ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး - ဇိနတ္ထပကာသနီကျမ်း
ဇိနတ္ထပကာသနီကျမ်း
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ပဏာမ
အနန္တ ကပ္ပ သဒ္ဓိတ၊ ပါရမိနာ ဇိနတ္တံ။
ပတွာ တာရေသိ ဒမ္မကံ၊ သော ပါတု သာသနေ စိရံ ။
ယော ဇိနော၊ အကြင် ငါးမာရ်အောင်တတ် သုံးလူ့နတ်သည်။ အနန္တ ကမ္မသက္ခိတ ပါရမိနာ၊ ထောင်သောင်းသိန်းနေ အကုဋေတို့ဖြင့် တွက်ရေမသိ ဆုံးမရှိသော ကပ်ကမ္ဘာ ကာလပတ်လုံး ဖြည့်ကျုံး ဆည်းပူးတော်မူအပ်သော ဆယ်ပါးသုံးလီ ပါရမီတော်တို့ကြောင့်။ ဇိနတ္တဝံ၊ ငါးမာရ်ပယ်ရှား ဘုရားအဖြစ်သို့။ ပတ္တာ၊ ရောက်တော်မူ၍။ ဒမ္မကံ၊ ဆုံးမထိုက်ရာ သတ္တဝါကို။ တာရေသိ၊ မဂ်,ဖိုလ်အမြိုက် ထိုက်သင့်ရာရာ တိုက်ကျွေးကာဖြင့် သံသရာ ယာဉ်ဘောင် ဝဲလယ်ခေါင်မှ ထုတ်ဆောင်ကယ်ငင် တင်တော်မူလေပြီ။သော ဇိနော၊ ထိုငါးမာရ်အောင်ပြီး သုံးလူ့ထီးသည်။ သာသနေ၊ ဆုံးမဟောကြား ဘုရားဩဝါ သာသနာတော်၌။ ဝါ၊ စတုပါရိသုဒ္ဓိမြဲမြဲ ဂန္ထဓုရ ဝိပဿနဟု လမ်းမနှစ်ဖြာ သာသနာတော်၌။ စိရံ၊ အာယု ဝဏ္ဏ သုခ ပဋိဘာန် မြဲမြံရှည်စွာ။ ဌိတတ္ထာယ၊ တည်စေခြင်း ငှာ။ မံ၊ အကျွန်ုပ်ကို။ ပါတု၊ တွင်း,ပ နှစ်တန် ရန်မာရ်ခွာ၍ အမြဲစောင်မတော် မူပါစေ
သတည်း။
ပဋိညာဉ်
ဤဂါထာဖြင့် ဂရမ္မ သုံးပါးတို့တွင် အာသီသပုဗ္ဗက ဂန္တာရမ္မကိုပြု၍ ဆရာကြီး "ဦးရန်ကင်း” အမည်ရှိသော ဥပါသကာသည် မြတ်စွာဘုရား သဗ္ဗညုတဉာဏ်ကို ဆုပန်တော် မူသည်မှစ၍ ဘုရားအဖြစ်သို့ရောက်ပြီးသော် အနုပါဒိသေသနိဗ္ဗာန် စံယူတော်မူသည့်တိုင်အောင် ဝေနေယျတို့အကျိုးကို ဆောင်တော်မူလျက် လေးဆယ့်ငါးဝါ တည်တော် မူသောအစဉ်ကို အစီအလျဉ်မှန်ကန်စွာ ကျမ်းဂန်လာအတိုင်း မှတ်သိလိုပါသည့်အကြောင်းနှင့်တောင်းပန်လျှောက်ထားသည့်အတိုင်း ဗုဒ္ဓဝင်ပါဠိတော် အဋ္ဌကထာ၊ အပဒါန်ပါဠိတော် အဋ္ဌကထာ၊ ဒီဃနိကာယ် မဇ္ဈိမနိကာယ် အင်္ဂုတ္တရနိကာယ် ပါဠိတော် အဋ္ဌကထာ၊ ခုဒ္ဒက နိကာယ် အဝင်ဖြစ်သော ဝိနည်းပါဠိတော် အဋ္ဌကထာ၊ ဓမ္မပဒ သုတ္တနိပါတ် ဇာတ်ပါဠိ အဋ္ဌကထာ၊ စရိယာပိဋက အဋ္ဌကထာ၊ အနာဂတဝင် မဟာဝင် ဒီပဝင် အဋ္ဌကထာ၊ ဇာတတ္ထကီ နိဒါန်း၊ သောတတ္ထကီနိဒါန်း၊ တထာဂတုပ္ပတ္တိကျမ်းတို့၌ ဆိုအပ်သော အဆုံးအဖြတ်ကို ညီညွတ်နှိုင်းဆကာ သင့်ရာသင့်ရာခင်း၍ အကျဉ်းမျှ ပြဆိုပေအံ့။
၁။ ဂေါတမဘုရားလောင်း ဆုပန်ခြင်း
ငါတို့ ဂေါတမ ဘုရားလောင်းသည်“စိန္တိတံ သတ္တသင်္ချေယျ၊ နဝသင်္ချေယျ ဝါစကံ။
ကာယဝါစံ စတုချာတံ၊ ဗုဒ္ဓတ္တံ သမုပါဂမိ” ဟူသော ပါဌ်နှင့်အညီ ဤရွေ့ဤမျှဟု တွက်ဆမှတ်သားခြင်းငှာ မတတ်ရာသော မဟာကပ်ပေါင်း အသင်္ချေယျတို့တွင် နန္ဒအသင်္ချေ။ သုနန္ဒအသင်္ချေ၊ ပထဝီအသင်္ချေ၊ မဏ္ဍအသင်္ချေ၊ ဓရဏီအသင်္ချေ၊ သာဂရအသင်္ချေ၊ ပုဏ္ဍရီကအသင်္ချေ တည်းဟူသော ခုနှစ် အသင်္ချေအတွင်း၌ ပွင့်တော်မူကုန်သော ဗြဟ္မဒေဝ အစရှိကုန်သော တစ်သိန်း နှစ်သောင်း ငါးထောင်ကုန်သော ဘုရားရှင်တို့ကို ဖူးမြင်တွေ့ကြုံ ရသဖြင့် ဓမ္မဒေသနာကို ကြားနာရလေလျှင် ဘုရားဖြစ်ချင်သော စိတ်တော်ရှိလှ၍ ဒသပါရမီ ငါးလီသော ပရိစ္စာဂတို့ကို တစ်စတစ်စ ဖြည့်တော်မူလေသည်။
ထို့နောက် သဗ္ဗဘဒ္ဒ အသင်္ချေ၊ သဗ္ဗဖုလ္လ အသင်္ချေ၊ သဗ္ဗရတန အသင်္ချေ၊ ဥသဘ က္ခန္ဓ အသင်္ချေ၊ ခန္ဓုတ္တမ အသင်္ချေ၊ မာဏိတ အသင်္ချေ၊ ဘဒ္ဒ အသင်္ချေ၊ ပဒုမ အသင်္ချေ။ သဗ္ဗဘလ္လ အသင်္ချေတည်းဟူသော ကိုးသင်္ချေထက်၌ ပွင့်တော်မူကြကုန်သော “ပေါရာဏ သကျဂေါတမ အစရှိကုန်သော သုံးသိန်း ရှစ်သောင်း ခုနစ်ထောင်ကုန်သော ဘုရားရှင်တို့နှင့် တွေ့ကြုံပြန်လျှင်လည်း ထို ဘုရားရှင်တို့အား ပစ္စည်းလေးပါးတို့ဖြင့် မြှောက်စားပူဇော်ကာ တရားတော်ကိုနာ၍ “နောင်သောအခါ ငါလည်း ထို့သွင် လူတွင်ထင်ရှား ဘုရားစင်စစ် ဖြစ်စေသော” ဟု နှုတ်ရောစိတ်ပါ ပတ္ထနာ၍ ပါရမီသုံးဆယ် ငါးသွယ်သောပရိစ္စာဂ စရိယတို့ကို နိစ္စကြိုးကုတ် အားထုတ်တော်မူသဖြင့် ဆောက်ဦရင့်မာ၍ “သုမေဓာရှင်ရသေ့” အဖြစ်သို့ ရောက်တော်မူသည်။
ထိုမှစ၍ သေလအသင်္ချေ၊ ဘာသအသချေ။ ဇေယျအသင်္ချေ။ ရုစိယ အသင်္ချေတည်းဟူ သော လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ ပွင့်တော်မူကြကုန်သော နှစ်ကျိပ်ခုနစ်ဆူ ကုန်သော ဘုရားရှင်တို့တွင် ဒီပင်္ကရာမြတ်စွာဘုရားမှစ၍ နိယတဗျာဒိတ်ကို ခံရလျက် ဗောဓိသမ္ဘာရအပေါင်းကို ဖြည့်တော်မူကာ အစဉ်လာသဖြင့် ဤကမ္ဘာဝယ် မဟာသမ္မတမင်း တစ်ကြိမ်၊ သုဒဿနဝရ မန္ဓာတ်မင်း တစ်ကြိမ်၊ မဃဒေဝမင်း တစ်ကြိမ်၊ နေမိမင်း၊ တေမိမင်း၊ သိဝိရာဇ်၊ စန္ဒကုမာရ၊ မဟာဂေါဝိန္ဒ၊ အကိတ္တိဗြာဟ္မဏ၊ သင်္ခဗြာဟ္မဏ၊ ဓနဉ္စယ၊ သသရာဇ၊ ဟတ္ထိနာဂ၊ ဘူရိဒတ္တ၊ စမွေယျ၊ စူဠဗောဓိ၊ မဟိသ၊ ရုရုမိဂ၊ မာတင်္ဂ၊ ဓမ္မဓဇ၊ ဇယဒိသ၊ သိပါလ၊ ယုဓဥယ၊ သောမနဿ၊ အယောဃရ၊ သောဏဒန္တ၊ ကပိရာဇ၊ သစ္စယုဂ၊ ဝဋေပေါတက၊ မစ္ဆရာဇ၊ ကဏဒီပါယန၊ မဟာသုတသောမ၊ သုဝဏ္ဏသာမ၊ ဧကရာဇ၊ မဟာလောမဟံသ တစ်ကြိမ်စီအားဖြင့် သုံးဆယ့်ငါးဇာတ် ဖြစ်တော်မူ၍ ဆောက်ဦရင့်မာသဖြင့် “ဝေဿန္တရာမင်း”၏အဖြစ်သို့ ရောက်တော်မူသည်။
စိန္တိတံဂါထာ ရှင်းလင်းချက်။ ။ ဤစကားအစဉ်၌ ဦးတင်၍ပြအပ်သော “စိန္တိတံ သတ္တသင်္ချေယျ စသောဂါထာသည် သင်္ဂါယနာဝင်ရှိ ကျမ်းကြီးကျမ်းခိုင်တို့၌ မလာ။ ဇာတတ္ထကီကျမ်း,
သောတတ္ထကီနိဒါန်း ဤကျမ်းငယ်တို့၌သာ လာသည်ဖြစ်၍ လည်းကောင်း၊ ဤအတိုင်းယူ ချေသော် ပညာဓိက, သဒ္ဓါဓိက, ဝီရိယာဓိက ဟူသော သုံးဆူသောဘုရားတို့ ပါရမီဖြည့်တမ်း သည် အထူးအပြား မရှိ။ အသင်္ချေနှစ်ဆယ်စီ အညီကျရာသောကြောင့် လည်းကောင်း၊ ယသောဓရာမှာ ဘုရားလောင်း၏အလုပ်အကျွေး ဖြစ်ရပါကြောင်းကို သုံးသိန်းခြောက်သောင်း သုံးရာ့ရှစ်ဆယ့် ခုနစ်ကုဋေသော ဘုရားအပေါင်း ခြောက်ဆယ့်လေးကုဋေသော ပစ္စေကဗုဒ္ဓါ အပေါင်း, အသင်္ချေသော ရဟန္တာအပေါင်းတို့ထံ ဆုပန်ခဲ့ရသည်ဟု ကျမ်းဂန်လာလျက် ဘုရားမြတ်စွာအလောင်းမှာမူ ဤမျှသာမကသေရာသောကြောင့် လည်းကောင်း ယုတ္တိမရ မုချမယူသာ။ နောက်ဆရာတို့ ကြံစည်၍ဆိုသောစကားသာ ဖြစ်ရာသည်ဟု ပညာရှိပြုသော အချို့ဆရာတို့ ဆိုကုန်သည်။ထိုဆရာတို့၏စကားသည် ကျမ်းဂန်အများကိုလည်း မတိုင်းမထွာ, ယုတ္တိကိုလည်း မစာနာ, ပုဗ္ဗာစရိယကိုလည်းမသွားဘဲ စိတ်ရှိတိုင်းသာ ဆိုရာရောက်မည် ထင်သည်။ အဘယ်ကြောင့်နည်းဟူလျှင် ထိုသူတို့ အပြစ်တင်ကြသော ဇာတတ္ထကီနိဒါန်း၊ သောတတ္ထကီကျမ်းကို “အရှင်စူဠဗုဒ္ဓဃောသ' စီရင်သည်ဟု ကျမ်းနိဂုံးတွင်ပါသည်။ ထိုဆရာလည်း အဘိဓမ္မာ အဋ္ဌကထာကို စီရင်တော်မူပါဟု မဟာဗုဒ္ဓဃောသထံ တောင်းပန်သော သင်္ဂါယနာတင် ကျမ်းဝင်ဆရာပင် ဖြစ်ပေသည်။ ထိုဆရာ၏ ဂုဏ်ဝိသေသကို အဋ္ဌသာလိနီ၌
“ဝိသုဒ္ဓါစာရ သီလေန၊ နိပုဏာ မလ ဗုဒ္ဓိနာ။ ဘိက္ခုနာ ဗုဒ္ဓဃောသေန၊ သက္ကစ္စ အဘိယာစိတော' ဟု မိန့်သောကြောင့် သိရသည်။
ထိုသို့ ချီးမွမ်းထိုက်သော သီလ၊ သမာဓိ၊ ပညာရှိသော ဆရာသည် မှီခိုရာ သင်္ဂါယနာ ဝင်ကျမ်းဂန်မရှိဘဲ မိမိကြံစည်၍ အနာဒေယျ, သမ္ပပ္ပလာပ စကားကို မရေးထာ ပေရာ။ ဤကျမ်းကိုမျှ မယူသာသော် ဆရာအဆက်ဆက်တို့ ဖွဲ့စီရင်အပ်သော “သမ္ဗုဒ္ဓေ”စသော ဂါထာတို့သည် အနာဒေယျဝါစာ, သမ္မပ္ပလာပချည်း ဖြစ်ရာတော့သည်။ ယင်းသို့ ယုတ္တိ အဝိစာရဏ, ဂုရုဂါရယု ဖြစ်ရုံသာမဟုတ်၊ ဗုဒ္ဓဝစနဖြစ်သော အပဒါန်ပါဠိတော်, ၎င်း၏ အဋ္ဌကထာတို့ကိုလည်း မမြော်ရာ ရောက်ချေသည်။ ထိုပါဠိတော်၌
“အဟမို့ ပုဗ္ဗဗုဒ္ဓသု၊ ဗုဒ္ဓတ္တ မဘိပတ္တယိ။ မနသာယေဝ ဟုတွာန၊ ဓမ္မရာဇာ သင်္ခယာ' ဟု ဟောတော်မူသည်။
အနက်ကား-အာနန္ဒ၊ အာနန္ဒာ။ အဟမ္ပိ၊ ငါဘုရားသည်လည်း။ ပုဗ္ဗဗုဒ္ဓသု၊ ရှေ့ရှေ့ သောဘုရားသခင်တို့၏ အထံတို့၌။ မနသာယေဝ၊ စိတ်ဖြင့်သာလျှင် အဓိဋ္ဌိတံ၊ ဆောက် တည်သည်။ ဟုတွာန၊ ဖြစ်၍။ ဗုဒ္ဓတ္တံ့၊ ဘုရားအဖြစ်ကို။ အဘိပတ္ထယ်၊ ဆုတောင် ဖူးပြီ။ တေ၊ ထို ငါ ဆုတောင်းအပ်ကုန်သော။ ဓမ္မရာဇာ၊ ဘုရားအပေါင်းတို့သည်။ အသင်္ခယာ၊ ရေတွက်ခြင်းငှာ မတတ်ရာကုန်ပြီ။
ဤသို့ ကိုယ်, နှုတ်နှစ်ပါးဖြင့် ဘုရားဆုကိုမပန်မီက စိတ်ဖြင့် တောင့်တ၍သာ ပါရမီဖြည့်ရသော ဘဝအသင်္ချေ ရှိကြောင်း၊ ဘုရားအသင်္ချေနှင့် တွေ့ကြောင်းကို ဟောတော် မူသည်။ ယသောဓရာ အပဒါန်၌ကား
“ဗြဟ္မဒေဝဉ္စ သမ္ဗုဒ္ဓံ၊ ပေါရာဏံ သကျဂေါတမံ။
အညသံ လောကနာထာနံ၊ အဓိကာရံ ဗဟူ မယာ' - ဟူ၍ ဗြဟ္မဒေဝ ဘုရာ လက်ထက်ကို အစပြု၍ လာသည်။
၎င်း အပဒါန် အဋ္ဌကထား စရိယာပိဋက အဋ္ဌကထာတို့၌လည်း “ဣဓ မဟာပုရိသော ဥပနိဿယသမ္မဓောဝ ဟောတိ၊ ပုရိမသု ဗုဒ္ဓသု ကတာဓိကာရော၊ အယံ ပဌမော ဟေတု မဟာဘိနီဟာရာယ” စသည်ဖြင့် လာသည်။ ။
ယင်းသို့ ပါဠိတော် အဋ္ဌကထာတို့ကို ထောက်လျှင် သုမေဓာဇာတ်သို့ မရောက်မီ ပါရမီဖြည့်ရသောကာလကား အရှည်အလျားပင် ရှိ၏။ ယင်းသို့ ရှိငြားသော်လည်း ကပ် ကမ္ဘာများသောကြောင့် ဘုရားဆုကို တောင့်တသသူတို့ ထိတ်လန့်ပေရာသောကြောင့်