Skip to product information
1 of 2

Other Websites

ကျော်မြသန်း - ပလက်ဖောင်းမင်းသား

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

ဒုတိယကမ္ဘာစစ် မဖြစ်မီက ရန်ကုန်မြို့နေသူ အများ၏ ပါးစပ်ဖျားတွင် ရေပန်းစား အပြောများခဲ့သည့် လူပုဂ္ဂိုလ်တစ်ယောက် ရှိခဲ့၏။ .

သုသည် လူ့ပတ်ဝန်းကျင်ကို အကျိုးပြုသည့် လုပ်ရပ်များလုပ်ခဲ့သူ တစ်ယောက် မဟုတ်စေကာမူ ခေတ်ကာလအလျောက် ထူးခြားသော သူ၏ လုပ်ရပ်ဖြစ်စဉ်များကြောင့် သူ၏ အမည်နာမမှာ ဟိန်းထွက် ကျော်ဇောလို့ လာသည်။

သု၏ လုပ်ရပ်ဖြစ်စဉ်များမှာ ကောင်းရိပ်ဘက်သို့ အလေးမသာသည့် အလျောက် မကောင်းသတင်းဆိုးများနှင့် ယစ်ထွေးခဲ့သည်။ '

မည်ကြီးသော်လည်း နာမည်မကောင်း၊

ကောင်းသောနှင့် ကျော်ကြားထင်ရှားခြင်းသည် နှစ်လိုဖွယ်ဖြစ်သော် လည်း မကောင်းရိပ်ထင်သော ကျော်ကြားခြင်းသည် နှစ်လိုဖွယ်ရာ မဟုတ်ပေ။

ကောင်းသတင်းနှင့် ကျော်ဇောထင်ရှားသူမှာ အသက်သေသော်လည်း နာမည်မသေ။ မကောင်းသတင်းနှင့် ကျော်ဇောထင်ရှားသူမှာ သူမသေခင်က တည်းက နာမည်သေသည်။ ကောင်းသော ပုံရိပ်ထင်သူများ၏ ဘဝနိဂုံးသည် အနားသတ် မကောင်း၊ အကျည်းတန်သည်။ ။

သို့စေကာမူ...

ခေတ်ရေစီးကြောင်း အခြေအနေအရ သူ့ကို အလေးထား နေရာပေး၍ ဆက်ဆံရသည်။

ကွယ်ရာမှာ ဘာတွေပဲပြောပြော ဘယ်သို့ပင် နှာခေါင်းရှုံ့ရှုံ့၊ ဘယ်လိုပင် ပုံရိပ်ပြေး ရှေ့တင်ဆိုတော့ သူ့အကြောင်း မကောင်းသတင်း ဆိုဝံ့သူ မရှိ။

နှာခေါင်းရှုံ့ ရဲသူ မရှိ။ မဲ့ရိပ်ထင်ရဲသူ မရှိ၊ နှစ်လိုဖွယ် အရိုးရိပ်ထင်ပြလျက် ကြည်ကြည်သာသာ မူအရာဆောင်ပြီး လိုလိုလားလားဟန်ထင်၍ ဆက်ဆံကြရသည်။ သူ့အရှိန်အဝါက သည်လောက်ပင် ကြီးထယ်သည်။

ခေတ်ရေစီးကြောင်း အခြေအနေအရ စီးပွားရေးအချက်အချာကျသည့် နယ်မြေကြီးတစ်ခုလုံးမှာ သူ၏ စိုးမိုးမှုဩဇာသက်ရောက်မှုအောက်မှာ ရှိခဲ့သည်။

| ရန်ကုန်မြို့၏ အုပ်ချုပ်ရေးနယ်ပယ်ကို တရားဝင် အုပ်ချုပ်နေသည့် ပုလိပ်အဖွဲ့ကြီးရှိသော်လည်း ပုလိပ်အဖွဲ့ကြီး၏ ဩဇာသက်ရောက်မှုမှာ သူ၏ ဩဇာသက်ရောက်မှုလောက် မထိရောက်ခဲ့။

ပုလိပ်အဖွဲ့ကြီးက ဥပဒေနှင့်အညီ အုပ်ချုပ်သည်။ သူက ဥပဒေကို မျက်နှာလွှဲခဲပစ်လုပ်ပြီး အုပ်ချုပ်သည်။

အဲဒီခေတ်က ရန်ကုန်မြို့ကို သုံးပိုင်းခွဲ၍ ဒီ-ဝိုင်-အက်(စ်) ခေါ် မျက်နှာဖြူ ရဲဝန်ထောက်သုံးယောက်က အုပ်ချုပ်သည်။ ။ - ရန်ကုန်အရှေ့ပိုင်း၊ အလယ်ပိုင်း၊ အနောက်ပိုင်း၊ ရန်ကုန်အလယ်ပိုင်းကို ပုလိပ်အဖွဲ့က အုပ်ချုပ်ထားသည်။ သူက စိုးမိုးကိုင်တွယ်ထားသည်။ နယ်စားပယ်စား လုပ်နေသည်။ လူမိုက်ဘွဲ့ခံ လမ်းမတော်ဖိုးတုတ် ကို - အင်္ဂလိပ်များအုပ်စိုးသည့် ကာလတွင် လူမိုက်ခေတ်တစ်ခေတ် ထွန်းကား ခဲ့သည်။ . လူမိုက်ခေတ် ထွန်းကားလာအောင် `သူတို့ကပင် လုပ်ပေးခဲ့သည်။

လူမိုက်ကို ကြားခံအဖြစ်ထား၍ လူလူချင်း ဗိုလ်ကျစိုးမိုးသည့် စနစ်ကို ဖန်တီးပေးခဲ့သည်။ . ။

ငါးကြင်းဆီနှင့် ငါးကြင်းကျော်သည့်နည်း၊ ဒါကြောင့်လည်း လမ်းမတော်ဖိုးတုတ်မှာ ငွေရွှင်သော နယ်မြေကို `တရားဝင် အပိုင်စားရထားသူတို့နှယ် စိုးမိုးချယ်လှယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ '' အင်္ဂလိပ်တို့ အုပ်စိုးစဉ် ကာလတလျှောက်လုံး ဒုတိယကမ္ဘာစစ်ဖြစ် သည်အထိ လမ်းမတော်ဖိုးတုတ်၏ ကျော်ဇော သတင်းမှာ လျှမ်းလျှမ်းတောက် ခဲ့ခြင်း ဖြစ်၏။ ( လမ်းမတော်ဖိုးတုတ်က တပည့်အသိုင်းအဝိုင်း အားကိုးနှင့် မိုက်သူ “ သူကိုယ်တိုင်လည်း လုပ်ရဲကိုင်ရဲ သတ္တိရှိသည်။

တပည့်တပန်း အသိုင်းအဝိုင်းကောင်းကိုလည်း ရွေးတတ် မွေးတတ်သည်။

မဟုတ်။“က

ဩဇာညောင်းအောင်လည်း အကိုင်အတွယ် ကျင်လည်သည်။

မလှုပ်ရဲ မလှန်ရဲအောင်လည်း နည်းမျိုးစုံသုံး၍ ထိန်းထားနိုင်စွမ်း ရှိသည်။

ဒါတင်မက ပြေလည်အောင် ဆက်ဆံရမည့် အသိုင်းအဝိုင်းနှင့် ဆက်ဆံ ရာတွင် အထာကျွမ်းသည်။

အချိုကြိုက်သူ အချို၊ အချဉ်ကြိုက်သူကို အချဉ်။ ချဉ်ငန်စပ်ကြိုက်သူကို ချဉ်ငန်စပ်။

ဘာကြိုက်သူဖြစ်သည်ကို အကဲဖမ်းကျွမ်းသလို အကြိုက်ကိုလည်း ပေး စွမ်းနိုင်သည်။

ငွေရေးကြေးရေး အပေးအကမ်းလည်း ရက်ရောသည်။

အဲဒီအရည်အချင်းတွေကြောင့်လည်း လမ်းမတော်ဖိုးတုတ်မှာ လူမိုင် သက်တမ်း ရှည်ကြာခဲ့ခြင်း ဖြစ်၏။

လူမိုက်ခေတ်အစ၊ မတ်စတီး ခန်းမန်မဆာတို့ကဟု ဆိုစမှတ်ပြုရအော ရန်ကုန်မြို့၏ လူမိုက်စိုးမိုးရေးကို သူတို့က စတင်ခဲ့ကြသည်။

မြန်မာလူမိုက်ခေတ် မရောက်မီက ကုလားလူမိုက်ခေတ်။

ထိုစဉ်ကာလက ရန်ကုန်မြို့လယ်တွင် မြန်မာလူမျိုးများ အနေ နည်းသည်။

ကုလားနှင့် တရုတ်များသာ အနေများသည်။

မြန်မာလူမျိုးများမှာ ရေကျော်၊ ပုဇွန်တောင်၊ စက်ဆန်း၊ အလုံ၊ ကြည့် မြင်တိုင်၊ ကမာရွတ်စသော ထိုထိုကာလ မြို့ဆင်ဖုံးဟု ဆိုရမည်သော ရပ်ကွက် များတွင်သာ အနေများသည်။ | အဓိက စီးပွားရေးလုပ်ငန်းများမှာလည်း ကုလားနှင့် တရုတ်တို့ လက်ထဲတွင် `ရှိသည်။

အထူးသဖြင့် ကုလားလူမျိုးများ စီးပွားရေးလုပ်ငန်း အတော်များများကို စိုးမိုးချုပ်ကိုင်ထားသည်။

ကုလားလူမျိုး စီးပွားရေးလုပ်ငန်းရှင်များနှင့် သူတို့လူမျိုးများကို ဖြစ်၏။ လူမျိုးများ၏ အနှောင့်အယှက်ပေးခြင်းမှ ကာကွယ်ရန် ငွေဖလားကို သူတို့နယ်မြေထဲသို့ ဝင်ရောက် ဗိုလ်မကျစေရန် ရည်ရွယ်ကွပ်သူပါ။ လူမိုက်ခေတ်ကို ထုထောင်ခဲ့ကြသည်။ သူဌေးမှာ မဆာ။

ကျော်ဇောထင်ရှားသည့် ကုလားလူမိုက် ခေါင်း. လူက မောင်ထော်လေးလမ်းမှာ နေထိုင်သည်။

ချမ်းသာသော စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်၍ ထိုစဉ်ကာလ နယ်ချဲ့ တို့၏ အုပ်ချုပ်ရေးအသိုင်းအဝိုင်းတွင် ဝင်ဆန့်သူ ဖြစ်သည်။

ရန်ကုန်ပုလိပ်မင်းကြီးအထိ ပေါက်ရောက်သည်။

မတ်စတီးခန်းက စတီးဘရားသားနှင့် ဆယ်နွယ်သည့် စပါးအရောင်း အဝယ်လုပ်ငန်းကြီးကို လုပ်ကိုင်နေသူ

စပါးသယ်ယူပို့ဆောင်ရေးလုပ်ငန်း၏ အဓိကကျသည့် စီ၊ ဘီများ ၊ ပိုင်ဆိုင်သူ။ . ကမာရွတ်တွင်ရှိသည့် မတ်စတီးဈေးကြီးကို ပိုင်ဆိုင်သူ။

ကြည့်မြင်တိုင် ဈေးကြီးလမ်းဟု အစွဲပြုခေါ်ဝေါ်ရသည့် စုရတီဘဇား "ရားကြီး၏ အစုရှယ်ယာပိုင်ရှင်၊ မျ အစဦးပိုင်းက သူ၏ လုပ်ငန်းများကို အကာအကွယ်ရဖို့ အတွက် ပုလားလူမိုက်များကို လက်သပ်မွေးထားခဲ့သည်။ " ထိုမှ တစ်စ တစ်စ တပည့်တပန်းတွေများလာပြီး လူမိုက်ခေါင်းဆောင် အဖြစ် အသိအမှတ်ပြုခံလာရသည်မှ နေရာတကာတွင် ဩဇာသက်ရောက် မှုကို မိန့်မောလာသည်။

| ကုလားသူဌေးများထံမှ လက်ဆောင်ပစ္စည်းအစ ဆက်ကြေးပါပေးပြီး သူ၏ အကူအညီကို ရယူလာကြရသည်။

နေရာတကာမှာ ဝင်ဆန့်သူဖြစ်လာသည်။ ထိုအပေါ်တွင် သာယာ မိန့်မောလာသည်။ တကယ်တော့ သူက ကိုယ်တိုင် လုပ်ရဲ ကိုင်ရဲ သတ္တိ ကောင်း၍ ထင်ပေါ်လာသူ ဖြစ်လာသည် မဟုတ်။

တပည့်တပန်း အသိုင်းအဝိုင်းကောင်းခြင်းနှင့် အုပ်ချုပ်သူအပိုင်းအထိ ဝင်ဆန့်သောကြောင့် ထင်ပေါ်လာသူ ဖြစ်လာသည်ပါ။

စပတ်လမ်း (ဗိုလ်အောင်ကျော်လမ်း) မှ သိမ်ကြီးဈေးအံထိ သူ့ပိုင်နက်

မြေ ဖြစ်လာသည်။ ခဲ့သူ ကြီးစိုးထားသည့် နယ်ပယ်အဖြစ် ထင်ရှားလာသည်။ မတ်စတီး

လေမန်အဝါမှာလည်း တောက်ထင်လာသည်။ သူ၏ အမည်မှာ မဟု ဖြစ်လာသည်။

လူကိုယ်အင်္ဂလိပ်တို့က သူတို့၏ စစ်ဗိုလ်ကြီးအမည်ကို အစွဲပြု၍ အမညံ့တပ်မည်သည်ပင် သူ၏အမည်နှင့် အစားထိုး အသိအမှတ်ပြုခံလာရသည်။

အင်္ဂလိပ်တို့ ပေးထားသည့် လမ်းအမည် 'စကင်းမောင်ထော်လေးလမ်း”

နောက်ပိုင်း လူအများ၏ အသိအမှတ်ပြု ခေါ်ဝေါ်လာသည့် လမ်း အမည်မှာ “မတ်စတီးလမ်း'

သူနေထိုင်သည့်လမ်းကို သူ၏အမည်ဖြင့် အခေါ်အဝေါ်ပြုလာသည် အထိ သူ၏ အရှိန်အဝါ တောက်ထည်လာသည်။

သူက အနေအထိုင် အလွန်ထည်ဝါသည်။ ဂျိမ်းစဘွန်းဇာတ်ကားတွင် ပါဝင်သည့် ရွှေဦးထုပ်မျိုးကို သူက အဲဒီ ကတည်းက ဆောင်းခဲ့သူပါ။

တကယ် ဟုတ်မဟုတ်ဆိုသည်ကိုတော့ အတိအကျ မပြောနိုင်။ ရွှေဦးထုပ်ဆောင်းသည်ဟု ပြောစမှတ်စကား ဖြစ်တည်ခဲ့သည်များကို

သုညနေဘက် လေညင်းခံထွက်သည့်အခါ မြင်းလေးကောင် ဒေါက်ကပ်ရထားကြီးစီး၍ လေညင်းခံထွက်သည်။ ' '

ထိုခေတ်က မော်တော်ကားစီးနိုင်သည်ထက် ဒေါက်ကပ်စီးနိုင်သည်က ပို၍ ဂုဏ်ရှိန်မြင့်ထည်သည်။ မော်တော်ကားထက် မြင်းလေးကောင်တပ် ဒေါက်ကပ်က ပို၍ စရိတ်က ကြီးမြင့်သည်။ ။

လူအများ၏ အာရုံစိုက်ခြင်းကို ပိုမိုခံရ၍ အထင်ကြီးမှုကိုလည်း ပို၍ ခံရသည်။

သူ၏ ဒေါက်ကပ်မောင်းသူမှာ မဟာရာဂျာစော်ဘွားများ ဝတ်စား , ဆင်ယင်ပုံမျိုးဝတ်ဆင်၍လည်းကောင်း၊ ဥရောပတိုက်သားတို့၏ ခန့်ထည် သော ဝတ်စားဆင်ယင်ပုံမျိုး ဝတ်ဆင်၍လည်းကောင်း ဝတ်စားဆင်ယင်ပြီး မောင်းရသည် ။

ဒေါက်ကပ်မောင်းသူကား အဲဒီလောက် ထည်ဝါနေမှတော့ ဒေါက်ကပ် စီးသူ ဘယ်လောက် ထည်ဝါနေလိမ့်မည်ကို အထူးပြောစရာ မလိုအောင် ထည်ဝါနေ လိမ့်မည်သာပါ။

တစ်ခါတရံ.အမိုးဖွင့်ကားကို စီး၍လည်း ကန်တော်ကြီးကိုပတ်၍လည်း လေညင်းခံတတ်လေ့ရှိသည်။

လူမိုက်ဘွဲ့ခံ မတ်စတီးခန်းက အဲဒီလိုမျိုး အနေအထိုင် ထည်ဝါသူဖြစ်၏။ ကောင်းမှာအကွပ်၊ လူမှာအဝတ် ဆိုရိုးစကားရှိသည်။ သူက ငွေဖလားကို ရွှေနားကွပ်အဆင့်၊ ထိုထက်သာလွန်၍ ရွှေဖလားကို စိန်နားကွပ်ပါ။ .

မတ်စတီးခွန်းနှင့်ခေတ်ပြိုင် လူမိုက်ဘွဲ့ခံ ကုလားသူဌေးမှာ မန်မဆာ။မန်မဆာက မတ်စတီးခန်းလောက် နာမည်သတင်း အရှိန်အဝါမကြီး

လည်း ရန်ကုန်အရှေ့ပိုင်းမှာ သုကလည်း တစ်ဗိုလ်တစ်မင်း လုပ်နေ နိုင်သူ ဖြစ်၏။ . သော်မဆင်မှာ တိုက်တာနှင့် အကျအန နေသည်။ " | ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် ရထားလုံး အများအပြား ပိုင်ဆိုင်သည်။

ခေတ်အလိုက် ဂုဏ်ရည်လည်သူများ နေထိုင်သည့် သော်မဆင်နှင့် ဗိုလ်တစ်ထောင်မှာ အငှားချထားသည့် တိုက်တာအိမ်ခြေများ ပိုင်ဆိုင်သည်။

ရန်ကုန်မြို့ထဲမှာ ပြေးဆွဲနေသည့် ရထားလုံးလုပ်ငန်းအတွက် တပည့် မိုက်မွေးရင်းကနေ နောက်ပိုင်း ကိုယ်တိုင် လူမိုက်ခေါင်းဆောင် ဖြစ်လာသူ။ . မတ်စတီးခန်းလောက် မကျော်ကြားပေမယ့် မန်မဆာဆိုသည့် နာမည်အမှတ်ပြုခံရလောက်အောင်တော့ ထင်ပေါ်ခဲ့သည်။ လမ်းမတော် ဖိုးတုတ်လူမိုက်ဘွဲ့ခံခဲ့သည်မှာ စတီးစကင်းခန်တို့ မန်မဆာတို့နှင့် ဆယ်နွယ်သော အကြောင်းအခြေခံလည်း ပါသည်။

ကုလားလူမိုက်များ ရန်ကုန်မြို့ကို ခါးဆောင်းတင်ပြီး စိုးမိုးခြယ်လှယ် နေသည်ကို ဖိုးတုတ်က မခံချင်၊မြန်မာ လူမျိုးတွေ သွေးမကောင်းလို့ သတ္တိနည်းလို့ သူတို့က ဗိုလ်ကျခွင့်ရနေတာလား၊

မြန်မာလူမိုက်တွေ ရှိပါလျက်ကနဲ့ ကိုယ့်ရပ်ကွက်လောက်မှာပဲ နယ်ကျဉ်း ခံပြီး နေနေတာ သူတို့ အရှိန်အဝါကို ကြောက်လို့လား။ ။

မတ်စတီးခန်းတို့ နယ်မြေထဲကို ဘာလို့ မတိုးရဲတာလဲ။

လမ်းမတော်ဖိုးတုတ်က ဒါကို မကျေနပ်ခံပြင်းသည့် စိတ်ဓာတ်အခြေခံနှင့် လူမိုတ်လောကထဲသို့ တိုးဝင်ခဲ့ခြင်း ဖြစ်သည်။ မတ်စတီးခန်း၏ ညာလက်ရုံး နာမည်ကြီး ကုလားလူမိုက်တစ်ယောက် ဖြစ်သူ မာမွတ်ကို စပြီး ဖြိုခဲ့သည်။ ပန်းဆိုးတန်းနှင့် မဂိုလမ်းကြား နယ်မြေမှာက မာမွတ်ကို ဖိန့်ဖိန့်တုန်အောင်

ကြောက်ကြရသည်။ မာမွတ်က မတ်စတီးခန်း လက်ထက်မတိုင်မီကတည်းက လူမိုက်အဖြစ် ကြီးစိုးနေသူ။

နောက်ပိုင်း မတ်စတီးခန်းက လက်ရုံးတပည့်အဖြစ် မွေးလိုက်ရာမှ ဆရာဖြစ်သူ၏ အရှိန်အဝါနှင့် ပို၍ ဇက်ရဲလက်ရဲ ဗိုလ်ကျစိုးမိုးလာသည်။

ကိုဖိုးတုတ်က နောင် သူ့တပည့်ဖြစ်လာသူ သောင်းတင်ဆိုသူနှင့် နှစ် ယောက်ပေါင်းပြီး မာမွတ်နယ်မြေ ပန်းဆိုးတန်းသို့ဝင်၍ မူလီခေါင်းတပ် ကြိမ်တုတ်နှင့် မှတ်လောက်သားလောက်ဖြစ်အောင် နှက်ခဲ့သည်။ မာမွတ်က သူ့ကို ဘယ်သူဝင်နှက်သွားမှန်းပင် မသိလိုက်။

ကိုဖိုးတုတ် ကလည်း နာမည်မခံ၊ ခံလို့လည်း မဖြစ်။ မတ်စတီးခန်းက ပုလိပ်အဖွဲ့အပေါ် ဩဇာသက်ရောက်မှု ရှိနေသော ကြောင့် နာမည်မခံရဲ။ ထို့ ကြောင့်...

ကိုဖိုးတုတ်က ပေါ်ထင်ရေးကို ဦးမတည်ဘဲ လုပ်စရာရှိတာကို သိုသို သိပ်သိပ် ပိပိရိရိ လုပ်ခဲ့ခြင်း ဖြစ်၏။ ခံလှည့်မရှိ။

လုပ်လှည့်သာရှိခဲ့သည့် မာမွဟ်မှာ မမျှော်လင့်ဘဲ ခံချက်နှင့် ကြုံတွေ့ လိုက်ရသည့်အခါ ဖျားသွားသည်။

ဗိုလ်ကျသည့် ထီမထင်လုပ်ရပ်များ အရှိန်တန့်သွားသည်။

လမ်းမတော်ဖိုးတုတ်က သည်နည်းဖြင့် သူတို့ အုပ်စုဝင် လူမိုက်များကို တစ်ယောက်ပြီးတစ်ယောက် ဖြိုခဲ့သည်။

အဲဒီတုန်းက တပည့်တပန်းအားကိုးနှင့် လုပ်ခဲ့ခြင်းမဟုတ်ဘဲ တစ်ကိုယ် တော် ကြဲခဲ့ခြင်း ဖြစ်၏။

ထိုစဉ်က လမ်းမတော်အပိုင်မှာ နာမည်ကြီးနေသည့် မြန်မာ့လူမိုက် ကြီးတစ်ယောက် ရှိသည်။

ပုဏ္ဏားဘကွန်း၊ ပုဏ္ဏားဘကွန်းက ကိုယ်တိုင်လည်း ဇရှိသည်။တပည့် တပမ်း အင်အားလည်း ကောင်းသည်။ အဲ့ဒီအချိန် ကိုဖိုးတုတ်မှာလည်း တပည့်တပန်း အသင့်အတင့်ရှိနေပြီပုဏ္ဏားဘကွန်းလောက်တော့ အသိုင်း အဝိုင်း မကောင်းသေး၊ ပုဏ္ဏားဘကွန်းမှာ မတ်စတီးခန်းနှင့် လက်ဝါးချင်း ရိုက်ထားသူ။ ဒါကြောင့် ကိုဖိုးတုတ်က ပုဏ္ဏားဘကွန်းကို ရှင်းပြမှဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။

ပုဏ္ဏားဘကွန်းကို မရှင်းလျှင် နယ်မြေတစ်နယ်မြေတည်းမှာ ဗိုလ်နှစ်ဗိုလ် ဖြစ်နေမည်။

ဂူတစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင် အောင်းရိုးထုံးစံမရှိ။ ကိုဖိုးတုတ်က စတင်၍ စိန်ခေါ်လိုက်သည်။ ပုဏ္ဏားဘကွန်းက ကျလူ။ ကိုဖိုးတုတ်က တက်လူ။

တစ်နေ့..

ကိုဖိုးတုတ်က ပုဏ္ဏားဘကွန်းနေသည့် ဆယ့်တစ်လမ်းထဲသို့ တစ်ယောက်တည်း ဝင်သွားပြီး ပုဏ္ဏားအိမ်ရှေ့တည့်တည့်မှာ ရပ်လိုက်သည်။ ,

“ပုဏ္ဏား အောက်ကိုဆင်းခဲ့၊ ကျုပ် တစ်ယောက်တည်း လာတယ်။ ခင်ဗျားလည်း တစ်ယောက်တည်း ဆင်းခဲ့၊ ခင်ဗျားနဲ့ ကျုပ်သွေးစမ်းရအောင်” သုံးခါတိတိ ခေါ်သည်။ ပုဏ္ဏားဘကွန်း ဆင်းမလာ၊ တကယ်တော့ ပုဏ္ဏားဘကွန်းကလည်း သွေးနီသု တစ်ယောက်ပါ။ ဒါပေသိ ရုတ်တရက် မမျှော်လင့်သော ဖြစ်ရပ်ကြောင့် ရုတ်တရက် ဘာလုပ်ရမည် မဆုံးဖြတ်နိုင်ဘဲ ကြောင်သွားခြင်း ဖြစ်၏။

ကျလုနှင့် တက်လူဆိုသည်ကလည်း သု၏ခြေလှမ်းများကို တုံ့ဆိုင်းသွား စေခဲ့သည်။

သုံးကြိမ်တိတိခေါ်လို့ ဆင်းမလာသည့်အဆုံး... " . “ခင်ဗျားကြီး လူမိုက်ပုဏ္ဏားမှ မဟုတ်ဘဲ၊ ဆန်တောင်းတဲ့ ပုဏ္ဏားပဲ၊ လမ်းမတော်အပိုင်မှာ လူမိုက်က ခင်ဗျားမဟုတ်တော့ဘူး။ ကျုပ် ဖြစ်သွားပြီး ဒီကနေ့ကစပြီး ကျုပ်နာမည် လမ်းမတော်ဖိုးတုတ်” “

အဲဒီလို အပြတ်ပြောပြီး ခပ်အေးအေးပင် ပြန်ထွက်ခဲ့သည်။

ထိုဖြစ်စဉ်သတင်းမှာ လမ်းမတော်နယ်မြေတွင် ချက်ချင်း ပြန့်ကား သွားသည်။ တစ်ဆင့်စကားက နိယာမထုံးစံအတိုင်း ဖြစ်စဉ်ထက်ပို၍ ကျယ်ကားသွားသည်း အဲ့ဒီကစပြီး လမ်းမတော်ဖိုးတုတ်ဆိုသည့် နာမည် တစ်လုံး ဟိန်းထွက် လာခဲ့သည်။ လူမိုက်သွေးကြွ ဇရှိသူတွေ သူ့ထံ ဗိုလ်ဝင်ခံ လာကြသည်။ အဲ့ဒီအချိန်က လမ်းမတော်ဖိုးတုတ်နှင့် မရှေးမနှောင်း ခေတ်ပြိုင် နာမည် ထွက်လာသူမှာ ဗိုလ်တစ်ထောင်ငမိုး၊ ဗိုလ်တစ်ထောင်ငမိုးကလည်း ခေသူမဟုတ်။ မိုက်သွေးကြွသည့် နေရာတွင် ဇကြီးသူဖြစ်၏။

လမ်းမတော်ဖိုးတုတ် ခေတ်ထလာသည့်အခါ မတ်စတီးခန်း မှေးမှိန် သွားသလို၊ ဗိုလ်တစ်ထောင်ငမိုး ခေတ်ထလာသည်တွင် မန်မဆာ နာမည် ပျောက်သွားသည်။ မတ်စတီးခန်း၊ မန်မဆာ ဟူသည့် ကုလားလူမိုက်ကြီး နှစ်ယောက်နေရာတွင် လမ်းမတော်ဖိုးတုတ်နှင့် ဗိုလ်တစ်ထောင်ငမိုးတို့ နှစ်ယောက် နာမည်ကျော်ထွက်လာသည်။ နယ်မြေခြင်းက တခြားစီမို့ ဂုတင်ဂုထဲ ခြင်္သေ့နှစ်ကောင် အောင်းသည့် ပြဿနာ မပေါ်။ သူ့နယ်နှင့်သူ တစ်ဗိုလ်တစ်မင်း လွှမ်းမိုးကြီးစိုးခဲ့ကြသည်။ သူတို့နှစ်ယောက် နာမည်ကြီးတာ တူညီပေမယ့် စရိုက်လက္ခဏာချင်းတော့ မတူ၊

လမ်းမတော်ဖိုးတုတ်က ကုလားလူမိုက်များ၏ ကြီးစိုးမှုကို မခံချင်သော ကြောင့် လူမိုက်လောကထဲသို့ ဝင်ရောက်ခဲ့သူ၊ ဗိုလ်တစ်ထောင်ငမိုးက ငယ်စဉ်ဘဝ အခြေအနေ ယိုင်နဲ့ခဲ့ရာမှ ထင်ရာ

စွတ်လုပ်တတ်သော သူ၏ ပင်ကိုပါ ညာဉ်ဆိုးကြောင့် လူမိုက်အဖြစ် အသိ အမှတ်ပြုခံရသူ။

မောင်မိုးက စနေသား။

မောင်မိုးဆိုသော အမည်မှာ နေ့သင့်နံသင့် မှည့်ခေါ်သည့် “စုဠိ' အမည်မဟုတ်။

ချစ်စနိုးခေါ်ဝေါ်ရာမှ သေရာပါ နာမည်ဖြစ်သွားသည့် “အနတ္တသညာ' အမည်ဖြစ်၏၊

ဗိုလ်တစ်ထောင်ဘုရားပွဲတွင် နာမည်ကြီးရုပ်သေးပွဲ ကပြနေသည်။

ထိုနေ့ညက ကပြမည်ဟု ကြော်ငြာထားသည့် ဇာတ်ထုပ်မှာ ငမိုးရိပ် မိကျောင်းဇာတ်ထုပ် .

ရွှေပွဲလာပရိသတ်တို့ အလွန်စွဲမက် ကြိုက်နှစ်သက်သည့် ဇာတ်ထုပ်။

နေ့စေ့ လစေ့ ကိုယ်ဝန်အရင့်အမာကြီး လွယ်ထားရသူ မဗုံဗုံမှာ ခင်ပွန်း ဖြစ်သူနှင့် အိမ်နီးနားချင်း မိတ်ဆွေသင်္ဂဟများ တားမြစ်သည့်ကြားထဲက ဝါသနာကို မတားနဲ့တော့ရှင်၊ မဗုံဗုံမှာ ပွဲခင်းထဲသို့ ရောက်နေခဲ့သည်။

ရှင်ဘုရင်နှင်ဝန်ကြီးများ တိုင်းပြည်တည်ပြီး ကြပြီ၊ ဗိုက်ထဲက တစစ်စစ်နာလာပေမယ့် မဗုံဗုံက အိမ်ပြန်ဖို့ လုံးဝစိတ်မကူး၊ အဲသည့်အချိန် ခင်ပွန်းဖြစ်သူ ကိုဖိုးခင် ပွဲထဲသို့ ရောက်နေသည်။ သို့စေကာမူ သူတို့နှစ်ယောက်မှာ တစ်ကွဲတစ်ပြားစီ ရှိနေကြသည်။

ငမိုးရိပ်မိကျောင်းက လူယောင်ဖန်ဆင်းလျက် ရေခင်းသူမယ်ပွင့်နှင့် တွေ့ပြီး ကြည်နူးဆွတ်ပျံ့ဖွယ်ရာ နှလုံးသားစကားထာ ဖွဲ့နေချိန်အရောက် မဗုံဗုံဗိုက်ထဲက ကျွမ်းသူပုန် ထလာသည်။ ။

မဗုံဗုံက ဇွဲတင်းကြည့်သေးပေမယ့် ပွဲခင်းထဲမှာ ဆက်နေလို့ မရတော့။ အဖော်များ အကူအညီနှင့် အိမ်ကို အသော့ ပြန်နှင်ခဲ့ရသည်။

အိမ်အရောက် ရေမြွာပေါက်ပြီး သားယောက်ျားလေးတစ်ယောက် လူ့ပြည် ရောက်လာသည်က စနေနေ့သို့ အဝင် မနက်သုံးနာရီ -

ကိုဖိုးခင်မှာ အိမ်ပြန်မရောက်သေး။ ပွဲခင်းထဲမှာပင် ရှိနေသေးသည်။ ငမိုးရိပ်ဇာတ်ထုပ်ထဲမှ... ။

“မောင်ကြီးနဲ့ နှမလေးတို့ တစ်ယောက်နဲ့ တစ်ယောက် မမြင်ရ မတွေ့ ရရင် မနေနိုင်အောင် ချစ်သူတွေဖြစ်ကြပေမယ့် မောင်ကြီးရဲ့ မျိုးရိုးဇင်မြစ်ကို နှမလေးမသိသေးသမို့ နှမလေး သိပါရစေလားရှင်”နှမလေးသိချင်လှမှတော့ မောင်ကြီးက မပြောဘဲနေလို့ ဘယ်ဖြစ် မလဲ၊ ပြောရတော့မှာပေါ့။ မောင်ကြီးက ဟောဒီ ဗိုလ်တစ်ထောင် ခြင်ထောင် တန်းက ကျောက်ကုန်သည် မောင်မိုးပါ နှမငယ်” - အမှန်တော့ မင်းသားကြိုးဆွဲပြောလိုက်သည်မှာ ဇာတ်စကား မဟုတ်ပါ။

ဗိုလ်တစ်ထောင်တွင် ကပြနေသည့်ပွဲဖြစ်သမို့ ဗိုလ်တစ်ထောင်ပဲကြည့် ပရိသတ်အကြိုက် ထွင်လုံးထုတ်၍ ဗိုလ်တစ်ထောင် ခြင်ထောင်တန်းက မောင်မိုးပါတဲ့ဟု ပြောလိုက်ခြင်း ဖြစ်၏၊

ထိုအချိန်တွင် မဗုံဗုံ မီးဖွားသတင်းပြောဖို့ ကိုဖိုးခင်ကို လာရှာသူနှင့် ကိုဖိုးခင်တို့ တွေ့ပြီး ကိုဖိုးခင် အိမ်ပြန်လိုက်လာသည်။ . သားယောက်ျားလေးဆိုကတည်းက ကိုဖိုးခင်မှာ သူ့သားနာမည်ကို ရွေးပေးလိုက်သည်။ အနွတ္တသညာနာမည်။ ။လူမိုက်ဟု အများက အသိအမှတ်ပြုလာသောအခါ “ကို”တို့ “ဦး'တို့ ထိပ်ကမတပ်ဘဲ စရိုက်နှင့်ညီထွေစွာ ဗိုလ်တစ်ထောင် ငမိုးဟု ခေါ်ခဲ့ကြသည်။

မောင်မိုးက ရုပ်ရည်ကြည်လင်သန့်ပြန်သည်။

လူချောကြီးဟု မဆိုသာပေမယ့် နှစ်လိုဖွယ်ရာ အဆင်းအင်္ဂါနှင့် ပြည့်စုံ၍ -လူရည်သန့်သည်။ သတ္တိကောင်းသည်။ မဟုတ်မခံစိတ် ရှိသည်။

မတရားမှုကိုတွေ့လျှင် ကိုယ်နှင့်ဆိုင်ဆိုင်မဆိုင်ဆိုင် ပါဝင်ပတ်သက် တတ်သည်။ ဒါက ကိုမိုး၏ ပင်ကိုစရိုက်၊ .

ကိုမိုးက လမ်းမတော်ဖိုးတုတ်လို လူမိုက်လုပ်ဖို့ ရည်ရွယ်ချက်လည်းမရှိ၊

အများက လူမိုက်အဖြစ် အထင်ရောက်လာသည့် အပြုအမူမျိုးကိုလည်း မလုပ်ခဲ့။ လူမိုက်သွင်ပြင် ဟန်ပန်လည်း မဆောင်ခဲ့။

လူငယ်ဘာဝ ချစ်သူအတွက် မခံချင်စိတ်ဖြင့် တဇွတ်ထိုး၊ တဇောက်ကန်း လုပ်မိခဲ့ရာမှ လူမိုက်ဟု အသိအမှတ်ပြုခြင်းကို ခံလိုက်ရပြီး မကောင်းသော ဘဝလမ်းကြောင်းပေါ်သို့ ရောက်ခဲ့ရ၊ လျှောက်ခဲ့ရသူ ဖြစ်၏၊

မိခင်ဖြစ်သူက ဘိုကလေးဈေးထဲမှာ ငါးခြောက်မျိုးစုံ၊ ပုစွန်ခြောက် ဆိုင်ဖွင့်ထားသည်။ ။

မောင်မိုးက မိခင်ဖြစ်သူထံသွားရင်း ဈေးထဲသို့ မကြာခဏ ရောက်သည်။ - မမြသစ်တို့ သားအမိက ဆန်တန်းမှာ ဆန်ရောင်းသည်။ - မိခင်ဖြစ်သူ၏ဆိုင်ကိုသွားတိုင်း မမြသစ်တို့ ဆိုင်ရှေ့က ဖြတ်သန်းရ စမြဲ ရှိသည်။