Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ကျော်ခိုင် - မှဲ့ကြည့်နည်း

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out

အမှာစာ

ကျွန်ုပ်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ဝါသနာအလျောက် အလွန်လျှို့ဝှက်ခက်ခဲသော အင်္ဂါရုပ်ပညာ”ရပ်ကို လေ့လာလိုက်စားခဲ့ရာ လူ၏မျက်နှာပြင်ပေါ်နှင့် ခန္ဓာကိုယ်ပေါ်တို့တွင် ပေါက်နေသော မဲ့များ၏ ကောင်းကျိုးဆိုးကျိုးများကိုပါ နားလည်သိရှိခဲ့ပါသည်။

ဤကဲ့သို့ နားလည်သိရှိခြင်းကြောင့် လူများအား လျှပ်တစ်ပြက် အချိန်အတွင်းမှာပင် ကြည့်ရှုရုံမျှနှင့် ထိုလူ၏ စိတ်နေသဘောထားကောင်းကျိုး၊ ဆိုးကျိုးနှင့် အကျင့်စာရိတ္တများကိုပါမကျန် ချက်ချင်း လွယ် ကူစွာ သိရှိရပါသည်။

ကျွန်ုပ်အနေနှင့် ဤကဲ့သို့ နားလည်သိရှိပြီး ဖတ်ရှုလေ့လာသူများ အနေနှင့်လည်း လွယ်ကူစွာ သိရှိလေ့လာနိုင်ရန် ယခုဖော်ပြပါ “မဲ့ကြည့် နည်း” စာအုပ်ကို ထပ်မံ၍ ရေးသားတင်ပြပါသည်။ ဤစာအုပ်တွင် အပိုင်း နှစ်ပိုင်းခွဲခြား၍ ရေးသားဖော်ပြထားရာ ကျွန်ုပ်ပြုစုရေးသားခဲ့သော အင်္ဂါရုပ်ပညာ” ကျမ်းစာအုပ်မှ မှဲ့များအကြောင်းကို အခြေခံပြီး ဖြစ်ပျက် နိုင်မည့် အကြောင်းအရာများကို လွယ်ကူစွာ ကြည့်ရှုလေ့လာနိုင်ရန်နှင့် မဲ့များအားလုံးကို ခြုံငုံပြီး လေ့လာနိုင်ရန်ဟူ၍ ရုပ်ပုံများနှင့်တကွ ခွဲခြားဖော်ပြထားပြီး လေ့လာဖတ်ရှုသူများကို စေတနာထက်သန်သော စိတ် အပြည့်ဖြင့် ကိုယ်တိုင် တွေ့ကြုံလေ့လာခဲ့သည်များကိုပါ တင်ပြထားပါ သည်။ ။

ဖတ်ရှုလေ့လာခြင်းအားဖြင့် မှဲ့များ၏ အကျိုးအပြစ်ကို ရှင်းလင်း လွယ်ကူစွာ နားလည်တတ်မြောက်ပြီး ဝေဖန်ကြည့်ရှု လေ့လာနိုင်ကြမည် ဟုဆိုလျှင် ကျွန်ုပ်အနေနှင့် ဤပညာကို ဖြန့်ဖြူးရေးသားရကျိုး နပ်ပေမည်။

မှဲ့ဟူသည်ကား လူ၏မျက်နှာပြင်ပေါ်နှင့် ကိုယ်ခန္ဓာပေါ်တို့တွင် မပေါက်ဖူးသူဟူ၍ မရှိသလောက်ပင် ဖြစ်ပါသည်။ လူသည် `မဲ့နှင့် မကင်းနိုင်ပါ။ မဲ့မရှိသောသူများမှာ အလွန်ပင် ရှားပါးလေ၏။

မှဲ့ပေါက်နေသောကြောင့်လည်း ကောင်းကျိုးကို ဖြစ်စေနိုင်သကဲ့သို့ ဆိုးကျိုးကိုလည်း ဖြစ်စေနိုင်ရာ များသောအားဖြင့် မျက်နှာပြင်ပေါ်တွင် ပေါက်နေသော မှဲ့နက်သည် လူကို ဆိုးကျိုးဖြစ်စေတတ်ပါသည်။ ဤ ကဲ့သို့ ဆိုးကျိုးကို ဖြစ်စေရာတွင်လည်း အမြဲတမ်း တစ်သက်လုံး ဆိုးကျိုး ကို ဖြစ်စေနိုင်ခြင်းမျိုးမဟုတ်ဘဲ တချို့ မှဲ့နက်များဆိုလျှင် လူ၏ အသက် အပိုင်းအခြားအလိုက် ည့်သည့်အသက်ပိုင်းတွင်သာ ညံ့တတ်ပြီး ကောင်း မွန်သောအပိုင်းတွင် ကောင်းနေတတ်ပါသည်။

 

ရှင်းပြဦးအံ့

အင်္ဂါရုပ်ပညာတွင် လူတစ်ဦး၏ မျက်နှာပြင်ပေါ်တွင် ကြည့်ရှု 'ဝေဖန်နိုင်ရန်အတွက် အသက်အပိုင်းခြားအလိုက် ကြည့်ရှုရန် နေရာ များစွာရှိရာ ဥပမာ - အသက် ၁ နှစ်သားမှစ၍ ၁၅ နှစ်သားအရွယ်ထိကို ကြည့်ရန်မှာ ဘယ်ဘက်နားရွက်နှင့် ညာဘက်နားရွက်ပေါ်တွင် အဓိက ထားပြီး ကြည့်ရှုဝေဖန် ပြောကြားရပါသည်။ ထို့အတူ အသက် ၁၅ နှစ် အရွယ်မှ အသက် ၃ဝ ထိ ရောက်ရှိနေသောလူကို ကြည့်ရှုဝေဖန် ပြောကြားရန်မှာ နဖူးပြင်ပေါ်ကို အဓိကထားပြီး ကြည့်ရှုရပါမည်။ ဤ ကဲ့သို့ဖြင့် အသက်အပိုင်းအလိုက်ပေါ်တွင် ပေါက်နေသောမှဲ့နက်သည် ထိုအသက်အပိုင်းခြားအရောက်တွင်မှ ခိုက်တတ် ဒုက္ခပေးတတ်ပါသည်။ တချို့မဲ့နက်များသည် အမြဲတမ်း မညံ့နိုင်ပါ။ ထိုအချက်ကို ကြည့်ရှုသူ များ အထူးသတိပြုရပါမည်။

ဥပမာ - နဖူးပြင် အလယ်တည့်တည့်ပေါ်၏ လက်နှစ်သစ်ခန့် အကွာ ဘယ်ဘက်နဖူးပေါ်တွင် မှဲ့နက်တစ်လုံး ထင်ရှားစွာ ပေါက်နေလျှင် ထိုသူ၏ အသက် ၂၇ နှစ်အရွယ်တွင် မိဘဖြစ်သူအား ခိုက်တတ်ပါ သည်။ ထိုအချက်မှလွဲ၍ တခြားအသက်၊ တခြားအရွယ်တွင် လုံးဝ မဆိုင်တော့ပါ။ ထိုမှဲ့နှင့်လည်း မပတ်သက်တော့ပါ။ အသက် ၂၇ နှစ် အရွယ်တွင်သာ ထိုမဲ့နှင့် ပတ်သက်၍ ကြည့်ရှုဝေဖန်ရန်သာ ဖြစ်ပါသည်။

ထိုသို့ဖြင့် မဲ့တွင်လည်း အမျိုးအစားနှင့် အရောင်အဆင်းများစွာ ရှိကြရာ -

၁။ အနက်ရောင် ၂။ အနီရောင် ၃။ အဖြူရောင် ၄။ အညိုရောင်နှင့် ၅။ အဝါရောင် စသည်တို့ဖြင့် အရောင်မျိုးများ ကွဲပြားစွာ ရှိပါသည်။ မျက်နှာပြင်ပေါ်တွင် ပေါက်နေသော မှဲ့နက်များသည် မကောင်း သောအချက်က ပို၍ များပြားသကဲ့သို့ ကိုယ်ခန္ဓာပေါ်တွင် ပေါက်နေ သော မှဲ့များက ကောင်းမွန်သောအချက်က ပို၍ များပြားပါသည်။

ထို့ကြောင့် မျက်နှာပြင်ပေါ်တွင် မှဲ့နက်များစွာ ပေါက်နေသောသူ ဖြစ်လျှင် စာပေပညာ မတတ်မြောက်နိုင်ပါ။

ထို့အတူ နဖူးပြင်ပေါ်တွင် မှဲ့နက်များစွာ ပေါက်နေသော မိန်းမ ဖြစ်လျှင် လင်ယောက်ျားဖြစ်သူကို ခိုက်တတ်ပြီး အိမ်ထောင်ကွဲတတ်ပါ သည်။

အသက်ငယ်ရွယ်စဉ်တွင် မျက်နှာပြင်ပေါ်တွင် မှဲ့များစွာ ပေါက် နေလျှင် အလွန်ညံ့တတ်ပါသော်လည်း အသက်ကြီးမှပေါက်သော မဲ့ သည်ကား အသက်ရှည်တတ်ပါသည်။ အသက်ကြီးမှဟုဆိုရာတွင် ၅ဝ ကျော် ၆၀ နီးပါးမှ ပေါက်သောမှဲ့ကိုသာ ဆိုလိုပါသည်။ ။

မျက်နှာပြင်ပေါ်နှင့် ကိုယ်ခန္ဓာပေါ်တို့တွင် မှဲ့နီပေါက်နေလျှင်ကား ကောင်းကျိုးကို ခံစားနိုင်ပြီး များသောအားဖြင့် စီးပွားရေး အဆင်ပြေ တတ်၏။

မျက်နှာပြင်ပေါ်တွင် မှဲ့ဖြူပေါက်နေလျှင်ကား မကြာခဏ စိုးရိမ် သောကစိတ် အလွန်များမည့်သူပင် ဖြစ်၏။ ထိုလူမျိုးများမှာ မည်သည့် လုပ်ငန်းတွင်မဆို လုပ်ကိုင်ဆောင်ရွက်ရာတွင် အေးဆေးတည်ငြိမ်သော စိတ်ထားဖြင့် မလုပ်ဆောင်နိုင်ကြဘဲ အမြဲတမ်း စိုးရိမ်ပူပန်တတ်သော သဘောရှိသူ ဖြစ်၏။

မဲ့ညို မျက်နှာပြင်ပေါ်တွင် ပါရှိနေပါက ထိုလူမျိုးများမှာ သူ တစ်ဖက်သားအပေါ်တွင် ချစ်ခင်ကြင်နာမှုရှိတတ်ပြီး အမြဲတမ်း ကူညီ စောင်မကြည့်ရှုတတ်မည့်သူပင် ဖြစ်ပါလိမ့်မည်။

မဲ့ဝါပေါက်နေသော လူမျိုးများဖြစ်လျှင် ဆင်းရဲပင်ပန်းကြီးစွာ လုပ်ကိုင်ရှာဖွေ စားသောက်ရမည့် လူတန်းစားပင် ဖြစ်၏။

                   အပျိုလူပျိုနှင့် အိမ်ထောင်မကျနိုင်သောမှဲ့ကိုကြည့်နည်း

ဤကြည့်ရှုနည်းကား အလွန်လွယ်ကူသော နည်းပင်ဖြစ်ရာ စာရေးသူ ကိုယ်တွေ့ များမှ တစ်ခုအပါအဝင်ပင် ဖြစ်၏။

ယောက်ျားဖြစ်သူ၏ နားထင်ပေါ်တွင် မှဲ့နက်ထင်ရှားစွာ ပေါ်နေ လျှင် ထိုလူမှာ မည်သည့်နည်းနှင့်မျှ အပျိုစင်စစ်ကို အိမ်ထောင်ဘက် အဖြစ် မရရှိနိုင်ပေ။ အိမ်ထောင်ကွဲထားသူ သို့မဟုတ် မုဆိုးမများနှင့်သာ မလွဲမသွေ အိမ်ထောင်ပြုရလိမ့်မည်ဖြစ်ပါသည်။ လေ့လာကြည့်က သိရှိရ ပါလိမ့်မည်။

ထို့အတူ မိန်းမပျိုဖြစ်သူ၏ နားထင်ပေါ်တွင် မဲ့ထင်ရှားစွာ ပါရှိနေ လျှင်လည်း လူပျိုစင်စစ်နှင့် အိမ်ထောင်မကျနိုင်ပါ။

အိမ်ထောင်ကွဲထားသူ (သို့မဟုတ်) မုဆိုးဖို စသည်တို့နှင့် အိမ် ထောင်ကျတတ်၏။ သို့ မဟုတ်ပါက မယားငယ်ဖြစ်တတ်သည်ကို အထူးသတိပြုပြီး လေ့လာပါရန် တင်ပြအပ်ပါသည်။

         ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို တင်ပြပါမည်

ကျွန်ုပ် မိတ်ဆွေတစ်ဦးဖြစ်သူ ကိုခင်မောင်သန်းမှာ အသက် ၃၀မဲ့ကြည့်နည်း ခန့်ရှိပြီး ရုပ်ရည်ချောမောပြေပြစ်ကာ စာပေပညာတတ်မြောက်သူတစ်ဦး ဖြစ်ပြီး ငွေကြေးချမ်းသာကြွယ်ဝသော မိဘများမှ မွေးဖွားလာသော တစ်ဦးတည်းသော သားတစ်ယောက်ဖြစ်၏။

ကျွန်ုပ်နှင့်လည်း ခင်မင်ရင်းနှီးရာ မကြာခဏ အင်္ဂါရုပ်ကြည့်ပေး ရန် ပြောဆိုပြီး အိမ်ထောင်ကျလျှင် အဆင်ပြေပါ့မလား၊ ဘယ်လိုမိန်းမ မျိုးနှင့် အိမ်ထောင်ကျတတ်သလဲဟု မေးမြန်းခြင်းကြောင့် ကျွန်ုပ်ကလည်း ၎င်း၏နားထင်ပေါ်တွင် မှဲ့နက်တစ်လုံး ထင်ရှားစွာ ပေါက်နေခြင်းကြောင့် အိမ်ထောင်ပြုလျှင် အထူးသတိထားပြီးမှ အိမ်ထောင်ပြုရန်နှင့် မည်သည့် နည်းနှင့်မျှ အပျိုစစ်စစ်နှင့် အိမ်ထောင်မကျနိုင်ဘူးဟု ပြောဖူးရာ ကျွန်ုပ် အားလည်း များစွာ စိတ်ဆိုးဖူး၏။ သူသည် အိမ်ထောင်ပြုလျှင် အပျိုစစ် စစ်နှင့်သာ အိမ်ထောင်ပြုမည်ဖြစ်ကြောင်းကို မကြာခဏ ပြောဆိုဖူး၏။

ထိုသို့ပြောဆိုပြီးနောက် နှစ်အနည်းငယ်အကြာတွင် ကိုခင်မောင် သန်းတစ်ယောက် အိမ်ထောင်ကျကြောင်း သိရှိရ၍ မိတ်ဆွေတစ်ဦးမှ တစ်ဆင့် မေးမြန်းကြည့်ရာ မုဆိုးမတစ်ဦးနှင့် အိမ်ထောင်ကျနေကြောင်း ကိုသာ ကြားသိခဲ့ရပါသည်။

ထို့ကြောင့် အင်္ဂါရုပ်ပညာသည် နားထင်ပေါ်တွင် မှဲ့နက်ပေါက် နေသောသူဖြစ်လျှင် မည်သည့်နည်းနှင့်မျှ အပျိုလူပျိုများနှင့် အိမ်ထောင် မကျနိုင်ကြောင်းကို ကိုယ်တွေ့ လေ့လာသိရှိခဲ့ရပါသည်။