Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ကောင်းသာ - အောင်မြင်ရှေ့ဆက်ဆယ်ကျော်သက်အလေ့အထ(၇)ချက်

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out
Type

ငါ ဘယ်သူလဲ

ငါဟာ သင့်ရဲ့ အမြဲတမ်း အပေါင်းအသင်း၊ ငါဟာ သင့်ရဲ့ အကြီးဆုံးကူညီပေးသူ (သို့မဟုတ်) အလေးလံဆုံးသော ဝန်ထုပ်ဝန်ပိုးဖြစ်တယ်။ ငါက သင့်ကိုအပေါ်သို့ တွန်း တင်ပေးတယ်။ ကျဆုံးခြင်းသို့ အရောက် ဆွဲချပေးတယ်။ ငါဟာ သင့်ရဲ့ အမိန့်အာဏာကို အပြည့်အဝလိုက်နာသူ၊ သင်လုပ်သမျှကိစ္စတွေရဲ့ ထက်ဝက်က ငါ့အပေါ် ကျရောက် လာတဲ့အခါ၊ ယင်းတို့ကို ငါလျင်မြန်စွာနဲ့ မှန်ကန်စွာ လုပ်နိုင် ပေလိမ့်မယ်။

ငါဟာ အလွယ်တကူ စီမံခန့်ခွဲတတ်၊ သင်ဟာ ငါနဲ့အတူ ခိုင်မာမြဲမြဲရုံမျှသာ။ သင်လိုတာတစ်ခုခု ငါ့ကို အတိအကျသာပြပါ၊ သင်ခန်း စာ အနည်းငယ်ယူပြီးတဲ့နောက် ငါ အလို အလျောက် လိုက်လုပ်တတ် မှာပါ။ ငါက ကြီးမြတ်သူ ပုဂ္ဂလိက တစ်ဦးချင်းတို့ရဲ့ အစေအပါးဖြစ်သလို၊ ကျဆုံးသူမှန်သမျှ အားလုံးရဲ့ လက်ပါးစေလည်းဖြစ်နေ။ သူတို့က ကြီးမြတ်နေရင်၊ ငါလည်းကြီးမြတ်တာလုပ်မိတတ်။ သူတို့က ကျဆုံး နေရင် ငါလည်းကျဆုံးတာတွေ လုပ်မိတော့တယ်။

ငါက စက်ယန္တရားတစ်ခုတော့မဟုတ်။ စက်ယန္တရား တစ်ခုရဲ့ တိကျသေသပ်မှုအားလုံးနဲ့အတူ၊ လူသားတစ်ယောက် ရဲ့ အသိဉာဏ်ပါ ပေါင်းစပ်ပြီး ငါလုပ်တတ်။ ငါ့ကို သင် အကျိုးအမြတ်တစ်ခုအတွက် မောင်းနိုင်သလို၊ ပျက်စီးခြင်း အတွက်လည်း မောင်းနိုင်တယ်။ ဒီနှစ်မျိုးက ငါ့အတွက် ဘာမှ မကွာခြားပါ။

ငါ့ကို ဆောင်ယူလေ့ကျင့်ပေးလော့။ ငါနဲ့ အတူ ခိုင်မာ မြဲမြဲလျက်။ ဒီအခါ ဒီကမ္ဘာလောကကို သင့်ရဲ့ ခြေဖဝါးအောက် ရောက်အောင် ငါပို့ ဆောင်နေရာချပေးပါ လိမ့်။ ငါနဲ့ သက်သာလွယ်ကူစွာ နှိပ်ပါ။ သင့်ကို ငါ ဖျက်ဆီး ပေးပါမည်။

ငါ ဘယ်သူလဲ။ ?

 

အလေ့အထထဲက အရယူပါ

“သူတို့က သင့်ကို ဖန်တီးမှာလား၊ ချိုးဖျက်မှာလား”

ပထမ ကျွန်ုပ်တို့၏ အလေ့အထများကို လုပ်ရမည်။ နောက်မှ ကျွန်ုပ်တို့၏အလေ့အထ များက ကျွန်ုပ်တို့ကိုလုပ်ပါလိမ့်မည်။

                                                                                           - အင်္ဂလိပ်ကဗျာဆရာ

ကြိုဆိုပါတယ်။ ဒီစာအုပ်ကို သင့်မိဘက ဝယ်ပေးလို့ပဲဖြစ်ဖြစ်၊ သင့်ပိုက်ဆံဖြင့် ပေးဝယ်လို့ပဲဖြစ်ဖြစ်၊ သင့်ထံမှောက် ဒီစာအုပ်ရောက် နေတာကို ကျွန်တော် နှစ်ထောင်းအားရဖြစ်မိပါတယ်။ ကဲ ...၊ သင် ဖတ်သာကြည့်ပါတော့။

ဒီစာအုပ်ထဲ ကာတွန်းပုံတွေ၊ ပါးနပ်တဲ့အယူအဆတွေ၊ မဟာဆိုရိုး စကားတွေအပြင် ကမ္ဘာတစ်ဝန်းလုံးက ဆယ်ကျော်သက်တွေကိုယ်တိုင်ပြောပြတဲ့ အံ့သြဖွယ်ရာ စွမ်းအားပြည့်ဇာတ်လမ်းတို့နဲ့ ဝေဝေဆာဆာ တင်ပြထားပါတယ်။

ဒီစာအုပ်ရဲ့ မူလအခြေခံရာစာအုပ်ကတော့ လွန်ခဲ့တဲ့နှစ်များစွာက ကျွန်တော့်ဖေဖေ “စတီဗင်အာကိုဗေး” ရေးသားခဲ့တဲ့၊ "The 7 Habits of Highly Effective People" ပဲ ဖြစ်ပါတယ်။

အခု ဒီစာအုပ်ကို ထပ်ရေးရတဲ့အကြောင်းကတော့ ရိုးရိုး လူရင့်မာ ကြီးမဟုတ်တဲ့ ဆယ်ကျော်သက်တွေအတွက် ဘဝမှာ ကစားကွင်းရှိ မနေတဲ့အတွက်ကြောင့်ပဲ။ ဖေဖေရေးခဲ့တာ လူကြီးတွေအတွက်ပဲ ဖြစ် နေလို့ စာလေးပြီး ပျင်းစရာ ငြီးငွေ့စရာဖြစ်နေတယ်။ ဆယ်ကျော်သက် တွေအတွက် ဘဝက တောအုပ်နက်ထဲရောက်ရသလို ရှိနေတယ်။ ဒီစာအုပ်ကို လမ်းညွှန်ကွန်ပါလို သုံးပြီး သင့်ဘဝရေကြောင်းလမ်းပြလို အထောက်အကူလုပ်နိုင်ပါတယ်။

“မြင့်မြင့်မားမား စွမ်းဆောင်နိုင်တဲ့ ဆယ်ကျော်သက်တို့ရဲ့ အလေ့ အထကောင်း (၇) ရပ်” ဟာ အောင်မြင်ထက်မြက်ပျော်ရွှင်တဲ့ ဆယ်

ကျော်သက်တို့ ရဲ့ စရိုက်လက္ခဏာခုနစ်ခုပဲ ဖြစ်တယ်။ အကျဉ်းချုပ် အားဖြင့် ဒီအလေ့အထ (၇) ရပ်ကို ရှင်းပြရရင်။

 

အလေ့အထ (၁)။ ။ ထိန်းချုပ်သည်းခံရေး။

သင့်ရဲ့ ဘဝတွက်တာ တာဝန်ယူမှုရှိရမယ်။

 

အလေ့အထ (၂)။ ။ စိတ်ထဲ ယတိပြတ် ပိုင်းဖြတ်ထားချက်နဲ့

စတင်ရေး။ ဘဝထဲ သင့်ရဲ့ လုပ်ငန်းအဖွဲ့နဲ့ ပန်းတိုင်တို့ကို သတ်မှတ်ထားပါ။

 

အလေ့အထ (၃)။ ။ ပထမကိစ္စများကို ပထမနေရာမှာထားရေး။

ဦးစားပေးမှုချထား၊ အရေးအကြီးဆုံးကိစ္စများကို အရင်လုပ်ပါ။

 

 အလေ့အထ (၄)။ ။ သူနိုင်ကိုယ်နိုင်ကိုပဲ စဉ်းစားထားရေး။

လူတိုင်းအနိုင်ရနိုင်တယ်ဆိုတဲ့ သဘောထားကို ထားပါ။

 

အလေ့အထ (၅)။ ။ နားလည်မှု ထားရေးကို အရင် ရှာပြီးမှ

နားလည်အောင်လုပ်။ လူတွေပြောသမျှ၊ ရိုးသားဖြူစင်စွာ နားထောင်ပေးပါ။

 

အလေ့အထ (၆)။ ။ စုပေါင်းစွမ်းအားတင်ရေး။

ပို၍အားထုတ်ကြိုးပမ်းမှုရအောင် အတူတကွ

အလုပ်လုပ်ပါ။

 

အလေ့အထ (၇)။ ။ လွှကို မပြတ်သွေးထားရေး။

သင့်ကိုယ်သင် အချိန်မှန်မှန် ပြန်လည်ဆန်းသစ်ပါ။