Skip to product information
1 of 16

စိတ်ကူးချိုချိုစာပေ

ကျော်တင့်ဆွေ - တိုင်းရင်းဆေးဖက်ဝင်စပျစ်ကုထုံး

Regular price 1,700 MMK
Regular price Sale price 1,700 MMK
Sale Sold out


နိဒါန်း

INTRODUCTORY

လူတိုင်းသိပြီးဖြစ်ကြသည့် စပျစ်သီး VITIS VINIFERA ကို ဟင်ဒူစတာန်နီဘာသာ HINDUSTANဖြင့် အန်ဂူးANGUR ဟုခေါ် တွင်၍ သက္ကတဘာသာSANSKRIT ဒါခ DAKHA ဟူ၍သော်လည်း

ကောင်း၊ မရိဒါက MRIDIRKA ဟူ၍သော်လည်းကောင်း၊ ဒရက္ခ်သျှ DRAKSHA ဟူ၍သော်လည်း

ကောင်း၊  တေလ်ဂူဘာသာ TELEGU ၊ တမီလ်ဘာသာ TAMILများတွင် ဒရက္ခသျှ DRAKSHA ခေါ်တွင်၍ ဂူဂျာရတီဘာသာGUZERATI ဖြင့် မူဒရက္ခ MUDRAKAဟုခေါ်တွင် ပြီး ဘင်္ဂလီဘာသာ BENGALIတွင်မူ ဒရက္ခယ DRAKAYA ဟူ၍ အသီးသီး ခေါ်ဆိုရေးသားဖော်ပြလေ့ ရှိကြပါသည်။ ။

၎င်းသည် VINE ခေါ်တွင်သော နွယ်ပင်မျိုးဖြစ်၏။ ပင်စည်တစ် လျှောက်၌ သီးသောအသီးမျိုးဖြစ်ပြီး၊ အသီးများသည် အခိုင်လိုက်သီး ကြ၏။ တစ်ခါတစ်ရံတွင် တစ်ခိုင်တည်းကပင်လျှင် အလေးချိန် ၂ပေါင် ခန့်အထိ ရှိတတ်ကြပါသည်။

 

စပျစ်သီးများ

စပျစ်သီးမျိုးပေါင်း ၂၀ ကျော်ရှိသော်လည်း အိန္ဒိယ INDIAတွင် မူ အဓိကအားဖြင့် သုံးမျိုးကိုသာလျှင် လူသိများကြ၏။ ၎င်းတို့မှာ

၁။ စပျစ်သေး(အစေ့မဲ့မျိုး)

၂။ စပျစ်ညိုမျိုး

 ၃။ စပျစ်သီးအစစ်မျိုး (ဝါရောင်သန်းသည့်အစိမ်းမျိုး)တို့ ဖြစ်လေသည်။

 

စပျစ်သမိုင်း

 

အပူလျော့တိုင်းပြည်များနှင့် သမပိုင်းဒေသများတွင် စပျစ်သီးသည် လူသိအများဆုံးသောအသီးအနှံများတွင် တစ်မျိုးအပါဝင်ဖြစ်ပြီး၊ ကမ္ဘာ မြောက်ပိုင်းတွင် ၅၅ လတ္တီတွဒ် စိုက်ပျိုးနိုင်ကြ၏။ ၎င်း၏ ဇာတိချက်မြှုပ် ဒေသမှာ အနောက်အာရှ WESTERN ASIA ဖြစ်ပြီး၊ ကက်စပီယံ ပင်လယ် CASPIAN SEA, တောင်ပိုင်းကော့ကေးဆပ်စ် CAUCA - SUS နှင့် အာမီးနီးယား ARMENIA ဒေသများတွင် ယနေ့တိုင် အရိုင်း ပေါက်ရောက်လျက်ရှိပေသည်။ စပျစ်သီးများ GRAPES ကို စိုက်ပျိုးခြင်း နှင့် ၎င်းမှဝိုင် WINE အရက်ကို ထုတ်လုပ်ခြင်းဆိုင်ရာ မှတ်တမ်းများသည် သမိုင်းအက္ခရာစတင်သည့်ခေတ်သို့တည်းမဟုတ်၊ လွန်ခဲ့သည့်နှစ်ပေါင်း ၆ဝဝ ကို ညွှန်ပြပေသည်။ ဥရောပတိုက် EUROPE တွင် စပျစ်သီးကို စတင်ယူဆောင်လာသူမှာ ဖိုနီးရှန်းလူမျိုး PHOENICIANS ဖြစ်ပြီး၊ ရှေးခေတ်ခေါမ GREEKS ရောမလူမျိုး ROMANS တို့၏ စပျစ်စိုက်ပျိုး သည့် ယဉ်ကျေးမှုတစ်ရပ်မှာလည်း သမိုင်းဝင်အချက်အလက် တစ်ရပ် ဖြစ် ပေသည်။

 

စပျစ်စိုက်ပျိုးရေး

စပျစ်စိုက်ပျိုးပေါက်ရန်အတွက် အတော်အတန်နွေး၍ စိုစွတ်သော ရာသီဥတုကို လိုလားအပ်၏။ ထို့ကြောင့်လည်း ကမ္ဘာတွင် စပျစ်ကို အဓိကထားစိုက်ပျိုးကြသော နိုင်ငံများမှာ မြေထဲပင်လယ်ကို ဝန်းရံနေသော နိုင်ငံများ အထူးသဖြင့် ခေါမတိုင်း(ဂရိနိုင်ငံ) GREECE ရောမတိုင်း(အီတလီနိုင်ငံ)၊ ITALY ပြင်သစ်ပြည် FRANCE အယ်ဂျီးရီးယား ALGERIA, နှင့် မော်ရော့ကို MOROCCO နိုင်ငံတို့ပင်ဖြစ်လေသည်။ အိန္ဒိယနိုင်ငံတွင် အနောက်မြောက်ပိုင်းဒေသများ၌ စပျစ်များကို အကြီးအကျယ်စိုက်ပျိုးကြ၏။ ပန်ဂျပ်ပြည် PANJAB နယ်အချို့ဒေသများ၊ ကက်ရှ်မီးယား KASHMIR, ဘလူးချစ္စတန် BALUCHISTAN, အာဖဂန်နစ္စတန် AFGANISTAN, ပူနာ POONA နှင့် ဘန်ဂလိုမြို့ BANGALORE များတွင် လည်း စိုက်ပျိုးကြ၏။ ကွက်တာ QUETTA နှင့် ဂျာမန် CHAMAN ဒေသများတွင်လည်း စိုက်ပျိုးကြသောစပျစ်မျိုးမှာ အချိုဓာတ်နှင့် အကောင်း ဆုံးသောအရသာရှိခြင်းတို့ကြောင့် လူတိုင်းသိပြီးဖြစ်ကြ၏။ ဈေးကွက်များ တွင် စပျစ်ရာသီသည် ဇွန်လ JUNE တွင်စတင်ပြီး စက်တင်ဘာလ SEPTEMBER များ၌ ဈေးများတွင် စပျစ်သီးလှိုင်လှိုင်ပေါ်နေတတ်၏။ ရထားပို့ဆောင်ရေးနှင့်အအေးခံနည်းစနစ်များကြောင့် စပျစ်သီးသည် အိန္ဒိယ နိုင်ငံ၏ ဒေသတိုင်းသို့ ကောင်းမွန်ချောမောစွာ ရောက်ရှိနိုင်ပေသည်။

တောင်အမေရိကနှင့် မြောက်အမေရိကတိုက် ကိုလိုနီနှင့် သြစတေး လီးယား AUSTRALIA နိုင်ငံများတွင် စပျစ်များကို ပြည်တွင်း စားသုံးမှု လုံလောက်စေရန် အမြောက်အများကို ဦးစားပေး စိုက်ပျိုးထားရှိကြသည်။

 

 

စပျစ်ခြောက်

စပျစ်သီးကို လတ်လတ်ဆတ်ဆတ်တွင် သစ်သီးအဖြစ် စားသုံးသည့် salosac@icyd:opcoas: RAISINS cał oycos CURRANTS နှင့် SULTANAS (ဟိန္ဒူဘာသာဖြင့် ကစ်မစ်ရှ် KISHMISH ဟု ခေါ်သည်။) တို့ကို ပြုလုပ်ထားကြပေသည်။ စပျစ်ခြောက်သည် ထုတ် ကုန်အဖြစ် ပို့ဆောင်ပေးရန် ပိုမိုလွယ်ကူစေပါသည်။ အသီးလတ်လတ် ဆတ်ဆတ်မရနိုင်တော့သည့်အချိန်မှာတွင် စားသုံးရန် သိုလှောင်ထားရာ မှာလည်း လွယ်ကူပေသည်။ ထို့ပြင် ချက်ပြုတ်ရာမှာလည်း စားသုံးရာတွင်အသုံးပြုလေ့ရှိကြပါသည်။ အများဆုံး အသုံးပြုသည့် ဓလေ့ထုံးစံတစ်ရပ် မှာကိတ်မှုန့် CAKES, အသားလွတ်မုန့်၊ ဟာလဝါ HALWA နှင့် မီးရင်းKHIR (နွားနို့နှင့်ဆန်ကို မီးမျှဉ်းမျှဉ်းနှင့်ပြုတ်ထားသော အိန္ဒိယအစား အစာ ဖြစ်ပါသည်) အစရှိသည်တို့တွင် ၎င်းတို့၏ အရောင်အဆင်းနှင့် အနံ့အရသာကို ပိုမိုကောင်းမွန်စေရန်အတွက် စပျစ်သီးခြောက်ကို အနည်း ငယ်မျှထည့်ခြင်း ဖြစ်ပါသည်။

 

 

စပျစ်ဝိုင်အရက်

 

စပျစ်သီး GRAPE သည် အဆင့်မြင့်သော ဝိုင်အရက် ဖြစ်ကြသည့် ရှယ်ရီ SHERRY, ရှမ်ပိန်းCHAMPAGNE နှင့် ဘရမ်ဒီ BRANDY ရှာလကာရည် VINEGAR ပြုလုပ်ရာတွင် အခြေခံမူလဖြစ်၏။ ပြင်သစ် ပြည် FRANCE တွင် စပျစ်သီးအမြောက်အမြားထွက်ရှိခြင်းကြောင့် ၎င်းနိုင်ငံ သည် ကမ္ဘာတွင် အကြီးဆုံးသောဝိုင်အရက် ထုတ်လုပ်သူဖြစ်ရခြင်း ဖြစ်ပေသည်။ ကျေးဇူးတင်သင့်ပေသည်။ အမှန်မှာမူ ဥရောပစပျစ်သီး EUROPEAN GRAPE အများစုကို နှစ်စဉ်နှစ်တိုင်း ဝိုင်အရက်နှင့် ဘရမ်ဒီ အဖြစ်သို့ ပြောင်းလဲယူပြီး၊ ထိုလုပ်ရပ်ကို ကျန်းမာရေးရှုဒေါင့်မှကြည့်ရှုလျှင် အသုံးကျသော စပျစ်သီးသကြားဓာတ် GRAPE SUGAR ကို အချဉ်

ဖောက်ရာ၌ အရက်အဖြစ် ပြောင်းလဲလိုက်ရသောကြောင့် ကြီးမားသော စီးပွားရေးဆုံးရှုံးမှုတစ်ရပ်(ဗြူးတီးမှုတစ်ရပ်) ဖြစ်နေပေသည်။ စာရင်းဇယား နှင့်ပြောဆိုရလျှင် ကမ္ဘာတွင် တစ်နှစ်အတွင်းထုတ်လုပ်သော ဝိုင်အရက်နှင့် ဘရမ်ဒီအရက် ပမာဏသည် ဖျမ်းမျှအားဖြင့် ဂါလံသန်းပေါင်း ၅၀၀၀ ရှိ ပြီး၊ ထိုလုပ်ရပ်ကြောင့်လည်း နှစ်စဉ် သဘာဝစပျစ်သီး သကြားတန် ၅ သန်းခန့်မျှ ပျက်စီးသွားရလေသည်။ ဤမျှလောက်သော သကြားပမာဏကို သဘာဝအတိုင်း သုံးစွဲကြလျှင် လူပေါင်းနှစ်သန်းကို တစ်နှစ်ပတ်လုံး ကျန်း မာရေးတိုးတက်အောင် ထားရှိစေနိုင်ပါသည်။

ကက်ရှမီးယားနှင့် အိန္ဒိယနိုင်ငံ၏ အခြားသောဒေသအချို့တို့တွင် စပျစ်သီးမှ ထုတ်လုပ်သော အရက်များသည် BAECHUS ကို ကိုးကွယ်သူများက အမြတ်တစ်နိုး သုံးစွဲကြ၏။

 

စပျစ်ကုထုံး

THE GRAPE CURE ရှေ့လာမည့်အခန်းများတွင် အသေးစိတ်ဖတ်ရှုရမည်ဖြစ်သည့် အတိုင်း စပျစ်သီးတွင် အလွန်တန်ဖိုးရှိသည့် အာဟာရဓာတ်များနှင့်ကျန်း မာရေးတိုးတက်မှု အာနိသင်များ ရှိပေသည်။ ၎င်းတွင် ပါဝင်သည့်ဓာတ် ပစ္စည်းများသည် ရောဂါအတော်များများကို ကုစားနိုင်သော သတ္တိရှိ၏။ အထူးသဖြင့် သွေးအားနည်းရောဂါ ANAEMIA ကျောက်ကပ်ရောဂါ DISEASES OF THE KIDNEYS «p:9° savuroalicos:eme: ဆိုင်ရာရောဂါများကို ကုစားနိုင်၏။ ဤအမြင်အယူအဆများကြောင့်ပင် စပျစ်ကုထုံးသည် ရှေးယခင်ခေတ်များကပင် နိုင်ငံအားလုံးတွင် ခေတ်စား နေခဲ့ပေသည်။

 

နိုင်ငံရပ်ခြားသို့ ရောဂါဝေဒနာရှင်များအားစေလွှတ်၍ ရောဂါကုသခြင်း

 

အိန္ဒိယနိုင်ငံ INDIA, အာရေဗျနိုင်ငံ ARABIA နှင့် ဂရိနိုင်ငံ GREECE တို့မှ ရှေးကျသော သမားတော်ကြီးများသည် အချို့သော ရောက်ဂါဝေဒနာရှင်များအား စပျစ်စိုက်ပျိုးသည့်နိုင်ငံများဆီသို့ စေလွှတ် ပြီး ၅ မိနစ် သို့မဟုတ် ၃ မိနစ်အတွင်း စပျစ်သီးတစ်လုံးကျ တစ်နေ့အတွင်း ၁၂ နာရီမှ ၁၆ နာရီကြာအောင် စားသုံးစေပြီး၊ စပျစ်ဖျော်ရည် သို့မဟုတ် စပျစ်စိမ်ရည် သို့မဟုတ် စပျစ်သီးခြောက်ရည်များကိုလည်း ခလေးများ နာလှန်ထလူမမာများနှင့်မကျန်းမမာသူများအား တိုက်ကျွေးရန်မှာ ညွှန်ကြား ခဲ့ကြသည်။

 

 

          ဥရောပနိုင်ငံ၏ စပျစ်ကုထုံး

 

အလားတူပင်၊ ဥရောပနိုင်ငံများ၌ သီးနှံရိတ်သိမ်းချိန်တွင် စပျစ်ကုထုံး GRAPE CURE သည် လွန်စွာပင် ခေတ်စားလာခဲ့ပေသည်။ ဂျာမဏီနိုင်ငံ GERMANY တောင်ပိုင်း၊ သြစတြေးလျ AUSTRALIA နှင့် အီတလီ၊ TALY ကျန်းမာရေးစခန်း (ဌာနများ)စွာတို့တွင် ဤနည်းကို ကျင့်သုံးခဲ့ကြပေသည်။ ထိုစခန်းများ၌ လူတို့သည် စပျစ်သီးတစ်မျိုးတည်း ကိုသာ စားသုံးကြရပြီး ရက်သတ္တ ၄ ပတ်မှ ၈ ပတ်အထိ အသက်ရှင်နေ ခဲ့ကြပေသည်။ တစ်နေ့လျှင် စပျစ်သီး ၃ ပေါင်နှုန်းစားသုံးပေးရာမှ တဖြည်း ဖြည်းတိုးတက်၍ ၈ပေါင်နှုန်းအထိ စားသုံးရာတွင် အသက်အရွယ်နှင့် ရောဂါ ဝေဒနာအခြေအနေပေါ်သို့ မူတည်၍ စားသုံးရပေသည်။ ဤနည်းစနစ်၏ အကျိုးရှိပုံမှာ အာဟာရဓာတ်၏ ရိုးစင်းမှုကြောင့်အဓိကဖြစ်လေသည်။ အဆိုပါ အာဟာရဓာတ်မှာ ပရိုတင်း PROTEIN နှင့် ကာဘိုဟိုက်ဒရိတ် CARBOHYDRATES များကို အသုံးပြုရလွယ်ကူသောပုံစံဖြင့် ပေးစွမ်း နိုင်လေသည်။ တစ်ချိန်တည်းမှာပင် စပျစ်သီး၌ ပါဝင်သော အယ်လ်ကလိုင်း ဓာတ်ဆား ALKALINE SALTS, အများစု (ဥပမာ ပိုတက်ဆီယမ်ဓာတ် POTASSIUM, ကယ်လ်ဆီယမ်(ထုံးဓာတ်) CALCIUM မဂ္ဂနီဆီယမ် ဓာတ် MAGNESIUM နှင့် သံဓာတ်၊ IRON တို့သည် သွေးအတွင်း အချဉ်ဓာတ် ACID သက်ရောက်မှုကို ညီညွတ်မျှတစေနိုင်ပေသည်။ စပျစ် သီးရည် လတ်လတ်ဆတ်ဆတ်တွင် ပါဝင်သော ဗီတာမင် A, ဗီတာမင် C များမှ ကျန်းမာမှုအကျိုးကို ပြန်လည်ဖြစ်ထွန်းစေခြင်းကြောင့်ပင် ဖြစ်လေ သည်။

 

စပျစ်သီးကို သိပ္ပံနည်းကျ ဓာတ်ခွဲခြင်း ၊

THE CHEMICAL ANALYSIS OF GRAPES

စပျစ်သီး၏ အာဟာရနှင့် ဆေးဝါးတန်ဖိုးကို ပြည့်စုံစွာ သိရှိနိုင်စေ ရန်အတွက် ၎င်းတို့၏ ဓာတုဗေဒဓာတ်ခွဲမှုများကို အနည်းငယ်မျှကို လေ့ လာကြည့်ကြပါစို့ ။

စပျစ်သီးတွင် ပါဝင်သော သဘာဝဓတ်အမျိုးအစားနှင့် အချိုးအစား များသည် ၎င်းအသီးပေါ်ထွန်းရာ နိုင်ငံတစ်နိုင်ငံ၏ရာသီဥတု မြေဩဇာ သဘာဝနှင့် ပထဝီအနေအထားကို လိုက်၍ များပြားစွာ ကွဲပြားခြားနား

လေသည်။ ဤသို့ဖြင့် သကြားဓာတ်ပါဝင်နှုန်းသည် ၁၅%မှ ၃၀%အထိ ရှိပြီး၊ ပရိုတင်း PROTEIN ပါဝင်နှုန်းမှာမူ ၀.၆%မှ ၁.၅%အထိ ရှိပေ သည်။ ပက္ခတင်နှင့်ကာဘော်ဟိုက်ဒရိတ်မှာမူ ၃%မှ ၄%အထိရှိပြီး တာတာ ရစ်အက်ဆစ် TARTARTICACID,ပါဝင်နှုန်းမှာ ဝ.၅% ပါဝင်လေသည်။

 

          စပျစ်အရောင်အဆင်းနှင့်အချို၊ အချဉ်ဓာတ်

 

အိန္ဒိယနိုင်ငံတွင်လည်း စပျစ်မျိုးပေါင်း များစွာရှိပြီး ဖြစ်လေသည်။ အချို့မှာ ချဉ်၍ အချို့မှာ လုံးဝချိုနေပေသည်။ အချဉ်မျိုးမှာ အက်ဆစ် ACID ဓာတ်ပါဝင်နှုန်းထားမှာ ပိုမို၍ သကြားဓာတ်မှာ လျော့နည်းနေပြီး၊ အချိုမျိုးနှင့်ပြောင်းပြန် ဖြစ်လေသည်။ စပျစ်သီးအစိမ်းရောင်သည် အမြဲတမ်း ချဉ်၏။ အကြောင်းမှာ ဤအချိန်တိုင်းတွင် ၎င်းတို့၏အချဉ်ဓာတ်နှင့် သကြားဓာတ်ပါဝင်မှုနှုန်းထားသည် အမှည့်နှင့် လုံးဝမတူဘဲ ကွဲပြားခြားနား သောကြောင့် ဖြစ်လေသည်။ စပျစ်သီးဝမ်းပျင်း(မစိမ်းလွန်းမမှည့်လွန်း) များ တွင် အများဆုံးအားဖြင့် မယ်လစ်အက်ဆစ် MALICACID နှင့် စပျစ် သကြားဓာတ်တို့ အများဆုံးပါဝင်ပြီး မှည့်သည့်ဖြစ်စဉ်တွင် ဤ အတိုင်းပင် ဖြစ်ရသည်။

အခြားသစ်သီးများ၏ အချဉ်ဓာတ်နှင့် သကြားဓာတ်ပါဝင်မှုမှာလည်း အလားတူပင် ဖြစ်လေသည်။ ထို့ကြောင့် သစ်သီးတစ်မျိုးကို ဓာတ်ခွဲစမ်းသပ် မည်ဆိုပါက၊ လုံးဝမမှည့်ရင့်သေးသော အသီးဖြစ်စေရန် သတိပြုရပေမည်။

အာဟာရဓာတ်နှင့် ကျန်းမာရေးအတွက်

စပျစ်တွင်ပါဝင်သည့်ဓာတ်သဘာဝများ ပျမ်းမျှအားဖြင့်၊ အောက်ပါ သဘာဝဓာတ်(၇)မျိုးသည် စပျစ်သီးတွင် ပါဝင်နေကြောင်းကို ဖော်ပြနေပေသည်။

ရေဓာတ် WATER            ၇၇.၉ %

ပရိုတင်း PROTEIN          ၁.၀ % အဆီဓာတ်

FAT                               ၁.၂ %