Skip to product information
1 of 11

Other Websites

ကျော်ဇေယျာပုသိမ် - အသည်းအထူးကုဆရာ၀န်ကြီးပါမောက္ခဦးခင်မောင်ဝင်းနှင့်တွေ့ဆုံခြင်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အသည်းရောင်အသားဝါ

 

          ကျွန်တော်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အသည်းရောဂါဌာနသို့ တက်ရောက်ကုသခံခဲ့ရာမှ နောက်ဆုံး (၂၄-၃-၉၉)နေ့အထိ ဆိုပါလျှင် (၅)ကြိမ်ရှိသွားပြီဖြစ်သည်။ အသည်းကင်ဆာရောဂါကို မည်သို့ကုသမှု ခံယူနေကြောင်းကို ၁၉၉၉ခု မေလထုတ် ဇီဝကမဂ္ဂဇင်းတွင် ဖော်ပြခဲ့ ပြီးဖြစ်ပါသည်။ 

          (၅.၅-၉၉)နေ့ နံနက် ၁၁းဝဝနာရီခန့်တွင် အသည်းရောဂါဌာန ပါမောက္ခအသည်းအထူးကုဆရာဝန်ကြီး ဦးခင်မောင်ဝင်းကို ဆရာကြီး ၏ရုံးခန်းသို့ သွားရောက်တွေ့ဆုံပါသည်။ ယခုအကြိမ် ဆရာကြီးနှင့် တွေ့ဆုံခြင်းမှာ မိမိ၏ရောဂါကို ပြသကုသမှုခံယူရန်မဟုတ်။ အသည်း ရောဂါ နှင့်ပတ်သက်၍ စာဖတ်သူများဗဟုသုတရစေဖို့ ဆရာကြီးက ရှင်းလင်းပြောပြနိုင်ရန် ပေါင်းကူးပေးသည့် စာပေလုပ်ငန်းကိုဆောင်ရွက် ရန်ဖြစ်သည်။

           ဆရာကြီး၏ ရုံးခန်းထဲသို့ဝင်လိုက်သည်နှင့် “ဦးကျော်စိန် .... နေကောင်းလား..”ဟု နှုတ်ဆက်မြဲအတိုင်း နှုတ်ဆက်ပါသည်။ တွေ့မြင်နေကျအပြုံးကိုလည်း မြင်တွေ့ရသည်။ 

          “နေကောင်းပါတယ်...ဆရာကြီး၊အခုဆရာကြီးဆီကိုလာတာက အသည်းရောဂါနဲ့ပတ်သက်လို့ စာဖတ်သူများသိရှိလိုသည်များကိုပေါင်းကူးပေးသည့်အလုပ်ကိုကျွန်တော်ကလုပ်ကိုင်ပေးလို၍ဖြစ်ပါတယ်။    ဇီဝကမဂ္ဂဇင်းမှာ ဆရာကြီးနှင့်တွေ့ဆုံခြင်း (Interview)စာမူကို ရေးသား လိုပါတယ်။ ဆရာကြီးက အသည်းရောဂါနဲ့ပတ်သက်ပြီး ကိုယ်တွေ့ အတွေ့အကြုံများကို ပြောပြပေးရန် လာရောက်တောင်းခံခြင်းဖြစ်ပါ တယ်”

          “ရပါတယ် ... ဦးကျော်စိန်ဘာသိချင်သလဲ”

          

- ပထမ အသည်းရောင်အသားဝါရောဂါအကြောင်း ပြောပြပေးပါဆရာကြီး။

           အသားဝါဆိုတဲ့စကားလုံးဟာ ၁၉၇၆ခုနှစ်၊ မန္တလေးမြို့ ကမ္ဘာမှာ ဒုတိယအကြီးဆုံးကပ်ရောဂါ ဖြစ်ခဲ့တယ်။ လူပေါင်း လေးသောင်းကျော် ဖြစ်ခဲ့တယ်။ ရွှေမန်းမြို့မှ အသည်းရောင်အသားဝါလို့ စကားလုံးတွင်ခဲ့ တယ်။ အင်္ဂလိပ်လိုပြောရရင် Jaundise လို့ပြောတယ်။ "Viral Hepatitis" Viralဆိုတာ ဗိုင်းရပ်(စ်)ပိုးကြောင့်ဖြစ်သော Hepatitis အသည်း ရောင်ရောဂါလို့ခေါ်ကြတယ်။

         

- ဟုတ်ကဲ့ပါဆရာကြီး။ ရောဂါလက္ခဏာတွေ သိပါရစေ။

          အသည်းရောင်အသားဝါက မျက်လုံးဝါ၊ဆီးဝါတယ်။ ဗိုင်းရပ်(စ်)ပိုးကြောင့်ဖြစ်သောအသည်းရောင်

ရောဂါလို့မပြောတော့ဘဲ အသည်းရောင်အသားဝါဆိုရင် အားလုံးနားလည်ကြတယ်။ အသည်းရောင် အသားဝါရောဂါဟာ ယခုအချိန်မှာ ပိုးတွေအများကြီးဖြစ်နေပြီ။ အရင် ကတော့ A နှင့် B နှစ်မျိုးပဲရှိတယ်။ အခုတော့ နောက်ဆုံးပေါ်တွေ့ရှိ ချက်များအရပြောရရင် အသည်းရောင်အသားဝါဟာ A, B, C, D, E, F နဲ့ G အထိရှိသွားပြီ။ F အမျိုးအစားကို ကမ္ဘာ့သိပ္ပံပညာရှင်တွေက လက်မခံသေးဘူး။

 

-ရောဂါဘယ်လိုကူးစက်နိုင်ပါသလဲဆရာကြီး။

           A,E နဲ့ F တို့ဟာ အစားအသောက်နဲ့ ရေတို့ကကူးစက်တယ်။ B, C,D,Gတို့က သွေးသွင်းတာ ဆေးထိုးတာ၊ အရေပြားကိုဖောက်တဲ့ ဥပမာ- ဆေးမင်ကြောင်ထိုးတာ၊ နားဖောက်တာ၊ လိင်ကြောင့်ဖြစ်တဲ့ sopol Sexually Transmitted Disease emę moonseosef II အသည်းရောင်အသားဝါဖြစ်ရင်ခံစားရတဲ့လက္ခဏာ

တွေအကြောင်း ပြောချင်တယ်။

 

- ဟုတ်ကဲ့ပါဆရာကြီး။

          ပထမဦးဆုံး နည်းနည်းဖျားရင်ဖျားမယ်။ နှေးလာမယ်။ အစား အသောက်ကို လုံးဝမကြည့်ချင်ဘူး။ ဆေးလိပ်ကြိုက်သူဆေးလိပ်အငွေ့ ကို မခံနိုင်တော့ဘူး။ ပျို့မယ်၊ အန်မယ်၊ အဓိကကတော့ ဆီးရောင်ပဲ။ ဆီးရောင်ဟာ ရေနွေးကြမ်းရင့်ရင့်အရောင်ပေါ်လာမယ်။ နောက် ၄/၅ ရက်ကျော်မှ အဖျားကျပြီး အသားတွေဝါ မျက်စိတွေဝါလာ... ဒီတော့ လူတိုင်းသိပြီပေါ့။ ။

 

- ဘယ်အချိန်မှာ အဖြစ်များပါသလဲ။

          သူ့ရာသီလေးရှိတယ်။ မိုးရာသီအစ၊ နောက်တစ်ခါ အောက်တိုဘာ၊ နိုဝင်ဘာအစ၊ အဲဒီအချိန်နှစ်မျိုးမှာ အသည်းရောင်အသားဝါ ဖြစ်နှုန်း မြန်မာနိုင်ငံမှာများတယ်။ ဘာကြောင့်လဲဆိုတော့ ယင်ကောင်၊ အစား အသောက်ကနေ ကူးစက်လို့။ အဲသလိုအချိန်မျိုးမှာ လူနာတစ်ယောက်ဟာ နုံးတယ်၊ ခွေတယ်၊ မောတယ်၊ ပျို့တယ်၊ အန်တယ်၊ မစားချင်ဘူး။ ဆီးကလည်း ရင့်ရင့်ကြီးဆိုရင် ဂရုစိုက်ပေတော့။ အဲဒါ အသည်းရောင် အသားဝါပဲ။ နောက်မှ မျက်လုံးဝါတော့ လူတိုင်းသိကြတယ်။

 

- လွဲနိုင်တဲ့ရောဂါများ ရှိပါသလား။

          ရှိတယ်။ လွဲနိုင်တာက ဆရာဝန်တွေတောင်လွဲတတ်တယ်။ ညာဘက်တစ်ခြမ်းအောင့်မယ်၊ ဗိုင်းရပ်(စ်)

ပိုးကြောင့် အသည်းရောင် သလို အမီးဘားပိုးကြောင့် Amoebic Hepatitisလည်း ဖြစ်နိုင်တယ်။ Amoebic Hepatitis နဲ့လွဲတတ်တယ်။ Amoebic Hepatitis မှာ အစားအသောက်မစားချင်၊ ပျို့၊ အန်တာတွေ လက္ခဏာမရှိဘူး။ Amoebic Hepatitis ကညာဘက်တစ်ခြမ်းဘဲအောင့်တယ်။ နာမယ်၊ ဖျားရင် ဆက်တိုက်ဖျားနေတယ်၊ မျက်လုံးကဝါချင်ဝါမယ်၊ မဝါ တာများတယ်။ ဆီးလည်းမဝါဘူး။ ကုသမှုကတခြားစီ။

 

- ဆရာကြီး အတွေ့အကြုံ လေးများရှိရင် သိပါရစေ။

          တစ်နှစ်လောက်က အတွေ့အကြုံတစ်ခုပြောမယ်။ အမျိုးသမီးက ဆရာမလေး။ အမျိုးသားက ဆရာဝန်။ သူ့မိန်းမကို သူကကုတယ်။ Viral Hepatitis ကို Amoebic Hepatitis ထင်ပြီးတော့ Metronidazole တွေပေးတယ်။ Metronidazole ကပြင်းတယ်။ ပျို့တယ်၊ အန်ချင် တယ်၊ နုံးတယ်၊ ခွေတယ်။ Viral Hepatitis ကို လွဲမှားပြီး Amoebic Hepatitis ကို ကုလိုက်တော့ လူနာကကျွမ်းပြန်ရော... ဗုန်းဗုန်းလဲတော့တာပဲ။ နောက် ၄/၅ရက်အကြာ မျက်လုံးဝါလာမှ မှားမှန်းသိ တယ်။ မျက်လုံးမဝါခင်မှာ ညာဘက်တစ်ခြမ်းအောင့်တယ်ဆိုတိုင်း Amoebic Hepatitisကိုမကုကြပါနဲ့။ Metronidazole တွေပေးတယ်။Emetine ထိုးဆေးပေးတယ်။ အဲဒီဆေးကလည်း ပြင်းတယ်။ ကျွန်တော့် ရဲ့လက်တွေ့ အတွေ့အကြုံအရ ဖြစ်နိုင်တဲ့လွဲမှားမှုတွေကို ပြောပြခြင်း ဖြစ်တယ်။

 

 

 

 

 

- ကုသမှုအပိုင်း သိပါရစေဆရာကြီး။

          ကုသတဲ့အကြောင်းပြောပြမယ်။ ဆရာဝန်ညီလာခံတွေမှာ အတော် များများကျွန်တော်ပြောခဲ့တယ်။ အသည်းရောင်အသားဝါ ဖြစ်ပြီဆိုတာနဲ့ တိုက်တော့တာပဲ...ရေကို။ ရေ (၆)ပုလင်းသောက်ရတယ်။ ပျို့ အန်တဲ့

အထိသောက်တယ်။ လူနာမေးသူအားလုံးကလည်း လူနာကို ရေကို များများသောက် ဆရာဝန်ကလည်း Dripသွင်း၊ ရေသောက်ခိုင်းတယ်။ ဒါဟာ လွဲမှားတယ်။ အသည်းရောင်အသားဝါ ဖြစ်နေချိန်မှာ လူက နုံး၊ ပျို့၊ အန်ချင်နေတာ၊ ကိုယ့်ဘာကိုယ်လည်း စဉ်းစားကြည့်။ ကျွန်တော်တို့တောင် တစ်နေ့ ရေ ၂ပုလင်းမကုန်ဘူး။ အဲဒီတော့ ရေကို ဇွတ်တိုက်တော့ ပျို့အန်ထွက်ကုန်တာပေါ့။ ဆိုလိုချင်တာက အသည်းရောင်အသားဝါ ဖြစ်ရင် zampons Fluid Intake m လုံလောက်ရမယ်။ Adequate ဖြစ်ရမယ်။ Excessive Fluid Intakeမဟုတ်ဘူး။ ရေကိုပိုလျှံ နေ အောင်ပေးရမှာမဟုတ်ဘူး။ ပိုလျှံအောင်ပေးရင်ဘာဖြစ်နိုင် သလဲဆိုတော့ ရောဂါ ဖြစ်နေရင် အန်တာကိုမလိုချင်ဘူး။ အန်လို့ ရှိရင် အစာမျိုလမ်းကြောင်းရဲ့ အောက်ခြေမှာသွေးကြောလေးတစ်ကြော ပေါက်ထွက်သွားရင် သတိလစ်သွားမယ်။ အဲဒါကို လုံးဝမလိုလားဘူး။ မဖြစ်စေချင်ဘူး။ ဒါကြောင့်မို့ ရေကိုသောက်နိုင်သလောက်ပဲသောက် ပါ။ မသောက်နိုင်တာကို ကြိုးစားမသောက်ပါနဲ့။ ရေကို အလွန်အကျွံ

သောက်ဖို့ပြောနေတဲ့အကျင့်ကိုရပ်ကြပါ။ မှားပါတယ်။ ရေသိပ်သောက် ရင် အဆင်မသင့်ရင် ခြေထောက်ရောင်ပြီးရေဖျဉ်းစွဲတတ်တယ်။

 

- ကုသမှုကို ဆက်ပြောပြပါဦးဆရာကြီး။

         လူနာက လာလိမ့်မယ်၊ ဆရာ ဂလူးကို့စ်နှစ်ထုပ်ဖျော်သောက်တယ်။ ဒါလည်း ရေလိုပဲ၊ Adequate Calorie လိုအပ်တဲ့ Energy အာဟာရကို ပေးရမှာ။ Excessive ပေးဖို့မဟုတ်ဘူး။ အတွေ့အကြုံတစ်ခုပြောပြ မယ်။ မြောက်ဥက္ကလာ အမျိုးသမီးတစ်ယောက်၊ ဆရာဝန်က ဂလူးကို့စ် ထိုး၊ ဂလူးကို့စ်တွေသောက်ခိုင်းတာနဲ့ ဆီးချိုဖြစ် သတိလစ်ပြီးရောက်လာတယ်။ နဂိုတုန်းက ဆီးချိုလုံးဝမရှိဘူး။ ဆီးချိုပေါ်လာတဲ့အထိသောက်ခဲ့တာကိုး။ အဲဒါလည်းမှားတယ်။ အတော်အတန်စားနိုင်ရင် ဂလူးကို့စ်တိုက်ဖို့မလိုဘူး။ အရမ်းပျို့တယ်။ အန်တယ်ဆိုရင်တော့ ဂလူးကို့စ်နည်းနည်းထည့်တိုက်။

 

- ကုသမှုနဲ့ပတ်သက်ပြီး ဆက်ပြောပါဦးဆရာကြီး

          ဂျပန်၊ ဂျာမနီကလုပ်တယ်ဆိုတဲ့ အသည်းအားဆေး မြန်မာနိုင်ငံမှာ အများကြီးပဲ။ ဒါတွေဟာ လုံးဝမလိုအပ်ဘူး။ ကျွန်တော် အခုမှနိုင်ငံ ခြားကပြန်လာပြီးမှမသုံးတာမဟုတ်ဘူး။ ကျွန်တော် အလုပ်စတင်ဝင် ကတည်းကကျွန်တော့်ရဲ့ပါမောက္ခဒေါ်မြင့်မြင့်ခင်ကစာအုပ်ထဲမှာသတ်မှတ်ထားတဲ့တိကျတဲ့ဆေးဆိုတာမဟုတ်ရင် လုံးဝလက်မခံဘူး။ အဲဒီတည်းက အရိုးစွဲလာတဲ့အကျင့်ပဲ။ ဒါကြောင့် အချို့ဆေးကိုယ်စား လှယ်တွေနဲ့ ဆရာဝန်တွေက ကျွန်တော့်ကို အထင်လွဲကြတယ်။ ဆရာဝန် လူနာတွေလာရင် ကျွန်တော့်ကို ဆရာအသည်းအားဆေး မပါဘူးလို့ ပြောကြတယ်။ လက်ရှိဆေးကျမ်းတွေမှာပါတယ်ဆိုရင် သုံးပေးမယ်။ မိမိရဲ့ ကုသမှုကို မည်သူမဆို အကြည့်ခံရဲရမယ်။ နိုင်ငံခြားသားတစ်ယောက်လာလည်း ဒီဆေးပဲပေးရဲရမယ်။မြန်မာလူနာ တစ်ယောက်လည်း ဒီအတိုင်းပဲ ပေးရမယ်။ ကုသမှုဟာ မည်သူမဆို အကြည့်ခံနိုင်ရမယ်။ ကျွန်တော်အမြဲမေးမယ်။ ဆေးကျောင်း စာမေးပွဲထဲမှာပါသလား။ စာမေးပွဲထဲမှာ ထည့်ဖြေလို့ရသလား။

 

- အသည်းအားဆေးတွေဟာ မလိုအပ်ရင် မသုံးရဘူးပေါ့။

          မလိုအပ်တဲ့ဆေးဆိုတာဆရာဝန်ကပေးတိုင်းလူနာအတွက်ငွေကြေးကုန်နေတယ်။ဆရာဝန်ကရေးပေး

ရင်တော့လူနာကအပြေးအလွှားဝယ် မှာပဲ။ ဒီတော့ လူနာအတွက်ထည့်စဉ်းစားပါ။ မလိုအပ်တဲ့ဆေးကို ဝယ်ရရင် လူနာအတွက်ငွေကုန်လှပါတယ်။ဒါကြောင့်မို့အသည်းရောင်အသားဝါကိုပျောက်စေတဲ့အသည်းအားတိုးဆေး

ဆိုတာ မရှိပါဘူး။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)