Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ကောင်းသာ - အသင်းအဖွဲ့ခေါင်းဆောင်မှုပညာ

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out

အကြံပေးသူရဲ့ သဝဏ်လွှာ

ဂျင်ခြေလည်နေတဲ့ စီမံခန့်ခွဲခြင်းနဲ့ ခေါင်းဆောင်ခြင်း

“အခုစရွေ့ ဖို့ အချိန်ရောက်ပြီ။” တို့ “ငါ ဆုံးဖြတ်ချက်တစ်ခု တော့ ချရလိမ့်မယ်။”-တို့ကို သင်စဉ်းစားရင်းနဲ့ အသင်းတစ်ခုရဲ့ ဖြစ်စဉ် တွေက သင့်ရဲ့ သွားတွေ ကြိတ်မိလောက်တဲ့အထိ ဖြစ်ပေလိမ့်မယ်။ အခုနောက်ဆုံးတော့ အသင်းကို ခေါင်းဆောင်ဖို့ သင့်အလှည့်ကို ရောက်လာပြီ။ အသင်းရဲ့ အပေါ်မှာ ခမ်းနားတဲ့ ထိတွေ့ငြိတွယ်မှုရှိရေးက သင့်ရဲ့ အခွင့်အရေးပါပဲ။ ဒီတစ်သီးပုဂ္ဂလအုပ်စုတွေကို သင်အိပ်မက် မက်ထားရာ မြင့်မြင့်မားမား လုပ်နိုင်တဲ့အသင်းဖြစ်လာအောင် ဘယ်လို ပုံဖော်သွားရမလဲ။ သင့်မှာဘာလုပ်ဖို့ကော ရှိပါသလဲ။ ရုတ်တရက်တော့ ခေါင်းဆောင်နေမယ့် အသင်းဖြစ်ဖို့က သိပ်လွယ်မယ့်ပုံတော့ မရပါဘူး။

လေ့ကျင့်ခန်းတွေလုပ်တဲ့အခါ လူတွေကို အသင်းအပေါ် သူတို့ရဲ့ အတွေ့အကြုံတွေကို ရောင်ပြန်ဟပ်စေမယ့် စကားလုံးတွေချရေးခိုင်း တဲ့အခါ ပထမဆုံးလူအနည်းငယ်က “အလကား ဖူလောင်ခတ်နေကြ တာပဲ။” “ပဋိပက္ခတွေနဲ့ပါ။” “လုပ်ငန်းအစီအစဉ်တွေက ငုပ်လျှိုး နေတာ”-လို့ ပြောလေ့ရှိကြတယ်။ ဒါပေမဲ့ ဒီစကားလုံးတွေနောက်က“ပြီးမြောက်အောင်မြင်ပြီ။” “အောင်မြင်မှုတွေဝေမျှကြပြီ။” “ပျော်စရာ” “ရွှင်ပျ အားတက်စရာတွေပဲ”- ဆိုတဲ့ စကားတွေလည်း လိုက်ပါလာ တတ်ပါတယ်။ အသင်းမှာ စိတ်လှုပ်ရှားရမှု၊ စွမ်းအင်တွေ အာရုံ စူးစိုက်ထားရမှုနဲ့ အထွတ်အထိပ်ရောက် လုပ်ဆောင်ချက်တို့အားလုံးရဲ့ အိုအေစစ်ကြီး ဖြစ်တတ်သလို ဆုံးစမဲ့ သဲကန္တာရကြီးလည်း ဖြစ်တတ် ပါရဲ့ ။ ဘာတွေက များခုလို ခြားနားသွားအောင် လုပ်နေပါလိမ့်။

ကောင်းပါပြီ။ အခုကိစ္စက ဒုံးပျံသိပ္ပံပညာတော့မဟုတ်ပါဘူး။ ဘယ်သူမဆို လူတိုင်းလိုလို အသင်းတစ်သင်းကို ထိထိရောက်ရောက် ဦးဆောင်နိုင်ကြတာပါပဲ။ သင်ရှင်းရှင်းလင်းလင်း နားလည်ထားဖို့ လိုတာက အသင်းတွေရဲ့ အလုပ်လုပ်ပုံ (တစ်သီးပုဂ္ဂလိကတွေနဲ့ ဘယ်လို ကွဲပြားပုံ)၊ စာနာမှု၊ သည်းခံမှု၊ တောင့်ခံမှုစွဲဆိုတဲ့ အသေးစိတ် တွေ၊ ပူးပေါင်းဆောင်ရွက်ရေး ဇောက်ချထားမှုနဲ့ တန်းကျော်ပြေးပွဲတွေ လွန်မြောက်သွားစေမယ့် နည်းစနစ်အနည်းငယ်တို့အကြောင်းပဲ ဖြစ်ပါ တယ်။

ဒီလမ်းညွှန်ချက်က ဒီအချက်တွေရဲ့ ပထမဆုံးနဲ့ နောက်ဆုံးကို ပေးပါလိမ့်မယ်။ ပြီးတော့ အသင်းရဲ့ ပြိုင်ပွဲမှာ သင့်ရဲ့ စိတ်လှုပ်ရှားမှု အသိဉာဏ်ကို ဘယ်နေရာ ဘယ်လိုသုံးတယ်ဆိုတာ သင့်ကို ကူညီနိုင်ပါ လိမ့်ဦးမယ်။ သင်ဒိုင်ဗင်ထိုးမဆင်းမီ ခေါင်းဆောင်မှုအသင်းတွေကို နားလည်ဖို့ သော့ချက်ကျတဲ့ အရာတွေလည်း မီးမောင်းထိုးပြနိုင်ပါ လိမ့်မယ်။

ပထမဆုံးအားဖြင့် အသင်းခေါင်းဆောင်အနေနဲ့ တာဝန်ယူမှု အချိုးအစားကွဲပြားတာနှစ်ခုတော့ သင် ဂျင်ခြေလည်အောင် လုပ်ဖို့လို မယ်။ စီမံခန့်ခွဲခြင်းအားဖြင့် အသင်းရဲ့ အားထုတ်မှုတွေကို မောင်းနှင် သွားဖို့ တိုင်းတာသွားဖို့၊ ပူးပေါင်းဆောင်ရွက်သွားဖို့ကို ဆိုလိုပါတယ်။

 

အရေး ကြုံလာတဲ့အခါမှာ ဘုတ်ပေါ်မှာ မျက်ခြည်မပြတ် စောင့်ကြည့် ထားဖို့ လိုပါတယ်။ လူတွေမှာ သူတို့အချိန်တွေ ပြုန်းတီးမသွားချင် ပါဘူး။ ဒီတော့ သင့်အနေနဲ့ အသင်းအဖွဲ့ဝင်တွေဟာ သူတို့ရဲ့ အကောင်းအားထုတ်မှုတွေ သင့်ကိုပေးရလွယ်အောင်လုပ်ပေးဖို့ လိုပါ တယ်။ ကောင်းမွန်တဲ့ အသင်းစီမံခန့်ခွဲမှုက အသင်းအဖွဲ့ ဝင်တွေကို စိတ်ချလက်ချ မောင်းတင်ပေးတယ်။ သူတို့ရဲ့ အားထုတ်မှုတွေကို ဇောက်ချစေဖို့ သူတို့ရဲ့ ထိုက်တန်ရာကို ခင်းကျင်းပေးသေးတယ်။

ဒါပေမဲ့ စီမံခန့်ခွဲခြင်းက ခေါင်းဆောင်ခြင်းနဲ့တော့မတူပါဘူး။ ခေါင်းဆောင်ခြင်းက လူတွေကို လမ်းညွှန်ပေးတာပါ။ တစ်သီးပုဂ္ဂလ တွေကို နားထောင်ပေး၊ လေ့လာအကဲခတ်ပေးပြီး သြဇာလွှမ်းအောင် လုပ်တာ ဖြစ်ပါတယ်။ အသင်းကိုလည်း အရှိန်အဟုန်တင်ပေးတယ်။ အသင်းအဖွဲ့ဝင်တွေ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိလာတယ်လို့ ခံစားရ စေအောင် လုပ်ပေးတယ်။ ပါဝင်ပူးပေါင်းဆောင်ရွက်လာအောင်လည်း သံစုံတီးပေးတယ်။ သူတို့ ဘာတွေအတူတူလုပ်လို့ ဘာ့ကြောင့်လုပ်ရ တယ်ဆိုတဲ့ ခံယူချက်ကိုလည်း ပုံဖော်ပေးတယ်။ အသင်းကို သူတို့ရဲ့ ပဋိပက္ခနဲ့ ရှုပ်ထွေးမှုတွေကနေ တောင့်ခံကျော်လွှားပြီး ဦးတည်ချက် အမြင့်ဆုံးအထိရောက်အောင် ခေါင်းဆောင်မှုက မောင်းတင်ပေးပါ တယ်။ ဒါက အသင်းကို သူ့လမ်းကြောင်းပေါ် ပြန်ရောက်အောင် အနီးစပ်ဆုံး စွက်ဖက်ပေးတာပဲ ဖြစ်တယ်။

စီမံခန့်ခွဲခြင်းနဲ့ ခေါင်းဆောင်ခြင်းတို့အပြင် များစွာသော အသင်း ခေါင်းဆောင်တွေ တတိယမြောက် ဂျင်ခြေလည်အောင် လုပ်ရမယ့် တာဝန်ပိုင်းတစ်ရပ်ကတော့ ပါဝင်ရမယ့် ကျွမ်းကျင်မှုတွေရှိဖို့ပါပဲ။ အသင်းခေါင်းဆောင်အတွက် အကြီးမားဆုံး စိန်ခေါ်ချက်တွေထဲက တစ်ခုကတော့ အသင်းရဲ့ လုပ်ငန်းအစီအစဉ်ကို လွှမ်းမိုးဖို့ သူတို့ရဲ့ကိုယ်ပိုင်စိတ်ဝင်စားမှုနဲ့ ဘက်စုံအမြင်တွေမပါဘဲ သူတို့ရဲ့ ကျွမ်းကျင် မှုတွေ ပေါင်းရုံးနည်းပါပဲ။ ဒီလိုဖြစ်လာတဲ့အခါ အခြားအသင်းအဖွဲ့ ဝင်တွေက သူတို့ရဲ့ အားထုတ်မှုတွေကို တဖြည်းဖြည်း ရုပ်သိမ်းသွား တာကို သင်တွေ့ရလိမ့်မယ်။ ဒါ့ကြောင့် မကြာခဏ လှည့်ကွက်တွေများ လှတဲ့ ဒီတာဝန်ပိုင်းကိုတော့ သတိပြုရမယ်။ အသင်းနဲ့ ပတ်သက်လို့ လူတွေအယူအဆလွဲနေတာက အဖွဲ့ဝင်တစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ် သွေးမှောက်မှားမှုကြောင့် သူတို့အကဲခတ်မှုတွေမှာ အဆိုးမြင်တွေပေါင်း ရုံးဝင်လာတတ်တာပါပဲ။ တစ်ခါတစ်ရံမှာတော့ ဒါက မှန်တယ်။ ဒါပေမဲ့ ဖြစ်နေကျကတော့ အသင်းအဖွဲ့ ဝင်တွေရဲ့ အပြုအမူကို သူတို့ရဲ့ အဖွဲ့ အစည်းဆိုင်ရာ အခန်းကဏ္ဍနဲ့ တာဝန်ပိုင်းတွေက မောင်းနှင်တတ်ကြ တယ်။ ဒါကြောင့် အသင်းကို ဦးဆောင်ရတဲ့ သော့ချက်တစ်ခုက ဒီကဏ္ဍ

တွေ နားလည်ရေးနဲ့ ဒီကဏ္ဍတွေရဲ့ တောင်းဆိုမှုတွေကို အသင်းဆီ ထိရောက်စွာ ပေါင်းရုံးနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာပဲ။

နောက်ပြီးတော့ အသင်းတွေဆိုတာ အများရဲ့ အားထုတ်မှုကနေ ထုတ်ကုန်တစ်ခုဖန်တီးဖို့ ဒီဇိုင်းဆင်ထားတာပဲဆိုတာကို ခေါင်းထဲထည့် ထားရဦးမယ်။ သင့်အသင်းကို သူတို့အလုပ်တွေ စုပေါင်းလုပ်ရေးအတွက် စီမံကိန်းတစ်ခုနဲ့ လုံလောက်တဲ့ အချိန်မရှိဘဲ “လုပ်အားခွဲဝေ” ခြင်းက လိုချင်တဲ့ရလဒ်တွေ ထုတ်ပေးနိုင်တယ်ဆိုတာကို မယုံကြည်မိပါစေနဲ့။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အသင်းအဖွဲ့ဝင်တွေရဲ့ အားထုတ်မှုနဲ့ အသိဗဟုသုတတွေက အောင်မြင်တဲ့ နိဂုံးချုပ်တစ်ခုဆီ ဘယ်လို ပေါင်းရုံး သွားနိုင်ကြောင်းကို အမြဲတမ်း အာရုံစူးစိုက်သွားရလိမ့်မယ်။

နောက်ဆုံးမှာ အသင်းခေါင်းဆောင်အနေနဲ့ အောင်မြင်မှုတွေ ပျော်ပျော်ရွှင်ရွှင်ဝေမျှနိုင်ရေးကို အသိုင်းအဝိုင်းလိုက် မြူးကြွကြွခံစားဖို့ သတိရပါစေလော့။

 

     အကြံပေးသူ “အင်နီဒွန်နယ်လွန်”

 

“အင်နီဒွန်နယ်လွန် (Anne Donnellon) ဟာ မတ်ဆပ်ချူးဆပ် နယ်၊ ဝဲလက်စ်လေးမြို့၊ “ဘတ်စန်ကောလိပ်”က ဖွဲ့စည်းမှုပါမောက္ခ ဖြစ်ပါတယ်။ အဲဒီမှာ သူမက M.B.A နဲ့ အမှုဆောင်ပညာရေး အစီ အစဉ်သင်တန်းတွေမှာ အဖွဲ့ အစည်းရေးရာဒီဇိုင်း၊ စေ့စပ်ဆွေးနွေးခြင်း Cross-functional teamwork ဘာသာရပ်များ သင်ကြားပို့ချပေးနေ olosušini 27069:909:Olpoodossa&mcorp "Team Talk: The Power of Language in Team Dynamics [Haruard Business School Press, 1996]" ဖြစ်ပြီး အခြားသော သင်ကြားပို့ချချက်စာတမ်း များလည်း ရေးသားပါတယ်။ ဒီခေါင်းစဉ်မှာ သူမက စဉ်းစားဖွယ် အတွေ့ အကြုံကောင်းတွေနဲ့ ထက်မြက်တဲ့ အကြံဉာဏ်ကောင်းများ ပေးနိုင်ခဲ့ပါတယ်။

 

                       [ ၁ ]

                       အသင်းဆိုတာဘာလဲ

“လူတွေအုပ်စုတစ်စုအဖြစ် အတူတကွ စုစည်း လုပ်ကြလို့ ပြီးမြောက်သွားတဲ့ ကိစ္စတွေဆိုတာ ဘယ် တစ်သီးပုဂ္ဂလတစ်ဦးချင်း လူတွေမှ တစ်ကိုယ်တော်ချင်း လုပ်လို့ မျှော်လင့်နိုင်တာတွေ မဟုတ်ကြပါ။”

                                                                                        “ဖရန်ကလင်ဒီလာနိုရုဒ်စဗဲ့”

အသင်းတစ်သင်းဆိုတာ လူအုပ်စုတစ်ခုအနေနဲ့ အတူတူစုစည်း လုပ်ကြတာဖြစ်သလို အလားတူ အလုပ်မျိုးလုပ်ကြတဲ့ အုပ်စုတစ်ခုက လူတစ်ယောက်တည်းကို အစီရင်ခံတင်ပြရတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ သင်ခေါင်းဆောင်သွားရမယ့် အသင်းအမျိုးအစား ကတော့ ခုလို အကျဉ်းချုပ်ဖော်ပြရတာထက် အများကြီးပိုပါလိမ့် မယ်။

 

 

အသင်းအဖွဲ့ ခေါင်းဆောင်မှုပညာ

အသင်းရဲ့ ပုံစံများကို ခွဲခြားသတ်မှတ်ရေး

 

အသင်းတွေက သူတို့ဒီဇိုင်းတွေအရနဲ့ အသင်းအဖွဲ့ ဝင်တွေအပေါ် တောင်းဆိုချက်အရမှာတော့ အတူတူတွေချည်း မဟုတ်ကြဘူး။ အတော် လေး ရှုပ်ထွေးစေမယ့်ကိစ္စတွေ လုပ်ဖို့အတွက် အသင်းတိုင်းဟာ တကယ့် အသင်းစစ်စစ်တွေမဟုတ်ကြတာတွေ့ရတယ်။ အုပ်စုအချို့တွေကို အသင်းအလုပ်ရဲ့ သွင်ပြင်လက္ခဏာအရ တခြားနာမည်တွေ မှည့်ခေါ် ကြရပါတယ်။ တစ်ဖက်စာမျက်နှာပါ ဇယားမှာ အဖွဲ့ အစည်းရေးရာ တွေမှာ တွေ့ရလေ့ရှိတဲ့ အသင်းလို့ ခေါ်လောက်တဲ့ အမျိုးအစား များစွာထဲက တချို့ရဲ့ စာရင်းခပ်တိုတို ခွဲထားတာ တွေ့ရမယ်။

အဲဒီဇယားထဲမှာ သင်တွေ့ရတဲ့အတိုင်းပဲ၊ “လုပ်ငန်းခွဲအသင်း” (functional team) မျိုးမှာဆိုရင် တစ်ခါတစ်ရံမှ အချိန်ပိုင်းသဘော တွေ့ဆုံကြရတဲ့ လူတွေက အသင်းဆောက်လုပ်ချက်ထဲမပါဝင်ဘဲ တစ်ဦးချင်းစီအနေနဲ့ လုပ်ကြရတဲ့ အုပ်စုဝင်လူတွေဖြစ်နေကြတာ တွေ့ရ မယ်။ အခြားတစ်ဖက်မှာတော့ “ကျားအသင်း” နဲ့ “လုပ်ငန်းတာဝန် အင်အား (Ad-hoc အသင်း) မျိုးကတော့ ဝေမျှချက်ပန်းတိုင် တစ်ခုတည်းမှာ အတူတူစုပေါင်းပါဝင်လုပ်ဆောင်ကြတဲ့ “မြင့်မြင့်မားမား လုပ်ဆောင် ခင်းကျင်းတဲ့အသင်း” ရဲ့ အဓိပ္ပာယ်သတ်မှတ်ချက်နဲ့ အံဝင် ကိုက်ညီတဲ့ လူအုပ်စုမျိုး ဖြစ်တယ်။

 

“လုပ်ငန်းခွဲအသင်း”။ ။ ဆရာသမားတစ်ဦးတည်းထံ အစီရင်ခံ ရတဲ့အုပ်စုရဲ့ ပန်းတိုင်တွေရောက်အောင် အတူတူ လုပ်နိုင် (သို့) တကွဲတပြားစီ လုပ်နိုင်ကြတဲ့ အဖွဲ့ အစည်းဆိုင်ရာအုပ်စု တစ်စု။ “လုပ်ငန်းခွဲအထွေထွေဖြတ်ကျော်အသင်း”၊ ။အဖွဲ့ အစည်း အတွင်း ဖြတ်သန်းနေတဲ့လုပ်ငန်းခွဲ အထွေထွေရဲ့ အဖွဲ့ဝင်တွေနဲ့လုပ်ထားတဲ့ အုပ်စုတစ်ခုဖြစ်ပြီး ယင်းရဲ့ အချိန်တွေကို အသင်းရဲ့ အားထုတ်မှုတွေဆီ တစ်စိတ်တစ်ပိုင်း၊ အခြားသော လုပ်ငန်းခွဲ တွေရဲ့ တာဝန်ပိုင်းတွေဆီ တစ်စိတ် တစ်ပိုင်းရည်ညွှန်းသတ်မှတ် ထားတယ်။ “ကျားအသင်း”Tiger Team'။ ။ အဖွဲ့ အစည်းအတွင်း ဖြတ်သန်းနေတဲ့ လုပ်ငန်းခွဲ အထွေထွေတွေရဲ့ အဖွဲ့ ဝင်တွေနဲ့ လုပ်ထားတဲ့ အုပ်စုတစ်ခုဖြစ်ပြီး ယင်းရဲ့ အချိန်တွေကို အသင်းရဲ့ အားထုတ်မှုတွေဆီ လုံးလုံးလျားလျား ပုံအောရည်ညွှန်း အပ်နှင်း ထားတယ်။ (Ad-hoc) လိုအပ်သလို ဖွဲ့ ရတဲ့အသင်း၊ လုပ်ငန်းတာဝန် အင်အားအသင်း။ ။ သီးခြားအခွင့်အလမ်းစူးစမ်းရှာရန်၊ သီးခြား ပြဿနာဖြေရှင်းရန် အတူတူစုစည်းထားရာ ယာယီ ရှောင်တခင် ဖွဲ့ ထားတဲ့အုပ်စု တစ်စု။

ကော်မတီ။ ။ သီးခြားဒဿန၊ ပေါ်လစီ (သို့မဟုတ်) အလေ့ အကျင့်အတွဲများကို စောင့်ကြပ် ထိန်းသိမ်းစေဖို့နဲ့ တိုးတက်စေဖို့ တောက်လျှောက်ဖွဲ့ ထားတဲ့ အုပ်စုတစ်စု။

* မြင့်မြင့်မားမား လုပ်ဆောင်ခင်းကျင်းတဲ့အသင်း။ (၁) ဘုံဦးတည်ချက် အရောက်အားထုတ်ရေးကို အပြိုင်းအရိုင်းကျွမ်းကျင်မှု တွေနဲ့ အပြန်အလှန်ပြုမူလုပ်ကြတဲ့ လူအုပ်စုတစ်စု။ (၂) ကိုယ့်ဟာကိုယ် သတ်မှတ်ထားတဲ့ တာဝန်ပိုင်းတွေ ချဉ်းကပ်ဖို့နဲ့ ဘုံလုပ်ဆောင်ချက် ပန်းတိုင်တွေကို ဘုံရည်စူးချက်တစ်ခုတည်းနဲ့ ဇောက်ချလုပ်ကြမယ့် လူအုပ်စုတစ်စု။

 

အသင်းရဲ့ အကျိုးတရားများကို စဉ်းစားရေး

 

“ရုစဗဲ့”က ပညာရှိရှိ လေ့လာခဲ့တဲ့အတိုင်းပဲ အသင်းတစ်သင်းက တစ်သီးပုဂ္ဂလတစ်ဦးချင်းထက် လုပ်ဆောင်ချက်သာလွန်နိုင်ပါတယ်။ အသင်းက ကောင်းမွန်ထက်မြက်စွာ လုပ်နိုင်လေလေ ရလဒ်က အလွန် အကျူးစွမ်းအားကောင်းလေလေပါပဲ။ အဖွဲ့ဝင်တွေရဲ့ ကွဲပြားတဲ့ ကျွမ်း ကျင်မှု၊ အတွေ့အကြုံတွေနဲ့ မောင်းတင်ချက်တွေက ဖန်တီးလိုက်တဲ့ “စွမ်းအင်သဟဇာတသမူဟ”(Synergy) ခေါ် ပိုလျှံထွက်စွမ်းအင်” က ကျွန်ုပ်တို့ရဲ့ တိုးတက်ရှုပ်ထွေးလာတဲ့ ကမ္ဘာကြီးထဲမှာ စီးပွားရေး နည်းပညာနဲ့ ဈေးကွက်ပြောင်းလဲမှုတွေကို အသင်းတွေက ပိုပြီး လျင်လျင်မြန်မြန် တုံ့ပြန်နိုင်စေပါတယ်။ ထိရောက်တဲ့အသင်းတစ်သင်း က လွတ်လွတ်လပ်လပ်လုပ်နေကြတဲ့ ပါရမီရှင် ဘယ်အုပ်စုထက်မဆို ပိုပြီးဖန်တီးနိုင်၊ ပြဿနာတွေ ပိုဖြေရှင်းနိုင်၊ ပိုလျင်မြန်စွာနဲ့ ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေလည်း ချနိုင်ပါတယ်။ အသင်းတွေထဲ လုပ်ကိုင်နေရင်း လူများစွာ မောင်းတင်လို့ ပျော်နိုင်ကြတာပေါ့။ ရလဒ်တစ်ခုအနေနဲ့ သူတို့ရဲ့ အကောင်းဆုံးလုပ်ဆောင်ချက်တွေ အသင်းကို အပ်နှင်းနိုင်လာပါတယ်။

ဒီလိုနဲ့ အသင်းတစ်သင်းဖွဲ့စည်းလို့ဖြစ်လာတဲ့ အကျိုးတရား တွေထဲမှာ အောက်ပါတို့ ပါဝင်ပါတယ်။ • ပိုကျယ်ပြန့်တဲ့ ဗဟုသုတနဲ့ အတွေ့အကြုံ အခြေခံတစ်ရပ်တည်း

ကနေ လုပ်ဆောင်ချက်တွေ တိုးတက်လာမယ်။ ဖန်တီးမှုတွေ ပိုကြီးလာမယ်။ ဘက်စုံအမြင်တွေ ပိုကျယ်ပြန့်လာ မယ်။ ပြဿနာတွေ ကိုင်တွယ်ရာမှာ ထိရောက်မှုတွေ တိုးလာ

မယ်။

             ပြောင်းလဲမှုတွေ တုံ့ပြန်ဖို့နဲ့ အရဲစွန့် တာဝန်ယူလုပ်ချင်စိတ် ရှိလာ မယ်။

တာဝန်ချထားမှုတွေအတွက် တာဝန်ယူတတ်မှုတွေ ဝေမျှလာမယ်။ ပန်းတိုင်တွေကို ဇောက်ချချက်တွေ ဝေမျှလာမယ်။ လုပ်ငန်းတာဝန်ဖွဲ့စည်းရေးအဖွဲ့ တွေ ပိုမိုထိရောက်လာမယ်။ အသင်းအဖွဲ့ဝင်တွေအတွက် ပိုမိုနှိုးဆွပေးမယ့်၊ ပိုမို မောင်းတင် ပေးမယ့် ပတ်ဝန်းကျင်မျိုး ရလာမယ်။

အသင်းများရဲ့ ပြဿနာများကို နားလည်သဘောပေါက်ရေး

တစ်စုံတစ်ရာပြဿနာတွေ၊ အခက်အခဲတွေရှိနေတဲ့အခါ အသင်း တစ်သင်းဖန်တီးခြင်းက အကောင်းဆုံးဖြေရှင်းချက်မျိုးတော့ ပေးနိုင်ချင်မှ ပေးနိုင်မယ်။ ဘာကြောင့်လဲ။ အသင်းဆိုတာမျိုးက အမြဲတမ်း ချောချော မွေ့မွေ့ လုပ်ဆောင်နိုင်တာ မဟုတ်လို့ပါပဲ။ တချို့သော အခြေအနေ တွေမှာ တစ်ကိုယ်တော်တစ်ယောက်တည်း ဖြေရှင်းတာက လက်တွေ့ မှာ ပိုကောင်းနေတတ်တယ်။ ပုဂ္ဂိုလ်ရေးတာဝန်ရှိနေစဉ်မှာ အသင်း ခေါင်းဆောင်မှုရဲ့ ငုပ်ကွယ်နေတဲ့ အခက်အခဲအန္တရာယ်တွေကို သင် သတိပြုဖို့ လိုတယ်။ တွေ့နေကျ အများဆုံးပြဿနာတွေကတော့ (၁) အသင်းရဲ့ ပန်းတိုင်တွေက မရှင်းမလင်းနဲ့ ပဋိပက္ခတွေ များတတ် တာပဲ။ (၂)အသင်းက လူတွေက အတူတကွ ကောင်းကောင်း အလုပ် မလုပ်နိုင်ကြလို့ပါပဲ။ (၃) အသင်းဆိုတာ ခေါင်းဆောင်ရာမှာ အချိန်ယူ တတ်လို့ပဲ ဖြစ်တယ်။

အသင်းတစ်သင်းသုံးဖို့ သင်စီမံကိန်းချတဲ့အခါ အကျိုးတရားတွေ လိုပဲ ဖြစ်နိုင်ဖွယ်အခက်အခဲတွေ တချို့ကို သင်စဉ်းစားရမယ်။ • မြောက်မြားစွာသော လူ့ခံစားချက်၊ တုံ့ပြန်ချက်တွေကဖြစ်စေတဲ့

အသင်းအဖွဲ့ဝင်တွေကြားက ပဋိပက္ခတွေ။ • တစ်ဦးချင်း တစ်သီးပုဂ္ဂလတွေရဲ့ သီးခြားကိစ္စဆိုင်ရာ ကျွမ်းကျင်မှုတွေ ဝင်ရောက်စွက်ဖက်လာမှု၊ အသင်းရဲ့ လုပ်ငန်းစဉ်က အသင်း အဖွဲ့ တွေရဲ့ ကုန်ထုတ်လုပ်နိုင်စွမ်းကို လက်တွေ့ အရ လျော့ပါး စေမှု။ အသင်းရဲ့ အသိုင်းအဝိုင်းတွေ တိုးတက်လာစဉ်မှာ အချိန်နဲ့ စွမ်းအင်တွေ ပြုန်းတီးလာတတ်မှု။ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အရှိန်လျော့ကျနှေးကွေးမှု ဖြစ်နိုင်ခြေများလာမှု။ အသင်းထဲက တခြားအဖွဲ့ဝင်တွေရဲ့ ဂိုဏ်းကွဲ၊ အုပ်စုကွဲတစ်ခုခုက ကြီးစိုးခြယ်လှယ်လာလို့ အသင်းတစ်ခုလုံးရဲ့ ပေါင်းရုံးစုပေါင်းလုပ်နိုင်မှု တန်ဖိုးလျော့ကျလာမှု။ ဒါတွေ စဉ်းစားထားရမှာပါ။

“ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့တဲ့ အသင်း တွေရဲ့ အနည်းငယ်ကို ကျွန်တော် နှစ်အတန်ကြာ ကတည်းက တွေ့ခဲ့ရပြီးပြီ။ တစ်သီး ပုဂ္ဂလတွေက အသင်းရဲ့ အစီအစဉ်နဲ့ ဆန့်ကျင်နေတဲ့ သူတို့ကိုယ်ပိုင် အစီအစဉ်နောက်ကိုပဲ လိုက်နေကြတာ သင် တွေ့ရမယ်။ မရှင်းလင်းတဲ့ ပန်းတိုင်၊ အထက်တန်းစီမံခန့်ခွဲရေးတွေက မထောက်ခံတဲ့ ပန်းတိုင်မျိုးနောက်ကို လိုက်ချင်နေကြတာ။ အသင်းအလုပ်အတွက် မသင့်တော်တဲ့၊ မကျွမ်းကျင်တဲ့ လူတွေ၊ ခေါင်းဆောင်မှုညံ့တာတွေ၊ လုပ်ငန်းစဉ် ချို့တဲ့ တာ မရှိကို မရှိတာတွေလည်း တွေ့ရတတ်တယ်။”

“စတိဗ်ဆူလီဗန်”

ဆက်သွယ်ရေးများရဲ့ ဒု-ဥက္ကဋ္ဌ၊