Skip to product information
1 of 14

Other Websites

ကျော်စွာ - အဓိကစျေးကွက်ရှာဖွေထူထောင်ခြင်းဆိုင်ရာဝေါဟာရများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
ADVERTISING
(ကြော်ငြာခြင်း)
 

          ကျွန်တော် အပါအဝင် လူအများစုအနေဖြင့် ကြော်ငြာကို ချစ်လည်း ချစ်ကြသည်။ မုန်းလည်း မုန်းကြသည်။ Absolut ဗော်ဒကာအရက် ပုံနှိပ်ကြော်ငြာအသစ်တစ်ခု ထွက်လာတိုင်း ကျွန်တော် သဘောကျနှစ်သက်စွာ ကြည့်တတ်လေ့ရှိသည်။ ထို့အတူ ဗြိတိသျှကြော်ငြာများ၏ ဟာသဉာဏ်နှင့် လိင်ကိစ္စကို အသားပေးလေ့ ရှိသော ပြင်သစ်ကြော်ငြာများကိုလည်း နှစ်သက်သဘောကျ သည်။ အချို့သော ကြော်ငြာသီချင်းများနှင့် ကြော်ငြာတီးလုံးများ သည်ပင် ကျွန်တော့်စိတ်ထဲတွင် စွဲထင်နေလေ့ရှိသည်။ သို့သော်

ကြော်ငြာအများစုကို ကျွန်တော် သဘောမကျပါ။ သဘောမကျသည့် အပြင် ဥပေက္ခာပင် ပြုထားလေ့ရှိသည်။ အချို့သော ကြော်ငြာ များသည် စိတ်အနှောင့်အယှက်ဖြစ်စေရုံမက ဒေါသပင် ဖြစ်စေ သည်။

          ကြော်ငြာကောင်းတစ်ခုသည် တီထွင်ဖန်တီးမှု ပါဝင်နေရုံ မက ကုန်ပစ္စည်းကိုလည်း ရောင်းအားကောင်းစေရမည်ဖြစ်သည်။ တီထွင်ဖန်တီးမှု တစ်ခုတည်းဖြင့် မလုံလောက်ပါ။ ကြော်ငြာခြင်း အတတ်ပညာသည် ဖန်တီးမှုအနုပညာကို အသုံးပြုသော်လည်း ဖန်တီးမှုအနုပညာထက် ပိုရမည်ဖြစ်သည်။

          Doyle, Dane & Bernbach ကုမ္ပဏီ၏ အကြီးအကဲဖြစ်ခဲ့ ဖူးသူ william Bernbach က “ကြော်ငြာတစ်ခုတွင် အချက်အလက် များချည်း သက်သက်ဖြင့် မလုံလောက်ပါ။ ရှိတ်စပီးယားသည် အပ်ကြောင်းထပ်နေသော ဇာတ်ကွက်ဇာတ်လမ်းများကို အသုံးပြုလေ့ ရှိသော်လည်း သူ ပြောချင်သည်တို့ကို စာဖတ်သူတို့၏ စိတ်ထဲအထိ ရောက်အောင် ပေးပို့နိုင်ခဲ့သည်ကို မမေ့ပါနှင့်” ဟု ပြောခဲ့ဖူးသည်။

          အများပြည်သူတို့၏ စိတ်ထဲ စွဲထင်သွားလောက်အောင် အောင်မြင်ခဲ့သော ကြော်ငြာများကိုပင် ပြန်လည်ဆန်းသစ်တင်ပြရန် လိုအပ်သည်။ သို့မဟုတ်ပါက အချိန်ကြာလာသည်နှင့်အမျှ ရိုးအီ သွားမည်ဖြစ်သည်။ Coca-Cola သည် “The Real Thing”, “Coke Is It', ' I’d Like To Teach The World to Sing' စသည့်ဆောင်ပုဒ် များဖြင့် အများပြည်သူတို့ကို အစဉ်အမြဲ ဖမ်းစားနေနိုင်လိမ့်မည် မဟုတ်ပါ။ ကြော်ငြာတစ်ခုသည် အချိန်ကာလကြာလာသည်နှင့်အမျှ ခေတ်တိမ်သွားနိုင်ပေသည်။ 

          ထိရောက်သော ကြော်ငြာတစ်ခုကို မည်သို့တီထွင်ဖန်တီး မည်ဆိုသည့်အပေါ် ကြော်ငြာလောက၏ ဦးဆောင်ဆရာကြီးများ တစ်ဦးနှင့်တစ်ဦး အယူအဆချင်း မတူညီကြပါ။ Ted Bates & Company ကြော်ငြာအေဂျင်စီမှ Rosser Reeves က ကုန်ပစ္စည်း အမှတ်တံဆိပ်ကို တစ်ခုတည်းသော အကျိုးကျေးဇူးဖြင့် ဆက်နွယ်ဖော်ပြခြင်းကို ဦးစားပေးသည်။ ဥပမာ-R-0-L-A-I-D-S Spells Relief ကြော်ငြာမှာကဲ့သို့ဖြစ်သည်။ Leo Burnett ကကုန်ပစ္စည်းကို အသုံးပြုခြင်းကြောင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူး သို့မဟုတ် ကိုယ်ရည်ကိုယ်သွေးကို ထင်ဟပ်ဖော်ပြသည့် ဇာတ်ကောင်တစ်ဦးကို ဖန်တီးဖော်ပြရသည်ကို ပိုမိုနှစ်သက်သည်။ ဥပမာ- Green Giant, The Pillsbury Doughboy, The Marlboro Cowboy စသည့်ကြော်ငြာဇာတ်ကောင်များကို ဖန်တီးဖော်ပြခြင်းမျိုး ဖြစ်သည်။ Doyle, Dane & Bernbach ကြော်ငြာအေဂျင်စီကမူ ကုန်ပစ္စည်း တစ်ခုကို အသုံးပြုခြင်းကြောင့် ပြဿနာတစ်ခု ပြေလည်သွားနိုင်ပုံကို ဇာတ်လမ်းဆင်၍ ဖော်ပြသော ကြော်ငြာများကို ဦးစားပေး ဖန်တီးလေ့ ရှိပါသည်။ ပုံစံအားဖြင့် Federal Express ကြော်ငြာတစ်ခုတွင် ပစ္စည်းတစ်ခုကို အချိန်မီလက်ခံရရှိပါ့မလားဟု စိုးရိမ်ပူပန်နေသော လူတစ်ဦးအား FedEx ကို အသုံးပြုခြင်းဖြင့် ၎င်း၏ဆန္ဒ ပြည့်ဝ နိုင်ပုံကို အာမခံချက်ပေးခြင်းမျိုး ဖြစ်သည်။

          ကြော်ငြာခြင်း၏ ရည်ရွယ်ချက်မှာ ကုန်ပစ္စည်းတစ်ခုနှင့် သက်ဆိုင်သည့်အချက်အလက်များချည်းကိုသာ ဖော်ပြရန် မဟုတ်ဘဲ ဖောက်သည်များအား ပြဿနာ၏အဖြေ သို့မဟုတ် အိပ်မက်တစ်ခု အား ရောင်းချရန် ဖြစ်သည်။ သင်၏ကြော်ငြာတွင် ဖောက်သည် တို့၏ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားပါ။ Ferrari, Tiffany, Gucci နှင့် Ferragamo ကြော်ငြာများတွင်လည်း ဤနည်းလမ်းကိုပင် အသုံးပြုထားကြသည်။ Ferrari မော်တော်ကား ကြော်ငြာများတွင် အများ၏ အထင်ကြီးလေးစားမှု၊ လွတ်လပ်မှု၊ သူရဲကောင်းဆန်မှု စသည့် ဖောက်သည်တို့၏ အိပ်မက် သုံးခုကို တင်ဟပ်ဖော်ပြထား သည်။

           Revlon ကုမ္ပဏီအားတည်ထောင်သူ Charles Revson က “ကျွန်တော်တို့ စက်ရုံမှာ နှုတ်ခမ်းနီတွေကို ထုတ်လုပ်ပါတယ်။ ကျွန်တော်တို့ ကြော်ငြာမှာတော့ မျှော်လင့်ချက်တွေကို ရောင်းချ ပါတယ်” ဟု ပြောခဲ့ဖူးသည်။

          သို့ရာတွင် ဤသို့ အိပ်မက်များ အမှန်တကယ်ဖြစ်လာလိမ့် မည်ဟု ကတိပေးခြင်းသည် ကြော်ငြာနှင့်ပတ်သက်၍ အများပြည်သူ တို့၏ သံသယကို ပိုမိုတိုးပွားစေသည်။ ကြော်ငြာကြောင့် ကားတစ်စီး သို့မဟုတ် ရေမွှေးတစ်ပုလင်းအား ရွေးချယ်လိုက်ခြင်းသည် ဘာမှ အကျိုးမရှိဟု ထင်ကြသည်။ ဟာသစာရေးဆရာ Stephen Leacock က “ကြော်ငြာဆိုသည်မှာ ငွေရရန်အတွက် လူတို့၏ဆင်ခြင်ဉာဏ်ကို ဖမ်းစားသော အတတ်ပညာဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်” ဟူ၍ အပြစ်ရှာလိုသော သဘောနှင့် ရှုမြင်ခဲ့သည်။ 

          ကြော်ငြာများသည် အဓိကအားဖြင့် ကုန်ပစ္စည်းတစ်ခုကို လူအများက သတိပြုမိလာအောင် စွမ်းဆောင်ပေးကြသည်။ ရံဖန် ရံခါ ကုန်ပစ္စည်းနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း ဖော်ပြပေးကြသည်။ သို့ရာတွင် အခြားသော အလားတူ ကုန်ပစ္စည်း များအား ဘေးဖယ်၍ ကြော်ငြာပါ ကုန်ပစ္စည်းအား ရွေးချယ်ရန် အတွက်မူ တစ်ခါတစ်ရံမှသာ စွမ်းဆောင်နိုင်သည်။ ထို့ထက်ပို၍ ဖြစ်တောင့်ဖြစ်ခဲအချက်မှာ ကုန်ပစ္စည်း၏ ရောင်းအားကို မြှင့်တင် ပေးနိုင်မှု ဖြစ်သည်။ ထို့ကြောင့် ကုန်ပစ္စည်းတစ်ခု၏ရောင်းအား တိုးတက်စေရန်အတွက် ကြော်ငြာတစ်ခုတည်းနှင့် မလုံလောက်ပေ။

ရောင်းအားမြှင့်တင်ပေးသည့် အခြားသော အစီအစဉ်များကိုလည်း ပြုလုပ်ပေးရန် လိုအပ်ကောင်း လိုအပ်မည်ဖြစ်သည်။ သက်ဆိုင်ရာ ကုန်ပစ္စည်းကို သုံးစွဲရခြင်း၏ အကျိုးကျေးဇူးများကို အသေးစိတ်ရှင်းလင်းတင်ပြပေးနိုင်မည့် အရောင်းကိုယ်စားလှယ်တစ်ဦး ခန့်ထား ရန် လိုအပ်ကောင်း လိုအပ်မည်ဖြစ်သည်။

          ပို၍ဆိုးသည်မှာ ကြော်ငြာအတော်များများတွင် တီထွင် ဖန်တီးမှုမပါရှိကြဘဲ အများစုသည် စိတ်ထဲ၌ စွဲထင်၍ ကျန်ရစ်မှု မရှိကြခြင်း ဖြစ်သည်။ ပုံစံအားဖြင့် မော်တော်ကားကြော်ငြာများကို ကြည့်ပါ။ အများအားဖြင့် မော်တော်ကားကြော်ငြာ တစ်ခုတွင် ကားသစ်တစ်စီး တစ်နာရီ မိုင် (၁၀၀) နှုန်းလောက်ဖြင့် တောင်တက်တောင်ဆင်း အချိုးအကွေ့များတွင် မောင်းနေသည်ကို ပြသမည် ဖြစ်သည်။

          ကျွန်တော်တို့ ရှီကာဂိုမြို့တွင် တောင်မရှိပါ။ အမြန်နှုန်း ကန့်သတ်ချက်မှာ တစ်နာရီ မိုင်(၆၀) ဖြစ်သည်။ ထို့အပြင် မည်သည့် အမျိုးအစား ကားကို ကြော်ငြာသွားသည်ဆိုသည်ကိုပင် မမှတ်မိ လိုက်ပါ။ အချုပ်ဆိုရသော် ကြော်ငြာအများစုသည် ကုမ္ပဏီများ၏ ငွေနှင့် ကျွန်တော်၏အချိန်တို့ကို ဖြုန်းပစ်နေကြပေသည်။

          ကြော်ငြာများတွင် တီထွင် ဖန်တီးမှု မပါရှိခြင်းအတွက် ကြော်ငြာအေဂျင်စီအများစုက ကြော်ငြာအပ်သည့် ကုမ္ပဏီများအပေါ် အပြစ်ဖို့ကြသည်။ ကြော်ငြာအပ်သည့်ကုမ္ပဏီများသည် အပျော့စား၊ အလတ်စား၊ အပြင်းစား ကြော်ငြာသုံးမျိုး ရိုက်ကူးပေးရန် ပညာသား ပါပါဖြင့် တောင်းဆိုလေ့ ရှိကြသည်။ သို့ရာတွင် ထိုသုံးမျိုးထဲမှ အပျော့ဆုံးနှင့် စိတ်ချရမည်ဟု အထင်ရဆုံးတစ်ခုကိုသာ နောက်ဆုံး တွင် ရွေးချယ်လိုက်လေ့ ရှိကြသည်။ ထို့ကြောင့် ကြော်ငြာကောင်း များ ထွက်ပေါ်မလာရခြင်းတွင် ကြော်ငြာအပ်သူသည်လည်း အခန်း ကဏ္ဍတစ်ခုမှ ပါဝင်နေသည်ဟု ပြောရမည် ဖြစ်သည်။

          ကုမ္ပဏီများအနေဖြင့် ငွေအကုန်အကျခံ၍ ကြော်ငြာခြင်းက မိမိတို့ ဖောက်သည်များ၏ ကျေနပ်မှုကို ပိုမိုရရှိစေနိုင်မည်လား၊ သို့မဟုတ် ထိုငွေပမာဏကိုပင် ပို၍ အရည်အသွေးကောင်းမွန်သည့် ကုန်ပစ္စည်းထုတ်လုပ်ရာတွင်လည်းကောင်း၊ ကုမ္ပဏီ၏ဝန်ဆောင်မှု များ ပိုမိုတိုးတက်ကောင်းမွန်အောင် ပြုလုပ်ရာတွင်လည်းကောင်း၊ မိမိတို့၏ကုန်ပစ္စည်းအမှတ်တံဆိပ်ကို ပိုမိုခိုင်မာအောင် ကြိုးပမ်းရာ တွင်လည်း အသုံးပြုခြင်းက ဖောက်သည်များ၏ ကျေနပ်မှုကို ပိုမို ရရှိစေမည်လား ဆိုသည်ကို ကြော်ငြာခြင်း မပြုလုပ်မီ အလျင် စဉ်းစားသင့်သည်။ ကျွန်တော့်အနေနှင့် ပြောရလျှင် ကုမ္ပဏီများသည် စရိတ်စက ကြီးမားသည့် ကြော်ငြာအစီအစဉ်များမှ တစ်ဆင့် ဖောက်သည်များကို စိတ်ပိုင်းဆိုင်ရာအရ ဆွဲဆောင်ခြင်းအား လျှော့၍ ခြွင်းချက်မရှိ အရည်အသွေး ကောင်းမွန်သည့် ကုန်ပစ္စည်းများကို ဖန်တီးထုတ်လုပ်ရန်အတွက် ငွေနှင့်အချိန်တို့ကို ပိုမိုသုံးစွဲသင့်သည် ဟု ထင်သည်။ “ကုန်ပစ္စည်းအရည်အသွေး ပိုမိုကောင်းမွန်လေလေကြော်ငြာရန်အတွက် သုံးစွဲရသည့်စရိတ်စကကို လျှော့ချနိုင်လေလေ ဖြစ်သည်။” ကုန်ပစ္စည်းအရည်အသွေးနှင့် ပတ်သက်ပြီး ကျေနပ်မှု ရရှိသွားကြသည့် ဖောက်သည်များက အကောင်းဆုံးကြော်ငြာပေး ကြလိမ့်မည် ဖြစ်သည်။

          ဖောက်သည်တို့၏ ယုံကြည်မှုကို ရလေလေ ကြော်ငြာရန် အတွက် သုံးစွဲရသည့် စရိတ်စကကို လျှော့ချနိုင်လေလေဖြစ်သည်။ ပထမအဆင့်အနေဖြင့် သင်၏ ဖောက်သည် အများစုသည် သင်ကြော်ငြာစရာ မလိုဘဲနှင့် နောက်တစ်ခေါက် ပြန်လာကြလိမ့်မည် ဖြစ်သည်။ ဒုတိယအဆင့် အနေဖြင့် ကျေနပ်မှု ရရှိသွားကြသည့် ဖောက်သည်များက သင်၏ ကုန်ပစ္စည်းကို တစ်ဆင့်စကားဖြင့်အလကားကြော်ငြာပေးကြလိမ့်မည် ဖြစ်သည်။ စီးပွားရေးကြော်ငြာ များသည် တစ်ဆိုင်တည်းတွင် ပုံသေဝယ်လေ့မရှိဘဲ လျှော့ဈေး ရသည့် ဆိုင်မှန်သမျှ လျှောက်ဝယ်တတ်သည့် ပေါချောင်ကောင်း ကြိုက် ဖောက်သည်များကို ကောင်းစွာ ဆွဲဆောင်နိုင်သည်ဆိုသည် ကို သတိပြုရမည် ဖြစ်သည်။

          ကြော်ငြာခြင်းကြောင့် အလုပ်ဖြစ်သည်ဖြစ်စေ၊ အလုပ်မဖြစ် သည်ဖြစ်စေ ကြော်ငြာခြင်းကို နှစ်သက်သဘောကျသူများလည်း အများအပြားရှိကြသည်။ ကျွန်တော်၏ မိတ်ဆွေလည်း ဖြစ်၊ ဆရာ သမာတစ်ဦးလည်းဖြစ်ခဲ့သာဒေါက်တာ Steuart Henderson Britt ဆိုလျှင် ကြော်ငြာခြင်းအပေါ် စွဲစွဲလမ်းလမ်း ယုံကြည်သူတစ်ဦး ဖြစ်သည်။

           “ကြော်ငြာအသုံးမပြုဘဲ စီးပွားရေးလုပ်တာဟာ ကောင်မလေး တစ်ယောက်ကို မှောင်ထဲမှာ မျက်စပစ်ပြနေသလိုပဲ၊ ကိုယ်လုပ်တာ ကိုယ် သိပေမယ့် တခြားဘယ်သူမှ မသိဘူး ဖြစ်နေတယ်” ဟု သူက ဆိုသည်။

            ကျွန်တော့်အနေနှင့် ပြောရလျှင်မူ ကြော်ငြာပါ။ သို့သော် ကြော်ငြာကောင်းတစ်ခုဖြစ်အောင် ကြိုးစားပါဟုသာ အကြံပြုလိုသည်။ “ကိုယ့်မိသားစုကတောင် မဖတ်ချင်တဲ့ ကြော်ငြာမျိုး ဘယ်တော့မှ မရေးနဲ့၊ ကိုယ့်မိန်းမ ကိုယ် ဘယ်တော့မှ လိမ်မှာ မဟုတ်သလို ကျွန်တော့်မိန်းမကိုလည်း လာမလိမ်နဲ့” ဟု David Ogilvy က ပြောဖူးသည်။Ogilvy က ဆုရလောက်အောင် ကောင်းသည့် ကြော်ငြာ များ ဖြစ်ဖို့ကိုသာ စိတ်ဝင်စားပြီး ကြော်ငြာ၏ မူလ ရည်ရွယ်ချက် ဖြစ်သည့် အရောင်းမြှင့်တင်ရေးကို စိတ်မဝင်စားသည့် ကြော်ငြာရိုက်ကူးသူများကိုလည်း ရှုတ်ချခဲ့သည်။ “ယနေ့ကာလ ကြော်ငြာ လုပ်ငန်းဟာ အရောင်းမြှင့်တင်ခြင်းဆိုတာကို ဘာမှန်းမသိဘဲနဲ့ ကိုယ်နာမည်ကြီးအောင် ပညာပြဖို့နဲ့ ကိုယ့်ရဲ့ အရည်အချင်းတွေကို ကြော်ငြာအပ်သူထံ ငွေနဲ့ရောင်းစားဖို့လောက်သာ စိတ်ဝင်စားတဲ့ ကြော်ငြာရိုက်ကူးသူများရဲ့ လက်ထဲမှာ ကျဆုံးနေပြီ” ဟု သူက ပြောခဲ့သည်။

          ကြော်ငြာခြင်းကို ချစ်မြတ်နိုးသူများအနေဖြင့် ကြော်ငြာ ခြင်း၏ အကျိုးရှိပုံနှင့် ပတ်သက်၍ ကောင်းစွာ အလုပ်ဖြစ်ခဲ့ကြ သည့် ကြော်ငြာအများအပြားကို လက်ညှိုးထိုးပြနိုင်သည်။ Mallboro စီးကရက်၊ Absolut ဗော်ဒကာအရက်၊ Volvo မော်တော်ကား စသည်ဖြင့် အများအပြားရှိသည်။

          ကြော်ငြာခြင်းကို အလွန်အကျွံ မှီခိုအားထားခြင်းအား ဆန့်ကျင်သူများအနေနှင့်မူ ကုန်တိုက်လုပ်ငန်း လောကမှ John Wanamaker ၏ စကားကို ကိုးကားနိုင်ကြသည်။ သူက “ကြော်ငြာ အတွက် ကျွန်တော် သုံးစွဲတဲ့ငွေရဲ့ တစ်ဝက်လောက်ဟာ အချည်း အနှီး ဖြစ်သွားတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် အဲဒီလို အချည်းအနှီး ဖြစ်သွားတာဟာ ဘယ်တစ်ဝက်လဲ ဆိုတာ ကိုတော့ ကျွန်တော် ရှာမတွေ့နိုင်ခဲ့ဘူး”ဟု ပြောခဲ့ဖူးသည်။

          မိမိ၏ကြော်ငြာအတွက် စီစဉ်ဆုံးဖြတ်လိုပါက “M” ငါးလုံး အား အခြေခံ၍ စဉ်းစားသင့်သည်။ ထို “M” ငါးလုံးမှာ Mission (ရည်ရွယ်ချက်). Message (ပေးလိုသည့်သတင်းစကား). Media (အသုံးပြုမည့်မီဒီယာ)၊ Money (ငွေ့)နှင့် Measurement (အရေးယူ ဆောင်ရွက်မှု) တို့ ဖြစ်ကြသည်။

          ကြော်ငြာ၏ Mission သည် ဖောက်သည်များအား သတင်း ပေးရန်၊ ဆွဲဆောင်ရန်၊ ကုန်ပစ္စည်းအား သတိရစေရန်နှင့် ကုန်ပစ္စည်း အား ဝယ်ယူဖို့ တိုက်တွန်းအားပေးရန် ဟူသည့် ရည်ရွယ်ချက် လေးမျိုးအနက်မှ တစ်မျိုးမျိုးဖြစ်နိုင်သည်။ အကယ်၍ မိမိ၏ ကုန် ပစ္စည်းသည် ကုန်ပစ္စည်းအသစ်ဖြစ်လျှင် သတင်းပေးခြင်း သို့မဟုတ် ဆွဲဆောင်ခြင်းတို့ကို ပြုလုပ်နိုင်သည်။ အကယ်၍ Coca-Cola ကဲ့သို့ ကုန်ပစ္စည်းအဟောင်းဖြစ်လျှင် ကုန်ပစ္စည်းအား အမြဲသတိရနေစေရန် သတိပေးနိုင်သည်။ အချို့သော ကုန်ပစ္စည်းအဟောင်းများအတွက်မူ ဝယ်ယူဖို့ တိုက်တွန်းအားပေးခြင်းကို ပြုလုပ်နိုင်သည်။

           ကြော်ငြာ၏ Message မှာမူ ကုန်ပစ္စည်း၏ အများနှင့်မတူ၊ တစ်မူထူးခြားသော အရည်အချင်းများကို စာသား၊ ရုပ်ပုံတို့ဖြင့် ရှင်းရှင်းလင်းလင်း ဖော်ပြပေးနိုင်ရမည် ဖြစ်သည်။ မည်သည့် Message ကို အသုံးပြုမည်ဖြစ်စေ အောက်ဖော်ပြပါ မေးခွန်းများကို အသုံးပြု၍ မိမိရည်ရွယ်သည့် ပရိသတ် ကောင်းစွာ သဘောပေါက် နားလည်ခြင်းရှိမရှိ ကြိုတင်စမ်းသပ် စစ်ဆေးသင့်သည်။

          မိမိ ရည်ရွယ်သည့် ဈေးကွက်သို့ မိမိ သုံးစွဲမည့် ငွေကြေးနှင့် ထိုက်တန်စွာ ပို့ပေးနိုင်မှု အရှိဆုံး Media ကိုလည်း ဂရုတစိုက် ရွေးချယ်ရမည် ဖြစ်သည်။ ယခုအခါ သမားရိုးကျ Media များ ဖြစ်ကြသည့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရေဒီယို၊ ရုပ်မြင်သံကြား နှင့် ကြော်ငြာဘုတ်များအပြင် အီးမေးလ်၊ ဖက်စ်၊ ဒစ်ဂျစ်တယ် မဂ္ဂဇင်းစသည့် ပေါ်ပင် မီဒီယာများလည်း အများအပြားရှိကြရာ သင့်တော်မည့် Media ကို ရွေးချယ်ရခြင်းသည် အဓိက စိန်ခေါ်မှု တစ်ရပ် ဖြစ်လာလျက် ရှိသည်။

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)