Skip to product information
1 of 16

စိတ်ကူးချိုချိုစာပေ

ကျော်တင့်ဆွေ - အိမ်တွင်းကုသနည်းတိုင်းရင်းဆေး၀ါးများ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

ပင်လယ်အူလျှောက်ရောဂါ

အစာအိမ်လမ်းကြောင်းနှင့် အူသိမ်အူနုတို့တွင် ဖြစ်ပွားတတ်ပါသော ရောဂါဝေဒနာများစွာ ရှိကြလေသည်။ ဝမ်းကိုက်ရောဂါ၊ ဝမ်းလျှောဝမ်းပျက် ရောဂါ၊ ကာလဝမ်းရောဂါများဖြစ်သည်။ အဆိုပါရောဂါများအပြင် ဝမ်းနှင့် ပတ် သက်သော ပင်လယ်အူလျှောက်နာ ဝမ်းသက်ရောဂါများလည်း ဖြစ်လေ့ဖြစ်ထ ရှိကြသည်။ တိုင်းရင်းဆေးကုထုံးပညာအရ ထိုရောဂါကို ပျက်သောဘုတ်အဖြစ် အစိမ်းပျက်(သီတဝါယော) ဖြစ်သည်။ ကုသရန်လိုအပ်သော ဓာတ်သဘာဝ မှာ ဥဏုပထဝီဓာတ်ပါဝင်သော ဆေးဝါးများ၊ အစားအစာများနှင့် တွဲစပ်၍ ကုသပေးရပါသည်။

ရောဂါမြစ်ဖျားခံရာသည် နေ့စဉ်စားသုံးသည့် အစာများသည် မိမိကြိုက် နှစ်သက်ရာ အစားအစာများကို မကြာခဏ စားပေးလေ့ရှိခြင်း၊ စားသုံးသော အစားအစာများမှာ ချက်ခဲသော အစားအစာများဖြစ်နေခြင်း၊ အအေး အရသာရှိသော အစားအစာများ စားပေးခြင်း၊ အစားအစားနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာအား နည်းပါးခြင်းကြောင့် စားသောက်ပေးသော အစာ အစားများကြောင့် ဝမ်းမီး၏လုပ်ဆောင်ချက်များမှာ လွန်စွာအားနည်းစေကာ အစာမချေချက်နိုင်သည့် ရောဂါ မြစ်ဖျားခံရာအစပင် ဖြစ်ပေသည်။

အဆိုပါရောဂါအတွက် အလွယ်ဆုံးနှင့် အစွမ်းထက်မြက်ဆုံး ဆေးဝါး တစ်လက်ကို ဖော်ပြပါမည်။ အဆိုပါဆေးဝါးပေါင်းစပ်မှုမှာ

ချင်းခြောက်အမှုန့်တစ်ဆ ၊ ငရုတ်ကောင်းစစ်စစ် အမှုန့်တစ်ဆ

ပိတ်ချင်းသီးအတောင့် အမှုန့်တစ်ဆ

ဤဆေးဖက်တို့ကို သမစေရန် ရောစပ်၍ ပုလင်းတစ်လုံးနှင့် ထည့်ထား ပါ။ လူကြီးတစ်ဦးအတွက် ဆေးတစ်ခွက်စာပမာဏမှာ တစ်ပဲသားသောက်ပေး ပါ။ နံနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ်၊ ညအိပ်ရာဝင်တစ်ကြိမ်၊ တစ်နေ့သုံး ကြိမ် သောက်ပေးနိုင်ပါသည်။

အဆိုပါအိမ်သုံးဆေးကို ပိုမိုအစွမ်းထက်မြက်စေရန် ကြက်သွန်ဖြူများ ပါဝင်သော ဟင်းခါးများ၊ ငရုတ်ကောင်းများ ခပ်ထားသော ဒန့်သလွန်ဟင်းခါး ဆိုလျှင် ပိုမိုကောင်းမွန်စေပါသည်။

အထက်ပါရောဂါတွင် အိမ်တွင်းကုသနိုင်သော တိုင်းရင်းဆေးဝါးအချို့ ကို ဆက်လက်တင်ပြထားပါသည်။ ရောဂါအတွက် ရွေးချယ်သင့်သော ပရဆေး မှာ ဇာတိပ္ဖိုလ်သီးပင်ဖြစ်ပါသည်။ အဆိုပါ ဇာတိပ္ဖိုလ်သီးကို ကျောက်ပျဉ်တွင် ရေသန့်နှင့်သွေးပါ။ ရရှိသောအရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို သဘာဝ ပျားရည်စစ်စစ် လက်ဖက်ရည်တစ်ဇွန်းနှင့် ရောစပ်၍ နံနက်တစ်ကြိမ်၊ ညအိပ် ရာဝင်တွင်တစ်ကြိမ် သောက်ပေးပါ။ ဝမ်းဗိုက်ကို နှမ်းနက်ဆီအနည်းငယ်နှင့် ပရုတ်ဆီကို ရောစပ်ပြီး လိမ်းပေးပါ။

တိုင်းရင်းဆေးဆရာကြီးများ လက်စွဲအသုံးပြုလေ့ရှိသော နနွင်းခါးနှင့် ပင်လယ်အူလျှောက်ရောဂါ အိမ်တွင်းကုသနည်းကို တင်ပြပါမည်။ ။

နနွင်းခါးသည် အစာလမ်းကြောင်းရောဂါတို့တွင် ဆေးဖက်ဝင်စေပါ သည်။ နနွင်းအမှုန့်တစ်ဆကို သဘာဝပျားရည်အနည်းငယ်မျှနှင့် တေဆေး ကဲ့သို့ တေပြီး ပုလင်းတစ်လုံးနှင့်ထည့်ထားပါ။ လူကြီးဆေးတစ်ခွက်စာအဖြစ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို တိုက်ကျွေးပေးပါ။ ဆေးကို နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် တိုက်ကျွေးပေးပါ။

အဆိုပါ ရောဂါအတွက် မြန်မာ့ဆေးပညာ ဆရာစဉ်ဆက် လက်ခံ အသုံး ပြုခဲ့ကြသည့် ဆေးနည်းတိုကလေးတစ်လက်ကိုလည်း အထင်မသေး သင့်ပါ။ ငရုတ်သီးအူတိုင်နှင့် ငွေဒင်္ဂါးပြားတစ်ပြားကို ရောစပ်၍ ပြုတ်ပေးပါ။ ပြုတ်ရည် ဟင်းစားစတီးဇွန်းတစ်ဇွန်းကို သောက်ပေးပါ။ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ပေးပါ။

အထက်ပါ အိမ်တွင်းကုသမှုဖြင့် ရောဂါကျဆင်းနှုန်း ကြန့်ကြာနေလျှင် အဆိုပါရောဂါရှင်တွင် ဆင့်ပွားရောဂါများနှင့် ဆက်နွှယ်နေတတ်ပါသည်။ မိမိနေထိုင်ရာ ဒေသတွင်း တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ဖွင့်လှစ်ထားသောတိုင်းရင်းဆေးဝါးများ တိုင်းရင်းဆေးခန်းများတွင် ဆက်လက် ကုသပေးသင့်ကြောင်းကို အကြံပေး တင်ပြပါရစေ။

တိုင်းရင်းဆေးပညာဖြင့် ရောဂါဝေဒနာများကို ကုသရာတွင် အစား အစာများကို တွဲဖက်၍ ကုသပေးကြသကဲ့သို့ ရောဂါမြင့်တက်မှု ကျဆင်းစေရန် စားသုံးသော ဆေးဝါးရောဂါကုသရာတွင် ပိုမိုအကျိုးသက်ရောက်မှုကို ရရှိစေ ရန် ရှောင်စရာပြဌာန်းထားချက်များကို ဂရုစိုက်ရှောင်ကြဉ်ပေးသင့်ပါသည်။ သားငါးများတွင် ငါးရှဉ့်သား၊ ကဏန်း၊ ပုဇွန်၊ ငါးများ၊ လိပ်သား၊ ဖားသားများ ဖြစ်ပါသည်။ ဟင်းသီးဟင်းရွက်တွင် မှိုအမျိုးမျိုး၊ ချဉ်ပေါင်ပင်များ၊ တညင်းသီး၊ ရုံးပတီသီး၊ မျှစ်များဖြစ်ကြပြီး ငရုတ်သီးကြွယ်ဝစွာပါဝင်သော အစားအစာများ၊ ငါးပိရည်နှင့် ရေနွေးဖျော၍ တို့စားရသော ဟင်းသီးဟင်းရွက်များ၊ အခြား ရှောင် စရာများမှာ သနပ်စုံ၊ ရှာလကာရည်၊ လက်လုပ်ချဉ်၊ ကြက်ဥ၊ ဘဲဥ၊ အစိမ်း

ကြော်၊ နွားနို့၊ ချဉ်ဖတ်၊ ပဲ၊ ပုန်းရည်ကြီး အစရှိသည့် အစားအစာများသည် ရှောင်တတ်ရန်အတွက် အဓိကလိုအပ်သော ရှောင်ကြဉ်စရာများအဖြစ် အသိ ပေးပါရစေ။ ကျန်းမာရေးအတွက် အစားအစာများကို ရွေးချယ်တတ်သည့် ကျန်းမာရေး ဗဟုသုတများ ကြွယ်ဝကြပါစေဟု ဆန္ဒပြုရင်းဖြင့်သာ။

 

 

ရေယုန်ရောဂါ

 

 မြန်မာလူမျိုးများသည် “ရေယုန်” ရောဂါဖြစ်ပွားမှုမှ ကင်းဝေးခြင်း မရှိ သေးကြောင်းကို တိုင်းရင်းဆေး စာဖတ်ပရိသတ်များ သိရှိခဲ့ပြီးဖြစ်ပါသည်။ အဆိုပါရောဂါဝေဒနာအတွက် အရပ်သုံးဆေးနည်းတိုများ၊ ဆေးခန်းကုထုံးများ လည်း မြန်မာ့ဆေးပညာလောကတွင် ကြွယ်ဝစွာတွေ့ ရှိနိုင်ပါသည်။ ကုသဖူး သူများလည်း ဒုနဲ့ဒေး ရှိကြပါသည်။ အချို့မှာ ပျောက်ကင်းကြသူများ ရှိကြ သကဲ့သို့ ဆေးမတွေ့သေးသော ဝေဒနာရှင်များလည်း ရှိတတ်ကြပါသည်။ မြန် မာ့တိုင်းရင်းဆေးဝါးများကိုသာ ယုံကြည်စွာသုံးစွဲကြသူများအနေနှင့် မြန်မာ့ တိုင်းရင်းဆေးပညာနှင့် ရင်းရင်းနှီးနှီးရှိကြမည်ဆိုလျှင် ရောဂါတိုင်ကို ကုသရာ တွင် ပိုမိုလွယ်ကူစေနိုင်သည်ဟု စာရေးသူ ဆိုလိုချင်ပါသည်။

ပထမဦးစွာ ရေယုန်ရောဂါတွင် သိရှိနိုင်သောလက္ခဏာသည် အဓိက ကျသည်။ ရောဂါ၏လက္ခဏာအဖြစ် ပူ၏။ ခန္ဓာကိုယ်တွင် နှုတ်ခမ်း၊ ပါးစပ်၊ မေး၊ လည်ပင်း၊ တင်ပါး အစရှိသည့် အစိတ်အပိုင်းများတွင် ရေယုန်ဖြစ်နိုင်ပါ သည်။ အနာများစုပြုံ၍ မန်းရည်များတိုးပွားပြီး ပြန့်ပွားလာစေပါသည်။ တိုင်းရင်းဆေးပညာဝေါဟာရအရ တင်ပြရလျှင် ဥဏှတေဇောခေါ် အပူနာများ ဟု သတ်မှတ်ထားကြပါသည်။ တိုင်းရင်းဆေးပညာ အခြေခံအရ စာဖတ် ပရိသတ်များကို ရှင်းပြရလျှင် ရေယုန်ရောဂါသည် အပူနာဖြစ်၍ သီတဆေး ချက်တွင် ပါဝင်သော အအေးဆိုင်ရာရေကို လွန်စွာမှ ကြောက်သည့်သဘော ကို ဆောင်စေပါသည်။ အဓိကအချက်မှာ တိုင်းရင်းဆေးဖက်ဝင်ပစ္စည်းတို့ကို ရေနှင့် သွေးလိမ်းပေးရခြင်းအား ရှောင်ကြဉ်ရန်ဖြစ်သည်။

အဆိုပါ ရေယုန်နာသည် ရေနှင့် မထိစေရန် ဂရုစိုက်ရပါသည်။ နေ့စဉ် ရေချိုးရန်ကိုပင် ခက်ခဲ စေသည်။ ရေယုန်နာသည် ရေနှင့်ထိတွေ့လျှင် ပိုမိုဆိုးဝါးစေသည်ဟု ဆိုရင်း ပင်ဖြစ်ပါသည်။ ဖယောင်းချက်ကပ်၍ မန်းရည်ထွက်ခြင်းကိုလည်း ပျောက် ကင်းစေရန် မကုသနိုင်ပါ။ အနာစက်ကလေးများ စုပြုံ၍ ပေါက်နေခြင်းကြောင့် တိုင်းရင်းဆေးဝါးများနှင့် ကုသရာတွင် လွန်စွာခက်ခဲစေပါသည်။ အချို့မှာ ရေယုန်နာကို ဖန်ရည်ဆေးတတ်ကြပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် ရေယုန် ရောဂါကို ပွားစေပါသည်။ ဤအချက်များကို လေ့လာကြည့်ရှုခြင်းဖြင့် ရေယုန် ရောဂါဟု သတ်မှတ်နိုင်သည့်အဆင့်ကိုလည်း ရရှိစေနိုင်ပါသည်။ ။

ရေယုန်ကို အိမ်တွင်းကုသနိုင်သော အစွမ်းထက်တိုင်းရင်းဆေးဖက်ဝင် အပင်မှာ မအူပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဒေသပေါက်ပင်လည်း ဖြစ်ပါ သည်။ အပင်ကို လူတိုင်းပင် မြင်ဖူးတွေ့ ဖူးကြပါသည်။ အိမ်တွင်းကုသရန် ဆေး ဝါးအဖြစ် အသုံးပြုနည်းကို ဆက်လက်ဖော်ပြလိုက်ပါသည်။ ရှေးဆရာစဉ်ဆက် လက်တွေ့ကုသခဲ့ပုံမှာ ၎င်းမအူခေါက်ကို လေးလက်မမျှခွာ၍ ထမင်းရည်ပျစ် ပျစ်နှင့် သွေးလိမ်းရသည့်ကုထုံးဖြစ်ပါသည်။

စာရေးသူတင်ပြလိုသည့် အိမ်တွင်းကုသနည်းမှာ

မအူခေါက်ကို နေလှန်းပြီး အခြောက်ခံကာ ခြောက်သွေ့ လျှင် အမှုန့် ထောင်း၍ ပုလင်းတစ်လုံးနှင့် ထည့်ထားပါ။ အထက်ပါအခေါက်မှုန့် ဟင်းစား စတီးဇွန်း တစ်ဇွန်းစာကို လက်ဖက်ရည်အချိုပန်းကန်တစ်လုံးတွင် ထည့်ထား ပါ။ ထမင်းရည်ပူပူကို ထိုပန်းကန်လုံးတစ်လုံး မပြည့်တပြည့်ထည့်ပြီး မွှေပေး ပါ။ ထမင်းရည် လုံးဝအေးသွားလျှင် ကြက်တောင်တစ်ချောင်းနှင့်တို့၍ လူး ပေးပါ။ နံနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ်၊ ညအိပ်ရာဝင်ချိန်တွင် တစ်ကြိမ် လိမ်းပေးပါ။ နေ့စဉ်ရက်ဆက် ခုနစ်ရက်ဆက်တိုက် လိမ်းပေးပါ။

ဆေးလိမ်းနေစဉ် သောက်ဆေးအဖြစ်

ကြက်ဟင်းခါးရွက် တစ်ဆ၊ ရေသန့်သုံးဆကို ရောစပ်ပြုတ်ပါ။ ရရှိသော ဆေးရည်တစ်ဆကျန်လျှင် လူကြီး ဆေးတစ်ခွက်စာအဖြစ် ဟင်းစားစတီးဇွန်း တစ်ဇွန်း တိုက်ပေးပါ။ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် တိုက်ပေးပါ။ ထိုကြက်ဟင်း ခါးရွက်ပြုတ်ဆေးကို တိုက်ကျွေးပေးခြင်းမှာ အလှော်မိခြင်းကြောင့် မန်းတက် ခြင်းကို ဖယ်ရှားပေးရန် တိုက်ကျွေးခြင်းမျှသာ ဖြစ်ပါသည်။

စာဖတ်ပရိသတ်များအတွက် ရေယုန်ရောဂါနှင့်သက်ဆိုင်သော သိမှတ် စရာများကို ဆက်လက်ဖော်ပြထားပါသည်။ အပူလွန်ကဲသော အနာရောဂါ ဟု

အထက်တွင်ဖော်ပြထားပြီး ဖြစ်ပါသည်။ အထူးသဖြင့် လုံချည်ဝတ်ဆင်ထား သောကြောင့်လည်း အမြဲတမ်း ပူအိုက်စေတတ်သဖြင့် ခန္ဓာကိုယ်အောက်ပိုင်း တွင် ရေယုန်အဖြစ်များခြင်း ဖြစ်သည်။ ဆေးနည်းတိုဆိုသည်မှာ လူတစ်ဦးနှင့် သင့်တော်သော်လည်း လူတိုင်းနှင့် သင့်မြတ်သည်ဟူ၍ကား မဆိုသာပေ။ ရေယုန်အနာသည် အလွန်ခံရခက်သော အနာမျိုးဖြစ်သည့်အားလျော်စွာ အရည်ကြည်အဖုငယ်များ ပွားများလာကာ အနည်းငယ်ယားယံပြီး စပ်ဖျဉ်းဖျဉ်း ခံစားရတတ်ပါသည်။ ။

အိမ်တွင်းကုသနည်း ဆေးနည်းကောင်းတစ်လက်အဖြစ် မန်ကျည်းပနီ ခေါက်ကို ကျောက်ပျဉ်တွင် အုန်းဆီနှင့်သွေးပြီး ရရှိသောအဆီကို လိမ်းပေး နိုင်ပါသည်။

အခြားဆေးနည်းတစ်နည်းမှာ ရွက်ကျပင်ပေါက်၏အရွက်ကို မီးအနည်း ငယ်ပြုပြီး ရေယုန်အနာကို ကပ်ပေးခြင်းပင် ဖြစ်ပါသည်။