Skip to product information
1 of 2

Other Websites

ကျော်မြသန်း - တစ်ကွက်မှားသောကျား

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

နှင်းမြူများကျခါစ ...

မော်တော်ကားလမ်းနှင့် မီးရထားလမ်းမှာ

ဝေးကွာသော်လည်း မည်သည့်ယာဉ်နှင့်ပင် လာပါစေ၊

 မြို့ကိုမြင်ရပြီ ဆိုသည်နှင့် အရှေ့ဘက်ဆီမှာ ရွှေတောင် တစ်ခုလို မို့၍ မြင့်တက်လာနေသော

ရွှေမောဓောစေတီ တော်ကြီးကိုဖူး တွေ့မြင်ရလေသည်။

မော်တော်ကားလမ်းအတိုင်း လာလျှင်တော့ မြို့ အဝင်မှာ ရပ်ကွက်ပေါင်းများစွာနှင့် တွဲနေသော ကားလမ်း ဘေးမှ ရွာတန်းရှည်များမှာ ကွက်သစ်များ အဖြစ်သို့ ပြောင်းလဲနေပေပြီ။

ပဲခူးမြို့။

မြို့အဝင်ကျောက်တိုင်ကန်ရပ်၊

အကျိုက်ပွန်ဘုရားကြီးကို ကားလမ်းနှင့်မနီးမဝေးမှာ ဖူးတွေ့ရသည်။ အတွင်းဘက်မှာတော့ မဟာစေတီကြီး ရှိလေသည်။

အကွက်သစ်နှင့် တစ်ပါတည်း ကားလမ်းပေါ်မှာ တည်ထားသော လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်များ၊ ကားဂိတ်စသည်..........

 ရှာဖွေရေးဂိတ်များနှင့် မလှမ်းမကမ်းမှာ လုံခြုံရေး ကင်းများ ... ။

အပြင်ဘက်အစွန်ဆုံးနေရာမှာသစ်တောဂိတ်။

သစ်တောဂိတ်က တခြားဂိတ်တွေနှင့် ခပ်လှမ်း လှမ်းမှာ နေရာယူရ၏။ အကြောင်းမှု သစ်သယ်ယူလာ

သော ကားကြီးများကို ရပ်တန့်ရှာဖွေစစ်ဆေးရာ၌ လမ်းပိတ်ကျပ်ဆို့မနေစေရန် နေရာကျယ်ဝန်းထားရ လေသည်။

ညနေစောင်းသည်နှင့် မြူနှင်းဝေစပြုလာသည်။

နှင်းငွေ့ရိပ်သန်းလာသည်နှင့်အတူ ညဉ့်ဦးပိုင်းသို့ ဝင်ရောက်တော့မည်မို့လည်း နေရောင်ကွယ်စမှာအမှောင်က ကြီးစိုးရန် ဟန်ပြင်စပြုလေပြီ။

ရန်ကုန်ပဲခူးကားလမ်းမကြီးပေါ်မှာ မော်တော် ကားများ ပြတ်လှသည်ဟုမရှိဘဲ ဝေါခနဲဝေါခနဲ မကြာ ခဏ ဖြတ်သွားနေ၏။

သို့သော် ညနေခင်းနေရီရီမှာတော့ကားများ အသွားအလာ ကြသလိုဖြစ်လာလေသည်။ သို့

မောင်ရှမ်းက ဆေးပေါ့လိပ်ကို မီးညှိကစ `ရွာ၏လမ်းဘေးဝဲယာသို့ ကြည့်လိုက်သည်။ သူသည် သစ်တောဂိတ်မှ တာဝန်ကျနေသည်။ လုံခြုံရေးအကြပ် တစ်ယောက်ဖြစ်၏။

မောင်ရှမ်း၏ ရုပ်ရည်မှာ....

ရှမ်း ဟူသော အမည်နှင့်လိုက်ဖက်စွာပင် အသား က တကယ့်ရှမ်းအမျိုးသားတစ်ယောက်လို ဖြူဆွတ်လေသည်။

မောင်ရှမ်း၏ ပညာအရည်အချင်းကတော့ ရှစ်တန်းပဲ အောင်၏။ ကိုးတန်းမှာ နှစ်ခါကျကာ ကျောင်း ထွက်ပြီး သစ်တော အမှုထမ်းဖြစ်လာသည်။

သစ်တောမှာ မကွေးသားအုန်းမြင့်နှင့် မောတို့ ပဲခူးမှာ ကျောင်းနေဖက်ဖြစ်ခဲ့ကြသည်။ မောင်ရှမ်းက ပဲခူးသား။ အုန်းမြင့်က ဖခင်၏အလုပ်ဖြင့်ပဲခူးသို့လာနေရ ကာ ကျောင်းနေခြင်းဖြစ်သည်။

ဖခင်ပင်စင်ယူတော့ မကွေးပြန်သွားသည်။

အုန်းမြင့် ဖခင်က သစ်တောဝန်ထမ်းဖြစ်၍ `သားနှင့်အတူ မောင်ရှမ်းကိုပါ အလုပ်သွင်းပေးကာ ဇာတိ ပဲခူးသို့ပို့၍ သစ်တောလုံခြုံရေးဝန်ထမ်းကြပ်ကလေးဖြစ် လာသည်။

မောင်ရှမ်း၏ အသက်က နှစ်ဆယ့်ငါးနှစ်သာ။

ဇနီး မငြိမ်းနှင့် သားတစ်ယောက် သမီး တစ်ယောက်မွေးသည်။ လစာနှင့် အောက်ဆိုက်ကလေး များကြောင့် စားဝတ်နေရေးသိပ်မကျပ်တည်း။

ကားဂိတ်ဆိုတော့ ထုံးစံအတိုင်းဟိုမှသည်မှ အပို ဝင်ငွေကလေးရသလို ဆေးလိပ် လဖက်ဒကာ ကလည်း အပေါသားမို့၊ မောင်ရှမ်းမှာ တစ်စစ်စ၊ အရက်ကြိုက်တတ်လာသည်။

ထို့ကြောင့် ညနေအလုပ်သိမ်းပြီ ဆိုလျှင် အိမ်သို့တန်းတန်းမတ်မတ်မပြန်ဘဲ အရက်ဆိုင်သို့ဝင်ရ၏။ တွေ့နေကြ ဆုံနေကြအဖွဲ့သားတွေနှင့် ဆံကြ သောက်ကြ စားကြသည်။

           “ဟဲဟဲ... ဆရာရှမ်း ဒီနေ့ မမှန်သေးဘူးလားဗျ” “ သစ်တောဂိတ်၏ရှေ့မှဖြတ်လာသော အသံ ကြောင့် မောင်ရှမ်းက လှမ်းကြည့်လိုက်၏။ “ ဟေ့ ... ဖိုးပိန် ခဏလာဦး”

" လမ်းပေါ်မှ လှမ်းပြောသူမှာ ဖိုးပိန်ဆို သူ . . ။ အမည်နှင့်လိုက်ဖက် အောင်ပင် ပိန်လှီလှသည်။ ဖိုးပိန်က ချေးကျရာမှာ ပျော်တတ်သည့်ကြက်။ မိဘလည်းမရှိ၊ အခြေအနေမဲ့ဖြစ်၏။

ပဲခူးသားဖြစ်သော်လည်း ဘယ်ကရယ်လို ရောက်လာသည်ဟု မပြောနိုင်ဘဲ မြို့ထဲမှာနေထိုင်ကာ ကျောက်တိုင်ကန်ကွက်ကြီးပေါ်ပေါက်လာသည်နှင့် သူပါရောက်လာကာ အစိုးရအရက်ဆိုင်မှာ ဘုံကျွန် အရက်ကျွန် ခွက်ကောက်၊ ခွက်ကပ်သောက် ဘဝသို့ ရောက်နေရလေသည်။

ဖိုးပိန်ကို အရက်သမားအားလုံးက နိုင်သည်။ သူကလည်း အားလုံးခိုင်းသမျှ လုပ်ပေးသည်။ ဘုံဆိုင်ဘေးမှာ အိပ်ပြီး ခွက်ကပ်သောက်ကာ ကြုံရာမှာစားသည့် ဖိုးပိန်က သူ့ဟာသူပျော်နေ၏။ သို့သော် တစ်ခါတစ်ရံ အသုံးပြတ်လျှင် ဈေးထဲမှာ လစ်လျှင်လစ် သလို ဆွဲတတ်သုတ်တတ်သေး၏။

    အကျင့်စာရိတ္တကောင်းလှသည်ဟုမဆိုသာချေ။

      တစ်ခါတစ်ရံလည်းကူညီတတ်သဖြင့် သူ့အား ကွက်သစ်တစ်ခုလုံးက ဘေးမဲ့ထားကြသည်။

ခိုင်းစရာ ရှိလျှင် ခေါ်ခိုင်း၏၊ အရက်ဖိုးပေးသည်။ ဈေးတောင်းထမ်း ဆန်ထမ်းလည်းကြုံလျှင်လုပ်သည်။

စွဲမြဲသည်ကတော့ အရက်ဆိုင်မှာပင်။

“ဆရာရှမ်း ဘာခိုင်းမလို့လဲဗျာ” ဖိုးပိန်က အနားသို့ရောက်လာ၏။

သူ၏ ပိန်လှီလှသော ကိုယ်လုံးကိုယ်ထည်၊ ပြားချပ်သော မျက်နှာသေးသေးလေးဖြင့် မျက်လုံးလေး ပေးကလပ် လုပ်ကြည့်နေ၏။ အရက်၏ဒဏ်ကြောင့် လည်း အသားမှာ ခမ်းခြောက်ကာဆံပင်နီကြောင်ပွရောင်း ပြီး မျက်ထောက်တွေ နီရဲနေလေသည်။

“ရော့ကွာ........... ဟောဒီ ငါးတွဲငါ့အိမ်သွားပေး စမ်း၊ မငြိမ်းကို ပြော၊ ငါးကို ကြော်ထားလို့၊ ခုပဲ သစ်ကား ပင်လာတယ်”“ဟုတ်ကဲ့” ဖိုးပိန်က ငါးတွဲကို လက်ပြောင်းလွှဲလိုက်၏။

“ဆရာ... တစ်ပက်လောက်သောက်ချင်တယ် ဗျာ”

“နေဦးကွာ၊ ညသမားလာရင် ငါ ဂျူတီထွက် တော့မှာ၊ ဆိုင်မှာဆုံတော့မှ ငါ တိုက်ပါ့မယ်၊ မင်းကလဲ

ဖိုးပိန်က ရယ်ကျဲကျဲလုပ်၍ ငါးတွဲကိုင်ကာ ကွက်သစ်ထဲသို့ ဝင်သွားတော့သည်။

ကားလမ်းဘေးမှ ကွက်သစ်ဖြစ်၍ ကျူးကျော် အိမ်ရာထဲ အဖီများဖြင့် ဝင်လမ်း ဖြတ်လမ်းတွေ ရှုပ်နေ၏။

ကားဝင်ဖို့မဆိုထားနှင့် ဆိုက်ကားပင် မဝင်နိုင်၊ မီးဘေး ကြောက်ရသည့် ရပ်ကွက်။

ရပ်ကွက်ထဲမှ ထွက်ရောင်းသော ထမင်းဆိုင်တွေ လက်ဖက်ရည်ဆိုင်တွေကလည်း သိပ်မကောင်းလှ၊ ကျဘမ်းအလုပ်သမားတွေ သောက်ကြသည်။ မြို့ထဲနှင့် လှမ်း၍လည်း အရောင်းပါးကာ လူကျဲနေတတ်လေသည်။

        ဖိုးပိန်က ငါးတွဲကလေးကိုဆွဲ၍ မောင်ရှမ်း၏မိန်းမ မငြိမ်းအိမ်ထဲသို့ ဝင်ခဲ့လေသည်။ မောင်ရှမ်း၏ အိမ်ကလေးမှာ ကျူးကျော်ရပ်ကွက် တစ်ကွက်မှာဆောက်ထားသော ထရံကာ ဓနိမိုးအိမ်ငယ်လေးဖြစ် သည် မငြိမ်းက ဆင်းရဲပေမယ့် သပ်ရပ်စွာ နေတတ် သူ အိမ်ကလေးမှာ သန့်ရှင်းနေလေသည်။

 အိမ်သုံးပစ္စည်းနှင့် အိုးခွက်ပန်းကန်တို့မှာမူ ပြောင်စင်ကာ သန့်ပြန့်နေလေသည်။ မငြိမ်းက လူမလှ သော်လည်း လှပပ သန့်သန့်ပြန့်ပြန့်နေမှ ကြိုက်၏။

မငြိမ်ကား အသက်သုံးဆယ်ကျော်မျှသာရှိသေး ၏။ အုန်းနှဲရွာသူဖြစ်သည်။ သစ်ကိစ္စသွားလာရာက မောင်ရှမ်းနှင့်တွေ့ပြီး ပါလာခဲ့ခြင်းဖြစ်၏။ မိဘတွေက လယ်သမား ယာသမားတွေ။ - မငြိမ်းမှာ ခြိုးခြံချွေတာ သုံးစွဲတတ်သူဖြစ်၏။

စည်းကမ်းရှိသည်။ အိမ်ထောင်ကို ထိန်းသိမ်းနိုင် - စွမ်းရှိသော မိန်းမကောင်း တစ်ယောက်ဖြစ်၏။

လင်းအပေါ် ရိုသေမြတ်နိုးသလောက် မယား၏ ဝတ္တရား ငါးပါးကိုလည်း ကျေပွန်လေသည်။

သားနှင့်သမီးကို ပညာဖြောင့်ဖြောင့် သင်ပေးသည်။

သားကြီးက ငါးတန်း၊ သမီးငယ်က သုံးတန်းမှာ ကလေးနှစ်ယောက်စလုံးကြိုးစားကြသည်။ တစ်နှစ်တစ် တန်းမှန်မှန်အောင်ပြီး စားလည်းတော်ကြကာ အတန်းထဲ မှာ.ဒုတိယနေရာချိတ်ကြ၏။

မငြိမ်းမှာ သူ့အတွက်မူ ထမင်းတစ်လုပ်ကို လင် လုပ်စာနှင့် ဝရုံသာရှိသဖြင့် တစ်ဖက်တစ်လှမ်း ဝင်ငွေရ

အောင် ကျောက်တိုင်ကန်ကားဂိတ်မှ မုန့်ဟင်းခါးဆိုင်သို့ အကြော် ကြော်ပို့ရသည်။

မုန့်ဟင်းခါးဆိုင် သုံးဆိုင်က မငြိမ်း၏ အကြော် ကို ဒိုင်ခံယူသည်။ ဘူးသီးကြော်၊ ဘရာကြော်၊ မန္တလေးပဲ

ကြော် စသည်ဖြင့် တစ်နေ့လျှင် တစ်ဆိုင်အကြော်ငါးဆယ် ဖြင့် နေ့စဉ်နံနက်တိုင်းမှာ အကြော်သုံးရာခန့် ပို့ရသည့်ဝင် ငွေမှာ မဆိုးလှ။ ။

ကျန်သည့် နေ့လယ်ချိန်ကိုလည်း အနားမပေး။

မငြိမ်း၏ နေ့နူတဝ အလုပ်မှာ........

နံနက်သုံးနာရီထပြီး ဆီအိုးကြီးတည်သည်။

ညကတည်းက ယူထားသောဆန်မှုန့်ကို

ဆော်ဒါရော ဆားပြား သင့်စေပြီး အစာနှင့်အသင့်ပြင်ကာဆီ အိုးကျက်သည်နှင့် စတင်ကြော်တော့၏။

နံနက်ငါးနာရီမှာ အကြော်စုံရလေပြီး ဆိုင်များသို့ သားကြီးနှင့် အတူသွားပို့၏။

နေ့လည်မှာ တစ်ခါထပ်၍ကြော်ပြီး၊ ယင်း အကြော်မှာ ငှက်ပျော်ကြော်နှင့် မုန့်လုံးကြီးတို့များသည်။

ထိုအကြော် အချို့ကိုမူ ညနေ ကျောင်းဆင်းလာပြီးချိန်၌သာ သားကြီးကထွက်၍ ကားဂိတ်မှာ ဗန်းက လေးဖြင့် ထိုင်ရောင်းပေးရ၏။

သမီးငယ်က အိမ်စောင့်ရသည်။

သမီးငယ်လည်း ထမင်းအိုးတော့ ချက်တတ် အောင် သင်ပေးထားကာ မိခင်အား တစ်ဖက်တစ်လမ်း ကူလေသည်။

မောင်ရှမ်း၏အလုပ်ကတော့................. နံနက် အိပ်ရာထပြီးသည်နှင့် ရေမိုးချိုးကာ ယူနီ ဖောင်း လဲလှည်ပြီးလျှင် ထမင်းကြော်စား၍ အိမ်မှထွက် သည်။

ကားဂိတ် လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်ပြီးမှ သစ်တောရုံးသို့သွားသည်။

ရုံးမှာတာဝန်ကိစ္စများလုပ်ကိုင်ခွဲဝေပြီးသည်နှင့် သူကြီးကြပ်ရသည့် ဂိတ်ရုံးသို့လာ၏။

ဂိတ်ရုံးမှ သစ်တော လုံခြုံရေးနှင့် ရှာဖွေရေးဝန်ထမ်း သုံးဦးရှိရာ မောင်ရှမ်းက တာဝန်ကြပ်ဖြစ်သည်။ သူ့စကားကိုပင် နားထောင်လုပ်ကိုင်ကြရလေသည်။

-ကုန်ကားဖြင့် တင်လာသော သံစ်များကို မျှောစာ၊ ပါမစ်ခွင့်ပြုမိန့် သယ်ဆောင်ခွင့်ပါမပါ စစ်ဆေးရသလို..

သစ်တောထွက်ပစ္စည်းဖြစ်သည့် ထင်း၊ မီးသွေး စသည်တို့ကိုလည်း စစ်ဆေးရလေသည်။ တစ်နည်းတော့ ရှာဖွေရေး ခေတ်မှ ရှာဖွေရေးပုံစံပါလေ။

နေ့စဉ် ဟိုမှသည်မှ မကင်းရာမကင်းကြောင်းနှင့် ပေးသွားသည့် အပိုဝင်ငွေမှာ အိမ်သို့ပါတာတစ်ဝက်၊ အရက်ဆိုင်မှာ တစ်ဝက်ဖြစ်လေသည်။

ညနေ ငါးနာရီကျော်ပြီဆိုလျှင် ဂိတ်တာဝန်ပြီးဆုံး - ၍

ညတာဝန်သမားသို့လွှဲပြီး ပြန်ရသည်။

မောင်ရှမ်း အိမ်သို့ တန်းတန်းမတ်မတ် ဘယ် တုန်းကမှ ပြန်လေ့မရှိ။ အရက်ဆိုင်မှ တစ်ဆင့်သာ