စိတ်ကူးချိုချိုစာပေ
ကျော်မောင်မောင် - အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေ
ကျော်မောင်မောင် - အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေ
ထုတ်ယူရရှိနိုင်မှုကို မတင်နိုင်ခဲ့ပါ။
:: ဤစာအုပ်ကို စာမြည်းဖတ်လိုပါက “စာမြည်းရန်အီးဘွခ်” ဆိုသည်ကိုရွေး၍ (Buy it now) ခလုတ် ကိုနှိပ်ကာ၀ယ်ယူပေးပါ၊ အခမဲ့ အမှာစာ (Order) တင်ပြီးသည့်နောက်တွင် ၄င်းအီးဘွခ်ပီဒီအက်ဖ်ဖိုင် ဒေါင်းလုပ်ဆွဲရန်လင့်ကို စာဖတ်သူ၏ အီးမေလ်ထဲသို့ ပို့လိုက်မည်ဖြစ်ပါသည်၊
:: ပုံနှိပ်စာအုပ် ၀ယ်ယူရန်အတွက်မူ “ပုံနှိပ်စာအုပ်” ဆိုသည်ကိုရွေး၍ (Buy it now) ခလုတ် ကိုနှိပ်ကာ ရှေ့ဆက်လုပ်ဆောင်၍၀ယ်ယူပေးပါ။
------------------------------------
အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေ
(၂၀၁၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၃။)
၁၃၅၃ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက်
(၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်)
ပြည်ထောင်စုလွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း (၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကိုအသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေဟုခေါ်တွင်စေရ မည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် -
(က)အသေးစားငွေရေးကြေးရေးလုပ်ငန်း ဆိုသည်မှာ အခြေခံ လူတန်းစားအား အသေးစားချေးငွေထုတ်ပေးခြင်း၊ ယင်းတို့ထံ မှအပ်ငွေလက်ခံခြင်း၊ ငွေလွှဲပြောင်းပေးပို့ခြင်း၊ အာမခံလုပ်ငန်း လုပ်ကိုင်ခြင်း၊ ပြည်တွင်းပြည်ပမှ ငွေချေးယူခြင်းနှင့် အခြားငွေ ရေးကြေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ဆိုသည်။
( ခ)အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေ အသေးစားငွေရေးကြေးရေးအဖွဲ့ အစည်း ဆိုသည်မှာ အခြေခံ လူတန်းစား၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရန်နှင့် ယင်းတို့၏လူမှု စီးပွားရေးဘဝ တိုးတက်မြင့်မားစေရန် မ,တည်ငွေ၊ လှူဒါန်းငွေ နှင့်ထောက်ပံ့ငွေများထည့်ဝင်ပြီး လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် ရယူ၍ အသေးစားငွေရေးကြေးရေးလုပ်ငန်းလုပ်ကိုင်သည့်သက် ဆိုင်ရာဥပဒေအရ ဖွဲ့စည်းမှတ်ပုံတင်ထားသော ပြည်တွင်းပြည်ပ မှ အဖွဲ့အစည်း၊ အစုစပ်လုပ်ငန်း၊ ကုမ္ပဏီ၊ သမဝါယမအသင်း ဘဏ်နှင့်ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများကို ဆိုသည်။
(ဂ)အသေးစားချေးငွေ ဆိုသည်မှာ အခြေခံလူတန်းစား၏ ဆင်းရဲ နွမ်းပါးမှုလျှော့ချရန်နှင့် ယင်းတို့၏ လူမှုစီးပွားရေးဘဝကိုတိုး တက်မြင့်မားရန် အာမခံပစ္စည်းတင်သွင်းရန် မလိုဘဲ ထုတ်ချေး သည့်ငွေကို ဆိုသည်။
(ဃ) အခြေခံလူတန်းစား ဆိုသည်မှာ ကျေးလက်နှင့်မြို့ပြဝင်ငွေ
နည်းပါးသည့် တောင်သူလယ်သမားများ၊ အလုပ်သမားများနှင့် ဈေးသည်များအပါအဝင် ပြည်သူများကို ဆိုသည်။
(င)
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းကော်မတီ ဆိုသည်မှာ နိုင်ငံတော်သမ္မတရုံးကဖွဲ့စည်း
သော ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းကော်မတီကို ဆိုသည်။
(စ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့၏ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနကို ဆိုသည်။
(ဆ)ကြီးကြပ်မှုကော်မတီ ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ က ဤဥပဒေအရ ဖွဲ့စည်းသော အသေးစားငွေရေးကြေးရေး
Share





