ကျော်ထူး - ရှေးကထက်ပိုချစ်ကြတယ်
သည်မြို့မှာအစ်ကိုပေးတဲ့ လိပ်စာမရှိဘူးဗျ။ ဘာပွဲမှလည်း မရှိပါဘူး”
“ဖုန်း... တောက်”
အိပ်ရာလိပ်ကြီးပစ်ချ။ တောက်တခေါက်ခေါက်နဲ့ ချက်ချင်း ကြီးထပြန်လို့လည်း ရတာမဟုတ်ဘူး။
ပြန်စရာလမ်းစရိတ်ကလည်း မရှိနဲ့၊ မိုးလင်းသည်အထိ သင်္ဘောဆိပ်ခံ ဘောတံတားပေါ်မှာ လေကတဖြူးဖြူး ခြင်တွေကတလူးလူး၊ ပိုက်ဆံအကုန်ခံပြီး စလိုက် နောက်လိုက်တဲ့ ဦးဓာတ်စံမျက်နှာကြီးကို ပြေးပြေးမြင်ယောင်ရင်းနဲ့ အံကြိတ်နေသူက ခုနက လူရွှင်တော်ကြီး၊ မနက်မိုးလင်းတော့ ပါလာ တဲ့ ရှပ်အင်္ကျီတစ်ထည်၊ ပုဆိုးတစ်ထည်ကိုရောင်းပြီး လမ်းစရိတ်လုပ် ပြန်ခဲ့ရသည်။
သို့ပေမဲ့လည်း ခဏသာစိတ်ဆိုးဒေါသ ဖြစ်ပေသည်။
မကြာသော အချိန်ကာလ တရုတ်တန်း တရုတ်ဘုံကျောင်းပွဲမှာ သူတို့နှစ်ဦးကတော့ အငြိမ့်စင်ပေါ်မှာ အတိုင်အဖောက်ညီနေဆဲပါ။ ရှေ့ကထက်ပိုချစ်နိုင်ကြပါစေ။ အဲဒါနဲ့ပဲ အဲဒါပဲပေါ့ဗျာ။
* * *
ရှေးကထက်ပိုချစ်ကြတယ်
အမှတ်(၁)
ရှေးကထက် ပိုချစ်ကြတယ်တဲ့အဲဒီစာသား စကားလုံးတွေက ယနေ့ ခေတ်ကျွန်တော်တို့ လူရွှင်တော်တွေအတွက်တော့ ဟုတ်မယ်မထင်ပါဘူး။ တကယ်လည်း မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ “ကျီးဘုတ် ရိုသေ” ဆိုတဲ့ စကားက သည်နေ့ ခေတ်မှာ ဘာလဲလို့ ပြန်တောင် အမေးခံရဦးမယ်။ ယမ်းမီးခြစ်ခေတ် မဟုတ်ဘူးလေ။ ဂက်(စ်)မီးခြစ် ခေတ်ခုခြစ်၊ ခုထတောက်နေတာ ခု ကျွန်တော်တင်ပြချင်တဲ့ အကြောင်းရာလေးကတော့ ဟိုတုန်းက လူရွှင်တော်ကြီးတွေ တစ်ဦး နဲ့တစ်ဦးဘယ်လောက် အတိုင်းအတာအထိ သည်းခံခွင့်လွှတ် ချစ်ခင် ကြတယ်ဆိုတဲ့ အကြောင်းရာလေးတစ်ခုရယ်ပါ။
သည်လိုခင်ဗျ၊ တစ်ခေတ်တစ်ခါကလို့ဆိုပေမယ့် ယခု ကျွန်တော်စာရေးနေသည့်အချိန်ထိပေါ့ လေ။ ထိုပုဂ္ဂိုလ်လူရွှင်တော်ကြီး ကတော့ ယနေ့တိုင် ပရိသတ်ရဲ့ ချစ်ခင်မှု၊ အားပေးမှု၊ လေးစားမှုတွေနဲ့အတူ စပေါ်ငွေအများဆုံး ပွဲညကြေးအများဆုံးဟု ပြောဆို စမှတ်ပြုခံနေရပြီ။ မော်လမြိုင်ရဲ့ မွန်ပြည်နယ်မှာ ကြယ်တစ်ပွင့် အဖြစ် ရပ်တည်လှုပ်ရှားနေတဲ့ လူရွှင်တော်ကြီး ဦးဓာတ်စံရယ်ပါ။ ဆေးစက်ကျရာအရုပ်ထင်သူ၊ ဝမ်းစာအားဖြင့် ဇာတ်သေမှောက် သဘောပါပဲ။ ရန်ကုန်လူ ဆိုသော်ငြားလည်းရေကြည်ရာ မြက်နု ရာသဘောမျိုးနဲ့ နယ်ပေါင်းစုံမြို့ ပေါင်းစုံသွားလာလှုပ်ရှား အနုပညာ အားနဲ့ ဝမ်းစာဖြည့်နေသူတစ်ဦး။ သူကဇာတ်ခုံပေါ်တင် ရယ်စရာ တွေပြောနေတာမဟုတ်ဘဲ ဇာတ်ခုံနဲ့မပတ်သက်သော အပြင် လောကမှာပါ ခပ်တည်တည်နဲ့ နောက်ပြောင်တတ်သူ၊ ဘယ် လောက်အထိ နောက်ပြောင်သလဲဆိုရင် တစ်ရက်မှာပေါ့။ လူရွှင် တော်တစ်ဦးကို နာရေးယပ်တောင်တွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ ရောက်လာပြီး
“ဟေ့ကောင်ရော့ ယပ်တောင်တွေ၊ တွေ့သမျှလူရွှင်တော်တွေ၊ အငြိမ့်ထောင်ဆရာ၊ ဇာတ်ထောင်ဆရာတွေ လိုက်ဝေလိုက်။ ဒါက မင်းလက်ဖက်ရည်ဖိုး၊ ဒါက လမ်းစရိတ်ဟုတ်ပြီလား”။ နာရေးယပ်
တောင်တွေကို လက်ခံလိုက်တဲ့ လူရွှင်တော်က ယပ်တောင်ကိုဖတ် ကြည့်ပြီး
“ဟာ အာစရိ ခြောက်စောင်းက မနေ့ကပဲ လမ်းမတော်မှာ ကသေးတယ်လေ။ ခုဘယ်လိုဖြစ်ရတာလဲ”
“ဟ နေ့မြင်ညပျောက်ဆိုတဲ့စကားက ဘာအဓိပ္ပာယ်လဲ၊ ပြန် မေးမနေနဲ့၊ ငါပြောသလိုသာလုပ်”
မဖြစ်နိုင်ဘူးလို့လည်းပြောလို့မရ။ မယုံတစ်ယုံနဲ့ လူရွှင်တော် ကြီး ဦးဓာတ်စံကို မော့ကြည့်လိုက်တော့ အဝေးတစ်နေရာကို မောပြီး စိတ်လက်မချမ်းသာတဲ့ ပုံစံမျက်နှာပေးနဲ့ -
“တောက် လူရွှင်တော်တွေ နည်းရတဲ့ကြားထဲ ဖြစ်မှဖြစ်ရတယ် ကွာ၊ မိုးကျော်ရယ်” ။ အံကိုကြိတ်၍ တစ်ဦးတည်းပြောနေသော ဦးဓာတ်စံ ... “အာစရိ ခု ဒီယပ်တောင်တွေက အာစရိပိုက်ဆံနဲ့ စိုက်ထုတ် ထားတာပေါ့ ”။ မေးနေသော လူရွှင်တော်ကို ပြန်မကြည့်ဘဲ ဆေးပေါ့ လိပ်အတိုလေးကိုကိုက်ခဲပြီး အသာယာခေါင်းညိတ်ပြီး ... ။
“ဟုတ်တယ်၊ ငါ့ပိုက်ဆံနဲ့ငါ ဒါနပြုလုပ်တာ။ ကဲ ငါသွားမယ် လူတွေ မကျန်စေနဲ့နော်”
“ဟုတ်ကဲ့ အာစရိ” | နောက်တစ်နေ့ လူရွှင်တော်ခြောက်စောင်း ဦးမိုးကျော် (ဆိုနီနဲ့ တွဲသော မိုးကျော်မဟုတ်ပါ) အိမ်သို့ ဇာတ်ဆရာ၊ အငြိမ့်ဆရာ၊ လူရွှင်တော်၊ ကားဆွဲ၊ ခေါင်းဆောင်မင်းသား၊ မင်းသမီး၊ ယိမ်းသမ၊ ထမင်းချက်ပါမကျန်တဖွဲဖွဲနဲ့ ရောက်လာပါတော့သည်။ “ဟင် အသုဘပို့မယ့် ကားတွေလည်းမတွေ့ပါလား” “ဟဲ့ စောသေးလို့ နေမှာပေါ့” “ဆေးရုံက တန်းချမှာ မဟုတ်ဘူးလား”
“သိဘူးလေ”
“ယပ်တောင်မှာတော့ ရေးထားတာပဲ၊ အသုဘချမယ့်အချိန်” “ဟင် ကုလားဖျင်းလည်း မထိုးထားဘူး” “သူ့အိမ်ကသေးတော့ ကျုပ်တို့ အပေါ်မတက်တော့ပါဘူး။အိမ်ရှေ့မန်ကျည်းပင်အောက်ကပဲ စောင့်တော့မယ်” “ ဦးသိန်းဒီဘယ်လဲ” “စောသေးတယ်လေ လက်ဖက်ရည်ဆိုင်ကို ခဏပြေးမလို့”
လူရွှင်တော်ခြောက်စောင်း ဦးမိုးကျော်ရဲ့ အိမ်ထဲကိုဝင်တော့ နောက်ပိုင်းမင်းသမီးတစ်ဦးက
“အမလေး ကိုမိုးကျော်ရဲ့ လက်ခံထားတဲ့ပွဲတွေ ရှင်မလိုက်တော့ ဘူးပေါ့နော်” ရင်ထဲက လှိုက်လှိုက်လှဲလှဲလုပ်သံမဟုတ်ဘဲ တကယ် အစစ်ကြီးလေသံနဲ့ငိုချလိုက်တာ ကပ်ပါလာတဲ့ ပရိသတ်တွေ မနေနိုင်တော့ဘူး အားလုံးငိုကုန်ကြပြီး
“ဘယ်လိုဖြစ်ရတာလဲ မိုးကျော်ရယ်၊ သူငယ်ချင်း။ မနေ့ညက ပဲ လမ်းမတော်မှာ ကခဲ့ရသေးတယ်။ တစ်ဖွဲ့ တည်း လုပ်ဖော်ကိုင် ဘက် လူရွှင်တော်တွေ၊ မင်းသားတွေ၊ မင်းသမီးတွေ ငိုယိုပြီးအိမ် ပေါ်ကို တက်လာကြတော့ အခန်းထဲမှာ ဗိုက်အောင့်လို့ ဆေးလူး ပေးနေတဲ့လူရွှင်တော် ခြောက်စောင်း မိုးကျော်ရဲ့ ဇနီးသည်က ကမန်း ကတန်းပြေးထွက်လာပါလေရာ
“ဟဲ့ ဟဲ့ ငါတို့ကိုပြောပါဦး၊ ဘယ်လိုကဘယ်လိုဖြစ်တာတုံး” “ဆေးရုံးမတင်ဘူးလား” “ဘာရောဂါလဲ”
တစ်ယောက်တစ်မျိုး မေးပြီး ငိုသူကငိုနဲ့ဆိုတော့ ဗြုန်းစားကြီး လူရွှင်တော်ကတော် ကြောင်စီစီနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဘူး ဖြစ်နေတယ်။ လူသံတွေ၊ ဆူသံတွေကြောင့် မနေ့ညက အိပ်ရေး ပျက်လို့ ဗိုက်အောင့်နေသော ဦးမိုးကျော် ခဏမှေးမယ်လုပ်တုန်း ဝုန်းခနဲအခန်းထဲက ထွက်လိုက်တော့/
“ဟာ
အမလေး
သရဲ သရဲ”
“ဟာ ဟေ့မိုးကျော် ဟ”
တစ်အိမ်လုံး ဆူညံ၊ တစ်ရပ်ကွက်လုံး ဗြောင်းဆန်ပြီး ပြေးသူ ပြေး၊ လဲသူလဲနဲ့ အကျိုးအကြောင်း မေးချင်လို့ လူရွှင်တော်မိုးကျော် က နောက်ကလိုက်လေ ပြေးလေနဲ့ တော်တော်လေးကြာတော့မှ လက်ဖက်ရည်ဆိုင်က ပြန်လာတဲ့ လူရွှင်တော်ဦးသိန်းဒီနဲ့ တွေ့ပြီး အကျိုးအကြောင်းစုံလင်အောင် သိလိုက်ရတာကလူရွှင်တော်ဦးဓာတ် စံ လက်ချက် ပိုက်ဆံအကုန်ခံပြီး ဝါးယပ်တောင်တွေမှာ နာရေး
ကြော်ငြာကပ်၊ လမ်းစရိတ်အကုန်ခံပြီး နောက်ပြောင်လိုက်သော ကိစ္စ။
မအေ နှမတွေစုံအောင် ဆဲဆိုနေသူက ဦးမိုးကျော်၊ ဝုန်းဒိုင်းကျဲ သွားလို့ ကျိုးသွားသောကြမ်းတွေကို တူတစ်လက်နဲ့ လိုက်ရိုက်နေရ သူက ဦးမိုးကျော်၏ဇနီး။ ။
အပြန်လမ်းစရိတ်တွေ ဘယ်ကျရောက်ပျောက်မှန်းမသိတော့၍ မသေဘဲကွယ်လွန်သူအဖြစ် ရပ်တည်နေရသူဦးမိုးကျော်ထံ ငွေပြန်ချေး၍ ပေးနေရသူက ဦးမိုးကျော်၊ သို့သော် ဘယ်လိုပင်စိတ်ဆိုး စိတ်ဆိုးခဏတာရယ်ပါ။ သိပ်မကြာလိုက် အငြိမ့်စင်တစ်ခုပေါ်မှာ ရယ်ရယ်မောမောဖြင့် ပြန်ကနေသူတွေကတော့ ဦးဓာတ်စံ၊ ဦးမိုး
ကျော်တို့ပါပဲ။ ရှေးကထက် ပိုချစ်ကြမယ်လေ။ အဲဒါနဲ့ပဲ အဲဒါနဲ့ပဲပေါ့ ဗျာ. ••
အမှတ်(၂)
တစ်လှေတည်းစီး တစ်ခရီးတည်းသွားတဲ့ ဇာတ်တို့၊ အငြိမ့်တို့ ဆိုင်း တို့စသည်ဖြင့် ပြည်သူတွေကို ပျော်ရွှင်အောင် ဖျော်ဖြေနေ ကြသော အနုပညာရှင်တွေသည် ရေလမ်းပဲသွားသွား၊ ကုန်းလမ်းပဲ သွားသွား တစ်စုတစ်ဝေး တစ်ပျော်တစ်ပါးရယ်ပါပဲ။ အဲဒါက ဟိုတုန်းကပါ။ သည်နေ့ခေတ်မှာတော့ ဇာတ်ဆရာက ကိုယ်ပိုင်ကား နဲ့၊ မင်းသားက ကိုယ်ပိုင်ကားနဲ့၊ နာမည်ရလူရွှင်တော်တွေကလည်း ကိုယ်ပိုင်ကားနဲ့ ပွဲကမည့်မြို့ရွာကို ပွဲက ချိန်နီးမှရောက်လာတတ်ပါ တယ်။
စိတ်ထဲမှာ တထင့်ထင့်နဲ့ မျှော်နေရသူတွေကတော့ ပွဲငှား၊ ပွဲကန်ထရိုက်နဲ့ ကျန်တဲ့ ဇာတ်သူ ဇာတ်သား၊ အဖွဲ့သားတွေပေါ့ ။ ပွဲညကြေးအားဖြင့်လည်း သိပ်မရ ရှာသူတွေ၊ မိုးတွင်းဆို အလုပ်မရှိ၊ ဟိုဟာပေါင် သည်ဟာပေါင် နွေပေါက်မှ ပွဲကရင်းနဲ့ ပြန်ရွေး ဇာတ် ဆရာဆီက ကြိုတင်ငွေစပေါ်တစ်ဝက်ဖဲ့ဆပ်၊ မိသားစုအတွက် တစ် ဝက်အိမ်ပြန်ပို့ ၊ မိမိကတော့ ဇာတ်အဖွဲ့ ၊ အငြိမ့်အဖွဲ့ ၊ ဆိုင်းအဖွဲ့က ကျွေးသော ထမင်းကိုဖြစ်သလိုစားနဲ့....
သို့ပေမဲ့လည်း တစ်ယောက်နဲ့တစ်ယောက်ကတော့ ချစ်ခင် မပျက်ကြဘူး။ တစ်မြို့တည်းမှာ တစ်နေရာတည်းမှာ ၄-၅ ည လောက်ကပြီဆိုရင် ပြဇာတ်၊ အော်ပရာ၊ နောက်ပိုင်းတွေ မထပ်ရ
အောင် နေ့ခင်းဇာတ်တိုက်ပေါ့။ အိပ်ရေးတွေကမဝ၊ ဇာတ်ထမင်း၊ ဇာတ်ဟင်းကလည်း ညံ့နေရင်သွားရောပဲ။ ဒါပေမယ့် တစ်ဦးနဲ့ တစ်ဦး ရှိတာလေးမျှဝေစားကြတယ်ဗျ။ ခုခေတ်တော့မသိဘူး နော်။
ကျွန်တော်ပြောတာ ဟိုတုန်းကပြက်လုံးဆိုလည်း လူရွှင်တော်ကြီး တစ်ဦးက နှစ်ပါးသွားမင်းသားပုဆိုးလဲနေချိန်မှာ ရုန်းဆိုရုန်းလိုက် ပါလား၊ ရုန်းဆို ရုန်းလိုက်ပါလား” ဆိုပြီး ဖင်ထိုက်လျက်ဒရွတ်တိုက်
ရွေ့ သွားနေတယ်။ အဲဒါကို ဘေးမှာထိုင်နေတဲ့ လူရွှင်တော် သို့ မဟုတ် မင်းသမီးတွေက
“ကိုအငှာ ဘာဖြစ်နေတာတုံး” လို့ တောက်မေးမေးရတယ်။ ခုနကရုန်းနေတဲ့ လူရွှင်တော်ကြီးက ဘာပြန်ပြောလဲဆိုတော့
“အီးနဲ့ကြမ်း ညှပ်နေလို့ပါဟာ”
ပရိသတ်က ဝေါခနဲပေါ့။ အဲဒီ မှာတင် စချင်နောက်ချင် ပြောချင်တဲ့ လူရွှင်တော်တစ်ဦးက မင်းသမီး
တွေ ဘက်လှည့် မျက်စိတစ်ဖက်မှိတ်ပြပြီး ခုနက လူရွှင်တော်ပြော မည့်စကား ပြက်လုံးကို သူမပြောခင် ဦးအောင် ပြောချလိုက်ရောဗျ။
အလကားပါ အီးနဲ့ကြမ်းနဲ့ ညပ်နေလို့မဟုတ်လား။ ကုန်ပြီလေ ပြက်လုံးမရှိတော့ဘူး။ ဒါနောက်ဆုံးပဲတဲ့။ ဘယ်လူရွှင်တော်တွေ သည်းခံနိုင်မလဲ၊ ဒါပေသည့် တစ်ဖက်လူရွှင်တော်ကလည်း နပ်တယ်။ ပက်ခနဲ ပြန်ပက်လိုက်တဲ့ အလုံးက
“ဟုတ်တယ် ကြမ်းနဲ့ညပ်နေတာ မင်းမိန်းမလာဆွဲထုတ်ပေး မှရမှာ”တဲ့။ ပြီးတော့ သိပ်မကြာလိုက်ပါဘူး။ ဇာတ်ခုံရဲ့ နောက်တိုင် ပုံကြားမှာ နှစ်ယောက်သား ထိုးကြ သတ်ကြရော မင်းသား၊ ဇာတ် ဆရာ၊ မန်နေဂျာ ဝင်ဆွဲမှ ပွဲကပြီးသွားတယ်။ ဟော မနက်မိုးလင်း
တော့ လက်ဖက်ရည်ဆိုင်မှာ အတူတူထိုင်လို့ စိတ်ဆိုးတုန်းခဏ။ ပြီးတော့ ရှိပါသေးတယ်။ ကိုယ့်ဇာတ်ဆရာ၊ ကိုယ့်မင်းသားရဲ့ ကိုယ် ရေးကိုယ်တာအားနည်းချက်ကို တော်ရုံလူတွေ မပြောရဲပါဘူး။ ထုံးစံအတိုင်း နှစ်ပါးသွားမှာ ပြက်လုံးထုတ်ရဲတာ လူရွှင်တော်တွေပါပဲ။ သူ့ပြက်လုံးက
“ပွဲကခါနီးပြီဆိုရင် ဇာတ်ရုံ နောက်ပေါက်က လာပါပြီဗျာ။ နှင်းဆီပန်းတွေ စံပယ်ပန်းတွေကိုင်ပြီး မင်းသား ကိုစိုင်းမြတ်သူ၊ ကိုမျိုးကို၊ ကိုချစ်ကိုတို့နဲ့ မိတ်ဆက်ချင်လို့တဲ့ ကောင်မလေးတွေ။ အဲသူတို့လိုပဲ ကျွန်တော်တို့ ဇာတ်ဆရာ တွံတေးဦးသိန်းတန်ကိုလည်း မိတ်ဆက်မယ့်သူတွေလာပါတယ်” ပေါ့။ ဟေ့..ပေါ့..ထွီ ကိုရင် သိန်းတန် ဘယ်မလဲ နည်းနည်း တိုက်ချင်လို့ဟေ့” အရက်သမား နေတဲ့ ပုံစံလုပ်ပြတော့ ဇာတ်သမားတွေရော ဆိုင်းသမားတွေရော ပရိသတ်ရောရယ်ကုန်တာပေါ့။ ဦးသိန်းတန်သောက်တာ အားလုံး သိနေကြတယ်လေ။ အဲဒီလို ပြောရဲဆိုရဲတာ လူရွှင်တော်ကြီး ဦးရွှေ ဗျိုင်းပါ။ ဒါပေသည့် ဦးသိန်းတန်က စိတ်မဆိုးဘူး၊ ချစ်တာကိုး။
တစ်ခါတုန်းကလည်း လူရွှင်တော်ကြီး ဦးဓာတ်စံပြောပါတယ် အခြားလူရွှင်တော်တစ်ယောက်ကို “ဟေ့ကောင် မင်းမနက်ဖြန်ညအားလား” “ဟုတ်ကဲ့ အာစရိ” “ဒါဆို ခုချက်ချင်း အိမ်ပြန်အဝတ်အစားနဲ့ အိပ်ရာလိပ်တွေထည့်”
“ညနေ ဖျာပုံသင်္ဘောဆိပ်ကို ဆင်းလာခဲ့။
ငါစောင့်နေမယ်”
“ဟုတ်ကဲ့”
ညနေစောင်းကျတော့ ခုနက လူရွှင်တော်အဝတ်အစားအိတ် တွေ၊ အိပ်ရာလိပ်တွေနဲ့ ကမ်းနားကို ရောက်ချလာရာ...
“ရော့ ဒါကသင်္ဘောလက်မှတ်”
“ဖျာခင်းမအိပ်နဲ့ သိက္ခာကျတယ်၊ ပက်လက်ကုလားထိုင်နဲ့အိပ်။
ဒါက ပက်လက်ကုလားထိုင်ဖိုး၊
ဒါကထမင်းဖိုး၊
သင်္ဘောပေါ်မှာ ထမင်းဆိုင်ပါတယ်။ ငါကိုယ်တိုင် လိုက်အပ်ပေးမယ်။
တကယ်ပဲ သင်္ဘော အပေါ်ထပ်ပဲ့ပိုင်းမှာဖွင့်ထားတဲ့ ထမင်းဆိုင် ကို ခေါ်သွားပြီး“ဒီမှာညီမရေ သူက လူရွှင်တော်ပေါ့၊ ဦးက ဦးဓာတ်စံပါ” “သော် စိန်ပိုးတီ၊ မြပိုးတီထဲကဦးဓာတ်စံဟုက်ကဲ့ရှင် ပြောပါ” “အေးသူက ဦးမအားလို့ ဦးကိုယ်စားဖျာပုံမှာအငြိမ့်သွားကမှာ လေ။ သည်တော့ သူစားချင်တဲ့ ဟင်းတွေကို ပိုပိုသာသာဂရုစိုက် ထည့်ပေးပါလို့” . “ဟုက်ကဲ့ပါရှင်၊ စိတ်ချပါ၊ တော်ကြာပြက်လုံးထဲ ထည့်ပြက် နေမှာစိုးလို့ ကောင်းကောင်းဂရုစိုက်ပါမယ်”
“ကဲရော့ ဟိုရောက်ရင်သွားရမယ့်လိပ်စာ
ဒါက ဆိုက်ကားခ၊ စိတ်ချမယ်နော်”
သည်လိုနဲ့သင်္ဘောကတစ်ညလုံးမောင်းပေါ့။ ဖျာပုံ ကို ရောက်တော့ မိုမလင်းတလင်း ခုနက လူရွှင်တော် အဝတ်အစား ထုတ်တွေ အိပ်ရာလိပ်တွေနဲ့ သင်္ဘောပေါ်က တိုးဝှေ့ဆင်းပြီး ဆိုက်ကားဂိတ်ရောက်ရောဗျ။ ဆိုက်ကားဆရာတွေက“အစ်ကိုဘယ်သွားမလဲ”
“သည်မှာလိပ်စာဗျာ ပွဲသွားကမလို့”
သူပေးတဲ့လိပ်စာ စာရွက်ကို ဆိုက်ကားသမားတွေက တစ် ယောက်တစ်လှည့် လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်ပြီး“အစ်ကို ရက်မှားလာတာလား ဒါမှမဟုတ် မြို့မှားလာတာလား”
“ဟေ့ ဘာဖြစ်လို့လဲ”
“သည်မြို့မှာအစ်ကိုပေးတဲ့ လိပ်စာမရှိဘူးဗျ။
ဘာပွဲမှလည်း မရှိပါဘူး”
“ဖုန်း... တောက်”
အိပ်ရာလိပ်ကြီးပစ်ချ။
တောက်တခေါက်ခေါက်နဲ့ ချက်ချင်း ကြီးထပြန်လို့လည်း ရတာမဟုတ်ဘူး။ ပြန်စရာလမ်းစရိတ်ကလည်း မရှိနဲ့၊ မိုးလင်းသည်အထိ သင်္ဘောဆိပ်ခံ ဘောတံတားပေါ်မှာ လေကတဖြူးဖြူး ခြင်တွေကတလူးလူး၊ ပိုက်ဆံအကုန်ခံပြီး စလိုက် နောက်လိုက်တဲ့ ဦးဓာတ်စံမျက်နှာကြီးကို ပြေးပြေးမြင်ယောင်ရင်းနဲ့ အံကြိတ်နေသူက ခုနက လူရွှင်တော်ကြီး၊ မနက်မိုးလင်းတော့ ပါလာ တဲ့ ရှပ်အင်္ကျီတစ်ထည်၊ ပုဆိုးတစ်ထည်ကိုရောင်းပြီး လမ်းစရိတ်လုပ် ပြန်ခဲ့ရသည်။ သို့ပေမဲ့လည်း ခဏသာစိတ်ဆိုးဒေါသ ဖြစ်ပေသည်။
မကြာသော အချိန်ကာလ တရုတ်တန်း တရုတ်ဘုံကျောင်းပွဲမှာ သူတို့နှစ်ဦးကတော့ အငြိမ့်စင်ပေါ်မှာ အတိုင်အဖောက်ညီနေဆဲပါ။ ရှေ့ကထက်ပိုချစ်နိုင်ကြပါစေ။ အဲဒါနဲ့ပဲ အဲဒါပဲပေါ့ဗျာ။
* * *
အမှတ်(၃)
ဟိုရှေးရှေးတုန်းကပေါ့။
ဇာတ်သမား၊ ဆိုင်းသမား၊ အငြိမ့်အဖွဲ့သားများဟာ နယ်ပေါင်း စုံမြို့ပေါင်းစုံမှာလှည့်ပြီး ဖျော်ဖြေရပါတယ်။ မိုးတွင်းဘက်ဆိုရင် အထက်မြန်မာပြည်ကိုတက် မိုးကုန်လို့ ပွင့်လင်းရာသီလေး ရောက်