စိတ်ကူးချိုချိုစာပေ
ကျော်မောင်မောင် - နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ
ကျော်မောင်မောင် - နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ
ထုတ်ယူရရှိနိုင်မှုကို မတင်နိုင်ခဲ့ပါ။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ
(၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၂။)
၁၃၅၄ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၈ ရက်
(၂ဝ၁၂ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်)
နိဒါန်း
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုကို ပို၍ကောင်းမွန်စေရန်နှင့် နိုင်ငံတော်၏ လူမှုစီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုကို ဖြစ်စေမည့် ပြည်ပစီးပွားဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ ပြည်ထောင်စု လွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း (၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ဟုခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါ အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် -
(က) နိုင်ငံတော်ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကို ဆိုသည်။
( ခ ) နိုင်ငံခြားငွေ ဆိုရာတွင် နိုင်ငံခြားငွေသားဖြစ်သော ဒင်္ဂါ) များ၊ ငွေစက္ကူများ၊ စာတိုက် ငွေလွှဲလွှာများ၊ ချက်လက်မှတ် များ၊ငွေလွှဲလက်မှတ်များ၊ ခရီးသွားချက်လက်မှတ်များ၊ ငွေ လွှဲစာတမ်းများ၊ ငွေပေးအမိန့်လက်မှတ်များနှင့် ငွေပေးကတိ စာချုပ်များ ပါဝင်သည်။
(ဂ) နိုင်ငံခြားသုံးငွေ ဟူသောစကားရပ်တွင် အောက်ပါတို့ပါဝင်သည်
(၁) နိုင်ငံခြားငွေ ငွေသား၊
(၂) နိုင်ငံခြားငွေ ငွေသားဖြင့်ပေးချေရမည့် သို့မဟုတ် ပြည်ပတွင် ပေးချေရမည့် စာချုပ်စာတမ်းများ၊
( ၃ ) နိုင်ငံတကာ အစိုးရငွေရေးကြေးရေးအဖွဲ့အစည်း များ၊ နိုင်ငံခြားရှိ ဗဟိုဘဏ်များ၊ ငွေတိုက်များ နှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်များတွင် ထား ရှိသော အပ်ငွေများ၊
( ၄ ) ပြည်တွင်းဘဏ်များရှိ နိုင်ငံခြားငွေဖြင့် ဖွင့်လှစ် ထားရှိသည့် ငွေစာရင်းများ၊
( ၅ ) နိုင်ငံခြားအစိုးရများ၊ နိုင်ငံခြားငွေရေးကြေးရေးအဖွဲ့ အစည်းများနှင့်နိုင်ငံတကာအစိုးရငွေရေးကြေးရေး အဖွဲ့အစည်းများကထုတ်ဝေထားသည့် သို့မဟုတ် အာမခံထားသည့် နိုင်ငံခြားငွေဖြင့် သတ်မှတ် ထားသော ငွေချေးသက်သေခံလက်မှတ်များနှင့် စာချုပ်စာတမ်းများ။
Share





