ကောင်းသာ - အောင်မြင်ရေးသေနင်္ဂဗျူဟာ
နိဒါန်း
ရုံးချိန်နာရီများအတွင်းမှာ ကျွန်မလေ့လာခဲ့သမျှ
သေနင်္ဂဗျူဟာနဲ့ပတ်သက်လို့ ပြန်ပြင်ဆင်ရေး ရှုထောင့်မျိုး သင်ရတော့မယ်။ သင်လေ့လာခဲ့တာတွေက မမှန်ကန်လို့ မဟုတ်ပါ။ မပြည့်စုံသေးတာပဲ ဖြစ်ပါတယ်။
သေနင်္ဂဗျူဟာဆိုတာ ကမ္ဘာပေါ်က စီးပွားရေးကျောင်းတိုင်း အားလုံးနီးပါးမှာ အခြေခံသင်တန်းတစ်ခုအဖြစ် သင်ကြားပို့ချနေ ကြတာ ဖြစ်တယ်။ ကျွန်မကိုယ်တိုင်နှစ် ၃ဝကျော်အောင် ဒါနဲ့ ပတ်သက်လို့ အမျိုးမျိုး သင်ယူလေ့လာခဲ့တဲ့အနက် ပထမ “မစ်ချီဂန်” တက္ကသိုလ်၊
နောက် “ကယ်လော့ဂ်”ကျောင်း၊ နောက်ဆုံး အနှစ် ၂၀ ကျော်မှာ “ဟား ဗတ်” စီးပွားရေးကျောင်းမှာ လေ့လာခဲ့တာတွေ ပါဝင်ပါတယ်။
၅ နှစ်ကြာလေ့လာခဲ့ရတဲ့ ဟားဗတ်ရဲ့ Entrepreneur Owner နဲ့ President တို့ရဲ့ ပရိုဂရမ် (EOP) { စီးပွားရေးသမားပိုင်ရှင်နဲ့ ဥက္ကဋ္ဌတို့ရဲ့ အစီအစဉ်) မှာ သီးသန့်တက်ခဲ့တာက ဒီစာအုပ်ရေးရတဲ့အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ နိုင်ငံရဲ့ စက်ရုံတိုင်းလိုလိုက ခေါင်းဆောင်တွေနဲ့ ရင်းနှီးခင်မင်စွာ တက်ရောက်လုပ်ရပြီးတဲ့နောက်မှာ သူတို့ ဟာ ကျွန်မ သင်ကြားခဲ့ရသမျှ သေနင်္ဂဗျူဟာအကြောင်းတွေက သူတို့ ကိုယ်ပိုင် လက်တွေ့ကမ္ဘာရဲ့ သေနင်္ဂဗျူဟာပြဿနာတွေ ပြောင်းလဲရေးနဲ့ ရင်ဆိုင်ရရုံမက ဒါနဲ့ပတ်သက်လို့ ကျွန်မဘယ်လိုစဉ်းစားကြောင်းတွေ ကိုပါ အခြေခံကျကျ နားလည်သွားကြပါတယ်။ ဒီအတွေ့အကြုံက ကျွန်မကို သေနင်္ဂဗျူဟာ အခြေခံယူဆချက် တချို့ကို စိန်ခေါ်လာစေ တယ်။ နောက်ဆုံးတော့ ဘေးပတ်ဝန်းကျင်မှာ ပေါ်လာတဲ့ စိတ်ဓာတ်ရေး အစုနဲ့ ယဉ်ကျေးမှုနှစ်မျိုးစလုံးကို မေးခွန်းထုတ်လာစေတော့တယ်။
ယုံကြည်မိလိုက်တာအားလုံးက ပြောင်းပစ်ရမယ့်အချိန်တော့ ကျပြီဆိုတာပဲ။ သေနင်္ဂဗျူဟာကို ခြားနားတဲ့နည်းလမ်းနဲ့ ချဉ်းကပ် ရမယ့်အချိန် လုပ်ငန်းစဉ်ကို ယန္တရားဆန်ဆန် ခွဲခြမ်းစိတ်ဖြာတဲ့ လုပ်ရပ် ဆီကနေ ပိုပြီးနက်ရှိုင်း၊ ပိုအဓိပ္ပာယ်ပါပြီး၊ ခေါင်းဆောင်တစ်ယောက် အတွက် ဆုရလဒ်ရှိရမယ့် တစ်စုံတစ်ခုဆီ အသွင်ပြောင်းလဲရေးလုပ်ဖို့ အချိန်တွေကို ရောက်လာတာပါပဲ။
ဒီနေရာသို့လမ်းမ
လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က စီးပွားရေးကျောင်းအများစုမှာ သေနင်္ဂဗျူဟာကို အထွေထွေစီမံခန့်ခွဲရေးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သင်ကြားကြလေ့ရှိပါတယ်။ ဥက္ကဋ္ဌတွေက အရေးကြီးဆုံးတာဝန်တွေ ယူရတဲ့ ပုဂ္ဂိုလ်တွေအဖြစ် ခွဲခြားသတ်မှတ်ခဲ့ကြတယ်။ ဒီရှင်သန်အက္ခရာ ကျတဲ့အခန်းကဏ္ဍက ပုံသေနည်းတွက်ထုတ်ရေးရော အကောင်အထည် ဖော်ရေး နှစ်ခုစလုံးပါဝင်တွဲဖက်နေပြီး စဉ်းစားတွေးတောခြင်းနဲ့ လက် တွေ့ လုပ်ခြင်းတို့ ပေါင်းစပ်ထားတယ်။
မန်နေဂျာတွေက သူတို့ရဲ့ ပိုင်ဆိုင်မှုအနေအထားကို ဆွဲဆောင်မှု ကောင်းအောင် "SWOT" ပုံစံမော်ဒယ်ကို ယူတယ်။ Strengthsဆိုတဲ့ အင်အား Weaknesses ဆိုတဲ့ အားနည်းချက်တွေ Opportunities ဆိုတဲ့ အခွင့်အလမ်းတွေနဲ့ Threats ဆိုတဲ့ ခြိမ်းခြောက်ချက် တွေဆိုတဲ့ ၄ ချက် ပါဝင်တဲ့ မော်ဒယ်ပါပဲ။
၁၉၈ဝ ခုတွေနဲ့ ၁၉၉ဝ ခုတွေတုန်းက ကျွန်မရဲ့ အပေါင်းအသင်း လုပ်ဖော်တစ်ယောက်ဖြစ်တဲ့ “မိုက်ကယ်အီးပေါ်တာ”က ဒီနယ်ပယ်မှာ အရေးပါတဲ့ ရေခံမြေခံအသစ်ကို လုပ်လိုက်တာကတော့ “အခွင့်အလမ်း” နဲ့ “ခြိမ်းခြောက်ချက်” နှစ်ရပ်ကို ခွဲခြမ်းစိတ်ဖြာ အတည်ပြုလိုက်ပြီး များစွာလိုအပ်နေတဲ့ စီးပွားရေးသဘောတရားတွေ ယူလာရင်း၊ ပြိုင်ဆိုင်မှု ပတ်ဝန်းကျင်တွေ ခိုင်မာအောင်လုပ်ရေးအတွက် ခေတ်မီဆန်းပြားတဲ့ နည်းတွေသုံးတယ်။
အဲဒီအချိန် ကျွန်မရဲ့ ကိုယ်ပိုင်အကယ်ဒမီသင်တန်းနဲ့ သုတေသန တွေက ပညာတတ်ပတ်ဝန်းကျင်ကို ရောင်ပြန်ဟပ်နေပြီး၊ နှစ်များစွာ စာသင်ခန်းထဲလုပ်ခဲ့သမျှက ဒီသေနင်္ဂဗျူဟာနယ် “အသစ်”ကို ရှင်သန် ပွားများစေပါတယ်။ ပြဿနာတွေ တက်လာတာက ခေါင်းဆောင်တွေ ရဲ့ ဖျန်ဖြေသူနဲ့ သေနင်္ဂဗျူဟာစောင့်ကြပ်သူ အခန်းကဏ္ဍတွေက ကျဉ်း
မြောင်းမြုပ်ကွယ်လာတာပါပဲ။ ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်း ရေးသားခဲ့တဲ့ စာအုပ်တွေမှာ သေနင်္ဂဗျူဟာနဲ့ ပတ်သက်တာ ဘာမှမပါခဲ့ဘူး။ ကျွန်မတို့ က သေနင်္ဂဗျူဟာကို ကျဉ်းမြောင်းတဲ့ ထောင်ထဲပို့ခဲ့တယ်။ ဦးနှောက်ရဲ့ ဘယ်ဘက်လေ့ကျင့်ခန်းထဲမှာ လျှော့ချခဲ့တယ်။ ဒါကြောင့် ယင်းရဲ့ ရှင်သန်မှုတွေ များစွာပျောက်ဆုံးရပြီး ကုမ္ပဏီရဲ့ တစ်နေ့တာချင်း ဆက် စပ်မှုများစွာမှာ အားထုတ်မှုတွေ၊ ဦးဆောင်သွားရမယ့်အမြင်တွေ ပျောက် ဆုံးသွားရတယ်။
EOP အစီအစဉ်သင်ကြားရတော့မှ ဒီပျောက်ဆုံးသွားတဲ့ အမြင် တွေ ကျွန်မပြန်ရတော့တယ်။
ပထမအုပ်စုထဲ စလုပ်ကိုင်လာတဲ့အခါ ဘယ်အမှုဆောင် ပရိုဂရမ် မှာဖြစ်ဖြစ် သုံးလို့ရတဲ့ သင်ရိုးညွှန်းတမ်းမျိုးကို ကျွန်မ သုံးတယ်။ စာသင် တန်း ဆွေးနွေးချက်အတွဲတွေ တင်ပြချက်တွေတစ်လျှောက် သေနင်္ဂ ဗျူဟာ စည်းမျဉ်းတွေလည်း ဆွေးနွေးခဲ့ရာမှာ ယင်းရဲ့ အယူအဆ၊ တင်းအားငြင်းခုံချက်တွေကို ရှင်သန်စွာ လေ့လာနိုင်ခဲ့ကြတယ်။ ကျွန်မတို့ လုပ်သမျှရဲ့ တန်ဖိုးရှိလှတဲ့ အပိုင်းပါပဲ။
အဲဒီသင်တန်းတွေမှာ အမှုဆောင်တွေ စီးပွားရေးသမားတွေ ပါဝင်တဲ့ EOP ကျောင်းသားတွေက သူတို့ကုမ္ပဏီမှာ ရင်ဆိုင်နေကြရ တဲ့ အခြေအနေအမျိုးမျိုးအကြောင်း ပြောကြတယ်။ အဲဒီ ပြောဆိုချက် တွေ အလှည့်အပြောင်း အမျိုးမျိုးဖြစ်ခဲ့ပြီး၊ သမားရိုးကျ မေးခွန်းထုတ်မှု တွေက ခွဲခြမ်းစိတ်ဖြာမှု အကန့်အသတ်တွေ ရောက်လာတဲ့အခါ မရှင်း လင်းတော့ဘူး။
မန်နေဂျာတွေနဲ့ ၃ နှစ်လောက် အတူတူလုပ်ကိုင်ရင်း ကြားခဲ့ရတဲ့ ပုံပြင်ထဲက ပုံပြင်တွေအနှံ့၊ သေနင်္ဂဗျူဟာနဲ့ပတ်သက်တာ ခိုင်ခိုင်မာမာ မစဉ်းစားနိုင်ခဲ့ကြဘူး။ ဖြေရှင်းရမယ့် ပြဿနာတစ်ခုအဖြစ် သေနင်္ဂဗျူဟာ ဆိုတာ ကုမ္ပဏီတစ်ခုရဲ့ ပြိုင်ဆိုင်မှုအနေအထားနဲ့ ထူးခြားမှုမှာ ကိန်းဝပ်နေတဲ့ ဖန်တီးမှု တန်ဖိုးစနစ်ပဲလို့၊ တစ်စုံတစ်ရာ ဖွင့်လှစ်ထား ပေမဲ့ ပိတ်ထားတာမရှိတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒါက ရွေ့လျားလည် ပတ်ပြောင်းလဲနေတဲ့ စနစ်တစ်ခုပါပဲ။
သေနင်္ဂဗျူဟာသမားဆိုတာ လူသားခေါင်းဆောင်တစ်ဦးပါပဲ။ ဒီအမှုဆောင်တွေဟာ အရာကိစ္စတွေ အမှန်အကန်ဖြစ်ဖို့ရာ ဘယ်လောက် တာဝန်ရှိကြသလဲဆိုတာ ကျွန်မမြင်တယ်။ ဒီရွေးချယ်မှုထဲမှာ သူတို့ဘယ်လောက်ထိ ရင်းနှီးမြှုပ်နှံထားတယ်ဆိုတာလည်း ကျွန်မ နားလည် တယ်။ ဒီအားထုတ်အောင်မြင်မှုတွေရဖို့ သူတို့ရဲ့ စွမ်းအင်တွေနဲ့ ဇောက်ချမှုတွေ လုပ်ခဲ့တာ ကျွန်မမြင်တယ်။
နားလည်မှုအသစ်တစ်ရပ်
ကျွန်မတို့ရဲ့ ဘဝတွေအားလုံးထဲမှာ ကျွန်မတို့ကို အသွင်ပြောင်း လဲခဲ့တဲ့ လေ့လာမှုအချိန်တွေ ရှိခဲ့တယ်။ ဒါက ရင်းနှီးကျွမ်းဝင်မှုက ဝေးကွာစေခဲ့တယ်။ လမ်းသစ်တွေ မြင်နိုင်အောင်လည်း လုပ်ပေးတယ်။ ကျွန်မအတွက်တော့ EOP အတွေ့အကြုံက ဒီကာလတွေထဲက တစ်ခုပါ ပဲ။ ဒါက သေနင်္ဂဗျူဟာနဲ့ပတ်သက်တဲ့ ကျွန်မရဲ့ ဗဟိုအကျဆုံး ရှုမြင် သုံးသပ်ချက်တွေ တချို့ကို ပြောင်းလဲသွားစေရုံမက သေနင်္ဂဗျူဟာနဲ့ ပတ်သက်တဲ့ ဘက်စုံအမြင်အသစ် တစ်ခုလည်းပေးတယ်။
ဒီစာမျက်နှာတွေမှာ သင်နားလည်မှု အသစ်တွေရမယ်လို့ ကျွန်မ မျှော်လင့်တယ်။ “သေနင်္ဂဗျူဟာသမား”ကျမ်းက လုပ်ရပ်ကို တက်လှမ်း ဖို့ ဆင့်ခေါ်လိုက်တာပါ။ ဆယ်စုနှစ်များစွာ လျစ်လျူရှုထားခဲ့တဲ့ သေနင်္ဂ ဗျူဟာလုပ်ငန်းစဉ်ရဲ့ မရှိမဖြစ်တဲ့အပိုင်းဖြစ်တယ်။ သင်ကခေါင်းဆောင် ပါ။ ကျွန်မရဲ့ အဆုံးသတ်ပန်းတိုင်က “သေနင်္ဂဗျူဟာ သင်ကြားရေး” သာမကပဲ သင့်ကို သေနင်္ဂဗျူဟာသမားအဖြစ် နှိုးဆွလို့ ကိရိယာတွေ တပ်ဆင်ပေးဖို့ပါပဲ။ သင့်အဖွဲ့အစည်းရဲ့ အနာဂတ်ကို ထင်ထင်ရှားရှား ပဲ့ကိုင်သွားရမယ့် ခေါင်းဆောင်ဖြစ်လာရေးပါပဲ။