Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ကျော်မြင့်အေး - သာယာလှပတဲ့ကမ္ဘမြေသစ်မြန်မာပုံပြင်များ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

တစ်ခါတုန်းက ပန်းဥယျာဉ်တစ်ခုထဲမှာ လိပ်ပြာလေးတစ်ကောင် ပျံဝဲရင်း ပန်းဝတ်ရည်တွေကို စုပ်ယူနေသတဲ့။ သူဟာ ပန်းဝတ်ရည်တွေကို စုပ်ယူပြီး သစ်ပင်တစ်ပင်ရဲ့ အကိုင်းတစ်ကိုင်းမှာ အနားယူနေတုန်း ပန်းပွင့် လေးတွေရဲ့ စကားပြောသံကို ကြားလိုက်ရသတဲ့။

“ဒီလောက်ကြီးမားတဲ့ ပန်းဥယျာဉ်ထဲမှာ လိပ်ပြာလေးတစ်ကောင် တည်းရှိနေတာ သူ့အတွက်တော့ ကံကောင်းတာပဲ”

“ဟုတ်တယ်။ သူက အရောင်အဝါလည်း လှပပြီး ထူးခြားတဲ့ လိပ်ပြာ လေးတစ်ကောင်ပါ” ။

လိပ်ပြာလေးဟာ ပန်းပွင့်လေးတွေ အချင်းချင်းပြောဆိုနေသံကို ကြား လိုက်ရပြီးတဲ့နောက် သူဟာ သူ့ကိုယ်သူ ကံကောင်းတဲ့သူလို့ ထင်မှတ်သွား သတဲ့။ အဲ့ဒီနောက် သူက ထိုဥယျာဉ်ဟာ သူပိုင်တဲ့ဥယျာဉ်ပဲလို့ ဂုဏ်ယူ ဝင့်ကြွားနေတာပေါ့ကွယ်။

တစ်နေ့တော့ ဥယျာဉ်ထဲကို အခြားလိပ်ပြာငယ်လေးတစ်ကောင် ရောက်လာသတဲ့။ သူက အဲ့ဒီလိပ်ပြာလေးကို တွေ့တဲ့အခါ “ဟေ့... အဆွေ တော် ဒါငါပိုင်တဲ့ဥယျာဉ်ကွ။ မင်း ဒီထဲကို ဝင်မလာသင့်ဘူး။ မင်းနေရာမင်း ပြန်သွားပါ။ ဒီပန်းပွင့်တွေဟာ မင်းနဲ့ ဘာမှမဆိုင်ဘူးကွ” လို့ ပြောဆို မောင်းထုတ်လိုက်ပါတယ်။

အဲ့ဒီအခါ ထိုလိပ်ပြာလေးက သူ့ကို “နောင်ကြီးရယ် ပန်းဥယျာဉ်တွေကို လူတွေက ဖန်တီးထားတာပါ။ နောင်ကြီး ဖန်တီးလို့ မရပါဘူး။ ကမ္ဘာ ပေါ်မှာရှိတဲ့ လိပ်ပြာတွေမှန်သမျှဟာ ပန်းဥယျာဉ်တွေမှာ နေထိုင်ခွင့်ရှိပါ တယ်” လို့ ပြောပြလိုက်တယ်။

ဒါပေမဲ့ မာန်တက်နေတဲ့လိပ်ပြာက ဒါကို သဘောမပေါက်ဘူး။ သူက ပန်းဥယျာဉ်ကြီးဟာ သူပိုင်ဆိုင်တဲ့အရာတစ်ခုပဲလို့ ထင်နေခဲ့တယ်။ ဧည့်သည်လိပ်ပြာလေးကို ကောင်းကောင်း ကြိုဆိုဧည့်ခံခြင်းမရှိဘဲ အတင်း အကျပ်မောင်းထုတ်လိုက်တယ်။ ဧည့်သည်လိပ်ပြာလေးဟာ စိတ်မကောင်း စွာနဲ့ဘဲ ဥယျာဉ်ကြီးကနေ ထွက်ခွာသွားခဲ့ပါတယ်။

လိပ်ပြာလေးဟာ အချိန် အတော်ကြာတဲ့အထိ ဥယျာဉ်ထဲမှာ တစ်ကောင်တည်း မွေ့ပျော်နေပါတယ်။ ရောင်စုံလှပတဲ့ပန်းပွင့်တွေကြားမှာ သူဟာ ပျော်မြူးပြီး သူ့ကိုယ်သူလည်း ဒီဥယျာဉ်ကြီးကို ကာကွယ် စောင့်ရှောက်နိုင်တဲ့ ရှင်ဘုရင်တစ်ပါးလို့ ထင်နေတာပေါ့။ တစ်နေ့ ညဘက် အချိန်မှာ လေပြင်းမုန်တိုင်းတွေ ကျလာပါတယ်။ ကောင်းကင်မှာ မိုးခြိမ်း သံတွေ ထွက်ပေါ်လာသလို လျှပ်နွယ်လျှပ်စီးတွေကလည်း တဖျတ်ဖျတ်နဲ့ ပေါ့ ။ မိုးသက်မုန်တိုင်းဟာ ပြင်းထန်လာပြီး မြေပြင်ပေါ်မှာရှိတဲ့ အရာဝတ္ထု တော်တော်များများကို ပျက်စီးသွားစေခဲ့တယ်။ သစ်ပင်တချို့ဟာ အမြစ် ကနေကျွတ်ထွက်ပြီး လဲကျကုန်တယ်။ ဥယျာဉ်ထဲက လှပတဲ့ပန်းပွင့်လေး တွေဟာလည်း ကြွေကျပြီး တစ်စစီဖြစ်ကုန်တော့တယ်။ လိပ်ပြာလေး ကိုယ်တိုင်လည်း တစ်ညလုံးလုံး ဘေးလွတ်ရာနေရာတစ်ခုမှာနေရင်း မုန်တိုင်း ကို အံတုခဲ့ရပါတယ်။

မိုးလင်းခါနီးအချိန်မှာ မုန်တိုင်းဟာ ပျောက်ကွယ်သွားခဲ့တယ်။ မိုးလင်းလာတော့ လိပ်ပြာလေးဟာ ပုန်းအောင်းနေရာက အပြင်လောကကို ထွက်လာပါတယ်။ သူ့ရဲ့ ပတ်ဝန်းကျင်အနှံ့မှာတော့ အရာရာဟာ ပြိုလဲ ပျက်စီးနေပါတယ်။ ယခင်က ကမ္ဘာပေါ်မှာ အလှပဆုံးလို့ ထင်ထားခဲ့တဲ့ ပန်းဥယျာဉ်ကြီးဟာလည်း မရှိတော့ပါဘူး။ လှပတဲ့ပန်းပွင့်လေးတွေဟာ လည်း မြေပြင်ပေါ်မှာ တစ်စစီဖြစ်နေကြပါပြီ။ သူပိုင်ဆိုင်တဲ့အရာမှန်သမျှကို မုန်တိုင်းက ခဏအတွင်းမှာ ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ ၂၀၀

ရက်အနည်းငယ်ကြာတော့ လူတွေရောက်လာပြီး ပန်းဥယျာဉ်ကြီးကိုပြန်လည်ဖန်တီးနေကြပါပြီ။ သူတို့ဟာ ကြိုးကြိုးစားစားနဲ့ လှပတဲ့ ပန်းဥယျာဉ် ကြီးဖြစ်အောင် ပြုလုပ်နေကြပါတယ်။ လိပ်ပြာလေးဟာ သူတို့ကိုကြည့်ပြီး သူ့ကိုယ်သူ သဘောပေါက်လာပါတယ်။ ပန်းဥယျာဉ်ကြီးဟာ သူ့အပိုင် ဖြစ်ပြီး ဒီဥယျာဉ်ကြီးကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ ဘုရင်တစ်ပါးပဲလို့ ထင်ခဲ့တာကိုလည်း နောင်တရလိုက်ပါတယ်။ နောက်ဆိုရင် အခြားလိပ်ပြာ လေးတွေ ပန်းဥယျာဉ်ကြီးဆီကို လာတဲ့အခါမှာ အိမ်ရှင်ကောင်းဖြစ်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

သင်ခန်းစာ။ ။ မိမိရဲ့ ကိုယ်အားဉာဏ်အားမပါဘဲရရှိလာတဲ့အရာပေါ်မှာ မိမိပိုင် ပစ္စည်းလိုတွေးပြီး ဂုဏ်ယူမနေသင့်ကြောင်း ဒီပုံပြင်က သင်ခန်းစာပေးပါတယ်။