Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ကျော်ခိုင် - စိတ်တန်ခိုး

Regular price 1,200 MMK
Regular price Sale price 1,200 MMK
Sale Sold out

အဓိက စိတ်ထားကောင်းဖို့လိုသည်

လောကတွင် စိတ်ထားကောင်းပြီး စိတ်ရင်းစေတနာကောင်းသူ တစ်ယောက်ဖြစ်နေရင် မိမိရဲ့ လုပ်ကိုင်ဆောင်ရွက်တဲ့ လုပ်ရပ်တွေဟာ လည်း တရားနည်းလမ်းကျတဲ့ အပေါ်မှာ အများကြီးတုံ့ပြန်မှုကို ရရှိနိုင် ပါတယ်။

လူဆိုသည်မှာ စိတ်ထားကောင်းပြီး ကိုယ်ကျင့်သိက္ခာဆိုတာ ရှိရပါ့မယ်၊ မည်သည့်လုပ်ရပ်တွင်မဆို အမှားအမှန်ကိုလည်း နည်းလမ်း မှန်ကန်စွာ ဝေဖန်ဆုံးဖြတ်နိုင်ရပါမယ်။ အဲဒီလို အမှားအမှန်ကို ခွဲခြား တဲ့နေရာမှာ မှန်ကန်တဲ့ဘက်က ခွဲခြားဆုံးဖြတ်တတ်ဖို့ အထူး လိုအပ် ပါတယ်။

လူဆိုသည်မှာ မိမိကိုယ်ကိုယ် ကောင်းအောင်ကျင့်ကြံအားထုတ် ဖို့ လိုအပ်ပါတယ်။ အဲဒီလို မိမိကိုယ်ကိုယ်ကောင်းအောင် ကျင့်ကြံအား ထုတ်နေရုံနဲ့ မကျေနပ်သင့်ဘဲ မိမိရဲ့ ပတ်ဝန်းကျင် ဆွေမျိုးအသိုင်း အဝိုင်းကိုလည်း ကောင်းအောင်လုပ်ဆောင်ပေးတတ်ဖို့၊ အထူးလိုအပ်ပါ တယ်။ လူအများပေါ်တွင်လည်းကောင်း၊ အရာရာပေါ်တွင်လည်း ကောင်း အမြဲတမ်း အကောင်းဘက်ကတွေးပြီး စိတ်ဓာတ်ထားတတ်ဖို့လိုပါတယ်။ လူရယ်လို့ဖြစ်လာရင် စိတ်ဓာတ်က အလွန်အရေးကြီးပါ တယ်။ လူတကာကိုကြည့်ရင် အပြစ်မမြင်တတ်ဘဲ ကောင်းသည့်ဘက် က ကြည့်တတ်ဖို့ လိုအပ်ပါတယ်။ အကယ်၍ အပြစ်ရှိသည်ဟု မြင် တွေ့ပြန်ရင်လည်း ခွင့်လွှတ်နိုင်တဲ့ စိတ်ရှိတဲ့လူမျိုးတွေဆိုရင် စိတ်ထား အလွန်ကောင်းသူဟု ဆိုနိုင်ပါတယ်။

လူတိုင်းအပေါ်မှာ အပြစ်မမြင်ဘဲ အကောင်းမြင်စိတ် ထားတတ်တဲ့ သူသည် တစ်နေ့မှာ မိမိကိုလည်း ပြန်ပြီးကောင်းကျိုးကို ခံစားရပါလိမ့်မယ်။

တစ်ဦးကိုတစ်ဦး အပြန်အလှန် အကူအညီပေးနိုင်ပြီး လူအချင်း ချင်း ကိုယ်ချင်းစာထားတဲ့စိတ်ကိုလည်း အမြဲမွေးတတ်ဖို့ လိုပါတယ်။ မိမိ မကြိုက်နှစ်သက်တဲ့ လုပ်ရပ်ကို သူတစ်ပါးကိုလည်း မလုပ်မိဖို့ လိုပါတယ်။

ဒီလိုလုပ်ဆောင်နိုင်ပြီး အကောင်းမြင်စိတ်ဓာတ်ရှိဖို့ကလည်း လို ပါတယ်။ ဒီလိုစိတ်ဓာတ်မျိုး ဖြစ်ပေါ်လာအောင် မိမိအနေနဲ့ လေ့ကျင့် ပေးလို့ရပါတယ်။

ဒီလိုစိတ်ဓာတ်မျိုးက အင်မတန်ချစ်စရာကောင်းတဲ့ စိတ်ဓာတ် မျိုးဆိုရင် မမှားပါဘူး။

ကိုယ်နဲ့ မိတ်ဆွေအဖြစ် ပေါင်းသင်းဆက်ဆံတဲ့လူတွေ၊ စီးပွား ဖက်လုပ်တဲ့သူတွေရဲ့ ချစ်ခင်လေးစားမှုကို ခံယူရရုံမက မိသားစုရဲ့ ယုယမှုကိုလည်း ခံရပါတယ်။ ။

ဘယ်နေရာ ဘယ်ဒေသရောက်ရောက်၊ ဘာအလုပ်ပဲလုပ်ရလုပ်ရ ကိုယ့်ရဲ့ မွန်မြတ်တဲ့စိတ်ဓာတ်နဲ့ ဘဝကို အမြဲမြှင့်တင်ပေးရပါတယ်။

ဘဝကို အမြဲမြှင့်တင်ပေးရတယ် ဆိုရာမှာ တလွဲဆံပင်ကောင်း ပြီး ဘဝင်မြင့်သွားဖို့ ပြောတာမဟုတ်ပါဘူး။ မွန်မြတ်တဲ့စိတ်ဓာတ်မှန်ကန်တဲ့နည်းလမ်းနဲ့ မြှင့်တင်ပေးရမှာကို ဆိုလိုတာပါ။

ဒီလို စိတ်ရင်းစေတနာကောင်းရှိနေပြီး ကောင်းတဲ့လုပ်ရပ်၊ ကောင်းတဲ့အပြုအမူ အကြံအစည်ရှိပြီး ကောင်းတဲ့စကားကိုသာ အမြဲ ပြောဆိုဆက်ဆံနေမည်ဆိုပါက အဲ့ဒီလိုလူ မလွဲဧကန် သူတော်ကောင်း ပညာရှိတစ်ယောက် ဖြစ်ပါလိမ့်မယ်။

ကောင်းတဲ့စိတ်ရင်း၊ ကောင်းတဲ့လုပ်ရပ်နဲ့ အရည်အချင်း၊ ကောင်းတဲ့အကြံအစည်၊ ကောင်းတဲ့ စကားကိုသာ ပြောဆိုဆက်ဆံနေ တတ်သူ တစ်ဦးဖြစ်နေပါကလည်း အဲ့ဒီလူရဲ့ လုပ်ရပ်ကလည်း ကောင်း တဲ့ လုပ်ရပ်ပဲ ဖြစ်နေပါမယ်။

မကောင်းတဲ့လုပ်ရပ်မျိုး၊ ပျက်စီးနေ၍ မှန်ကန်မှုမရှိတဲ့လုပ်ရပ် များမဖြစ်ဘဲ တစ်ဖက်သားအပေါ်တွင်လည်းကောင်း၊ မိမိကိုယ်တိုင်

သော်လည်းကောင်း အကျိုးရှိသော၊ အပြစ်ကင်းစင်သော လုပ်ရပ်မျိုး မလွဲဧကန် ဖြစ်နေပါမယ်။ ။

စိတ်နေသဘောထားသည် ဘဝတွင် အလွန် အရေးပါ အရာ ရောက်ပါသည်။ ။

ပညာရှိသူတော်ကောင်းတစ်ယောက် ဖြစ်နေလျှင်လည်း ကောင်း သောအကြံအစည်၊ မှန်ကန်သောလုပ်ရပ်ကိုသာ အမြဲတွေးတောနေ တတ်ပါတယ်။

မကောင်းသောအကြံအစည်၊ မကောင်းသောလုပ်ရပ်ကို မည်သည့် အခါမျှ တွေးတောနေမည် မဟုတ်ပါ။

ဥပမာ လူတစ်ယောက် ချော်လဲတာကိုတွေ့ရင် စိတ်ထား မကောင်း တဲ့လူက ရယ်မောနေပြီး စိတ်ထားကောင်းတဲ့လူက ဆွဲထူပေးလိုက်မှာ ဖြစ်ပါတယ်။ အမှန်တော့ ဒါဟာ ရယ်မောစရာ မဟုတ်ပါဘူး။ ချော်လဲ သွားတဲ့သူအစား မိမိကတောင် စိတ်မကောင်းဖြစ်ရမှာပါ။ ဒါကြောင့်ဒီလိုအချက်တွေနဲ့ ပြည့်စုံနေတဲ့လူမျိုးဆိုရင် စိတ်ဓာတ်ကောင်းသူလို့ ခေါ်ဆိုနိုင်ပါတယ်။

လူတစ်ယောက်သည် တိုးတက်ကြီးပွားလာသည်မှာ ၎င်း၏ နာမည်ကြောင့်မဟုတ်ပါ။ ၎င်း၏ စိတ်နေသဘောထားနှင့် လုပ်ကိုင် ပြုမူဆောင်ရွက်ချက်များ၏ စွမ်းရည်၊ တစ်နည်းပြောရလျှင် စိတ်တန်ခိုး” ကြောင့် ဖြစ်ပါတယ်။

ကောင်းတဲ့လုပ်ရပ်ကိုလုပ်လျှင် ကောင်းသတင်းကျော်ကြားပြီး မကောင်းတဲ့လုပ်ရပ်ကိုလုပ်လျှင် မကောင်းတဲ့သတင်း ကျော်ကြားမှာ ဖြစ်ပါတယ်။

လောကကြီးမှာ အေးချမ်းသာယာဖို့အတွက် စိတ်ဓာတ်မကောင်း သူ ပပျောက်ပြီး စိတ်ဓာတ်ကောင်းသူ များပြားဖို့ လူတိုင်းတွင် တာဝန် ရှိပါတယ်။

သင့်ရဲ့ ဘဝမှာ အောင်မြင်မှု၊ တိုးတက်မှုတွေကို ကြိုးစား အား ထုတ်နေတဲ့အခါမှာ သင့်ရဲ့ စိတ်နေစိတ်ထားကို အကောင်းဆုံးဖြစ် အောင် ပြောင်းလဲဖို့လိုအပ်ပါတယ်။

ကိုယ်နဲ့ မကောင်းကြံစည်တာပြုလုပ်တဲ့သူ၊ စိတ်နဲ့ မကောင်းတာ ကြံစည်တဲ့သူ၊ နှုတ်နဲ့ မကောင်းတာကြံစည်တဲ့သူစသဖြင့် လူအမျိုးမျိုး ရှိတဲ့အထဲမှာ ကိုယ်မပါဖို့ရာ အရေးကြီးပါတယ်။

ဒီနေရာမှာ မြတ်ဗုဒ္ဓရဲ့ အဆုံးအမတရားကို တင်ပြပါရစေ။

“စိတ်သည် အရာရာကို ဦးဆောင်၏။ စိတ်သည် အမွန်မြတ်ဆုံးဖြစ်၏။ စိတ်သည် အရာရာကို ပြီးစီးစေ၏။ ကြည်လင်သောစိတ်ဖြင့် ပြုမူပြောဆိုပါလျှင် ချမ်းသာစေနိုင်၏။ အေးမြသောအရိပ်သည် အစဉ်လိုက်ပါသည်နှင့်တူ၏”

ကိုယ့်အကျိုးစီးပွားကို လုပ်တဲ့နေရာမှာ တစ်ပါးသူရဲ့ အကျိုး စီးပွားကို မထိခိုက် မနစ်နာစေဖို့လိုသလို ကိုယ့်အကျိုးဆောင်ရင်း သူ တစ်ပါးအကျိုးကို တစ်ပါတည်း ဖြည့်ဆည်းပေးနိုင်ရပါမယ်။

လူရယ်လို့ ဖြစ်လာလျှင် စိတ်ထားကောင်းမွန်ပြီး ကိုယ်ကျင့် သိက္ခာ ထိန်းသိမ်းမှု ရှိရပါမယ်။

ကိုယ်ကျင့်သိက္ခာထိန်းသိမ်းမှုဆိုရာတွင် မိမိကိုယ်ကိုမိမိ ပြန်လည် လေးစားခြင်းပင် ဖြစ်ပါတယ်။

ဒီလို မိမိကိုယ်ကိုယ် ပြန်လည်လေးစားခြင်းသည် လူ့လောက ကြီး တစ်ခုလုံးကို လေးစားခြင်းသဘောပင် ဖြစ်ပါတယ်။

ဤသို့ဖြင့် မိမိ၏ ကိုယ်ကျင့်သိက္ခာ ရှိမှသာ စိတ်ထားကောင်းသူ ဖြစ်ပါသည်။ လောကတွင် လုပ်သင့်သည့်အလုပ်၊ မလုပ်သင့်သည့် အလုပ်တို့ကို ဝေဖန်ပိုင်းခြားနိုင်ပါမည်။

လောကကြီးသည် တန်ဖိုးရှိသော လောကကြီးဖြစ်ပါတယ်။

တန်ဖိုးရှိသော လောကကြီးတစ်ခုလုံးကို မိမိ၏ကိုယ်ကျင့်သိက္ခာ ပိုင်းဆိုင်ရာကို ထိန်းသိမ်း၍ မိမိတွင်ရှိသော “စိတ်တန်ခိုး”ကို ထိထိမိမိ အသုံးချနိုင်ခြင်းဖြင့် မိမိ၏ဘဝ တိုးတက်ရာ တိုးတက်ကြောင်း အောင် မြင်ရေးကို လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

ကိုယ်ကျင့်သိက္ခာတရားသည် လူတစ်ဦးချင်းစီ၏ ကြေးမုံပင် ဖြစ်ပါတယ်။ လူရာဝင်အောင်၊ လူချစ်ခင်ယုံကြည်အောင်လည်း လုပ် ဆောင်ပေးနိုင်ပါတယ်။

ဘဝ၏ အလှရတနာဖြစ်သော ကိုယ်ကျင့်သိက္ခာကို လိုက်နာ ကျင့်သုံးခြင်းဖြင့် မိမိ၏တိုးတက်ရာ အောင်မြင်ရာလုပ်ငန်းများကို ထိထိမိမိ လုပ်ဆောင်နိုင်ကြပါ့မယ်။

မိမိ၏လုပ်ငန်း အခက်အခဲပေါင်းစုံကို ကျော်လွှားအောင်မြင် နိုင်ရုံနှင့် ပြီးပြည်စုံသည်ဟု မဆိုနိုင်ပါ။ ကိုယ်ကျင့်သိက္ခာ ထိန်းသိမ်းမှု ရှိပြီး သစ္စာရှိဖို့လည်း လိုပါတယ်။ လောကကြီးမှာ နေထိုင်ရသေးတဲ့ တိုတောင်းတဲ့ကာလအတွင်းမှာ ကောင်းမွန်တဲ့စိတ်ဓာတ် တို့ကို မွေးမြူ ပြီး မှန်ကန်စွာ နေထိုင်တဲ့သူတွေဟာ တစ်နေ့မှာ ကောင်းကျိုးကို ခံစားရ ပါလိမ့်မယ်။