ကျော်မောင်မောင် - မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ
(၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၀
၁၃၅၃ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက်
(၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း (၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါ အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် -
(က) ဗဟိုကော်မတီ ဆိုသည်မှာ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း
များစီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဆိုသည်။
( ခ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနကိုဆိုသည်။
(ဂ) ဦးစီးဌာန ဆိုသည်မှာ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနကိုဆိုသည်။
(ဃ)လုပ်ငန်းအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးအထောက် အကူပြုအဖွဲ့ကို ဆိုသည်။
(င)မြေလွတ်၊ မြေလပ် ဆိုသည်မှာ ယခင်ကသီးစားခံယူလုပ် ကိုင်လာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထား သည့်သီးစားခံယူလုပ်ကိုင်သူမရှိသောစိုက်ပျိုးရေးသို့မဟုတ် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နိုင်သည့်မြေနှင့် နိုင်ငံတော် က သီးသန့်လျာထားသတ်မှတ်သည့် မြေများကိုဆိုသည်။
(စ)မြေရိုင်း ဆိုသည်မှာ သစ်ပင်၊ဝါးပင် သို့မဟုတ် ချုံနွယ် များ ပေါက်ရောက်လျက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပထဝီမြေ အနေအထားအရ မြေမျက်နှာပြင်ညီညာမှုရှိ သည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တစ်ကြိမ်တစ်ခါမျှ၊စိုက်ပျိုး လုပ်ကိုင်ခဲ့ခြင်းမရှိသော မြေသစ်ဖြစ်သည့်မြေရိုင်းနှင့်တော ရိုင်းမြေများကို ဆိုသည်။ ယင်းစကားရပ်တွင် စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္တုထုတ်လုပ်ခြင်း လုပ်ငန်း၊ အစိုးရက ခွင့်ပြုထားသောဥပဒေနှင့်ညီညွတ် သည့် အခြားလုပ်ငန်းများ လုပ်ကိုင်ရန်အလို့ငှာ တရားဝင် ပယ်ဖျက်ပြီးဖြစ်သည့် ကြိုးဝိုင်းသစ်တောမြေ၊ စားကျက်မြေ နှင့်အင်းအိုင်မြေများလည်း ပါဝင်သည်။
(ဆ) အာမခံကြေး ဆိုသည်မှာ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း
လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရသူက လုပ်ကိုင်မည့်၊ အသုံးပြု မည့် လုပ်ငန်းအလိုက် သတ်မှတ်ထားသော ကြိုတင်ကြေး ငွေတစ်ရပ်ကို ပြည်ထောင်စုအစိုးရကအသိအမှတ်ပြုထားသောဘဏ်တစ်ခုခုသို့ အပ်နှံရန် သို့မဟုတ် အာမခံချက် ပေးရန် ဤဥပဒေများနှင့်အညီ သတ်မှတ်သော အာမခံ ကြေးငွေကို ဆိုသည်။
( စ ) မြေခွန် ဆိုသည်မှာ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများလုပ် ပိုင်ခွင့်၊ အသုံးပြုခွင့်ရသူက လုပ်ကိုင်သည့် အသုံးပြုသည့် လုပ်ငန်းအလိုက် နိုင်ငံတော်သို့ပေးဆောင်ရန် နှုန်းထား သတ်မှတ်ချက်ကို ဤဥပဒေအရ ပြုလုပ်သောနည်းဥပဒေ ပါမြေခွန်ကိုဆိုသည်။
(ဈ) နှစ်ရှည်ပင် ဆိုသည်မှာ တစ်ဆက်တစ်စပ်တည်း စိုက်ပျိုး
ထားပြီး အပင်အမျိုးအစားအလိုက် နှစ်ကာလတစ်ခုတွင် အကျိုးအမြတ်ရရှိနိုင်မည့် သီးပင်၊သစ်ပင်များကိုဆိုသည်။
( ည ) ဥယျာဉ်ခြံသီးနှံ ဆိုသည်မှာ တစ်ဆက်တစ်စပ်တည်း
သော်လည်းကောင်း၊ ရောနှော၍သော်လည်းကောင်း စိုက် ပျိုးထားပြီး အကြိမ်ကြိမ်ခူးဆွတ်သော်လည်း အပင်သက် တမ်းကုန်သည်အထိ ပြန်လည်စိုက်ပျိုးရန် မလိုသည့်သစ် သီးဝလံပင်များကို ဆိုသည်။
( ဋ ) ရာသီသီးနှံ ဆိုသည်မှာ စိုက်ပျိုးချိန်ရာသီကာလအတွင်း
စိုက်ပျိုးရိတ်သိမ်း၍ဝင်ငွေရရှိပြီးနောက် ထပ်မံမြေပြုပြင် မြသန်းတင့် စိုက်ပျိုးရသည့် သီးနှံကိုဆိုသည်။
(ဌ) ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်း ဆိုသည်မှာ မြန်မာ့
သတ္တုတွင်း ဥပဒေ ပုဒ်မ၂ ၊ ပုဒ်မခွဲ(ည)တွင် အဓိပ္ပာယ်ဖွင့် ဆိုထားသော ဓာတ်သတ္တုထုတ်လုပ်ခြင်း ဆောင်ရွက် သည့်လုပ်ငန်းကိုဆိုသည်။
အခန်း (၂)
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီဖွဲ့စည်းခြင်း
၃။ နိုင်ငံတော်သမ္မတသည်
(က) နိုင်ငံတော် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများကို အသုံးပြု၍ စီးပွားဖြစ် စိုက်ပျိုးရေး မွေးမြူရေး ဓာတ်သတ္တုထုတ်လုပ်ခြင်း၊ အစိုးရကခွင့်ပြု ထားသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများ ကို ထိရောက်မှန်ကန်စွာ အသုံးချ စီမံဆောင်ရွက်နိုင်ရန် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက ဥက္ကဌအဖြစ်လည်းကောင်း၊ ကြေးတိုင်နှင့်မြေ စာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်း များမှသင့်လျော်သည့် ပုဂ္ဂိုလ်များနှင့်အခြားသင့်လျော်သော ပုဂ္ဂိုလ်များက အဖွဲ့ဝင်များအဖြစ်လည်းကောင်းပါဝင်သော မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ ကို ဖွဲ့စည်းရမည်။
(ခ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းထားသော ဗဟိုကော်မတီကိုလိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနို