ကျော်မောင်မောင် - စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေနှင့်နည်းဥပဒေများ
စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေ
(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၄။)
( ၁၃ရရ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်)
(၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေဟု ခေါ်တွင်စေ ရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း
ဓိပ္ပာယ်သက်ရောက်စေရမည်
(က) စုပေါင်းပိုင်အဆောက်အအုံ ဆိုသည်မှာ ဤ ဥပဒေအရ
မှတ်ပုံတင်ထားသော စုပေါင်းပိုင်မြေတွင် စုပေါင်းပိုင် အဆောက် အအုံအဖြစ် ဆောက်လုပ်ထားသော ၆ထပ်နှင့် အထက်ရှိသည့် အထပ်မြင့် အဆောက်အအုံကို ဆိုသည်။ ယင်းစကားရပ်တွင် စုပေါင်းပိုင်သူများ အသုံးပြုရန် စီမံထားရှိသည့် စုပေါင်းပိုင် ပစ္စည်းနှင့် အိမ်ခန်းများလည်း ပါဝင်သည်။
( ခ ) စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ နည်းဥပဒေများ (ခ) စုပေါင်းပိုင်ပစ္စည်း ဆိုသည်မှာ စု ပေါင်းပိုင်အဆောက်အအုံနှင့်ဆက်စပ်လျက်ရှိသော အောက်ပါပစ္စည်းများ ပါဝင်သည်
(၁) ဤဥပဒေအရ မှတ်ပုံတင်ထားသော စုပေါင်းပိုင်မြေ၊
( ၂ ) ယင်းစုပေါင်းပိုင်မြေတွင် ဆောက်လုပ်ထားသော တစ်ဦးချင်းပိုင် အိမ်ခန်းများမှအပ စုပေါင်းပိုင်သူအား လုံးနှင့်အကျိုးသက်ဆိုင်သည့် စုပေါင်းပိုင်အဆောက် အအုံ၏ အစိတ်အပိုင်းများ တပ်ဆင်ထားသောပစ္စည်း ကရိယာများ၊
စုပေါင်းပိုင်သူများ၏ အကျိုးအတွက် အသုံးပြုရန်
( ၃ ) ဆောက်လုပ်ထားသော သို့မဟုတ် စီမံထားရှိသော အဆောက်အအုံများ၊ ပညာရေးနှင့်ကျန်းမာရေးဆိုင် ရာ အဆောက်အအုံများနှင့်ပစ္စည်းများ၊ ဝင်းခြံ၊ ဥယျာဉ် နှင့်သစ်ပင်ပန်းမန်များ၊ ရေပေးရေး၊ အညစ်အကြေး စွန့်ပစ်ရေးနှင့် သန့်ရှင်းရေးဆိုင်ရာပစ္စည်းများ၊ စွမ်းအင် ဖြန့်ဖြူးရေးဆိုင်ရာ ပစ္စည်းများ၊ လမ်း၊ တံတားနှင့်ရေ မြောင်းများ၊ ဆက်သွယ်ရေးပစ္စည်းများ။
( ဂ ) စုပေါင်းပိုင်မြေ ဆိုသည်မှာ စုပေါင်းပိုင် အဆောက်အအုံနှင့် စုပေါင်းပိုင်ပစ္စည်းတည်ရှိသောစုပေါင်းပိုင်သူအားလုံးကတည်ဆဲ ဥပဒေနှင့်အညီ အကျိုးသက်ဆိုင်သည့် မြေနှင့်မြေကွက်လပ် တို့ကို ဆိုသည်။
( ဃ ) နိုင်ငံခြားသား ဆိုသည်မှာ နိုင်ငံသားမဟုတ်သူ သို့မဟုတ်၊ ဧည့်နိုင်ငံသားမဟုတ်သောသူ သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ မဟုတ်သောသူကို ဆိုသည်။
(င) တည်ထောင်သူ ဆိုသည်မှာ ငွေကြေးရင်းနှီးမြှုပ်နှံပြီး စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေ နှင့် ပိုင်အဆောက်အအုံ တည်ထောင်ခြင်းလုပ်ငန်း လုပ်ကိုင်ရန် ဤဥပဒေအရ ထုတ်ပေးသော လုပ်ငန်းလိုင်စင်ရရှိသည့်ဌာန၊ အဖွဲ့ အစည်း သို့မဟုတ် ပုဂ္ဂိုလ်ကိုဆိုသည်။ ယင်းစကားရပ် တွင် ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့ အစည်းများ၊ အာမခံ ကုမ္ပဏီများမပါဝင်။
( စ ) စုပေါင်းပိုင်သူ ဆိုသည်မှာ စုပေါင်းပိုင်အဆောက်အအုံရှိ အိမ် ခန်း သို့မဟုတ် အိမ်ခန်းများကို ဤဥပဒေအရ တရားဝင် ပိုင် ဆိုင်ကြောင်း အိမ်ခန်းမှတ်ပုံတင် လက်မှတ်ရရှိထားသူကို ဆို သည်။ ယင်းစကားရပ်တွင် စုပေါင်းပိုင်သူ၏ အမွေဆက်ခံသူ သို့မဟုတ် တရားဝင်လွှဲပြောင်းရရှိသူလည်းပါဝင်သည်။
(ဆ) မူလအချိုးသင့်ပိုင်ဆိုင်မှုအစုတန်ဖိုး ဆိုသည်မှာ စုပေါင်းပိုင်
အဆောက်အအုံရှိ အိမ်ခန်းအသီးသီးအတွက် လွှဲပြောင်းသည့်
တန်ဖိုးအလို့ငှာလည်းကောင်း၊ စုပေါင်းပိုင်အဆောက်အအုံကို ခင်
စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ထည့်ဝင် ရမည့် ရန်ပုံငွေပမာဏအတွက်လည်းကောင်း သက်ဆိုင်ရာ စုပေါင်းပိုင်အဆောက်အအုံ စီမံခန့်ခွဲရေးကော်မတီ၏ သဘော တူညီချက်ဖြင့် တည်ထောင်သူက သတ်မှက်ထားသည့် အချိုး သင့်ပိုင်ဆိုင်မှုတန်ဖိုးကို ဆိုသည်။
( ဇ ) အိမ်ခန်း ဆိုသည်မှာ စုပေါင်းပိုင်အဆောက်အအုံတွင် နေထိုင် ရန် သို့မဟုတ် အမှုဆောင်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် အခြားနည်း သုံးစွဲရန် တစ်ဦးချင်းပိုင်အဖြစ် သီးခြားကာရံ၍ ဆောက်လုပ် ထားသော အိမ်ခန်းကိုဆိုသည်။
( စျ ) အသင်း ဆိုသည်မှာ စုပေါင်းပိုင်အဆောက်အအုံကို စီမံခန့်ခွဲ ရန်နှင့်ထိန်းသိမ်း စောင့်ရှောက်ရန်အလို့ငှာ ဤဥပဒေအရ ထုတ်ပေးသော အသင်းမှတ်ပုံတင်လက်မှတ်ရရှိသည့် စုပေါင်း ပိုင် အဆောက်အအုံအသင်းကိုဆိုသည်။
စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ နည်းဥပဒေများ
(ည) အသင်းဝင် ဆိုသည်မှာ အသင်းမှတ်ပုံတင်လက်မှတ်ရရှိသော
စုပေါင်းပိုင်အဆောက်အအုံ၏ အိမ်ခန်းမှတ်ပုံတင်လက်မှတ်ရရှိ ကိုဆိုသည်။
( ဋ ) အမှုဆောင်အဖွဲ့ ဆိုသည်မှာ စုပေါင်းပိုင်အဆောက်အအုံကို စီမံခန့်ခွဲရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ရန်အလို့ငှာ စုပေါင်းပိုင် အသင်း၏ဖွဲ့စည်းထားသော စုပေါင်းပိုင် အဆောက်အုံအမှု ဆောင်အဖွဲ့ကို ဆိုသည်။
( ဌ ) ယာယီအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော စုပေါင်းပိုင် အဆောက်အအုံ ယာယီအမှုဆောင်အဖွဲ့ကို ဆိုသည်။
( ဍ ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ရေးဝန်ကြီးဌာနကို ဆိုသည်။
ဆောက်
( ၑ ) စီမံခန့်ခွဲရေးကော်မတီ ဆိုသည်မှာ ဤဥပဒေပါ ရည်ရွယ် ချက်များကို ဒေသအလိုက် အကောင်အထည်ဖော်ဆောင်ရွက် ရန် ဤဥပဒေအရ ဖွဲ့စည်းသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံခန့်ခွဲရေးကော်မတီများနှင့် နေပြည်တော်ကောင်စီ စီမံခန့်ခွဲရေးကော်မတီတို့ကိုဆိုသည်။
(ဏ) ဦးစီးဌာန ဆိုသည်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကို ဆိုသည်။
( တ ) မှတ်ပုံတင်အရာရှိ ဆိုသည်မှာ စုပေါင်းပိုင်မြေနှင့်စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ စာချုပ်စာတမ်းနှင့် စာတမ်းအမှတ် အသားများကို မှတ်ပုံတင်ပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာန က ခန့်အပ်ထားသော စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာမှတ်ပုံ တင်အရာရှိကို ဆိုသည်။