Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ကောင်းသာ - အောင်မြင်ဖို့အချိန်မှရှိရဲလား

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

ရည်ညွှန်းချက်

ကျွန်တော် ဒီစာအုပ်ကို ကျွန်တော့်ရဲ့ မိခင်ကြီး အီဗွန်း” ကို ရည်ညွှန်းပြီး ရေးလိုက်တာ ဖြစ်ပါတယ်။ မိခင်ကြီးရဲ့ မေတ္တာက ကျွန်တော့်ကို ဒီနေ့ရောက်နေတဲ့ အရာအားလုံးနဲ့ ထာဝရမျှော်လင့်ချက် တွေကို လမ်းညွှန်ပေးခဲ့တာ ဖြစ်ပါတယ်။ အမေ့ကြောင့်ပဲ ကျွန်တော်ဟာ သတ္တိကောင်းလာ၊ မေတ္တာထားတတ်လာပြီး အလုပ်ကြိုးစားလုပ်ခြင်းရဲ့ အရေးပါမှုကို လေ့လာသင်ယူခဲ့ရပါတယ်။ အမေက ကျွန်တော့်ရဲ့ အသေးငယ်ဆုံးသော ပြီးမြောက်အောင်မြင်ချက်လေးကိုတောင် အမြဲ တစေ ဂုဏ်ယူဝင့်ကြွားတတ်ပြီး ကျွန်တော့်ရဲ့ သိပ်အကောင်းဆုံးကို လုပ်နိုင်ဖို့ အဆက်မပြတ် စိန်ခေါ်ပေးခဲ့သေးတယ်။ “အမေဟာ ဘဝ တစ်လျှောက်လုံး ရုန်းကန်ရင်းနဲ့ပဲ ခုအချိန်က ကျွန်တော့် အိပ်မက်တွေ နောက် လိုက်ပါဖို့အတွက် အချိန်အခါကောင်းပဲလို့ သင်ကြားပေးခဲ့တာ

ပါပဲ”

ဂျူလီယို အေ၊ မယ်လာရာ

 

အခန်း [၁]

ဘဝက ရိုးရှင်းလှပါတယ်၊ ဒါပေမဲ့ မလွယ်ဘူးလေ

နှစ်များစွာတုန်းက ဒီကမ္ဘာလောကကြီးကိုရော ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဘဝကိုပါ တအံ့တဩရှိခဲ့တယ်။ ဘဝက ယေဘုယျအားဖြင့် တကယ်တမ်း ဘာမှမရှုပ်ထွေးလှဘူးလို့ ကျွန်တော် နိဂုံးချုပ်မိလာပါ တယ်၊ ဘဝအပေါ် အာဏာပိုင်ရမယ်လို့လည်း ကျွန်တော် မကြွေးကြော် ပါဘူး။ အောင်မြင်ရေးရဲ့ ကျောင်းတော်သားဖြစ်ရေးလည်း မအော်ပါဘူး။ ဒါပေမဲ့ ကျွန်တော် လူတွေကို အမြဲတမ်း ပြောခဲ့သလိုပဲ ကျွမ်းကျင်သူတွေ က တိုင်တန်းနစ်သင်္ဘောကြီးကို ဆောက်ကြပြီး အပျော်တမ်းသမားတွေ က နိုအာရဲ့ ကယ်ဆယ်ရေးသဘေင်္ဘောကြီး “အော့ခ်” ကို ဆောက်လုပ်ကြ တယ်ဆိုတာပါပဲ။ လေ့လာအကဲခတ်ခြင်း၊ နားထောင်ခြင်း၊ ရှာဖွေခြင်း၊ မေးမြန်းခြင်း၊ စာဖတ်ခြင်းတွေအားဖြင့် ကျွန်တော်တို့လှပပြီး အံ့သြဖွယ် အရာ သင်ယူနိုင်ပါတယ်။ လူသားအဖြစ်ကတော့ ကျွန်တော်တို့က ရှုပ်ထွေးတဲ့အရာ အများစုတွေကို ပိုတိမ်းညွှတ်နေပုံရပါတယ်။

ဒါပေမဲ့ဘဝကတော့ တကယ်တမ်း လှလှပပ ရိုးရှင်းပြီးသားပါပဲ။ အောက်ပါ မေးခွန်းတွေရဲ့ အဖြေတွေကို တစ်အောင့်လောက် အချိန်ယူ စဉ်းစား ကြည့်ပါ။

 ၁။ ကျွန်တော်တို့ အင်္ဂလိပ်ဘာသာစကားမှာ စာလုံးတွေထောင်ချီသိထားကြတယ်။ အခြေခံ အင်္ဂလိပ်အက္ခရာ ဘယ်နှလုံးရှိပါသလဲ။

 ၂။ ကျွန်တော်တို့က တစ်နှစ်ကို ဒေါ်လာ ၁၂,ဝဝဝ ရှာနိုင်

ကြတယ်။ 'Fortune 500' ကုမ္ပဏီက တစ်နှစ်ကို ဒေါ်လာ ၂ ဘီလျှံဝင်တယ်။ ဖက်ဒရယ် ပြည်ထောင်စုအစိုးရက တစ်နေ့မှာ ဘတ်ဂျက်လိုငွေပြမှုမှာ ဒေါ်လာ ထရေလီယံ ၁ဝ ရှိလာမယ်တဲ့။ ကျွန်တော်တို့သုံးနေတဲ့ ကိန်းဂဏန်း

စနစ်မှာ ဒစ်ဂျစ်တယ် ဂဏန်းဘယ်နှလုံးပဲ ရှိသလဲ။

 ၃။ ပေါ့ပ်ဂီတကနေ အော်ပရာသီချင်းကြီး၊ ရော့ခ်ဂီတတွေ၊

တစ်ပြည်လုံးအနှံ့နေရာတိုင်းမှာ တေးချင်းသီဆိုနေကြတဲ့ အဆိုတော် အနုပညာရှင်တွေ ထောင်နဲ့ချီပြီး ရှိပါတယ်။ လူတွေက ဂီတဟန်ပန်စတိုင် အမျိုးမျိုးကို ချစ်မြတ်နိုးကြ ပါတယ်။ ဂီတသင်္ကေတက ဘယ်နှခုရှိလို့လဲ။

၄။ သင့်အိမ်ကို ဆေးသုတ်ဖို့ ဆုံးဖြတ်တဲ့အခါကစပြီး ပန်းချီ

ဆွဲတဲ့အထိ အသွေးရောင်စုံတွေ ရာနဲ့ချီပြီး ရွေးရဖို့ ရှိတယ်။ မူလ ပင်မအရောင်က ဘယ်နှမျိုးရှိသလဲ။ ၅။ နေ့စဉ် သင်လုပ်ဖို့ရှိတဲ့ ဆုံးဖြတ်ချက်တွေ အားလုံးအနက်

ထဲက သင် ဘယ်လောက်များများ အမှန်တကယ် ရွေးချယ် ဖို့ ရှိသလဲ။

 

 

အဖြေများ

၁။ အက္ခရာပေါင်း ၂၆ လုံးပဲရှိပါတယ်။ (A မှ Zထိ)

၂။ ကိန်းဂဏန်းစနစ်မှာ ဒစ်ဂျစ်တယ်ဂဏန်း ၁၀ လုံးပဲ

ရှိတယ်။ (၁ မှ ၉ ထိ)

၃။ ဂီတသင်္ကေတ သံစဉ် ခုနစ်သံသာရှိတယ်။

(ဒို၊ ရေ၊ မီ၊ ဖာ၊ ဆိုလာ၊ ဒီ၊ ဒို)

၄။ ပင်မ မူလအရောင်သုံးမျိုးပဲ ရှိတယ်။

(အပြာ၊ အနီ၊ အဝါ)

၅။ ရွေးချယ်မှု နှစ်မျိုးပဲ ရှိတယ်။

(ခေါင်းညိတ်နဲ့ ခေါင်းခါ Yes or No)

အင်္ဂလိပ်ဘာသာစကားအကြောင်း၊

ဒေါ်လာ ဘီလျှံတွေ အကြောင်း၊ မနေ့ ကျွန်တော်တို့ ယဉ်ကျေးမှုအတွင်း ဂီတသံတွေ ကွဲပြားမှုအကြောင်းတွေ အဲဒါတွေကို စတင်ဆွေးနွေးနေစဉ် ရှုပ်ထွေးတဲ့ ဘာသာရပ်တွေမှာ ရိုးရှင်းတဲ့အဖြေတွေရှိတာ တွေ့လိမ့်မယ်။

ခုပဲ မေးခွန်း ၅ ခုနဲ့သက်ဆိုင်ရာ အဖြေတွေကို နီးကပ်စွာ ကြည့်ပါ။ ဘဝမှာ စစ်မှန်တဲ့ ရွေးချယ်မှုက နှစ်မျိုးပဲရှိတာပါ။ ဒီ ရွေးချယ်မှု နှစ်ခုစလုံးက သိပ်ကိုရိုးရှင်းလှပါတယ်။ ရွေးချယ်မှုတစ်ခုက သင့်

မျှော်လင့်ချက်၊ အိပ်မက်တွေ၊ အမြင်တွေ၊ ပန်းတိုင်တွေနဲ့ သင့်ရဲ့ ဘဝကို ပါ ဖျက်ဆီးမယ့် ရွေးချယ်မှုဖြစ်တယ်။ အခြားရွေးချယ်မှုကတော့ သင့် အိပ်မက်နဲ့ ပန်းတိုင်တွေ ရယူဖို့ကူညီပေးပြီး သင့်ကို မျှော်လင့်ချက်တွေ ပေးရင်း ဒီကမ္ဘာမြေပေါ် သင့်ဘဝရဲ့ အရည်အချင်းတွေကို ကြွယ်ဝတိုး တက်စေပါတယ်။ ။

ကျွန်တော်တို့အားလုံးအတွက် လုပ်ရမယ့် ဆုံးဖြတ်ချက်က “ဟုတ်ကဲ့” သို့မဟုတ် “ဟင့်အင်း” တစ်ခုခုပါပဲ။

 

 “ဟင့်အင်း” (No) ကို သင်ရွေးချယ်မယ်ဆို ရွေးနိုင်တယ်။ No မဟုတ်ဘူးတဲ့။ ကျွန်တော့်ဘဝနဲ့ ခရီးဆုံးပန်းတိုင်ကို ကျွန်တော် မထိန်းချုပ်ဘူး။ Noတဲ့၊ ပန်းတိုင်နောက်ကိုလိုက်ပါဖို့ ကျွန်တော့်မှာ အချိန်မရဘူးတဲ့လား။ No မနက်ဖြန်ကို ဂရုမစိုက်ပါဘူး။ ဒီနေ့ အတွက်ပဲ အသက်ရှင်နေရတာပဲလေ။ ပန်းတိုင်မရှိ၊ လားရာမရှိ၊ ရည် မှန်းချက်မရှိ၊ အမြင်မရှိ၊ မျှော်လင့်ချက်ပါ မရှိတော့ မရှိ.. မရှိ ဘာမှ မရှိတော့ပါ။

သို့တည်းမဟုတ် သင့် “ဟုတ်ကဲ့” 'Yes' ကို ရွေးနိုင်ပါတယ်။ မှန်တယ်။ ဒီနေ့ ကျွန်တော့်ဘဝကို ပျော်မွေ့ပြီး အကောင်းဆုံးကို လုပ်နိုင်တယ်လို့ ဆုံးဖြတ်တယ်။ ကျွန်တော့်မိသားစု၊ ကျွန်တော့်အလုပ်၊ ကျွန်တော့်တိုင်းပြည်နဲ့ ကျွန်တော်ကိုယ်တိုင်အတွက် အကောင်းဆုံးကို ပေးမယ်လို့ ဆုံးဖြတ်ထားတယ်။ မှန်ပါတယ်။ ဒီကနေ့ ဘဝရဲ့ လက်ဆောင်မွန်အတွက် ဘုရားသခင်ကို ကျွန်တော် ကျေးဇူးတင်ပြီး ကျွန်တော့်ရဲ့ ပန်းတိုင်တွေ၊ အိပ်မက်တွေနောက်ကို ဒီနေ့ ဘာတွေပဲ ဖြစ်ဖြစ် အူလှိုက်သည်းလှိုက် လိုက်ပါနေမှာပါပဲ။

အခု မှန်ကန်တဲ့ရွေးချယ်မှုက ထင်ရှားနေပါပြီ။ ကံမကောင်း အကြောင်းမလှစွာနဲ့ လူအများစုက “ဟင့်အင်း” ဆိုတဲ့ ဆုံးဖြတ်ချက်ကိုသာ ရွေးမိနေကြတယ်။ လူအနည်းငယ်က သိစိတ်ရှိရှိ ရွေးကြတာပါ။ လူအများစုက “ဟင့်အင်း” ဆိုတဲ့ ဆုံးဖြတ်ချက်ကို မသိစိတ်နဲ့ ရွေးမိကြ တာ သူတို့ဟာသူတို့တောင် မသိကြဘူး။ သိစိတ်ရှိရှိ “ဟုတ်ကဲ့” လို့ ဆုံးဖြတ်ချက်ကို မလုပ်နိုင်ခဲ့ကြလို့ အဲဒီလို “ဟင့်အင်း”ကို ရွေးချယ်မိ တာပါပဲ။ သူတို့ဘဝအခြေအနေကို ဘယ်လောက်ထိ တိုးတက်အောင် လုပ်ချင်ပေမယ့် ဘာမှဖြစ်မလာတော့ဘူး။ လူများစွာ သူတို့အခြေအနေ တွေကို ပြောင်းလဲချင်ပေမဲ့ သူတို့ဘာသာ ပြောင်းလဲလိုစိတ်ရှိကြတာ....။

 

မဟုတ်ပါဘူး။ သင့်အောင်မြင်မှုအတွက် အုတ်မြစ်ကတော့ သင်ဆန္ဒ ရှိရာ အနာဂတ်ကို ဖန်တီးမယ့် “ဟုတ်ကဲ့” ဆုံးဖြတ်ချက်ကို လုပ်ခြင်း အားဖြင့် စတင်ပါတယ်။

ကျွန်တော်တို့ရဲ့ အတွေ့ အကြုံတွေ ကြီးထွားလာတာလည်း ထင်ရှားနေပါပြီ။ အကောင်းမြင်ဖြစ်ဖြစ်၊ အဆိုးမြင်ဖြစ်ဖြစ်ပေါ့ ။ ကျွန်တော်တို့လုပ်တဲ့ ဆုံးဖြတ်ချက်တွေမှာ အဓိက အခန်းကဏ္ဍအတွက် ကျွန်တော်တို့ရဲ့ သဘောထားတွေ မှီငြမ်းပြုရမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ဘဝထဲ တစ်နေရာရာမှာတော့ ကျွန်ုပ်တို့ တစ်ဦးချင်းစီ

ကြောက်လန့်မှု၊ ဝေဒနာ၊ ကျဆုံးမှုတွေတော့ တွေ့ကြုံခံစားရမှာပဲ။ ကျွန်တော်တို့ အားလုံး အမှားတွေလုပ်မိကြတယ်။ အားပေးမခံရ၊ ကိုယ်ပိုင်လုပ်သမျှကို နောင်တရမိကြတယ်။ အကျိုးအမြတ်ထုတ်မိ တယ်။ ခက်ခဲတဲ့အချိန်တွေ တောက်လျှောက်ကျော်ဖြတ်ခဲ့ရတယ်။ ကျွန်တော်တို့အားလုံး ကိုယ့်ဘဝထဲမှာ ဆန့်ကျင်ဘက်ပြိုင်မှုကို ပုံစံ တစ်မျိုးမဟုတ် တစ်မျိုးနဲ့ မျက်နှာချင်းဆိုင်နေရဆဲ ဆိုင်နေရဦးမှာပါပဲ။ သင့်စိတ်တွင်း ဆုံးဖြတ်ရေးရဲ့ သော့ချက်က သင့်လမ်းကြောင်းမှာ ဘာတွေပဲဖြစ်လာလာ သင့်ရဲ့ ပန်းတိုင်ဆီ ပါပြီးသွားဖို့ပါပဲ။ ပျော်ရွှင်မှုနဲ့အောင်မြင်ခြင်းတို့က သင့်နားရွက်နှစ်ဖက်ရဲ့ ကြားမှာ စတင်တာပါ။ သင့်စိတ်ဦးနှောက်က မနက်ဖြန်ရဲ့ အခြေအနေများအတွက် ပုံဆွဲစားပွဲ ပါပဲ။

ဘယ်သူမှ ရေထဲမကျဖူးဘဲနဲ့ ရေနစ်ဖူးကြတာ မဟုတ်ပါဘူး။ သူတို့ ရေထဲကျန်ရှိနေလို့ ရေနစ်ရတာပါ။ မနေ့ကကိစ္စတွေ နောင်တရ ခွင့် ကျွန်တော်တို့ မပေးနိုင်ဘူး။ ဒီနေ့ရဲ့ ဆန့်ကျင်ဘက်ပြိုင်မှုတွေ၊ ဒါမှ မဟုတ် မနက်ဖြန်ကို ကြောက်လန့်မှုတွေ ကျွန်တော်တို့အပေါ် ဒီနေ့ကို ဓားပြတိုက်သွားခဲ့ပါပြီ။ ဆန့်ကျင်မှုကို အကျိုးအာနိသင်ရယ်လို့အသိအမှတ်ပြုပါ။ ယင်းက မိတ်ဆွေရင်းချာဖြစ်မှု ဘယ်လောက် နက်ရှိုင်းကြောင်း ဖွင့်လှစ်ပြတယ်။ ယင်းက တိကျတဲ့သတင်းတွေ ပိုတူး ဆွဖို့ သင့်ကို တွန်းအားပေးတယ်။ ယင်းက သင်အမှန်တကယ် ယုံကြည် တာနဲ့ သင့်ရဲ့ ဦးစားပေးချက်တွေကို ဆုံးဖြတ်နိုင်အောင် ကူညီပေးပါ တယ်။

အောင်မြင်မှုဆီရှေးရှုတဲ့ ပထမဆုံးခြေလှမ်းက ဘဝထဲမှာ သင်လိုချင်တာကို ဆုံးဖြတ်ဖို့ပဲ။ ပြီးရင် ပန်းတိုင်တစ်ခုချမှတ်ပြီး အဲဒီ နောက်ကို အူလှိုက်သည်းလှိုက်ပါဖို့ပါပဲ။ အံ့သြစရာ အကောင်းဆုံး အပိုင်းက ဒီဆုံးဖြတ်ချက်ချဖို့ ဘယ်တော့မှ သိပ်စောလွန်း၊ သိပ်နောက်ကျ လွန်းတယ် မရှိတာပါပဲ။ သင်ပညာရေး၊ သင့်အလုပ်အကိုင်၊ ငွေကြေး၊ အိမ်ထောင်ရေးမှာပဲဖြစ်ဖြစ် ဘယ်တော့မှ သိပ်စောလွန်း၊ သိပ်နောက်ကျ လွန်းတယ်လို့ မရှိပါဘူး။ ဒီနေ့” ဟာ “ဟုတ်ကဲ့” လို့ပြောရမယ့်နေ့ပဲ။ ခရီးဆုံးနေရာက အခွင့်အလမ်းရဲ့ ကိစ္စရပ်တစ်ခုမဟုတ်၊ ရွေးချယ်မှုရဲ့ ကိစ္စရပ်သာ ဖြစ်တယ်။ ဘယ်အရာမှ လွယ်လွယ်နဲ့မရတာ၊ ဈေးနှုန်းမပေး ဘဲနဲ့ တန်ရာမရနိုင်တာ သတိရပါ။ စိတ်ဓာတ် စီမံခန့်ခွဲရေးက ကျွန်ုပ်တို့ ဘဝတွေ တိုးတက်ရေးမှာ ပထမဆုံး ဦးစားပေးချက်နဲ့ သော့ချက်တို့ပဲ ဖြစ်ပါတော့တယ်။