ကျော်ခိုင် - အိပ်မက်အဘိဓာန်ကျမ်း
အိပ်မက်အဘိဓာန်ကျမ်း
- ကား ပက်လက်လန်နေသည်ဟု မြင်မက်သော် စီးပွားရေးကျဆင်းအံ့။
- ကားဘီးပေါက်နေသည်ဟု မြင်မက်သော် လုပ်ငန်းအကြံပျက်အံ့။
- ကားခိုးခံရသည်ဟု မြင်မက်သော် စီးပွားရေးကျအံ့။
- ကား ချောက်ထဲသို့ ထိုးကျသွားသည်ဟု မြင်မက်သော် ဘေး
- ဒုက္ခနှင့်တွေ့ကြုံရအံ့။ O ကားဂိုဒေါင်ကိုမြင်မက်သော် ငွေဝင်အံ့။
- ကားဂိုဒေါင် အဖောက်ခံရသည်ဟု မြင်မက်သော် ငွေကုန်ကြေး ကျများအံ့။
- ကားတစ်စီးပေါ် နောက်ထပ်ကားတစ်စီး ထပ်နေသည်ဟု မြင်
မက်သော် လာဘ်ကြီးဝင်အံ့။
- ကားတစ်စီးပေါ်သို့ နောက်ထပ် ကားအများကြီးတင်ဆောင်
လာရသည်ဟု မက်သော် စုတ်ကြီး လာဘ်ကြီး မလွဲဝင်အံ့။
- ကားအသစ်တစ်စီးဝယ်စီးရသည်ဟု မက်သော် ကောင်းစားအံ့။
- ကား မိုးပေါ်ပျံနေသည်ဟုမက်သော် ထီပေါက်အံ့။
- ကားတစ်စီး လက်ဆောင်ရသည်ဟုမက်သော် အကြံအစည် အောင်အံ့။ ။
- ကားအတွင်း ပစ္စည်းကျန်ခဲ့သည်ဟုမက်သော် သူခိုးအခိုးခံရအံ့။
- ကားဆေးသုတ်သည်ဟု မက်သော် ငွေဝင်အံ့။
- ကုလားထိုင်ကိုမြင်မက်သော် အလုပ်ရအံ့။
- ကုလားထိုင်ပေါ်တွင် ထိုင်နေရသည်ဟုမြင်မက်သော် ရာထူးတိုးအံ့။
အိပ်မက်အဘိဓာန်ကျမ်း
ကော်ဖီခြံကို မြင်မက်သော် စီးပွားတိုးအံ့။
ကော်ကပ်သည်ဟု မြင်မက်သော် ငွေဝင်အံ့။
ကံ့ကော်ပန်းကို မြင်မက်သော် ငွေဝင်အံ့။
ကံ့ကော်ပင် နေအိမ်ရှေ့တွင် ပေါက်နေသည်ကို မြင်မက်သော် မကြာမီကောင်းစားအံ့။
ကံ့ကော်နံ့ရသည်ဟု မြင်မက်သော် သတင်းကောင်းကြားရအံ့။
ကံ့ကော်ပင်ပေါ်သို့ တက်နေသည်ဟု မြင်မက်သော် အကြီး အကဲဖြစ်အံ့။ ။
ကံ့ကော်ပင် ကျိုးကျနေသည်ဟု မြင်မက်သော် မှီခိုအားထားသူ ပျက်စီးအံ့။
ကံ့ကော်တစ်ထောင် ဘုရားဖူးရသည်ဟု မြင်မက်သော် ကျက် သရေတိုးအံ့။
ကန်ရေကြည်ကိုမက်သော် အရာရှိဖြစ်အံ့။
ကန်ရေ နောက်နေသည်ကိုမက်သော် အကြံပျက်အံ့။
ကန်ရေတွင် ကြာပေါက်နေသည်ဟုမြင်မက်သော် လာဘ်ကြီးဝင်အံ့။
ကန်ရေတွင် မြွေကိုမြင်မက်သော် လာဘ်ရအံ့။
ကန်ရေတွင် ဖားကိုမြင်မက်သော် လာဘ်ရအံ့။
ကန်ရေ ကျိုးပေါက်နေသည်ဟု မြင်မက်သော် စီးပွားပျက်အံ့။
အိပ်မက်အဘိဓာန်ကျမ်း
ကွမ်းသီးကိုမြင်မက်သော် သောကရောက်အံ့။
ကွမ်းစားရသည်ဟု မြင်မက်သော် အဝတ်အစားသစ် ဝတ်ဆင်ရအံ့။
ကွမ်းရွက်ကိုမြင်မက်သော် အကြံအောင်အံ့။
ကွမ်းပင်ကိုမြင်မက်သော် လုပ်ငန်းအကြံအစည် အောင်အံ့။
ကွမ်းရွက်ကို ရေဆေးသည်ဟုမြင်မက်သော် ကောင်းသော
အကြံအစည် ပေါ်လာအံ့။
ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်အမျိုးသမီးများကို မြင်မက် သော် အိမ်ထောင်ပြုရအံ့။
ကတ်ကြေးကိုမြင်မက်သော် ရန်သူများအံ့။
ကတ်ကြေးလက်ဆောင်ရသည်ဟု မြင်မက်သော် ဘေး အန္တရာယ်နှင့် တွေ့ကြုံရအံ့။
ကတ်ကြေး သူတစ်ပါးကိုပေးသည်ဟု မြင်မက်သော် ဘေး အန္တရာယ်မှ လွတ်ကင်းအံ့။
ကြယ်ကိုမြင်မက်မူ သူတစ်ပါးထက် ထူးချွန်အံ့။
ကြယ်ခုနစ်လုံးတန်းနေသည်ကိုမြင်မက်သော် အကြီးအကဲဖြစ်အံ့။
ကြယ်ပေါ်တွင်ရောက်ရှိနေသည်ဟု မြင်မက်သော် အကြီးအကဲ
ဖြစ်အံ့။
လူရယ်လို့ဖြစ်လာလျှင် အိပ်မက်မမက်ဖူးသောသူရယ်လို့ မရှိ ကြပါ။ လူတိုင်းလူတိုင်းသည် အိပ်မက်မက်ဖူးသည်မှာ အမှန်ပင်ဖြစ်၏။
- သို့သော်လည်း အိပ်မက်ဟူသည်ကား မှန်သည်လည်း ရှိသကဲ့ သို့ မမှန်သည်လည်းရှိ၏။ ခြင် ဘဝ အကြောင်းအရာတစ်ခုခုကို စွဲလမ်း၍မက်သော အိပ်မက်မျိုး၊ ၊ သွေးလေချောက်ချား၍မက်သော အိပ်မက်မျိုးနှင့် ရောဂါဝေဒနာကြောင့် ( မက်သော အိပ်မက်မျိုးမှာကား မမှန်တတ်ပေ။အိပ်မက်တိုင်းကား မှန်ကန်မှုမရှိကြောင်းကို ဤစာအုပ်မှ ဝန်ခံ ထားပါသည်။
သို့ရာတွင် မှန်ကန်သောအိပ်မက်မျိုးများသည်လည်း ရှိရာ ကျန်း မာပျော်ရွှင်သောအခါမျိုးတွင် မက်သောအိပ်မက်၊ အခြားပြုဖွယ်ရာ ကိစ္စ တစ်ခုခုကြောင့် မက်သောအိပ်မက်မျိုးနှင့် ကုသိုလ်ကောင်းမှုပြုလုပ်သည့် အခါမျိုးတွင် မက်သောအိပ်မက်မျိုးများကား မှန်ကန်သည်က များပါ သည်။
အိပ်မက်တွင် အမျိုးအစားလေးမျိုးရှိကြောင်းကို လေ့လာတွေ့ရှိ ရာတွင် ... ၁။ သွေးလေချောက်ချား၍မက်သောအိပ်မက်၊ ၂။ တွေ့ကြုံကြားဖူးသည်ကို စိတ်တွင်စွဲလမ်း၍မက်သောအိပ်မက် ၃။ နတ်၊ ပယောဂတို့၏လှည့်ဖြားမှုကြောင့် မက်သောအိပ်မက်၊ ၄။ မိမိ၏ ကုသိုလ်ကံ၊ အကုသိုလ်ကံသို့ပြသောအိပ်မက်မျိုး ဟူ၍လေးမျိုးရှိ၏။
အိပ်မက်အကျိုးဖြစ်မှုအချိန်ကို ခွဲခြားထားရာ၌ .. ။
၁။ ညဉ့်ဦးယံတွင် မက်သော အိပ်မက်သည် တစ်နှစ်အတွင်း၌မည်သည့်အချိန်အခါတွင်မဆို အကျိုးပေးတတ်၏။
၂။ သန်းခေါင်ယံတွင် မက်သော အိပ်မက်ကား ခြောက်လအတွင်းမည်သည့်အချိန်အခါမဆို အကျိုးပေးတတ်၏။ ။
၃။ သန်းခေါင်ထက်ကျော်လွန်မှ မက်သော အိပ်မက်မျိုးကား သုံးလအတွင်းအကျိုးပေးတတ်၏။
၄။ အရုဏ်တက်တွင်မက်သော အိပ်မက်ကား ခုနစ်ရက်အတွင်းအကျိုးပေးတတ်၏။
၅။ နေ့အချိန်တွင်မက်သော အိပ်မက်မျိုးဖြစ်ပါက ချက်ချင်းပင်အကျိုး ပေးတတ်၏။
အိပ်မက်သောနေ့ ..
၁။ တနင်္ဂနွေနေ့တွင်မက်သော အိပ်မက်ဖြစ်ပါက ဇနီးမယားအတွက်
ပင်ဖြစ်၏။
၂။ တနင်္လာနေ့တွင်မက်သော အိပ်မက်ဖြစ်ပါက ဆွေမျိုးများအတွက်ပင်ဖြစ်၏။
၃။ အင်္ဂါနေ့တွင် မက်သော အိပ်မက်ဖြစ်ပါက မိဘအတွက်ပင် ဖြစ်၏ ။
၄။ ဗုဒ္ဓဟူးနေ့တွင် မက်သောအိပ်မက်ဖြစ်ပါက သားသမီးအတွက်ပင်ဖြစ်၏။
၅။ ကြာသပတေးနေ့တွင် မက်သောအိပ်မက်ဖြစ်ပါက မိမိထက်ငယ်ရွယ်သောသူအတွက်ဖြစ်၏။
၆။ သောကြာနေ့တွင် မက်သောအိပ်မက်ဖြစ်ပါက သက်ရှိသတ္တဝါများအတွက်ဖြစ်၏။
၇။ စနေနေ့တွင် မက်သောအိပ်မက်ဖြစ်ပါက မိမိအတွက်ပင် ဖြစ်၏။
ကျော်ခိုင်