Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ကောင်းသာ - အောင်နိုင်သူအလားတွေးခေါ်စဥ်းစား

Regular price 1,600 MMK
Regular price Sale price 1,600 MMK
Sale Sold out
ပဏာမ
ကမ္ဘာကြီးကို ပြောင်းလဲရန် ယင်းကိုခြားနားသော
အလင်းရောင်ထဲမှ ရပ်တည်ကြည့်ဖို့လိုတယ်”

                                              စာရေးသူ

လူတိုင်း အောင်နိုင်သူဖြစ်ချင်ကြတယ်။

မသိစိတ်ထဲမှာ လူတိုင်းအောင်မြင်ချင်တာချည်းပဲ။ ဘဝမှာ အောင် မြင်ချင်တယ်။ ကိုယ့်ကိုယ်ကိုယ် အောင်မြင်ဖို့ထိုက်တန်တယ်လို့ ယုံကြည် ထားကြသူချည်းဖြစ်ကြတယ်။ မှန်ကန်တဲ့ အောင်မြင်မှုရောက်မလာတော့ စိတ်ပျက်ကြ၊ စိတ်ရှုပ်ကြရတယ်။

အောင်မြင်ဖို့ရာ ဖြစ်စဉ်တစ်ခုရှိတယ်ဆိုတာ လူများစု နားမလည်ကြ သေးတာ ဘာကြောင့်မှန်းမသိဘူး။

သင် ကျဆုံးလိမ့်မယ်ဆိုတဲ့ အတွေးထဲမှာပဲ ကျောက်ချနေမိရင်း သင့် အားထုတ်မှုအားလုံးရဲ့ ရလဒ်ဟာ ကျဆုံးခြင်းပဲ ဖြစ်နေလိမ့်မယ်။ သင် အောင် မြင်ချင်ရင် အောင်မြင်ရမယ်ဆိုတဲ့ အတွေးထဲမှာပဲ ကျောက်ချထားဖို့လို အပ်ပါတယ်။ သင် အောင်မြင်သူတစ်ယောက်ဖြစ်လိုရင် သင်ပထမဆုံး “အောင်မြင်သူတစ်ယောက်ကဲ့သို့ စဉ်းစား” ရလိမ့်မယ်။ ကမ္ဘာ့ထိပ်တန်း ဆွတ်ခူးသူတွေရဲ့ ယုံကြည်မှုမျိုး သင် စွမ်းအားတင်းထားဖို့လိုအပ်ပါတယ်။

သင် ဒီစာအုပ်ကို လိုအပ်ရတာ အဲဒါကြောင့်ပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ် ကိုယ် ကူညီရေးကျမ်းစာအုပ်တစ်အုပ်ပဲ သင်ဖတ်ရစေဦးတော့။ ဒါကို သင့်ရဲ့ ပုဂ္ဂိုလ်ရေးနဲ့ အသက်မွေးဝမ်းကြောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက်၊ လက်တွေ့အခြေခံသုံးနိုင်တဲ့ ပြည့်စုံတဲ့ လက်စွဲကျမ်းဖြစ်စေရမယ်။

ဒီစာအုပ်မှာ လူ့သမိုင်းတစ်လျှောက်မှာရှိခဲ့သမျှ အကျော်ကြားဆုံး ပုဂ္ဂိုလ်ကျော်တစ်ရာခန့် ရဲ့ ကောက်နှုတ်ချက်နီတိစကားတွေ ပါဝင်တယ်။ ဒီစကားတွေက နှစ်ပေါင်း ၅ ထောင်ကျော်လောက် လူ့သမိုင်းရဲ့ ဉာဏ်ပညာ တွေအသီးသီး စုပေါင်းထားချက်ပဲဖြစ်တယ်။

အဲဒီ အတိတ်ကာလရှင်သန်နေခဲ့တဲ့ အောင်မြင်ဆုံးသောလူတွေဟာ “အောင်နိုင်သူကဲ့သို့ စဉ်းစားခြင်း” ကို လေ့ကျင့်လုပ်ဆောင်ခဲ့တာ ကြာ မြင့်လွန်းလှပြီဖြစ်ကြောင်း ထင်ရှားပါတယ်။ ဒီအယူအဆဟာ ချက်ချင်း ဆိုသလိုပျောက်ကွယ်သွားမယ့် အယူအဆသစ် ပေါ်ပင်သဘောမျိုးမဟုတ် ပါဘူး။ သင့်မတိုင်မီက ကွယ်လွန်ပြီးကုန်တဲ့ အခြားသောအောင်မြင်သူ တွေရဲ့ ခက်ခက်ခဲခဲ ရှာဖွေရရှိထားတဲ့ အသိပညာ ဉာဏ်အမြော်အမြင် တွေကနေ သင် လေးလေးနက်နက် လေ့လာအားထုတ်သင့်တယ်။ ဒီနည်း လမ်းနဲ့သာ သင့်ရဲ့ တိုးတက်မှုဟာ ပိုများနိုင် ပိုမြန်ဆန်နိုင်မှာပါ။ အချိန်က တော့ သင့်ရဲ့ အရှားပါးဆုံး ရပိုင်ခွင့်ပဲ ဖြစ်ပါတော့တယ်။

ဒီစာအုပ်မှာ “အောင်မြင်မှု” ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ်ကို လျှို့ ဝှက်ချက်တွေ ဖော်ထုတ်ထားတယ်။ လူတွေကို အောင်မြင်စေတဲ့အလုပ် တွေထဲမှာ ဘာမှော်ပဉ္စလက်စွမ်းအားမှ မရှိဘူး။ လူသာမန်တွေဟာ သူတို့ ရဲ့ မသိစိတ်အမှန်တရားမှာ ကြီးစိုးလွှမ်းမိုးနေတဲ့ “သာမန်ပုံရိပ်မျက်မြင်ဖော်မှု” ရှိနေသမျှ အတိုင်းအတာလောက်ပဲ သာမန်အညတရပဲဖြစ်နေကြဦးမှာပါ။ ခြွင်းချက်ရှိတဲ့လူထူးတွေကတော့ သူတို့ရဲ့ မသိစိတ်မှာ ကြီးစိုးလွှမ်းမိုးနေတဲ့ “ခြွင်းချက်ရှိမျက်မြင်ပုံရိပ်ဖော်မှု” ရဲ့ ရှိနေသမျှ အတိုင်းအတာလောက်အထိ ခြွင်းချက်ရှိထူးခြားနေကြဦးမယ်။ သင့်စိတ်ထဲမြင်ရသမျှက သင်မျှော်လင့် ထားတာပဲ။ ဒီတော့ သင်မျှော်လင့်သလောက်ပဲ ရတော့မပေါ့။ ဒါ သာမန်

လောက်ပဲရတဲ့ လူနဲ့ခြွင်းချက်လောက်ရတဲ့ လူရဲ့ ကြားက ပင်မခြားနားချက် ကြီးပါပဲ။

ပုံရိပ်မျက်မြင်ဖော်မှုအသစ် ဖန်တီးပြီး တကယ့်ဒိဋ္ဌအမှန်တရားသစ်ဘက် ဦးလှည့်စေတဲ့ အထိရောက်ဆုံးသော လက်စွဲကိရိယာနည်းကို “ပြန်လည်

ဘောင်ကားကျက်ခြင်း”လို့ ခေါ်တယ်။ ဒီနည်းထဲမှာ သင့်စိတ်ထဲက အတွေ့အကြုံတွေ၊ အယူအဆတွေ၊ ကိုယ်စားပြုတဲ့နည်းလမ်းတွေ ပြောင်းပစ်တာ ပါဝင်နေတယ်။ အတွေ့အကြုံတွေကို ရှုံးနိမ့်စေတဲ့ အဆိုးမြင်အဖြစ်နဲ့ ကြွယ်ဝစေမယ့်အစား အကောင်းမြင်အဖြစ် ကိုယ်စားပြုတင်ပြတာက ပို ထိရောက် အကျိုးရှိစေတယ်။ ဒါမှသာ ဘဝကို ရှေ့သို့ရွှေ့စေမယ့် စွမ်းအား ရမှာပါ။ ကိုယ့်စိတ်ကို မပြောင်းတဲ့လူသာလျှင် ဘာမှဖြစ်မလာတဲ့ ခေါင်းမာ သူနဲ့ ဘာမှမတတ်နိုင်တဲ့လူသေသာ ဖြစ်တော့တယ်။ အမှန်တရားအချို့သာ ထာဝရမြဲပြီး အများစုက မဟုတ်ပါဘူး။

အောက်ပါမေးခွန်းတွေက အသိပညာရှာပုံတော်အတွက် အကျိုးရှိနိုင် တယ်။

 * ဘာကြောင့် လူတချို့က အခြားလူတွေထက် ပိုအောင်မြင်နေ

ရတာလဲ။

* သင့်အတွေးနဲ့ လုပ်ရပ်တွေအပေါ် သင်ဘယ်လို ထိန်းချုပ်နိုင်

သလဲ။

* မြင့်မြင့်မားမားအားထုတ်ရရှိသူတွေရဲ့ ထူးခြားတဲ့စရိုက်လက္ခဏာ

က ဘာတွေများလဲ။ ဘဝမှာ သင်လက်ခံရတဲ့ ဆုလာဘ်တွေက သင့်ရဲ့ တကယ့်လုပ်ဆောင် ချက်ရဲ့ ရလဒ်အနေနဲ့သာ ရောက်လာတာပါ။ သင့်ရဲ့ မြှုပ်ကွယ်နေတဲ့ အစွမ်းအစ ကျော်ကြားတဲ့ဂန္ထဝင် အမေရိကန်တီထွင်သူကြီး “သောမတ် အယ်ဒီစင် (၁၈၄၇-၁၉၃၁) က အောက်ပါအကြံဉာဏ်ကိုပေးခဲ့တယ်။

“ပထမဆုံးဆရာကတော့ လူတကာသိနေပြီးသား ကိစ္စတွေရှာဖို့ပါပဲ။ ဒီနောက်တော့ သူတို့ကျန်ရစ်ခဲ့တဲ့ နေရာတွေက စတင်ပေတော့။”

ဒီစာအုပ်ထဲက သတင်းအချက်အလက်က ပုဂ္ဂိုလ်ရေးတိုးတက်မှုနဲ့ လူသားရဲ့မြှုပ်ကွယ်ချက်အစွမ်းအစနဲ့ ပတ်သက်လို့ လူတိုင်းသိပြီးသားတွေ ကိုပဲ တင်ပြဖို့ အားထုတ်ထားပါတယ်။ | အမေရိကန်ရှိတဲ့ ဂျာမန်ဝတ္ထုရေးဆရာကြီး “သောမက်မန်း (၁၈၇၅၁၉၅၅) က ၁၉၂၉ ခု စာပေနိုဘယ်ဆုရခဲ့တယ်။ ဒီဆုလက်ခံတဲ့ပွဲမှာ မှတ်သား စရာ စကားတစ်ခွန်းပြောခဲ့တယ်။

“အစီအစဉ်ကျနမှုနဲ့ ရိုးရှင်းမှုကတော့ ဘာသာရပ်တစ်ခုကို ဆရာတစ်ဆူလို ပိုင်နိုင်ရေးအတွက် ပထမခြေလှမ်းပဲ။ တကယ့်ရန်သူအစစ်က ဘာမှမသိတာပဲ။”

သင်လုပ်မယ့်နည်းလမ်းတွေကို ဘာ့ကြောင့်ဘယ်လိုစဉ်းစားတယ်ဆိုတဲ့ လုပ်ငန်းစဉ်က သင်ဆရာတစ်ဆူလို ပိုင်နိုင်လိုတဲ့ ဘာသာရပ်ပါပဲ။ ီ “သင့်ရဲ့ စဉ်းစားတွေးခေါ်မှုကို ပြောင်းလိုက်ရင် သင့်ဘဝ လည်း ပြောင်းလဲသွားတာမို့လို့ပဲ” ဖြစ်ပါတယ်။