိုက်အလျောက် ကာကွယ် နိုင်သော်လည်း မော့တတ်ပေမယ့် မော့မဖြစ်သူ ကျော်မြသန်းမှာမူ အအေးဒဏ်ကို ရေရေလည်လည်ကြီး ခံနေရလေသည်။ ။

မတတ်သာသည့်အဆုံး ဘိုးတော်များ၊ အထက်ဆရာကြီးများကို လက်အုပ်ချီ၍ တောင်းပန်ပြီး ဖြေရှင်းရ၏။

“ကျွန်တော်မျိုး တပည့်ကြီး ကျော်မြသန်းမှာ ကတိသစ္စာကို မကျိုး မပေါက်အောင် ထိန်းသိမ်းခဲ့ပါသည်။ ယခု မြစ်ကြီးနားသို့ရောက်နေစဉ် အအေးဒဏ်ကို ဘယ်လိုမှ မခံသာသောကြောင့် အနည်းအကျဉ်းမျှသော  အရက်သေစာ သောက်ရသည်ကို ခွင့်လွှတ်ပါရန် တောင်းပန်ရပါသည် • ဆရာသခင် ဘိုးတော်အရှင်များခင်ဗျား”

ဤသို့ တောင်းပန်းပြီးနောက် အချမ်းဒဏ်ကို ခံနိုင်စိမ့်သောငှာ တစ်ခွက်တစ်ဖလား မောရသည်။

တစ်ခွက်တစ်ဖလားဆိုသည်မှာ အရက်သမားများ၏ ပြောရိုးပြော စဉ် စကားဖြစ်၍ တကယ်တော့ ပုလင်းလိုက် မော့ကြသည်။အရိပ်သော်မှ မထင်သည့် အမည်ခံ ဘိုးတော်တွေ၊ အထက် ဆရာကြီးတွေက ခွင့်လွှတ်လွှတ်၊ မလွှက်လွှတ် ဒြပ်ရှိလူသား တပည့်တွေကတော့ တောင်းပန်ကာနှင့် မော့တာ တစ်ပြိုင်တည်းဟု ဆိုရမည်အောင် တောင်း ပန်စကားလည်းဆုံး၊ ပုလင်းလည်းကိုင်လုပ်ကြ၏။

ကိုကျော်မြသန်းလည်း- ပုလင်းတစ်ဝက်နီးပါး ဆွဲလိုက်၏။ ဆွဲချင်လျက် အောင့်အည်းထားတာကြောင့်မို့လားမသိ၊ ဆွဲလို့ကောင်းလိုက်သည် ဖြစ်ခြင်း၊ သူလည်း ခုမှပဲ နေသာထိုင်သားကျသွား၏။

မြစ်ကြီးနား၏ ပြာသိုလ အအေးဒဏ်ကိုလည်း အန်တုနိုင်ပါပြီ။ ' အိမ်ခံ ဗိုလ်မှူးဟောင်း အိမ်ရှင်ဖြစ်သူက ရောက်တုန်းရောက် ခိုက် မြစ်ဆုံသို့သွားရန် နှစ်ခါသုံးခါထက်မနည်း ဖိတ်ခေါ်တိုက်တွန်းခဲ့သည်ကို လည်း သွားချင်ပါလျက် ခေါင်းခါခဲ့သည်။

လမ်းပန်းအခြေအနေထက် မြတ်ကြီးများထက် ပို၍အေးမည့် မြစ်ဆုံ၏ အအေးဒဏ်ကို ကြောက်သောကြောင့်ဖြစ်၏။

ခုတော့ အလုံဆေး ရှိနေပြီ။

 လမ်းပန်းအခြေအနေကောင်းလျှင် သွားလိုပါသည်ဟု ပြောရ သည်။

အိမ်ရှင်ကလည်း ဝမ်းသာအားရ လိုက်ပို့သည်။ သူ့မှာ ဂျစ်ကား ရှိသည်။ ပြီး သူက မြို့သိနယ်သိ ပုဂ္ဂိုလ်ဖြစ်သောကြောင့် လမ်းပန်းအခြေအနေ အတွက် စိတ်ချရသည်။

မြစ်ဆုံသို့မရောက်ဘဲ မြစ်ကြီးနားသို့သာ ရောက်ခဲ့သော် မြစ် ကြီးနား ရောက်သည်မမည်။

မေခနှင့် မေလိခ မြစ်ညီနောင်တို့ ပေါင်းဆုံရာ မြစ်ဆုံသို့ ရောက်ပါလေမှ မြစ်ကြီးနားသို့ရောက်သည်မည်၏ဟု ဆိုစကားရှိ၏။

မြစ်ကြီးနား၏ မြို့ပြင်ဘက်သို့ ရောက်သွားသည်နှင့် မျက်စိကို အနားပေး၍မရအောင် သဘာဝအလှများ၏ ဖမ်းစားခြင်းကို စတင်ခံစားလိုက် ရ၏။

မြစ်ကြီးနားသို့ သွားရာလမ်းတစ်လျှောက်တွင် ရှိနေသော ညှိနှိုင်း နေသည့် မြင့်မြင့်မားမား တောင်တန်းကြီးများနှင့် ရွက်စိမ်းတောကြီးများမှာရှုမငြီးစရာသို့ရှိသလို အကွေ့အကောက်၊ အဆင်းအတက် ရောပြွမ်းနေသော လမ်.ကြောင်းခရီးမှာလည်း တစ်မျိုးတစ်ဖုံ စိတ်ဝင်စားဖွယ်ရှိဘိ၏။ အမြင်တစ်မျိုးဆန်းသော ကချင်အမျိုးသားများ၏ နေအိမ်၊ စိုက်ခင်းနှင့် သွားလာလှုပ်ရှားမှုများ၊ နှုတ်ခမ်းနီ၊ ပါးနီ၊ မိတ်ကပ်မကူဘဲ သဘာဝ ပအိုနီ၊ နှုတ်ခမ်းနီပိုင်ရှင် ကချင်ပျိုဖြူကလေးများ၏ အလှမှာလည်း ဆွဲဆောင်မှုပြည့်ထင်၏။

 မြစ်ဆုံသို့သွားရာ လမ်းခရီးတွင် ပျင်းရိငြီးငွေ့စရာမရှိသလို၊ ငိုက်မျဉ်းချိန်လည်းမရလိုက်။

ပြောစရာရှိသည်မှာ နဂိုအအေးဒဏ်အပြင် တရကြမ်းတိုးဝင်လာ သော နှင်းဖုန်းသည့် လေးအေးဒဏ် လွန်ကဲမှုပင်ဖြစ်၏။

ဆေးပေမယ့် ဆေးတခြား အအေးတခြားဖြစ်နေသည်။

 ခရီးတစ်ဝက်လောက်အရောက်တွင် ကားလမ်းကိုခွလျက် တည် ထားသော နှစ်ခြမ်းတစ်ရွာဟုဆိုရမည်သော ရွာတစ်ရွာတွင် ခေတ္တနားကြသည်။

ရွာရှိလူကုန် ထွက်လာကြရာ သူတို့က လိုက်ပို့သူ အိမ်ခံပုဂ္ဂိုလ် ကို အတော်ကြီး လေးစားဟန်ရှိ၏။ တရိုတသေ လာရောက်နှုတ်ဆက်ကြသည်။ သစ်သီးဝလံ လက်ဆောင်များကိုလည်း ပေးကြသည်။ အိမ်ခံပုဂ္ဂိုလ်က ပါလာသော ဆေးဝါးများကို ပြန်လည်ဝေငှပေး၏။

ခေါင်ရေဖြင့် ဧည့်ခံသည်။

 စူးစူးရှရှ အရသာတစ်မျိုးရှိသော ခေါင်ရေမှာ နိုင်ငံခြားဖြစ် ဘီယာထက် အများကြီးသာသည်။

သောက်လို့မဝနိုင်အောင်ရှိပေမယ့် စိတ်ရှိသလောက် မသောက် လိုက်ရ။ ခရီးဆက်စရာရှိသောကြောင့် ချိုသောက်ကလေး သောက်လိုက်ရသည်။

သာယာရှုမောဖွယ်ရာ တင့်တယ်လှပသည့် အလှအပတို့စုဝေးရာ ဟုဆိုရမည်သော မြစ်ဆုံသို့ ရောက်သွားကြသည်။

ကုန်းကမူကလေးပေါ်သို့ ဟိုယိမ်းသည်ယိုင် တိုးတက်သွားပြီး နောက် အဆောက်အအုံကလေးတစ်ခုရှေ့၌ ကားရပ်သွားသည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)