Skip to product information
1 of 4

Other Websites

ကျော်မြသန်း - ဖြောင့်ဖြောင့်မတ်မတ် ကောက်ကောက်ကွေ့ကွေ့

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

(တစ်)

အလျားအနံမညီသော အုတ်ရိုးမြင့်မြင့်ကြီး၊

မျက်နှာစာ အုတ်ရိုး၏ ဗဟိုချက်မတွင်ရှိနေသည့် တမူထူးခြားသော အဆောတ်အအုံ၊

ထုထဲခိုင်ခန့်သော ဧရာမသစ်သားတံခါးကြီး၊ သစ်သားတံခါးကြီး၏ တစ်ဘက်ခြမ်းတွင် တံခါးကြီးနှင့်တစ်သားတည်း ထွင်းဖောက်ထားသော တံခါးအသေးလေး၊ ဝင်လျှင်ထွက်လျှင် ခေါင်းငုံ့ ခါးကုန်း၍ ဝင်ထွက်ရသောနေရာကို ထောင်ဟုခေါ်ကြသည်။ အပြည့်အစုံအခေါ်အဝေါ်ပြုကြသည်မှာ အကျဉ်း ထောင်၊ ထိုနေရာအနီးသို့ ရောက်ဖူးသူတိုင်း ဖြတ်သန်းသွားဖူးသူတိုင်း ဘာအဆောက်အအုံကြီးပါလိမ့်ဟု မမေးမမြန်းမစူးစမ်းဘဲ ထောင်ဟူ၍ သိကြ သည်ပါ။ - သို့တစေ ထောင်အုတ်ရိုး၏ အပြင်နံရံကြီးကို တွေ့ဖူးမြင်ဖူးသူများ သလောက် အထဲနံရံကြီးကို တွေ့ဖူးမြင်ဖူးသုနည်းပါးလွန်းလှ၏။ ထောင်ထဲ မှာရှိသမျှသော အဆောက်အအုံများကို ထောင်ထဲသို့ ရောက်ဖူး၍ အနေကြာသူများပင်လျှင် စုံစေ့အောင်မရောက်ဖူးကြ မဝင်၊ မထွက်ရ။ မသွားရ။ မလာရဟု ကန့်သတ်ထားသည့်နေရာတွင် ရှိသောကြောင့်ပါ။

အပြင်မြင်တွင်းနှင့် အထဲမြင်ကွင်းမှာ မတူ ထောင်ဗူးမကြီးထဲရောက်ဖူး ရုံနှင့် ထောင်အတွင်းဘက်အဆောက်အအုံများကို လှမ်းမမြင်နိုင်၊ အုတ်ရိုး လေးဘက်အတွင်းမှာ အဆောက်အအုံတွေ အပြည့်အကျပ်ရှိနေသည်။ ကြီးကြီး သေးသေး အဆောက်အအုံများကို နေရာမလပ်အောင် တည့်တည့်တစ်မျိုး၊ထောင့်စွန်းလိုက်တစ်သွယ်။ တစ်ခုကိုတစ်ခု ဦးတိုက်လျက်တစ်ဖုံ ဆောက်လုပ် ထားသည်။ အချုပ်သားအကျဉ်းသားများနေထိုင်ရန် ဆောက်လုပ်ထားသည့် နှစ်ထပ်အဆောက်အအုံကြီးများမှာ အစီအရီ။ တိုက်ပိတ်သူများနှင့် သီးခြား ထားရမည့်သူများအတွက် တစ်ထပ်တိုက်တန်းလျားများ ကြိုးတိုက်နှင့်ကြိုးစင်။ ဈေးတိုက်နှင့်အဝတ်တိုက်၊ ဆေးရုံနှင့်အလုပ်ရုံ၊ ထမင်းချက်ဖိုကြီးနှင့် မိန်း ဂျေးလ်ခေါ် ထောင်အလယ်ဗဟိုရုံး' စသည်တို့မှာ သူ့နေရာနှင့်သူ  ထောင်အကြီးအငယ်အလိုက် အဆောက်အအုံအကြီးအသေးကွာခြားမှု ရှိသော်လည်း အိပ်ဆောင်တိုက်တန်းလျား၊ ထမင်းချက်ဖို၊ ဆေးရုံစသည် တို့မှာမူ ရှိရစမြဲ။ အပူပိုင်းဒေသတချို့တွင် နုနာရောဂါဝေဒနာသည်များကို သီးသန့်ထားရှိရာ တိုက်များပင်ရှိကြသည်။ ထိုသီးသန့်တိုက်များကို အခေါ် အဝေါ်ပြုကြသည့်အမည်မှာ လက်ပါးတိုက် အင်္ဂလိပ်လိုလက်ပစီကိုလက်ပါဟု အလွယ်တကူပြောင်းလဲ အခေါ်အဝေါ်ပြုခြင်း ဖြစ်ပါလိမ့်မည်။ ။

- ထောင်ထဲသို့ ဝင်လိုက်သည်နှင့် ပထမဆုံးတွေ့ရမည်မှာ ထောင်ပိုင် ဒုထောင်ပိုင် ထောင်မှူးကြီးရုံးခန်းစသည်များနှင့် အချုပ်သမား အကျဉ်း သားများ ထောင်ဝင်စာတွေ့သည့်နေရာ ထောင်အပြင်အဝင်တံခါးကြီးကဲ့သို့ ခေါင်းငုံ့ ခါးကုန်းဝင်ရသော အပေါက်ငယ်ကလေးတစ်ပေါက်ပါသည့် တံခါး ကြီးတစ်ထပ်ကို ကျော်လွန်ပြီးမှသာ ထောင်အဆောက်အအုံတစ်စိတ်တစ်ပိုင်းကို စတင်တွေ့ရှိရမည် ဖြစ်ပေသည်။

ထိုအထဲမှ မိန်းမထောင်မှာ အထူးကန့်သတ်ထားသည့်နေရာ ထောင်ထဲတွင် ဆယ့်ငါးနှစ် အနှစ်နှစ်ဆယ်နေခဲ့ဖူးသူများသော်မှ မိန်းမ ထောင်ကို မရောက်ဖူးကြ။ အနားသို့ ဝေ့သီဖူးရုံပဲရှိမည်။ အနားသို့ ဝေ့သီ ဖူးလို့ ကတော့ အကြောင်းမထူး၊ အထဲကိုမမြင်ရသော မမြင်နိုင်သော အုတ်ရိုး အကာအရံများ ရှိနေသောကြောင့်ပါ။ ထောင်ထဲကို ကျားကျားယားယား ယောက်ျားတွေချည်းရောက်ကြသည်မဟုတ်။ သွယ်သွယ်လျလျနွဲ့နွဲ့နှောင်းနှောင်း နုနုနယ်နယ် မိန်းမသားများလည်း ရောက်ကြသည်။ ထို့ကြောင့်လည်း မိန်းမ ဆောင်ဟူသော အခေါ်အဝေါ်ရှိနေရသည်။

လူသတ်မှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှု၊ ခိုးမှု၊ လိမ်မှု၊ လောင်းကစားမှု စသော ရာဇဝတ်ပြစ်မှုများကို ကျူးလွန်၍ ယောက်ျားရင့်မာကြီးတွေ ထောင် ထဲရောက်ကြသလို အမျိုးသမီးများသည်လည်း အလားတူပြစ်များကို ကျူးလွန်၍ထောင်ထဲသို့ရောက်ကြသည်။ - - အမှုနှစ်ခုကွဲပြားခြားနားမှုရှိသည်မှာ ယောက်ျားကောင်ဘက်တွင် မုဒိန်းမှုကျုးလွန်၍ ထောင်ထဲရောက်လာသူတွေရှိသော်လည်း မိန်းမထောင်ဘက်တွင် မရှိ၊ မိန်းမထောင်ဘက်တွင် ပြည့်တန်ဆာမှုနှင့် ရောက်လာသူတွေရှိသော် လည်း ယောင်္ကျားထောင်ဘက်တွင်မရှိ။ ယောက်ျားထောင်သို့ဖြစ်စေ၊ မိန်းမ ထောင်သို့ ဖြစ်စေ ဥပဒေကိုကျောခိုင်း၍ ပြစ်မှုအထွေထွေကို ကျူးလွန်ပြီး ထောင်ထဲရောက်လာသူများရှိသလို မထင်မှတ်ရာသော အကြောင်းကိစ္စကြောင့် မရည်ရွယ်ဘဲ ဆန္ဒမပါဘဲ အမှတ်တမဲ့ ပြစ်မှုကျူးလွန်သူဖြစ်ရသည်မှ ထောင် ထဲသို့ ရောက်လာသူများလည်း ရှိကြ၏။ ဒုတိယအမျိုးအစားထဲမှာ ခင်လေးနွယ် တစ်ယောက်လည်းပါသည်။ . . . . . ။

“အဲဒီတုန်းက ကျွန်မအသက်က ဆယ့်ခုနှစ်နှစ်၊ ကိုဝင်းအသက်က နှစ်ဆယ်၊ နှစ်ယောက်ပေါင်း အသက်လေးဆယ်မပြည့်တဲ့ အသစ်စက်စက် စုံတွဲတစ်တွဲပေါ့”

 

ဤသို့လျှင် မျက်နှာအလှ ဝင်းပပရှိသလို ဖြောင့်သွယ်တော့ရှင်းသည့် ကိုယ်လုံးအလှပိုင်ရှင် မခင်လေးနွယ်တစ်ယောက် ထောင်မှူးလေးကိုတင့်လွင်အား သူမ၏ ဘဝဇာတ်ကြောင်းကိုပြောရန် နိဒါန်းအစပျိုးလိုက်၏။ .

တရားရုံးမှ ပေးပို့လိုက်သည့် အချုပ်ဝရမ်းတွင် သူမ၏အသက်ကို (၂၉)နှစ်ဟု ဖော်ပြထားရာမှ အိမ်ထောင်ရှင်ဘဝသို့ရောက်ပြီး ငါးနှစ်တာ တာလအတွင်း ဖြစ်ပျက်လိုက်သည့် မူခင်းအဖြစ်အပျက်ဟု ဆိုရမည်ပါ။ - ကိုတင့်လွင်၏ ထောင်မှူးလုပ်သတ်မှာ ခြောက်နှစ် အိမ်ထောင်သက်မှာ ငါးနှစ်၊ ကိုတင့်လွင်နှင့် ချစ်ဇနီးအေးတို့မှာ အိမ်ထောင်သက်ငါးနှစ်ရှိသည့် ထိုင် ချစ်လို့ကြင်လို့မဝသေး၊ တစ်ဦးပေါ်တစ်ဦး ကြင်နာယုယမှု အရှိန် ဓလော့။ ဇနီးမောင်နှံအတူတွဲပြီး လည်ပတ်ရ သွားရလာရသည်ကို အားပါးတရ မရှိသေး၊ ပျော်တပြုံးပြုံး မော်မဆုံးရှိနေဆဲ၊ အိမ့်လည်ဆွဲ--

သားအဖသုံးယောက်အတူနေရသည့် အချိန်နည်းနေသည်ကိုပင် အားမလို အားမရ ဖြစ်နေကြရသည်။

ထောင်မှူးအလုပ်ဆိုတာက သမီးသားဇနီးမယားနှင့် လွတ်လွတ်လပ်လပ် အတူနေရချိန် နည်းလွန်းသည်။ အခြားသောအစိုးရဝန်ထမ်းတွေက သား သမီးများနှင့် နေ့ဘက်အတူမနေရသည့်တိုင် ညနေကနေ မိုးလင်းသည့်တိုင် အောင် အတူနေခွင့်ရကြသည်။ ထမင်းလက်ဆုံစားလို့လည်းရသည်။ ထောင် အလုပ်မှာ ဝင်ချိန်မှန်သော်လည်း ထွက်ချိန်မမှန်၊ ဂျူတီတ နေ့ချည်း ဝင်ရသည်မဟုတ်။ နေ့ရောညပါ တွဲဝင်ရသည့် အလှည့်ရှိသလို တစ်ခါတစ်ရံ တစ်နေကုန်ဝင်ပြီးမှ သန်းခေါင်ကျော်အလှည့်ဆက်ဝင်ဝေးရသည်လည်းရှိသည်။ နားရက်သော်မှ လွတ်လွတ်ကျွတ်ကျွတ် လည်ခွင့်ပတ်ခွင့် သွားခွင့်လာခွင့် မရ။ စိတ်တထင့်ထင့် နောက်ဆံတတင်းတင်း ရှိရသည်။ ဒါပေမယ့် ရတတ်သမျှအချိန်ကလေးအတွင်း မိသားစုသာသာမှုရှိအောင် နေကြထိုင်တြရသည်ပါ။ ခင်လေးနွယ်မှာလည်း ထို့အတူ သူ့မိသားစု - နှင့်သူ သိုက်သိုက်ဝန်းဝန်းနေချင်ရှာမည့်ဆန္ဒမျိုး ရှိပါလိမ့်မည်။ ခုတော့ မနေနိုင်ရှာ၊ ရေမြေမခြားစေကာမူ အုတ်နံရံကြီး ခြားထားသည့်နေရာသို့ ရောတ်နေရပါလေပြီ။ ..

တကယ်တော့ ဘယ်သူမပြု မိမိမှုကြောင့်ပါ။

*****

ထောင်မှူးလေးဦးတင့်လွင်ရှေ့တွင်ရှိနေသူ ခင်လေးနွယ်မှာ ထောင်ထဲကို လွတ်လွတ်လပ်လပ် တ်စယောက်တည်းဝင်လာရသုမဟုတ်။ တိုက်တစ်တိုယ် တည်းနှင့် လူနှစ်ယောက်ဆိုရဘိသို့ အပိုတွဲလေးပါလာသည်။ အပိုတွဲ စုစုထွက်ထွက်ကြီးမရှိသေး။ စူစပြုရုံလေးဘဲ ရှိသေးသည်။ ထောင်းထဲကို ရောက်လာသည့် အမျိုးသမီးများထဲမှ တချို့က ကလေးတိုလက်ဆွဲလျက် တချို့က ဗိုက်နှင့်လွယ်လျတ် ရောက်လာတတ်ကြသည်။ ကလေးကို လတ်တွဲပြီးရောက်လာသူထက် ကလေးကိုဝမ်းနှင့်လွယ်၍ ရောက်လာသူကို ဂရုစိုက်ရသည်။

တကယ်တော့ ဦးတင့်လွင်၏ မူရင်းတာဝန်များ မိန်းမထောင်နှင့် မသက်ဆိုင်၊ မိန်းမထောင်ကို ဦးတင့်လွင်တို့လို အမျိုးသားထောင်မှူးများ အကြောင်းမဲ့ ဝင်ထွက်သွားလာခြင်းမပြုရ။ အထူးအကြောင်းကိစ္စရှိ၍ သတ် ဆိုင်ရာအထက်အရာရှိအမိန့်အရ ဝင်ထွက်သွားလာရသည့်တိုင် အမျိုးသမီး

ထောင်မှူး သို့မဟုတ် အမျိုးသမီးထောင်ကြပ်များကို အတူပါစေပြီး သွားလာ ဝင်ထွက်ရသည်။

ထောင်ပိုင်၊ ထောင်မှူးကြီးတို့ သာလျှင် အချိန်မရွေး ဝင်ထွက်နိုင်ခွင့် ရှိ၍ ဦးတင့်လွင်တို့လို ထောင်မှူးလေးများသည်ပင် အထက်အရာရှိအမိန့် မရဘဲ ဝင်ထွက်ခွင့်မရှိရာ။ ထောင်ကြပ်တို့ အကျဉ်းသားတို့ဆို ဝေလာဝေး။ အနားသို့ ပင် မဝှေ့သီနိုင်ရာ။ ဟုတ်ပ...၊

မိန်းမထောင်ကို လွတ်လွတ်လပ်လပ် ဝင်ထွက်ခွင့်ပြုလို့ ဘယ်ဖြစ်မှာပါ။ ပြဿနာတထွေးကြီး ပေါ်လိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲ။ ခဏတစ်ဖြုတ် ထမင်းပုံ၊ ဟင်းပုံပို့ရသည့် အကျဉ်းသားများနှင့်ပင်လျှင် ကိစ္စ၊ ဝိစ္စကလေးတွေ ဖြစ်ကြသည် ရှိကြသည်။ ဒါတောင် အမျိုးသမီးထောင်ကြပ်တွေက လင်းယုံ မျက်စိမျိုးနှင့် မျက်လုံးဒေါက်ထောက်ကြည့်နေတာ။ သည်ကြားထဲက ဖြစ်ကြ

သည်မို့ တာဝန်ရှိသူတွေကို အပြစ်တင်မစောသာ။ ' အမျိုးသမီးများသည် ပါးစပ်ထက် မျက်လုံးစကားပြောအလွန်ကောင်း - ကြသည်။ လျင်ကြသည်။ ပြီး ယောက်ျားထောင်မှူးတစ်ယောက်အနေဖြင့် သူတို့ကို ကိုင်တွယ်ရသည်မှာမလွယ်၊ ယောက်ျားအကျဉ်းသားတွေကို ကိုင် တွယ်ရသလို ကိုယ်ထိလက်ရောက်ကိုင်တွယ်ဖို့ သာ၍ ခက်ခဲပါသည်။ အကိုင် အတွယ်မတတ်လျှင် အဆင်မသင့်လျှင် သူတို့ပြဿနာငုပ်လျှိုးသွားပြီး ကိုယ့် ပြဿနာ ဘွားဘွားကြီး ပေါ်လာတတ်သည်။ ကျော်မကောင်း ကြားမကောင်း ခံသွားရသူတွေ ရှိခဲ့ဖူးသည့်အဖြစ်ကို မမေ့သာ။ အမျိုးသမီးများ၏ ပရိယာယ် သည် ယောက်ျားများကို စို့စို့ပို့ပို့ကြီး ဒုက္ခပေးတတ်သည် မဟုတ်ပါလား။

ဒါကြောင့်လည်း ထောင်မှူးလုပ်သက်ရင့်သူများက မိန်းမထောင်ဘက်ကို မျက်နှာမမူချင်၊ ခြေဦးမလှည့်ချင်။ မတတ်သာလွန်းမှသာ မျက်နှာမူ၍ ခြေဦး လှည့်ကြသည်။ ထောင်မှူးအသစ် ထောင်မှူးပေါက်စကလေးများသာ မျက်နှာတခုခြေဦးလှည့် ရှိကြသည်။ ထွန့်ထွန့်လူးလူး သွားချင်လာချင် ဝင်ချင်ထွက်ချင် ရှိကြသည်။ မိန်းမထောင်ဘက် တာဝန်ကျမည်ကို လိုလို လားလား တောင်းတောင်းတတ ရှိကြပါလေသည်။ ။ - တချို့ဆို တာဝန်မကျဘဲ တာဝန်ကျသူနှင့် နားလည်မှုယူပြီး ခဏပဲ ရောက်ရရောက်ရ ရောက်အောင်သွား၍ လေ့လာသမှု ပြုကြသည်။ မိန်းမထောင်ကို ရောက်လာသည့်အချုပ်သစ်များ၊ ရှိပြီးအချုပ်သားဟောင်းနှင့် “ထောင်ကျအမျိုးသမီးများမှာ အကျည်းတန်အရုပ်ဆိုးတွေချည်းမဟုတ်။ ကြည့် ပျော်ရှုပျော်သူတွေပါသလို တစ်ခါကြည့်ပြီးရင် မျက်နှာပြန်မလွှဲချင်လောက် အောင် လှသူများလည်း ပါသည်။ - သည်တော့လည်း ..

*****

အမျိုးသမီးထောင်ဘက်တွင် ပြဿနာ တစ်ထမ်းတစ်ထွေးရှိကြသည်မှာ မဆန်း၊ ဖျောက်မရသော အလေ့စရိုက်ရှိကြသည်မှာ အမျိုးသမီးများ၏ မွေးရာပါဗီဇ၊ စပ်စပ်စုစုလုပ်တတ်သလို အတင်းအဖျင်းကိုလည်း ဆီလို အပေါက်ရှာပြီး ပြောတတ်ဆိုတတ်ကြသည်။ အစောင်းမြောင်း အထေ့ အေဟူသ၍လည်း မျက်နှာပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလုပ်တတ်ကြသလို ပါးပါးလေး ရွဲ့ရမလား သိပ်ဖြစ်၊ ပြောင်ပြောင်တင်းတင်း မဲ့ရရဲ့ရ လေ့ရ ကလိရမလား သိပ်ဖြစ်။ ပြဿနာအဖုံဖုံနှင့် ရစ်သိုင်းထွေးရစ်နေသည်ကို ဆန်းသည်ဟု ဘယ်သို့ ဆိုရမှာပါ။

ယောက်ျားထောင်ဘက်မှာ အချုပ်သား အကျဉ်းသားတွေ ထောင်ချီ ရှိကြသည်။ မိန်းမထောင်ဘက်မှာ ရာဂဏန်းပဲရှိသည်။ ဒါပေမယ့် ပြဿနာ ပိုများ ပိုရှုပ်သည်က မိန်းမထောင်ဘက်မှာ...၊

သည်ကနေ့ အတူတူတတွဲတွဲ နက်ဖြန်ကျတော့ခွာပဲ။ နောက်တစ်နေ့ | ပြန်တည့် ပြန်ပေါင်းနှင့် မုန့်လုံးစက္ကူကပ်သို့ နှယ် ရှိပါချေ၏။ သည်တော့

လည်း ပြဿနာတစ်ထွေးတစ်ပုံကြီး ရှိကြလိမ့်မပေါ့။