Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ကောင်းသာ - အောင်မြင်ရေးအတွက်စိတ်နေစိတ်ထား

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

အခန်း []

စိတ်ခွင်ချထားမှုမျာ:

ကျွန်မလူငယ်သုတေသနလုပ်သူအဖြစ် စတင်တာထွက်စဉ်၊ ကျွန်မဘဝကို ပြောင်းလဲသွားစေမယ့် တစ်စုံတစ်ခုဖြစ်ခဲ့ပါတယ်။ ကျဆုံး ရမှုကို လူတွေဘယ်လိုရင်ဆိုင်ကြသလဲလို့ ကျွန်မမှာ သိချင်စိတ်တွေ စွဲစွဲလမ်းလမ်းဖြစ်ခဲ့တယ်။ ခက်ခဲတဲ့ပြဿနာတွေကို ကျောင်းသားတွေ ဘယ်လိုကိုင်တွယ်သလဲဆိုတာကို စောင့်ကြည့်လေ့လာဖို့ ကျွန်မ ဆုံး ဖြတ်ခဲ့တယ်။ ကျောင်းသားတွေ ပဟေဠိပုစ္ဆာတွေ အတွဲလိုက်ဖြေရှင်းခိုင်း တယ်။ ပထမဆုံးပေးတဲ့ ပဟေဠိတွေက ခပ်လွယ်လွယ်လေးတွေပါ။ နောက်ဟာတွေကို ခက်တာတွေ ဖြေခိုင်းပါတယ်။ ကျောင်းသားတွေ တညည်းညည်းညူညူနဲ့ ခေါင်းစားနေကြစဉ်မှာ သူတို့စဉ်းစားနေ၊ ခံစား နေကြတာတွေကို ကျွန်မ စုံစမ်းထောက်လှမ်းနေမိပြီး၊ သူတို့ရဲ့ မဟာဗျူ ဟာတွေကို စောင့်ကြည့်နေမိတယ်။

၁၀ နှစ်သားကျောင်းသား ကောင်လေးတစ်ယောက်က လက်နှစ် ဖက်ကို ပွတ်ပြီး၊ လျှာကိုယက်လို့ အော်လိုက်သံက “စိန်ခေါ်တာကိုငါ ကြိုက်တယ်ဟေ့”တဲ့။ ပဟေဠိကို ချွေးတလုံးလုံးနဲ့ စိုက်ကြည့်နေ တဲ့ နောက်ကောင်လေးတစ်ယောက်ကလည်း ကျေနပ်အားရဟန်နဲ့ ပိုင်စိုး ပိုင်နင်းပြောလိုက်တယ်။ “မင်းသိပါတယ်။ ငါတော့ ငါဖြေနိုင်ပြီ ထင်ရဲ့”

သူတို့နှစ်ယောက်က အများသူငါတွေ မတူ၊ ဘာတွေကွဲပြားနေပါ လိမ့်လို့ ကျွန်မ စဉ်းစားမရဖြစ်မိသေးတယ်။

လူတိုင်းမှာ စံပုံစံမော်ဒယ်တစ်ယောက်စီရှိကြတယ်။ သူတို့ဘဝ တွေ မှာအရေးတဲ့ အကြောင်းတဲ့ အခိုက်အတန့်မျိုး ကြုံလာတိုင်း ဖြေရှင်း ဖို့နည်းလမ်းတွေ ညွှန်ပြနိုင်မယ့်ပုဂ္ဂိုလ်မျိုးဖြစ်တယ်။ အထက်ပါ ၁ဝ နှစ်သား ကလေး ၂ ယောက်က ကျွန်မရဲ့ စံပြမော်ဒယ်တွေပါပဲ။

သူတို့ဟာ ကျဆုံးမှုကို လက်ဆောင်အဖြစ် ပြောင်းလဲလိုက်နိုင်တဲ့ စိတ်ခွင်ချထားမှုမျိုးကို နားလည်နေသူတွေပါပဲ။ သူတို့သိတာ လူ့ရဲ့ အရည်အသွေးတွေ၊ အသိဉာဏ်ရေးရာကျွမ်းကျင်မှုနဲ့၊ အားထုတ်မှုနဲ့ ထွန်ယက်ပြုစုပျိုးထောင်ရတဲ့အရာမျိုးတွေပါပဲ။ သူတို့ဘာလုပ်လုပ်စမတ် ကျ ရေးပဲ။ ကျဆုံးမှုကြောင့် အားပျက်သွားတာမရှိတဲ့အပြင် ကျဆုံးခြင်း ကို ကျဆုံးခြင်းလို့ သဘောမထားဘဲ၊ လေ့လာသင်ယူစရာတွေ တိုးလာ တယ်လို့တောင် ထင်မိသေး။ တကယ်လို့သင်အောင်မြင်မှုကို စီစဉ်နိုင်ပြီး ကျဆုံးမှုကို ဖြစ်နိုင်သမျှ နည်းတွေနဲ့ ရှောင်နိုင်ရင် သင်ဟာ စမတ်ကျကျ နေနိုင်မယ်။ ရုန်းကန်မှုတွေ အမှားအယွင်းတွေ ဇွဲလုံ့လဝီရိယတွေက ဒီရုပ်ပုံကားရဲ့ အစိတ်အပိုင်းတွေမျှသာ မဟုတ်တော့ပါဘူး။

 

လူတွေဟာ ဘာ့ကြောင့်ခြားနားနေရသလဲ။

 

1.Q ကိုတီထွင်သူ “အယ်ဖရက်ဘီနက်” ဟာ ပြင်သစ်တစ်ယောက် အဖြစ် ပါရီမှာ လုပ်ကိုင်ခဲ့တဲ့ ၂၀ ရာစု စောစောပိုင်းမှာ သူ့စမ်းသပ်မှုကို ဒီဇိုင်းထွင်ပါတယ်။ ပဲရစ်က ပြည်သူ့ကျောင်းတွေရဲ့ ပညာရေးအစီအစဉ်တွေ လမ်းကြောင်းမှန်ပေါ်ရောက်ရေး ဒီဇိုင်းပါပဲ။ ပညာရေးလေ့ကျင့် ပေးမှုတွေက လူ့အခြေခံဉာဏ်အမြော်အမြင်ကို ပြောင်းလဲနိုင်စွမ်းရှိရ မယ်လို့ သူက ယုံကြည်တယ်။ သူ့ရဲ့ အဓိကကျမ်းစာအုပ် “ကလေး သူငယ်များနဲ့ပတ်သက်၍ ခေတ်သစ်ယူဆချက်များ” ထဲမှာ အောက်ပါ အတိုင်း ရေးသားထားပါတယ်။

“ခေတ်သစ်တွေးခေါ်ရှင် အနည်းငယ်က တစ်ဦးချင်းရဲ့ အသိဉာဏ်တွေက ပုံသေအရေအတွက်တစ်ခု စတိုးပွားနိုင်တော့ တဲ့ အရေအတွက်တစ်ခုလို့ ယူဆကြတယ်။ ဒါကို ကျွန်တော်တို့ ကန့်ကွက်ကြရမယ်။ ဒီရက်စက်ကြမ်းကြုတ်တဲ့ အဖျက်ဝါဒကို ဆန့်ကျင်တုံ့ပြန်ကြရမယ်။ လေ့ကျင့်သင်တန်းပေးသွားရင်၊ နည်း အားလုံးမှာ ကျွန်တော်တို့ရဲ့ ဂရုစိုက်မှု ကျွန်တော်တို့မှတ်ဉာဏ်၊ ကျွန်တော်တို့ရဲ့ စီရင်ဆုံးဖြတ်ချက်တွေ တိုးတက်လာဖို့ ကျွန်တော် တို့စီမံခန့်ခွဲနိုင်လို့ အရင်ကထက်ပိုပြီး တကူးတကဉာဏ်ပညာ

တွေ တိုးလာပါလိမ့်မယ်”

ယနေ့မှာ ကျွမ်းကျင်သူအများစု ဒီအချက်ကို သဘောတူကြပါတယ်။ သဘာဝလား၊ တမင်ပြုစုပျိုးထောင်ရေးလား၊ ဗီဇလား- ပတ်ဝန်းကျင်လား။ ဒီအယူအဆ ၂ ရပ်ကြားမှာ အပေးအယူကတော့ အမြဲရှိနေမှာပါပဲ။

ထင်ရှားတဲ့ အာရုံကြောသိပ္ပံပညာရှင် “ဂေးလဘတ်ဂေါ့လီးယတ်ဘဲ” က ကျွန်ုပ်တို့ကြီးပြင်းလာစဉ်၊ ဗီဇနဲ့ပတ်ဝန်းကျင်တို့က ပူးတွဲလုပ်ဆောင် ရုံသာမကဘဲ၊ ပတ်ဝန်းကျင်ဆီက ဗီဇကထည့်သွင်းချက်တွေ ယူဖို့လို တယ်။ သို့မှသာ ကျကျနန အလုပ်လုပ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

လူတွေမှာ ဘဝတစ်သက်တာ တစ်လျှောက်လုံးပိုမိုလေ့လာနိုင်စွမ်း တွေရှိနေပြီး၊ ဦးနှောက်က သူတို့အရင်ကထင်တာထက် အများကြီး ဖွံ့ဖြိုးတိုးတက်လာတယ်လို့ သိပ္ပံပညာရှင်တွေ သိလာကြပါပြီ။ လူတွေမှာ ခြားနားတဲ့ စိတ်နေသဘောထားခြားနားတဲ့ ပါရမီတွေနဲ့ စတင်ကြ ပေမယ့် အတွေ့ အကြုံတွေ လေ့ကျင့်ပေးမှုတွေ ပုဂ္ဂိုလ်ရေးအားထုတ်မှု များအားဖြင့် ကျန်လမ်းကြောင်းတွေ တစ်မျိုးစီဖြစ်နိုင်တယ်။ အသိဉာဏ် ရေးရာ လက်ရှိဆရာကြီး “ရော်ဘတ်စတန်းဘာ့ဂ်”က လူရဲ့ ကျွမ်းကျင်မှု အားထုတ်မှုဆိုင်ရာ အဓိကအခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ရေးသားခဲ့ရာမှာ “ဒါဟာ ပုံသေဦးစားပေးမှုအရည်အချင်းတော့မဟုတ်ဘူး။ တမင်ရည် ရွယ်ချက်ရှိရှိပြင်ယူတဲ့ ချိတ်ဆက်မှုပါပဲ” လို့ ဆိုတယ်။

 

 

                သင့်အတွက် ဒါတွေအားလုံးက ဘာအဓိပ္ပာယ်ဆောင်နေသလဲ။

                       စိတ်ခွင်ချထားမှု ၂ ရပ်။

 

သင့်အရည်အချင်းတွေဟာ ကျောက်သားကျောက်တုံးပေါ်ထွင်း ထုထားသလို၊ ပုံသေစိတ်ခွင်ချထားမှုက သင့်ကိုယ်သင် ထပ်ကာထပ်ကာ သက်သေပြဖို့ အရေးတကြီးဖန်တီးနေတယ်။ တကယ်လို့ သင့်မှာ တစ်စုံ တစ်ရာ အသိဉာဏ်ပမာဏ၊ တစ်စုံတစ်ရာသော ကိုယ်ရည်ကိုယ်သွေး၊ တစ်စုံတစ်ရာသော ကိုယ်ကျင့်စရိုက်တို့ရှိခဲ့ရင်၊ ထိုအရာတို့နဲ့ သင့်ကျန်းမာ ရေးဆေးဝါးဖြစ်ကြောင်း သက်သေပြတာက ပိုကောင်းတယ်။

ဒီစိတ်ခွင်ချထားမှုထဲမှာ သင့်လက်ထဖွံ့ဖြိုးရေးအတွက် စတင်ရာ အမှတ်ကို မှတ်နိုင်တယ်။ တိုးတက်ဖွံ့ဖြိုးရေးစိတ်ခွင်ချထားမှုဆိုတာ သင့်အခြေခံအရည်အချင်းတွေက သင့်အားထုတ်မှုတွေနဲ့ ထွန်ယက်ပြုစု ပျိုးထောင်နိုင်တဲ့အရာတွေပဲလို့ ယုံကြည်တာကို အခြေခံနေခြင်းပါ။ လူတွေဟာ နည်းလမ်းမျိုးစုံနဲ့ ခြားနားနိုင်ပေမဲ့ သူတို့ရဲ့ နဂိုကနဦး ပါရမီတွေ စိတ်ဝင်စားမှုတွေကတော့ လူတိုင်းအတွေ့အကြုံတွေ သုံးစွဲ သွားလေ့ကျင့်သွားရင်းနဲ့ ပြောင်းလဲတိုးတက်နိုင်ကြတယ်။

ပုဂ္ဂိုလ်တစ်ဦးရဲ့ အစွမ်းအစအစစ်အမှန်တွေက မသိရသေး၊ မသိနိုင်သေးတဲ့အရာတွေပါပဲ။ စွဲလမ်းမှု၊ ကြိုးစားမှု၊ လေ့ကျင့်မှုတွေ နှစ်များ စွာလုပ်ပါများလာရင်၊ ဘယ်လောက်ထိတိုးတက်ကြီးထွားလာဦးမယ်ဆို တာ ကြိုမသိနိုင်ပါဘူး။

ဒါဝင်နဲ့ တော်စတွိုင်းတို့က ရိုးရိုးသာမန်ကလေးတွေလိုပဲ စဉ်းစား ခဲ့တာကို သင်သိပါသလား။ ၂၀ ရာစုရဲ့ အရေးအပါဆုံးဓာတ်ပုံအနုပညာ ရှင် “စင်ဒီရှားမင်း” က သူမရဲ့ ပထမဆုံးဓာတ်ပုံသင်တန်းမှာ ကျခဲ့ရသေး တာကိုလည်း သင်သိပါသလား။

ပွေ့ဖက်ထားချင်စရာ အရည်အချင်းတွေဖြစ်တဲ့၊ ယုံကြည်မှုက လေ့လာသင်ယူခြင်းအတွက် စွဲလမ်းမှုဖန်တီးရင်း တိုးတက်ကြီးထွားလာ နိုင်ကြောင်းကို သင်တွေ့နိုင်တယ်။

သင့်ကိုယ်သင် ဖြန့်ကြက်ဆန့်တန်းဖို့ စွဲလမ်းခြင်းဟာ အခြေအနေ မကောင်းတဲ့အခါမျိုးမှာတောင်၊ စိတ်ခွင်ချထားမှုကြီးထွား ဖွံ့ဖြိုးရေးရဲ့ မင်္ဂလာကဗ္ဗည်းတင်ပွဲပဲဖြစ်နေဦးမယ်။ ဒီစိတ်ခွင်ချထားမှုက လူတွေကို သူတို့ဘဝတွေရဲ့ စိန်ခေါ်ချက် အများဆုံးကာလတွေအတွင်းမှာ အားထုတ် ရယူခွင့်ပြုဦးမှာ ဖြစ်ပါတယ်။

 

                                 စိတ်ခွင်ချတားမှု ၂ ရပ်မှ ရှုမြင်သုံးသပ်ချက်တစ်ရပ်။

 

ပုံသေစိတ်ခွင်ချထားမှုရှိတဲ့ လူတွေကို ကျွန်မမေးကြည့်တဲ့အခါ သူတို့ပြောကြတာတွေက “ငါပယ်ချခံရသလိုပဲ လုံးဝကျဆုံးရတာပါပဲ”တို့ “ငါက လူမိုက်လူနုံလူအ ဆုံးရှုံးရသူ ဘာနဲ့မှမထိုက်တန်တဲ့ဘဝ၊ လူတိုင်း ငါ့ထက်ကောင်းကြတယ်” ဆိုတဲ့ စကားမျိုးတွေပြောတတ်ကြတယ်။

သူတို့ဘဝတွေအပေါ် ဘယ်လိုထင်မြင်ယူဆကြသလဲ ကြည့်ဦး မလား၊ “ငါဘဝက သနားစရာပဲ”၊ “ငါ့မှာဘဝမရှိ”၊ “အပေါ်ကလူတွေက ငါ့ကို ငုံ့ကြည့်ပြီး အထင်သေးလိုက်ကြမယ့်ဖြစ်ခြင်း” “တစ်ယောက်ယောက်ကတော့ ငါ့ကို ဖျက်ဆီးနေပြီ”၊ “ဘဝတွေက မတရားဘူး။ ဘာပဲလုပ်လုပ် အသုံးမကျတာတွေချည်းပဲ” “ဘယ်သူမှ ငါ့ကိုမချစ်ကြ၊ မေတ္တာမရှိ။ လူတိုင်းကြည့်မရအောင် ငါ့ကိုမုန်းနေကြတယ်” ဆိုတာ တွေပဲ တညည်းညည်း တညုညု ပြောတတ်ကြလေရဲ့။ ။

ကြီးထွားဖွံ့ဖြိုးတဲ့ စိတ်ခွင်ချမှုတွေရှိတဲ့ လူတွေကို အလားတူမေး ကြည့်ပြန်တော့၊ သူတို့ပြောကြတဲ့စကားတွေက ဆန့်ကျင်ဘက်ထူးခြား နေပြန်တယ်။

“အတန်းထဲမှာ ငါထပ် ခက်ခက်ခဲခဲကြိုးစားဖို့လိုလာတာပေါ့ ”

“ပြီးခဲ့တဲ့ စာမေးပွဲမှာ ငါဘာတွေမှားသလဲလို့ ပြန်ကြည့်ရမယ်။ သင်ခန်းစာယူစရာရှိတာ ယူပြီး၊ နောက်စာမေးပွဲမှာအောင်ရမယ်”တို့ပါပဲ။

ဒီလိုလူတွေက ကျဆုံးမှုအပေါ် စိတ်ပျက်လက်လျှော့တာ မရှိဘူး။ စိတ်ညစ်ရ၊ စိတ်ပျက်ရတာ ရှိပေမယ့်၊ ဒီခံစားချက်တွေ တစ်ခဏချင်းပယ် ဖျက်ကျော်လွှားပစ်တတ်တယ်။ အခက်အခဲ၊ အတားအဆီးတွေ ကျော်

လွှားဖို့ အရဲစွန့်ပြီး၊ စိန်ခေါ်ချက်တွေ ရင်ဆိုင်တယ်။ ကိုယ့်အလုပ်ကို မပျက်တမ်းဆက်ကြိုးစားတဲ့ ဇွဲနပဲလုံ့လဝီရိယအကန့်အသတ်မရှိပါ။

 

                                     ကဲ-ဒါဖြင့်၊ အသစ်အဆန်းဆိုတာ ဘာပါလိမ့်။

 

ကျွန်မတို့မှာ အရဲစွန့်ခြင်းရဲ့ အရေးပါမှု၊ ဇွဲလုံ့လရဲ့ စွမ်းအားတွေ နဲ့ပတ်သက်တဲ့ ဆိုရိုးစကားတွေ များစွာရှိကြတယ်။ “အနာမခံရင်၊ အသာမစံရ” ဆိုတဲ့စကားပုံက ဒီသဘောတရားကို ဆိုလိုတာပါ။ ပထမ အကြိမ်မအောင်မြင်ရင် ထပ်ကာထပ်ကာ ကြိုးစားရမှာပဲပေါ့။ “ရောမပြည် ကြီးကို တစ်ရက်တည်း အပြီးမတည်ဆောက်နိုင်ပါ” ဆိုတဲ့သိုးဆောင်း စကားပုံကိုလည်း မမေ့ပါနဲ့။

 

ပုံသေစိတ်ခွင်ချမှုရှိသူတွေက “မလုပ်-မရှုပ်”တို့ “အနာမခံတော့၊ ဘာမှဆုံးရှုံးစရာမရှိ” တို့နဲ့ ဆင်ခြေပေးနိုင်တယ်။ ပထမအကြိမ်မအောင် မြင်တာနဲ့ စိတ်ပျက်လက်လျှော့ပြီး စွမ်းအင်တွေ ကုန်ခန်းသွားတတ်တယ်။

ရောမပြည်ကြီးကို တစ်ရက်တည်းအပြီးမတည်ဆောက်နိုင်ဆိုတဲ့ စကားထဲမှာ အရဲစွန့်ဒုက္ခခံမှုနဲ့ မဆုတ်မနစ်အားထုတ်မှုတို့ ပါဝင်နေ တယ်။

လူ့အယူအဆတွေထဲက အသစ်အဆန်းဆိုလို့ သူတို့ရဲ့ အခြေခံ စိတ်ခွင်ချထားမှုတို့၊ ကြီးထွားဖွံ့ဖြိုးအောင် အားထုတ်မှုတွေ၊ အရဲစွန့်ဒုက္ခ ခံမှုတွေနဲ့ ရင်းပြီးလုပ်ဖို့ပဲ ရှိပါတယ်။ စိန်ခေါ်ခြင်းရဲ့ တန်ဖိုး၊ အားထုတ် ခြင်းရဲ့ အရေးပါမှုတို့ကို အသိအမှတ်ပြုတတ်ရမယ်။ ဒီသဘောတွေဟာ ကြီးထွားဖွံ့ဖြိုးတဲ့စိတ်ခွင်ချမှုတွေက တိုက်ရိုက်လာနေကြောင်း ကျွန်မ တို့ရဲ့ သုတေသနပြုချက်တွေက ပြနေတယ်။ လူတွေကို ဒီကြီးထွားဖွံ့ဖြိုး တဲ့စိတ်ခွင်ချမှု အကြောင်းသင်ပေးပါတယ်။

သင်ပထမစပြီး နားလည်ရမှာက ပုံသေနဲ့ ကြီးထွားတဲ့စိတ်ခွင်ချ မှုနှစ်မျိုးစလုံးကို ဖြစ်တယ်။ ပုံသေဖြစ်ရာကနေ ဘယ်လိုကြီးထွားဖွံ့ဖြိုး တဲ့ စိတ်ခွင်ချမှုဖြစ်လာရတယ်ဆိုတာ သင်တွေ့ရမယ်။ ကျောက်တုံး

ကျောက်ဆောင်ပေါ်ထွင်းထုထားတဲ့ အတွေးတွေလုပ်ရပ်အသေတွေက သင်ထွန်ယက်ပြုစုပျိုးထောင်ပေးတဲ့ ခြားနားတဲ့ အတွေးသစ်တွေ၊ အယူ အဆသစ်တွေနဲ့ လုပ်ရပ်သစ်တွေအဖြစ် ကြီးထွားလာလို့ သင့်ကို လုံးဝ ခြားနားတဲ့ လမ်းကြောင်းသစ်ဆီ ဆွဲတင်ပေးပါလိမ့်မယ်။

 

                              မိမိကိုယ်တိုင် ထိုးထွင်းသိမြင်ခြင်း။

                      ကိုယ့်ရဲ့ ရပိုင်ခွင့်နဲ့ အကန့်အသတ်တွေကို ဘယ်သူက

                                   တိတိကျကျရှုမြင်တတ်သလဲ။

 

             ကြီးထွားတဲ့ စိတ်ခွင်ချမှုရှိတဲ့သူတွေဟာ သူတို့ကိုယ်သူတို့ “အိုင်းစတိုင်း” တို့ “ဘီသိုဗင်”တို့လို မစဉ်းစားကြပါဘူး။ ဒါပေမဲ့ သူတို့ စွမ်းရည်တွေ ရှုမြင်ရာမှာတော့ အသေမထား ကြီးထွားဖွံ့ဖြိုးစွာ မြင်ကြ ပါတယ်။ သူတို့ ရဲ့ အရည်အချင်းတွေ ခန့်မှန်းရာမှာ တကယ်ကို

ကြောက်ခမန်းလိလိပါပဲ။ လူတွေဟာ သူတို့လုပ်ဆောင်မှုနဲ့ အရည် အချင်းတွေကို ခန့်မှန်းတွက်ချက်ရာမှာ ကြီးကြီးမားမားလွဲမှားနေကြကြောင်း တွေ့ရတယ်။ ပုံသေစိတ်ခွင်ချမှုရှိသူတွေက မတိမကျမှု မှန်သမျှ အားလုံးနဲ့ပဲ တွက်ချက်လုပ်နေကြတာမို့ပါပဲ။ ကြီးထွားတဲ့စိတ်ခွင်ချမှု ရှိသူတွေက တိကျသေသပ်မှုမှာ အံ့မခန်းလောက်အောင် တွေ့ရတယ်။

သင့်ရဲ့ လက်ရှိအရည်အချင်းတွေ၊ ထိရောက်အောင် လေ့လာသင် ယူဖို့၊ သင့်မှာ တိကျတဲ့သတင်းအချက်အလက်တွေ လိုပါတယ်။ သင့် ယခင်က လမ်းကြောင်းက ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ်၊ စိတ် ခွင်ချမှုကို ပုံသေထားသူတွေဟာ ဘဝရုပ်ပုံကားထဲဝင်ရောက်ရာမှာ ရွဲ့ စောင်းမတော်မတည့်ဖြစ်ရတာမျိုးနဲ့ ကြုံရစမြဲပါ။

“သာမန်ထက်ထူးကဲတဲ့စိတ်” စာအုပ်ရေးသူ၊ “ဟောင်းဝပ်ဂါဒနာ” က သူ့စာအုပ်မှာ ခုလိုနိဂုံးချုပ်ထားခဲ့တယ်။

“ခြွင်းချက်မဲ့တဲ့ တစ်ဦးချင်းတွေက သူတိုရဲ့ ကိုယ်ပိုင်အင်အားနဲ့ အားနည်းချက်တွေကို ခွဲခြမ်းပြဖို့အတွက် ထူးခြားတဲ့ပါရမီရှိကြတယ်”

 

 

                         ဘာတွေလှောင်ထားလဲ။

 

အထက်ပါခြွင်းချက်မဲ့သူတွေမှာ ရှိတဲ့ထူးခြားတဲ့ ပါရမီတွေဟာ

 

ဘဝရဲ့ ဆုံးရှုံးနစ်နာမှုတွေကနေ အနာဂတ်အောင်မြင်မှုတွေဆီ ပြန်လှည့် ပြောင်းနိုင်စွမ်းတွေပါတယ် ထင်ရတယ်။

အတိကျတွေ့ရတာက ကြီးထွားတဲ့ စိတ်ခွင်ချမှုရှိသူတွေက ဇွဲလုံ့လ ဝီရိယအမျိုးအစားနဲ့ တောင့်ခံသည်းခံဒုက္ခခံနိုင်မှုမျိုးကို ထုတ်လုပ်ပေး တယ်ဆိုတာပါပဲ။

သင်မေးနိုင်တယ်။ “ယုံကြည်မှုတစ်ခုက ဟောဒီအရာတွေဖြစ်တဲ့၊ “စိန်ခေါ်မှုကို ချစ်မြတ်နိုးမှု၊ အားထုတ်မှုကို ယုံကြည်ခြင်း၊ ဆုံးရှုံးမှု

တွေကို တောင့်ခံသည်းခံနိုင်မှုတွေဆီ ဦးတည်သွားရင်း နောက်ဆုံးမှာ ပိုကြီးမားတဲ့ အောင်မြင်မှုဆီကို ဆိုက်ရောက်နိုင်ပါတယ်” နောက်အခန်း တွေမှာ ဒါကို ပြောပြသွားမှာပါ။

 

                       သင်ရဲ့ စိတ်ခွင်ချထားမှုကို ကြီးထွားပါစေ။

 

သင့်မှာ ဘယ်လိုစိတ်ခွင်ချထားမှုမျိုး ရှိပါသလဲ။ အောက်ပါ မေးခွန်းတွေ ဖြေကြည့်ရင်း စစ်ဆေးကြည့်ပါ။

 

၁။ သင့်ရဲ့ အသိဉာဏ်က သင်သိပ်များများပြောင်းလဲလို့ မရတဲ့

သိပ်အခြေခံကျလွန်းတဲ့ အရာဖြစ်နေတယ်။

 ၂။ သင်အရာကိစ္စအသစ်တွေကို လေ့လာနိုင်တယ်။ ဒါပေမဲ့

သင်အမှန်တကယ်မပြောင်းလဲနိုင်ပါဘူး။

 ၃။ သင့်မှာ အသိဉာဏ်တွေ ဘယ်လောက်များများရှိနေပါစေ အကြောင်းမဟုတ်ပါဘူး။ သင်အမြဲတမ်း အတော်များများ

ပြောင်းလဲနိုင်တယ်။

 ၄။ သင့်မှာ ဘယ်လိုအသိဉာဏ်မျိုးရှိရှိ၊ သင်အမြဲတမ်းလုံလောက်

အောင် ပြောင်းနိုင်တယ်။ မေးခွန်း၁/ နဲ့ ၂/တို့က ပုံသေစိတ်ခွင်ချထားမှုနဲ့ ဆိုင်ပါတယ်။

မေးခွန်း ၃/ နဲ့ ၄/တို့က ကြီးထွားတဲ့စိတ်ခွင်ချထားမှုနဲ့ ဆိုင်ပါ တယ်။

သင်မပြတ်မသားဖြစ်နေနိုင်ပေမယ့် တစ်ဖက်ဖက်ကိုတော့ ချိန်ခွင် လျှာတိမ်းတတ်စမြဲပါ။ သင့်မှာ တခြားအရည်အချင်းတွေနဲ့ပတ်သက် တဲ့ ယုံကြည်မှုတွေလည်း ရှိနိုင်တယ်။ အားကစားအရည်အချင်း၊ အနု ပညာရေးပါရမီစီးပွားရေးလုပ်ငန်းကျွမ်းကျင်မှုတို့ လိုပေါ့။

သင့်မှာ ပုဂ္ဂိုလ်အရည်အသွေး၊ ကိုယ်ရည်ကိုယ်သွေး၊ စရိုက် လက္ခဏာတွေလည်း ရှိတတ်မြဲပဲမို့ အဲဒါတွေ စစ်ကြည့်ဖို့ အောက်ပါ မေးခွန်းတွေ ဖြေကြည့်ပါ။

 

 ၁။ သင်ဟာ ပုဂ္ဂိုလ်အမျိုးအစားတစ်ခုဖြစ်တယ်။ အမှန်ပြောင်းလဲရေးသိပ်များများ မလုပ်နိုင်ဘူး။

 

 ၂။ သင်ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်ဖြစ်၊ သင်အမြဲတမ်း လုံလောက်အောင် ပြောင်းလဲနိုင်တယ်။

 

 ၃။ သင်ခြားနားတဲ့ကိစ္စတွေ လုပ်နိုင်ပေမယ့်၊ အရေးကြီးတဲ့အပိုင်းတွေတော့ တကယ်မပြောင်းနိုင်ဘူး။

 

၄။ သင်ဘယ်လိုလူစားမျိုးလဲဆိုတာနဲ့ ပတ်သက်ပြီး အခြေခံကိစ္စတွေ အမြဲတမ်းပြောင်းလဲနိုင်တယ်။

 

မေးခွန်း ၁/ နဲ့ ၃/က ပုံသေစိတ်ခွင်ချမှုနဲ့ ဆိုင်တယ်။

 ၂/နဲ့ ၄/တို့ က ကြီးထွားတဲ့ စိတ်ခွင်ချမှုနဲ့ ဆိုင်တယ်။

အသိဉာဏ်ရေးရာနဲ့ ကိုယ် ရည်ကိုယ်သွေးစိတ်ခွင်ချမှုတွေ ဖြစ်တယ်။

သင့်စိတ်ခွင်ချမှုကို သင်ပြောင်းနိုင်ကြောင်းပါပဲ။