Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ကျော်မြင့်အေး - မင်းသားလေးနှင့်မြွေနိုင်ငံတကာပုံပြင်များ

Regular price 1,700 MMK
Regular price Sale price 1,700 MMK
Sale Sold out
Type
သစ်ခုတ်သမားဗီဆုနှင့် ဘုန်းတော်ကြီး
ဂျပန်ပုံပြင်

ဟိုးရှေးရှေးတုန်းက ဆုဂုဂလွင်ပြင်ဒေသမှာ ဗီဆုလိုခေါ်တဲ့ သစ်ခုတ် သမားတစ်ယောက် နေထိုင်သတဲ့။ သူဟာ လူကောင်ထွားထွား ဂျပန်လူမျိုး တစ်ယောက်ဖြစ်ပြီး ဇနီး၊ သားမယားတွေနဲ့အတူ တဲတစ်လုံးမှာ နေထိုင်ပါ တယ်။

တစ်နေ့တော့ ဗီဆုထံကို ဘုန်းတော်ကြီးအိုတစ်ပါးကြွလာပြီး ထို ဘုန်းတော်ကြီးက သူ့ကို “သစ်ခုတ်သမား ဒကာကြီးက ဝတ်ပြုဆုတောင်း တာတွေကို ဘယ်တုန်းကမှ မလုပ်ဘူး မဟုတ်လား” လို့ မေးပါတယ်။

ဗီဆုက “အရှင်ဘုရားမှာ ကျွေးရမယ့် ဇနီးနဲ့သားသမီးတွေရှိတယ် ဆိုရင် ဝတ်ပြုဆုတောင်းနေဖို့အချိန် ဘယ်တော့မှရမှာမဟုတ်ပါဘူး”လို့ ပြန်လည်လျှောက်တင်လိုက်တယ်။

ဒီစကားကြောင့် ဘုန်းတော်ကြီးက ဒေါသထွက်လာပြီး သစ်ခုတ် သမားသေရင် ဖားတစ်ကောင်၊ ကြွက်တစ်ကောင် ဒါမှမဟုတ် အင်းဆက် ပိုးမွှားတစ်ကောင်အဖြစ်ပြန်ပြီး မွေးဖွားလာမယ့်အကြောင်း ကြောက်ရွံ့ ထိတ်လန့်စရာ အကြောင်းပြချက်တွေနဲ့ သစ်ခုတ်သမားကို တရားဟောပါတော့တယ်။ အဲဒီလိုဟောပြောမှုကို မနှစ်သက်တာကြောင့် ဗီဆုဟာ နောက် ကို ဝတ်ပြုဆုတောင်းပါ့မယ်လို့ ဘုန်းတောကြီးကို ကတိပေးလိုက်ပါတယ်။

“အလုပ်လုပ်လိုက်၊ ဝတ်ပြုဆုတောင်းလိုက်ပေါ့”လို့ ဘုန်းတော်ကြီး က မိန့်ကြားပြီး သူကျောင်းကို ပြန်ကြွသွားပါတော့တယ်။

ကံဆိုးတာက ဘုန်းတော်ကြီးပြန်ကြွသွားပြီး နောက်ပိုင်းမှာ ဗီဆုဟာ တစ်နေကုန် ဝတ်ပြုဆုတောင်းနေတာကလွဲလို့ ဘာအလုပ်မှ မလုပ်တော့ပါ ဘူး။ ဒါကြောင့်လည်း သူစိုက်ပျိုးထားတဲ့ စပါးသီးနှံပင်တွေဟာ ညှိုးနွမ်းလာသလို သူ့ရဲ့ ဇနီးသားသမီးတွေဟာလည်း ငတ်မွတ်လာခဲ့ပါတယ်။ ခင်ပွန်း ဖြစ်သူကို ဘယ်တုန်းကမှ စကားကြမ်းကြမ်းမပြောတတ်တဲ့ ဗီဆုရဲ့ ဇနီးဟာ အခုအချိန်မှာ လွန်စွာဒေါသထွက်လာပြီး ကလေးတွေရဲ့ ပိန်လှီခြောက်ကပ် နေတဲ့ ကိုယ်ခန္ဓာကိုယ်ကိုပြကာ ဗီဆုကို အော်ဟစ်ပြောဆိုပါတော့တယ်။

        “ထစမ်း ဗီဆု ပါးစပ်က ပွစိပွစိနဲ့ ဆုတောင်းနေမယ့်အစား ပုဆိန်ကိုယူပြီး ကျွန်မတို့အားလုံးအတွက် အကျိုးရှိမယ့်အရာတစ်ခုခုကို လုပ်စမ်းပါရှင့်”

ဗီဆုဟာ ဇနီးဖြစ်သူရဲ့ စကားကိုကြားတော့ လုံးဝအံ့အားသင့်သွားတာ ကြောင့် အချိန်အတန်ကြာတဲ့အထိ ဘယ်လိုပြန်ပြောရမယ်ဆိုတာ စဉ်းစားလို့ မရနိုင်ခဲ့ဘူး။ သူပြန်ပြောလိုက်တဲ့အချိန်မှာ သူရဲ့ စကားက သနားစရာကောင်း တဲ့ဇနီးရဲ့ နားထဲမှာ ပူလောင်ပြင်းထန်နေပါတယ်။

“မိန်းမရယ် ဘုရားတွေကို ဦးစားပေးရမယ်။ မင်းငါ့ကို ဒီလိုမျိုးပြော တာ အလွန်ရိုင်းပျတာပဲ။

မင်းနဲ့ငါ ဘာမှမဆိုင်တော့ဘူးကွ”

လို့ ဗီဆုက ပြောပြီး ပုဆိန်ကို ဆတ်ခနဲဆွဲယူကာ ဇနီးဖြစ်သူကို နှုတ်ဆက်ခြင်း မပြု တော့ဘဲ ဖူဂျီယာမ တောင်ပေါ်ကို တက်သွားပါတော့တယ်။ မကြာခင်မှာပဲ သူဟာ နှင်းမြူတွေကြားထဲ ပျောက်ကွယ်သွားပါတော့တယ်။

ဗီဆုဟာ တောင်ပေါ်မှာထိုင်ရင်း တရွှီရွှီနဲ့လေတိုးသံကို ကြားနေရပါ တယ်။ အဲဒီနောက်ရုတ်တရက် သစ်တောထဲကို ပြေးဝင်သွားတဲ့ မြေခွေး တစ်ကောင်ကို မြင်လိုက်ရတယ်။ အခုအချိန်မှာ သူဟာ မြေခွေးကို မြင်တွေ့ လိုက်ရတာ အလွန်ကံကောင်းတယ်လို့ဆိုပြီး “ဆုတောင်းနေတာကို မေ့သွား ပါတယ်။ သူဟာ ရုတ်တရက်ထခုန်ပြီး ဒီလိုနှုတ်သီးချွန်ချွန်နဲ့ သတ္တဝါကောင် ကို နောက်တစ်ကြိမ်များ မြင်တွေ့ရဦးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ရှေ့ကို ပြေးသွားလိုက်၊ နောက်ကိုပြေးသွားလိုက်လုပ်နေပါတော့တယ်။

သူဟာ တောထဲကနေရာ တစ်နေရာကိုရောက်လာပြီး မြေခွေးနောက် လျှောက်လိုက်နေတာကို ရပ်ပစ်တော့မလိုလုပ်တဲ့အချိန်မှာ စမ်းချောင်းလေး တစ်ခုဘေးမှာ ထိုင်နေတဲ့အမျိုးသမီးငယ်နှစ်ယောက်ကို မြင်တွေ့ သွားပါ တယ်။ သစ်ခုတ်သမားဟာ အလွန်ပဲ စိတ်ဝင်စားသွားတာကြောင့် သူဟာ ဘာမှမလုပ်တော့ဘဲ သူတို့ကို ထိုင်ပြီး ကြည့်နေပါတော့တယ်။ တောထဲက ကျေးငှက်သာရကာတို့ရဲ့ အော်မြည်သံ၊ စီးဆင်းနေတဲ့စမ်းချောင်းကလေးရဲ့ ရေသံတွေကလွဲလို့ အရာအားလုံး တိတ်ဆိတ်နေပါတယ်။

       မိန်းမပျိုလေး တွေဟာ ဗီဆုကို လုံးဝသတိမထားမိကြပါဘူး။ အကြောင်းကတော့ သူတို့ ဟာ ဘယ်တော့မှမပြီးဆုံးနိုင်တဲ့ ထူးဆန်းတဲ့ကစားနည်းကို ကစားရင်း အဲဒီ ကစားနည်းမှာ လုံးဝနစ်မြောနေတာကြောင့်ပါပဲ။ ဗီဆုဟာ အဲဒီလှပတဲ့ အမျိုးသမီးနှစ်ယောက်အပေါ်မှာ သူမျက်လုံးတွေကို မခွာနိုင်ခဲ့ပါဘူး။ မိန်းမပျိုး လေးတွေရဲ့ ရှည်လျားနက်မှောင်တဲ့ဆံပင်တွေ၊ ပိုးထည်အကျီဝတ်ထားတဲ့ သူတို့ရဲ့ လှပတဲ့အသွင်မူရာတွေကို စိုက်ကြည့်နေမိခဲ့ပါတယ်။

အဲဒီနေရာမှာ ထိုင်ကြည့်နေတာ နှစ်ပေါင်းသုံးရာတောင်ကြာသွားခဲ့ ပေမဲ့ သူကတော့ နွေရာသီနေ့လယ်ခင်းတစ်ခုသာ ကြာတယ်လို့ ထင်ခဲ့ပါတယ်။ အဲဒီနောက် အမျိုးသမီးငယ်တစ်ယောက်ကစားနေရင်း အမှားလုပ်မိတဲ့ အချိန်မှာ သူက

 “ချစ်စရာ မိန်းကလေးရေ မင်းတော့ ရှုံးတော့မယ်”

လို့ စိတ်လှုပ်ရှားစွာ အော်ဟစ်ပြောဆိုလိုက်ပါတယ်။ ချက်ချင်းဆိုသလို မိန်းမပျို လေးနှစ်ယောက်ဟာ မြေခွေးအသွင်ပြောင်းပြီး ထွက်ပြေးသွားပါတော့တယ်။

ဗီဆုဟာ သူတို့နောက်ကို လိုက်ဖို့ကြိုးစားချိန်မှာ သူရဲ့ခြေလက်တွေ ဟာ အလွန်ပဲထုံကျင်လာသလို သူရဲ့ ဆံပင်က အလွန်ရှည်လျားနေပြီး သူ့ရဲ့ မုတ်ဆိတ်မွေးတွေက မြေကြီးအထိတောင် ကျနေတာကို တွေ့ရလို့ အလွန် ထိတ်လန့်သွားပါတယ်။ ဒါ့အပြင် သူ့လက်ထဲက ပုဆိန်ရဲ့ အရိုးဟာ ဆွေးရိ နေပြီး သစ်စသစ်မှုန်အဖြစ် ပြောင်းလဲသွားပါတယ်။

ဗီဆုဟာ အင်မတန်ခက်ခဲပင်ပန်းစွာနဲ့ မတ်တတ်ရပ်လို့ သူ့အိမ်ရှိရာ ဆီကို ဖြည်းဖြည်းချင်းလျှောက်လာပါတော့တယ်။ သူ့အိမ်ဆီသို့ ရောက်လာတဲ့အချိန်မှာ ဘာကိုမှ မတွေ့တော့ပါဘူး။ အဲဒီအချိန်မှာ အဘွားအိုတစ် ယောက်ကို တွေ့ပြီးသူက

“ဒီက အစ်မကြီးခင်ဗျာ..... ကျွန်တော့်ရဲ့ အိမ်လေး ပျောက်သွားလို့ အံ့သြမိပါတယ်။ ကျွန်တော် ဒီနေ့မွန်းလွဲချိန်ကမှ ထွက်သွား ပြီး ညနေပြန်ရောက်လာတော့ ကျွန်တော်ရဲ့ အိမ်မရှိတော့ပါဘူး” လို့ ပြောပြ လိုက်တယ်။

ထိုအဘွားအိုက သူပြောတာကို ယုံကြည်တာကြောင့် သူ့ရဲ့နာမည်ကို မေးမြန်းလိုက်ပါတယ်။ သူက သူ့ရဲ့ နာမည်ကို ပြောပြလိုက်တော့ အဘွားအို ဟာ အလွန်ပဲ အံ့သြသွားပြီး “ဘယ်လို.. ရှင်တကယ်ပဲ ရူးနေပြီကိုး။ ဗီဆုဆိုတဲ့လူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာကတည်းကလူပဲ။ သူက တစ်နေ့တော့ ဒီကနေထွက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ဘူး” လို့ပြောလိုက်ပါတယ်။

“နှစ်ပေါင်း သုံးရာ ဟုတ်လား။ မဖြစ်နိုင်တာဗျာ။ ဒါနဲ့ ကျွန်တော်ရဲ့ ဇနီးနဲ့ ကလေးတွေရော” လို့ ဗီဆုက မေးလိုက်တယ်။

“သူတို့ကို ဒီမှာမြှုပ်နှံလိုက်ပါတယ်”လို့ အဘွားအိုက ပြန်ဖြေပါတယ်။

“ရှင်ပြောတာမှန်တယ်ဆိုရင်တော့ ရှင့်ရဲ့ မြေးမြစ်တွေရှိဦးမှာပါပဲ။ ရှင်က ဇနီးနဲ့သားသမီးတွေကို လျစ်လျူရှုထားလို့ ဘုရားတွေက အပြစ်ပေးတဲ့ အနေနဲ့ စိတ်ဆင်းရဲစရာကောင်းတဲ့ဘဝကို ရှည်အောင်လုပ်ပေးတာ ဖြစ်ရ လိမ့်မယ်”

ဗီဆုရဲ့ ပါးရေတွန့်နေတဲ့ မျက်နှာပြင်ပေါ်မျက်ရည်တွေဟာ စီးကျပါ တယ်။ ဗီဆုဟာ တုန်ရီနေတဲ့အသံနဲ့ “ငါဟာ တန်ဖိုးရှိတဲ့အချိန်တွေကို ဆုံးရှုံးခဲ့တယ်။ ငါချစ်မြတ်နိုးရတဲ့သူတွေ ငတ်မွတ်ပြီး ငါ့ရဲ့ အကူအညီလိုအပ် နေချိန်မှာ ငါက ဝတ်ပြုဆုတောင်းနေမိတယ်။ အဘွားအိုခင်ဗျား ကျွန်တော် ပြောတာကို မှတ်ထားလိုက်ပါ။ ဝတ်ပြုဆုတောင်းတာလည်း လုပ်၊ အလုပ် လည်း လုပ်ပါ” လို့ ပြောဆိုလိုက်ပါတယ်။

ဗီဆုဟာ ထူးဆန်းတဲ့ စွန့်စားမှုကနေ ပြန်လာပြီးတဲ့နောက် သူ ဘယ်လောက်ကြာကြာ အသက်ရှင်နေထိုင်သွားခဲ့တယ်ဆိုတာကိုတော့ ကျွန်ုပ် တို့မသိခဲ့ရပါဘူး။ ဒါပေမဲ့ သူရဲ့ အဖြူရောင်ဝိညာဉ်ကတော့ လရောင်ရွှန်း လက်တောက်ပနေချိန်မှာ ဖူဂျီယာမတောင်ကို ခြောက်လှန့်နေတုန်းပဲလို့ ပြောစမှတ်ပြုခဲ့ကြပါတယ်။