Skip to product information
1 of 5

Other Websites

ကံချွန် - ဘဝအတွးအခေါ်အယူအဆများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

ငယ်ငယ်တုန်းက ကလေးပေါ့

ဒီနေ့ စား ကာတွန်း၊ ပန်ချီရေး အနုပညာအလုပ်မှန်သမျှ ဟိုစပ်စပ် ဒီစပ်စပ်လုပ်နေတဲ့ ကံချွန်ကို ၁၉၄၆-ခု၊ ဧပြီလ () ရက်နေ့မှာ မိခင် ဒေါ်ရွှင် က မွေးဖွားပါတယ်။ အဘက  ဦးဘဌေးပါ။ သူတို့ရဲ့ အမျိုးသားမှတ်ပုံတင်အမှတ် တွေက AE - ၁၅၄၈၃၇ နဲ့ AE ၁၅၄၈၃၆ပါ။ ဘယ်သူက () ဘယ်သူက () မှန်းတော့မသိတော့ပါဘူး။ မွေးချင်း (၆) ကြိမ်မွေး၊ ()ယောက်ပါ။ အမွှာပူး မိန်ကလေးနှစ်ယောက်ပါတယ်။ အဖက်မတင်ဘူး။ ကာတွန်းဗို မောင်ထက် အငယ်။ ဓါတ်ပုံမောင်လှဝင်းထက် အကြီး။ ကံချွန်အထက် အစ်ကိုတစ်‌‌ယောက် ၊ အစ်မတစ်ယောက်လည်း အဖတ်မတင်ပါဘူး။ ရှင်လျှက်ကတော့ ကံချွန်၊ ဗိုမောင်၊ လှဝင်း ညီအစ်ကိုသုံးယောက်ပါပဲ။

ကံချွန်ဟာ ထူးခြားမှု၊ တိုက်ဆိုင်မှုများနဲ့ မွေးဖွားလာတယ်လို့ အမေက ပြောဖူးပါတယ်။ ကံချွန့်ကိုမွေးစာ စိန့်ပီတာဆေးရုံ (ခုတော့ကျောင်း ပေါ့) မှာ။ ကံချွန့်ကို မွေးမယ့်နေ့က မွေးခန်းမှာ ကံချွန့်အရင် မိခင် (၆) ဦး မွေးဖွားတယ်။ အားလုံး မိန်းကလေးချည်းပဲ။ ပြီးတော့ ကံချွန့်အမေက ကံချွန်ကို မွေးဖွားတယ်။ ကံချွန် လူ့လောကကို ရောက်ပြီးတဲ့နောက် နောက်ထပ် လူ့ လောကကို ရောက်လာတာကလည်။ မိန်းကလေးခြောက်ဦးပဲ။ ကံချွန်ဟာ  အလယ်လူထင်လင်လို့ ယောကျာ်းလေး ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် မွေးပေးတဲ့ ဆရာဝန်ကြီးက ညမှာ ကံချွန့်ကို မင်းကံချွန်တယ်  မင်းနာမည် ကံချွန်လို့ ပေးပါ တယ်။

ကန်ချွန်ရဲ့ အစောဆုံးမှတ်မိတဲ့ အလုပ်ကတော့ သိတတ်စအရွယ်မှာ အောင်သွယ်လုပ်ပေးခဲ့ရတာပါပဲ။ လူပျိုကြီးက ကံချွန့်အိပ်ထဲကို ရည်းစားစာ ထည့်ပေးပြီး ဟိုတိုက်ထဲက မမဆီသွား  မင်းကို မုန့်ပေးလိမ့်မယ်ဆို လွှတ် ပါတယ်။ လေးငါးနှစ်အရွယ်မှာပါ။ ကံချွန်စာ မုန့်ဆိုတာနဲ့ ပြေးတော့တာပါပဲ။ တိုက်ထဲရောက်တော့ မုန့်စားချင်လို့လား။ ရော့ . ရော့ ဆိုပြီး မုန့်နဲ့အတူ ရည်းစားစာတစ်စောင် ကံရဲ့အိပ်ထဲရောက်လာပါတယ်။ ကံချွန် အိပ်ထဲကစာတော့ အပျိုကြီးက နိုက်ယူထားလိုက်ရော။ ပိုးတဝါးမှတ်မိကာကိုအထည် ပြုပေးထားတာ အမေပါ။ အဲဒီတုန်းက ကိုယ့်စာကိုယ် အောင်သွယ်လုပ်မှန်း တယ် သိမှာပါ။ ဒါကတော့ သိတတ်စအရွယ်က ကံချွန်ရဲ့ အကျိုးဆောင် လုပ်ငန်းတစ်ခုပေါ့ ခင်ဗျား ပျော်ဘွယ်မြို့မှာပါ။

ကလေးဘဝကျောင်းနေတဲ့ကာလ သက်တမ်းတစ်လျှောက်လုံးမှာ ထူးထူး ခြားခြား ပြောစရာဆိုလို့ ဘာမှမရှိခဲ့ပါဘူး။ ကံချွန် ကျောင်းတက် ရတာ ပျော်ဘွယ်မြို့ အထက်တန်းကျောင်းမှာပါ။ သူငယ် တန်း  စနေပါတယ်။ ကျောင်း နေလို့မှ တစ်နှစ်မပြည့်ခင်မှာ မိသားစုနဲ့အတူ မန္တလေးပြန်ပြောင်းရပါတယ်။ မန္တလေးမှာ မူလတန်းစသင် ရတာက ချမ်းမြသာစည်တောင် (ကံရွာ) မှာပါ။

လေးတန်းအောင်တော့ ငါးတန်းတက်ဖို့ အမှတ် () . . က ကို ပြောင်းရရော။ အဲဒီမှာက ကျောင်းအုပ်ကြီးက ဆရာကြီး ဦးဘသော်ပါ။ ငါးတန်း၊ ခြောက်တန်းနှစ်လောက်မှာပဲ ကံချွန် ဝတ္ထုတွေဖတ်တာ ဝါသနာပါလာ တယ်ဆိုပါတော့။ ပထမ စဖတ်တာ စုန်း၊ တစ္ဆေ ကဝေ ဝတ္ထုတွေ။ ဆရာကြီး မြစကြာတို့၊ မြစက်ရှင်တို့ရေးတာ။ စုန်း ကဝေ ဝတ္ထုတွေကုန်တော့ တက္ကသိုလ်ဘုန်းနိုင်ကို ဖတ်ဖို့ပေးတယ်။ ကံချွန်ကို စာဖတ်လေ့ကျင့်ပေးတာ ဦးအေးမောင်၊ ဦးအေးမောင်ဆိုတာ ကံရွာထဲကပဲ။ လုပ်တာက မြို့ဟောင်းဘူတာမှာ။ သူ့ဆီမှာက စာအုပ်တွေ ထင်းရှူးသေတ္တာအကြီးစားတွေနဲ့ လေးငါးလုံးရှိတယ်။ တက္ကသိုလ်ဘုန်းနိုင်တွေ ပေးဖတ်ရင်းကနေ သာဓုကို ဖတ်စရာ ခိုင်းပြန်ရော။ မင်ဖတ်ကြည့် သိပ်ကောင်းတယ် ဆိုပြီးတော့၊ ဖတ်ရတာက တပ်ထဲက မြတ်ကိုကို ထင်ပါတယ်နောက်တော့ မြသန်းတင့် သခင်မြသန်းရဲ့ နွံထဲကကြာ၊ ပြီးတော့ ဆရာမြသန်းတင့်နဲ့ သခင်မြသန်းရဲ့ ဝတ္ထုတွေ ဆက်တိုက်ဆက်တိုက် ဖတ်ဖြစ်ရော။ သူ့ဆီမှာ အဲဒီဆရာကြီးတွေ စာအုပ် ဖတ်စရာ ကုန်သွားတော့ အောင်လင်းရဲ့ သဲတစ်ပွင့် ဖတ်စရာပေးတယ်။

အဲဒီကနေ ဗေဒါ မောင့်မမငြိမ်း ဖတ်ဖြစ် သွားတယ်။ နောက်တော့ ဗန်းမော်တင်အောင်တွေ၊ စာရေးဆရာ တစ်ယောက် ဖတ်မိပြီဆိုရင် အဲဒီဆရာသမျှ ထွက်ပြီးသမျှ အကုန်ဖတ်တော့ တာပဲ။အဲဒါ ငါးတန်း၊ ခြောက်တန်း၊ ခုနစ်တန်းနှစ်တွေမှာပါ။ ခုနှစ်တော့ မမှတ်မိတော့ဘူး။ ကံချွန် ခုနစ်တန်း အောင်ခဲ့တာဟာ အစိုးရစစ် ခုနစ်တန်းနောက်ဆုံး နှစ်ပါပဲ။ ကံချွန် ခုနစ်တန်း ပြီးတဲ့နောက်မှာ ခုနစ်တန်းအား ကျောင်းစစ်ဖြစ်သွားပြီး ရှစ်တန်းက အစိုးရစစ် (ဘုတ်စစ်) ဆိုတာ ဖြစ်သွားတယ်။

ကိုးတန်း ဆယ်တန်းမှာတော့ မြင့်ကျော် ၊ မြင့်နီ ၊ မောင်ကြည်ဆွေ၊  ကရမက်။ သန်းဆွေ၊ အောင်လင်းတို့ရဲ့ စာအုပ်တွေကို ကျောင်းစာအုပ်နဲ့အတူ သယ်နေရ တဲ့ အချိန်တွေပါပဲ။ ကံချွန် ကိုးတန်းနှစ်မှာ ပုဂ္ဂလိက ကျောင်းပြောင်းနေပြီ။ လှသိပ္ပံအထက်တန်းကျောင်းမှာပေါ့။ ၁၉၅၈/၅၉ ဝန်းကျင်ကာလက ဖြစ်မယ် ထင်ပါတယ်၊ ကိုးတန်းမှာ ဆုံတာက ကိုငြိမ်း (မန္တလေး)ပါ။ သူက စာကြီးပေကြီးတွေ တအားဖတ်နေတဲ့အချိန်မှာ ကံချွန်က မြင့်ကျော်ဆီ စာရေးနေချိန်ပါ။ မြင့်ကျော်ရဲ့ ဝတ္ထုတွေဖတ်ပြီး မြင့်ကျော်ကိုသနားတာနဲ့ အစ်မနဲ့ ပေးစားပါရစေဆိုပြီး စာရေးဖူးတယ်။ မြင့်ကျော် မန္တလေးကို စာရေးဖို့အတွက် လေ့လာရေးခရီး ထွက်လာတော့ ကံချွန့်ကို လာတွေ့ပါတယ်။ သိပ္ပံကျောင်းမှာပါ။ လှသိပ္ပံကျောင်း ထူထောင်ထားတာက ဆရာ ဦးလှမောင်ပါ။ ဆရာဦးလှမောင်ဆိုတာ စာရေးဆရာ ကျော်စွာထက်ရဲ့ အဖေပါ ။

ကံချွန်ကိုတွေ့တော့ စာရေးဆရာမြင့်ကျော် တော်တော်ဩသွားပါ တယ်။ "ညီက ကလေးရှိသေးတာပဲ" ဆိုတဲ့စကားဟာ မြင့် ကျော် ကံချွန့်ကို တွေ့တွေ့ချင်းပြောတဲ့စကားပါ။ အဲဒီတုန်းက ကံချွန်က  မြင့်ကျော်ကို သူသွား ချင်တဲ့နေရာတွေ လိုက်ပို့ပေးခဲ့ပါတယ်။ မြင့် ကျော်ရဲ့ 'စပယ်ဖြူ” ဝတ္ထုဟာ မန္တလေးနောက်ခံပါ ။ ဝတ္ထုရဲ့ အဖွင့်ကျေးဇူးတင်စကားမှာ ကံချွန့်ရဲ့နာမည်ပါ ပါတယ်။ အဲဒီအချိန်မှာ ကံချွန် စာရေးစပြုနေပါပြီ။ ရည်းစားစာပါ။ မြင့်ကျော် တို့ စုစည်းထုတ်တဲ့ ချစ်ဦးသူသို့ပေးစာများမှာ ကံချွန်ရဲ့ ရည်းစားစာပါ ပါတယ် ခင်ဗျာ၊ စာပေလောကမှာ ကံချွန်ဆိုတဲ့ နာမည်ကို ရည်းစားစာနဲ့ စိုက်ထူလိုက် တာပါပဲ။

အဲသလိုတွေ ရေးနေရင်းကနေ မြိုင်' ၀တ္ထုကို ဖတ်မိသွားတယ်။ ဒီတော့ သတင်းစာဆရာဖြစ်ချင်ပြန်ရော။ နောက်တော့ ဇဝနရဲ့ ကောလိပ်ကျောင်း သား။ သိန်းဖေမြင့်ရဲ့ အရှေ့ကနေဝန်းထွက်သည့်ပမာ၊ အဲသလို စာအုပ်အထူကြီးတွေကိုဖတ်ရင်းကနေ ဘယ်လိုကဘယ်လို အနုပဋိလောမ ရုပ်ဝါဒ၊ ရေသောက်မြစ် သုံးသွယ်၊ ကမ္မပြသနာဆိုတာတွေ ဖက်မိသွားတယ် မသိဘူး ။ ရည်းစားစာရေးတာ ရပ်သွားပါတယ်။

ရည်စားစာရေးတာသာ ရပ် တာပါ။ ခပ်ကြောင်ကြောင်လုပ်ရပ်တွေကတော့ မရပ်ပါဘူး။ မှတ်မှတ်ရရပြောရရင် အဲဒီနဝမတန်းနှစ်မှာ ဝင်ဦးရဲ့ “နှစ်ယောက်တည်းနေချင်တယ်” ရုပ်ရှင်ကားပြတဲ့ အချိန် ကံချွန်ရယ်၊ ခင်မောင်တင့်ရယ် ဝင်းဦးလို ဆံပင်အလယ်ကခွဲ၊ နှုတ်ခမ်းမွေးဆွဲ၊ မင်အနက်နဲ့ မှည့်တုတပ်ပြီး ဓါတ်ပုံ ရိုက်လို့ ဝင်းဦး၊ ဆီပို့ဖူးတယ်။ သူ့ပရိသတ်ပေါ့လေ။ ကိုဝင်းဦး ရဲ့ ဓါတ်ပုံလည်းပြန်ပို့ပေးပါပေါ့။ ခင်မောင်ထင့်ဆိုတာ ခုတော့ ရှုတင်မန်နေဂျာဖြစ်နေပါပြီ။ သင်္ကြန်မိုးတို့၊ ဒဏ္ဍာရီတို့၊ သွေးအတွက်သူတို့ဟာ ခင်မောင်တင့် တာဝန်ယူခဲ့ တဲ့ကားတွေပါ။

ကံချွန်နဲ့ ကလေးဘဝဟာ ထကယ်ကလေးအသိ ကလေးအတွေးနဲ့ ထင်ရာ လုပ်ခဲ့တဲ့ ကံချွန်ပါ။ကလေးဘဝလို့ ပြောရမယ့် ကာလထဲမှာ စာပေလောက ရောက်ကာစ 'စာပေကလေးဘဝ” ကိုလည်းပြောရမှာပါပဲ။ စာပေလောက ရောက်တဲ့ ကလေး ဘဝမှာ လည်း ဟိုစာရေး ဒီစာရေး အကျင့် က မပျောက်သေးပါဘူးခင်ဗျာ။ ၁၉၇၃-ခုနှစ်မှာ ဆရာဗန်းမော်တင်အောင် ဆီကို စာရေးခဲ့ပါသေးတယ်။ ဆရာဗန်းမော်တင်အောင်ကလည်း စာပြန်ပါတယ်။ ပင်းယ စာအုပ်တိုက် တံဆိပ်အိတ်နဲ့ပါ။

ဆရာဗန်းမော်တင်အောင်ရဲ့ စာကို ပြန်ဖတ်ကြည့် တော့ သုံးပုံတစ်ပုံ လောက်ပဲဖတ်လို့ရပါတော့တယ်။ အပြည့်အစုံမဖတ်နိုင်တော့ပါဘူး။ အဲဒီတုန်း ကတော့ ကိုယ်က ဘာတွေရေးလို့ ဆရာက ဘာတွေပြန်နေတယ်ဆိုတာ ဆက်စပ်ပြီး ဖတ်နိုင်ခဲ့ပါရဲ့ ။ ခုတော့ မေ့ကုန်ပြီ။ ဆရာဗန်းမော်တင်အောင်ရဲ့ စာကို ပူးတွဲဖော်ပြထားပါတယ်။ စာဖတ်သူတို့ စိတ်ဝင်စားရင် ဖတ်ကြည့်ရအောင်လို့။

ကံချွန် ။ . ကံချွန်

မြင့်ကျော်ဆီ အစ်မပေးချင်ကြောင်း စာရေးခဲ့ဖူးတယ်။ ဝင်းဦးဆီ ဝင်းဦးလို ဓါတ်ပုံရိုက်ပြီး ပို့ဖူးတယ်။ရည်းစားစာရေးပြီး စာပေနယ်ကို စဝင်ခဲ့တယ်။

ဆရာဗန်းမော်တင်အောင်ဆီ စားရေးခဲ့တယ်။ ငယ်ငယ်တုန်းက ကလေး ကိုး။