Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ကောင်းသာ - အပေးနဲ့အယူ

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

(၁)

ကောင်းသောပြန်ရခြင်းများ

သင်ရတာထက် အပေးများခြင်းရဲ့ဆုလာဘ်နဲ့ အန္တရာယ်များ

“အပေးနဲ့အယူရဲ့ စည်းမျဉ်းကတော့၊ တစ်ခုပေးပြီး ဆယ်ခုယူတဲ့၊ သံတမန်ရေးရာပဲ ဖြစ်ပါတယ်”

မက်ဘွိုင်း

စာရေးဆရာနဲ့ဟာသဆရာ။

“ဆီဗီကွန်ဗဲလေး” အရပ်၊ နေသာတဲ့စနေနေ့ ညနေ၊ အမျိုးသမီး ဘောလုံးကွင်းထဲမှာ၊ ကိုယ့်သမီးဘောလုံးမယ်တို့ကို လာအားပေးကြသူ၊ ဂုဏ်ယူဝင့်ကြွားတဲ့ ဖခင်ကြီးနှစ်ယောက်ရောက်နေကြလေရဲ့။ တစ်ယောက် က အရဲစွန့် ရတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ အတွဲလိုက်လုပ်နေသူ၊ “ဒန်နီရှိတ်ဒါ” ဖြစ်ပြီး၊ “နက်စ်ကိတ်” “မော်တော်ရိုလာ”၊ “အမေဇုံ” “အင်တင့်စ်” တွေနဲ့ အချိန်ကုန်နေရသူ ဖြစ်တယ်။ သူကအသက် ၃၀ နဲ့ စီးပွားရေးလုပ်ငန်း အကြောင်းပဲ အမြဲထာဝရပြောနေတတ်ပြီး သူ့ကိုယ်သူ “အင်တာနက်ရဲ့ အဘိုး အို” လို့ ခေါ်တတ်တယ်။

နောက်ဖခင်တစ်ဦးက အသက်မွေးမှုအတွက် ကုမ္ပဏီတွေမှာလိုက် ပြီး ရင်းနှီးမြှုပ်နှံနေသူ စီးပွားရေးသမား “ဒေးဗစ်ဟိုနစ်” ဖြစ်တယ်။ သူက ရာဇဝတ်မှုဗေဒနဲ့ မဟာဝိဇ္ဇာ၊ ဥပဒေဒီဂရီတစ်ခုရထားတယ်။ ငွေရင်းမြှုပ်နှံရေးကုမ္ပဏီကြီးတစ်ခုရဲ့ အလုပ်ကမ်းလှမ်းချက်ကို လက်ခံယူပြီး လုပ်နေတာ၊ နောက်လာမယ့် ၁၀ စုနှစ်အတွင်းဘယ်ရန်ပုံငွေထဲ ငွေရင်းထည့်ရင်ကောင်း မလဲလို့ ဆုံးဖြတ်နေရတယ်။

“ရှိတ်ဒါ” ကပွပေါက်နှစ်ခါတိတိတိုးခဲ့ဖူးတယ်။ ၁၉၉၉ မှာ သူ့ရဲ့ 'Accept.com' က “အမေဇုံ” ကို ဒေါ်လာ ၁၇၅ မီလျံနဲ့ရလိုက်တယ်။ ၂၀၀၇ ခုနှစ်မှာ ဒုတိယအကြိမ်အဖြစ်၊ သူ့ရဲ့ နောက်ကုမ္ပဏီ "Good Technology" က၊ "Motorola" ကို ဒေါ်လာ ၅ဝဝ မီလျံနဲ့ ရလိုက်ပြန်တယ်။

“ရှိတ်ဒါ”ရဲ့ သမိုင်းကို ကြားထားပြီးဖြစ်တဲ့၊ “ဟိုနစ်”ကသူကနောက် တစ်ခါ ရင်းနှီးမြှုပ်နှံရမယ့်အလှည့်ကို သူရချင်လာတယ်။ ရဲဝံ့စွန့်စားတဲ့ ရင်းနှီးမြှုပ်နှံရေးသမားဖြစ်သူ “ဟိုးနစ်” က ရှေ့တစ်ပတ်အတွင်းမှာ ရင်းနှီး မှုလုပ်ငန်းအစီအစဉ်စာရွက်စာတမ်းတွေပေးပြီး သူ့ကုမ္ပဏီကြီးမှာ ငွေရင်းမြှုပ် နှံလိုကြောင်း ကမ်းလှမ်းလိုက်တယ်။

ဟိုနှစ်ငွေရင်းမြှုပ်နှံရေးအတွက် အကောင်းဆုံးနည်းလမ်းက၊ ရှိတ်ဒါ” ဆုံးဖြတ်ချက်ချဖို့ နောက်ဆုံးရက်စွဲပေးလိုက်ဖို့ပဲ။ ဒါပေမဲ့၊ “ဟိုနစ်”က “ရှိတ်ဒါ” ကို နောက်ဆုံးရက်စွဲ သတ်မှတ် မပေးလိုက်ပါဘူး။ မပေးတဲ့အပြင် တခြား ရင်းနှီးမြှုပ်နှံလိုသူတွေလည်း ရှိသေးကြောင်းလက်ထောက်ချ ဖိတ်ခေါ်လိုက် တယ်။ စွန့်စားငွေရင်းမြှုပ်သူဆိုတာ သူ့ရဲ့ ရွေးချယ်ခွင့်တွေ အကဲဖြတ်ဖို့ အချိန်ယူဖို့လိုမယ်လို့ ယုံကြည်တယ်။ သင်မှန်ကန်တဲ့ဆုံးဖြတ် ချက်ချနိုင်အောင် အချိန်များများယူပါ” လို့ပြောတဲ့သဘောနဲ့နောက်ဆုံးရက် စွဲသတ်မှတ် မပေးတာပါ။

ရှိတ်ဒါက သူရလိုက်တဲ့ အခွင့်အရေးကို ကောင်းကောင်းသုံးဖြစ်ပါ တယ်။ နောက်ရက်သတ္တပတ်အနည်းငယ်လောက်၊ တခြားငွေရင်းမြှုပ်နှံသူ တွေနဲ့ တွေ့ဆုံအယူအဆတွေ စနည်းနာလိုက်တယ်။ “ဟိုနစ်”က ကိုးကား စရာမြှုပ်နှံသူပေါင်းလေးဆယ်လောက် “ရှိတ်ဒါ”ကိုပေးတယ်။ ဒီစာရင်းက ၁ဝ နှစ်အတွင်း ဒီနယ်ပယ်မှာ သူချွေးမျက်ရည်တွေနဲ့ရင်းပြီး ရှာထားတာပါ။

ရက်သတ္တပတ်အနည်းငယ်ကြာတော့ “ဟိုနစ်” ဆီ ရှိတ်ဒါ” က ဖုန်းဆက်ပါတော့တယ်။

“ကျွန်တော် စိတ်မကောင်းပါဘူးဗျာ။ ကျွန်တော်တခြားရင်းနှီးမြှုပ်နှံသူတစ်ယောက်နဲ့ စာချုပ်လက်မှတ်ထိုးဖြစ်လိုက်တယ်”

ဟိုနစ်” ပေးတဲ့ လူ ၄၀ စာရင်းက သူ့အတွက် အကျိုးရှိသွားပါ တယ်။ “ဟိုနစ်” က “ရှိတ်ဒါ” အတွက် ကြီးမားသော လူကောင်းကြီးဖြစ်ကြောင်းရှင်းနေပါတယ်။ ဒါပေမဲ့ သူကိုငြင်းလိုက်တဲ့ ရှေ့လျှောက်အားပေး ကူညီပါ့မလား-စိန်ခေါ်လာမလားလို့ “ရှိတ်ဒါ”က စိတ်ပူပန်မိတယ်။ ဟိုနှစ် နဲ့ လူချင်းတွေ့ တော့ “ရှိတ်ဒါ”က ရှင်းပြတောင်းပန်ပါတယ်။

“ကျွန်တော့်နှလုံးသားက ခင်ဗျားနဲ့ အတူ စခန်းသွားဖို့ပါ။ ဒါပေမဲ့ ကျွန်တော့်ဦးနှောက်က တခြားလူတွေကို ရွေးတယ်။ ကျွန်တော် နှလုံးသား ရဲ့ အလိုမလိုက်ဘဲ၊ ဦးနှောက်အလိုကိုသာ လိုက်မိတာခွင့်လွှတ်ပါ။

“ကောင်းတဲ့လူက နောက်ဆုံးမှပြီးရတယ်” ဆိုတဲ့ ခက်မာတဲ့နည်းကို “ဒေးဗစ်ဟိုနှစ်” တစ်ယောက် သင်ခန်းစာရသွားပါတယ်။

သမားရိုးကျဉာဏ်ပညာအရ၊ မြင့်မြင့်မားမားအောင်မြင်သူတွေ မှာ ဘုံဖြစ်တဲ့ အချက် ၃ ရပ်ရှိတယ်။ မောင်းနှင်ရေးအား အရည်အချင်းနဲ့ အခွင့်အလမ်းတို့ ဖြစ်ကြတယ်။ သင်အောင်မြင်ချင်ရင်တော့၊ အလုပ် ကြိုးစားမှု၊ ပါရမီနဲ့ကံတရားတို့ ပေါင်းစပ်ထားဖို့လိုတယ်။ “ရှိတ်ဒါ” နဲ့ “ဟိုနှစ်”တို့နှစ်ယောက်ကိစ္စမှာ စတုတ္ထအမည်လိုနေကြောင်းကို မီးမောင်းထိုးပြ နေတယ်။ ဒီစတုတ္ထအချက်ဟာ အခရာကျပေမယ့် ခဏခဏ -လျစ်လျူရှုခံ နေရတယ်။

ကျွန်တော်တို့ ဟာ အလုပ်ထဲမှာ သူများတွေနဲ့ အပြန်အလှန် ဆက်ဆံရတဲ့အခါတိုင်းမှာ ရွေးချယ်မှုတစ်ခုလုပ်ရတယ်။ ကျွန်တော်တို့တန်ဖိုး တွေများနိုင်သလောက်များများ တောင်းဆိုဖို့ကြိုးစားကြတယ်။ ဘာပြန်ရမလဲ လို့စိုးရိမ်နေစရာမလိုဘဲ၊ တန်ဖိုးတွေပေါင်းရုံးဖို့ ကြိုးစားကြတယ်။

ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်း၊ လေ့လာချက်အတွဲလိုက်လုပ်ခဲ့တဲ့အနက်၊ လူမှုရေးသိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့တာက လူတွေဟာ တစ်ဦးကိုတစ်ဦး အပြန်အလှန်အကျိုးပြုရေး၊ ကူညီရိုင်းပင်းရေး ဦးစားပေးချက်မှာ “ပေးခြင်း” နဲ့ “ယူခြင်း” တို့ ရောထွေးလိုမှုတွေနဲ့ တရွေ့ရွေ့ပြောင်းလဲလာတာ တွေ့ရတယ်။ ဒီကိစ္စမှာ အလုပ်ခွင်ထဲက အပြန်အလှန် ကူညီရိုင်းပင်းရေးရောင်စဉ်လှိုင်းရဲ့ တစ်ဖက်စွန်းနှစ်ရပ်မှာ လူ အမျိုးအစား နှစ်မျိုး ကို တွေ့ရတာပဲဖြစ်ပါတယ်။ “ပေးသူ” နဲ့ “ယူသူ” တို့ပါပဲ။

“ယူသူ” က ပေးဆပ်ရတာထက် ကိုယ်ရယူရေးကို ကြိုက်ကြတယ်။ သူတို့ရဲ့ စိတ်ဝင်စားမှု၊ အကျိုးစီးပွားတွေကို တခြားလူရဲ့ လိုအပ်ချက်တွေရဲ့ ရှေ့မှာ တင်ကြတယ်။ ကမ္ဘာကြီးဟာ ခွေးခွေးချင်းကိုက်စားလောက်အောင် ပြိုင်ဆိုင်လုယူမှုကြီးမားလှတယ်လို့ “ယူသူ” တွေက ယုံကြည်ကြတယ်။ သူတို့ချင်းပဲ အောင်မြင်လိုကြတယ်။ တခြားလူတွေထက်သူတို့ပိုကောင်းဖို့ပဲ လိုနေကြတယ်။ ကိုယ့်ဟာကိုယ် ရာထူးတိုးပေး၊ ကိုယ်ကချည်းပဲ နာမည်ကောင်း လိုချင်ကြတယ်။ ဒေးဗစ်ဟိုနစ်ဟာ ရှိတ်ဒါကို နောက်ဆုံးရက်စွဲပေးမယ်။ တခြားမြှုပ်နှံသူ ၄၀ စာရင်းလည်းမပေးဘူးဆိုရင် “ယူသူ”ထဲပါလိမ့်မယ်။ ဒါပေမဲ့ ဒါတွေနဲ့ဆန့်ကျင့်ဘက်လုပ်ခဲ့တဲ့အတွက်၊ “ယူသူ” ရဲ့ ဆန့်ကျင် ဘက် “ပေးသူ”ထဲမှာပါနေပါတယ်။ “ယူသူ” က ကိုယ့်ကိုယ်ကိုယ် အာရုံစိုက် တတ်သလို၊ “ပေးသူ” ကတော့၊ တခြားသူကိုပဲ အာရုံစိုက်တတ်ပါတယ်။ တခြားသူတွေ ကိုယ့်ဆီက ဘာတွေလိုအပ်မလဲဆိုတာကို ပိုဂရုစိုက်တတ်ကြ တယ်။ ပေးသူနဲ့ယူသူတွေဟာ တခြားလူတွေအပေါ် သူတို့ရဲ့ သဘောထား မှာ ပြောင်းလဲနေကြတယ်။ သင်က ယူသူဖြစ်နေခဲ့ရင်၊ သင့်အတွက် ပုဂ္ဂိုလ်ရေး တန်ဖိုးအလေးပိုကဲနေပြီး သင့်အတွက် အကျိုးရှိတယ်ဆိုပါမှ မဟာဗျူဟာ ကျကျ ကူညီလိမ့်မယ်။ သင်က ပေးသူဖြစ်နေရင်တော့ တန်ဖိုးကုန်တာနဲ့ အကျိုး တရားတို့ခွဲခြမ်းစိပ်ဖြာချက်မှာ ခြားနားစွာ သုံးလိမ့်မယ်။ တကယ်လို့သင်ဟာ အလုပ်ထဲမှာ ပေးသူတစ်ယောက်ဖြစ်နေရင်၊ သင့်ဆီက အကျိုးအမြတ်ရသွား နိုင်တဲ့သူတွေနဲ့ ဆက်စပ်ပတ်သက်ရာမှာ သင်ရဲ့ အချိန်စွမ်းအင်အသိပညာ၊ ကျွမ်းကျင်မှု၊ အယူအဆတွေကို သဘောထားကြီးကြီးနဲ့ ဝေမျှလိမ့်မယ်။ မာသာထရီဆာ၊ မဟတ္တမဂန္ဒီတို့လို့ပေါ့။ စွန့်လွှတ်အနစ်နာခံဖို့အတွက် ပေးသူတွေမှာ သာမန်ထက်ထူးကဲတဲ့၊ လုပ်ရပ်တွေ မလိုပါဘူး။ တခြားသူ တစ်ပါးအပေါ် စိတ်ဝင်တစားနဲ့ ပြုမူရေးအပေါ် အာရုံစိုက်ထားရုံပါပဲ။

လုပ်ငန်းနေရာတွေမှာ အပေးနဲ့ အယူက ပိုမိုရှုပ်ထွေးလာနေတယ်။

အသက်မွေးဝမ်းကျောင်းအရ၊ ကျွန်တော်တို့အနည်းငယ်က ပေးသူ၊ ယူသူ တွေလို ရိုးရိုးကြီးပြုမူကြပေမယ့်၊ တတိယပုံစံတစ်မျိုးပေါ်လာတာတွေ့ရ တယ်။ ကျွန်တော်တို့ဟာ “ချိန်ကိုက်သူ” တွေလည်းဖြစ်လာနေတယ်။ ပေး ခြင်းနဲ့ယူခြင်းအကြား ညီမျှတဲ့ချိန်ခွင်လျှာတူညီမှုကို ထိန်းထားသူတွေပါပဲ။ “ချိန်ကိုက်သူ” တွေဟာ သာတူညီမျှခြင်း (သင့်လျှော်ခြင်း စည်းမျဉ်းအပေါ် မှာ ခုတ်မောင်းကြတယ်။

တကယ်လို့ အောင်မြင်ရေးလှေကားထစ်ရဲ့ အောက်ခြေနဲ့တင်ပြီး နေရ တဲ့သူတွေဟာ ပေးသူ၊ ယူသူနဲ့ ချိန်ကိုက်သူ၊ ဘယ်သူမျိုးဖြစ်မယ်လို့ သင့်ကို ခန့်မှန်းခိုင်းရင် သင်ဘယ်လိုဖြေမလဲ။

အသက်မွေးဝမ်းကျောင်းအရ တစ်ဦးနဲ့တစ်ဦးရိုင်းပင်းထောက်ကူရေး စတိုင်သုံးမျိုးစလုံးမှာ သူတို့ကိုယ်ပိုင် အကျိုးတရားတွေနဲ့ ဆုံးရှုံးမှုတွေရှိကြ တယ်။ ဒါပေမဲ့ စတိုင်တစ်မျိုးကတော့ ကျန်နှစ်မျိုးထက်ပိုတန်ဖိုးကြီးမား နိုင်တာသက်သေရှိတယ်။ ဒေးဗစ်ဟိုနစ်ဇာတ်လမ်းကိုအခြေခံပြီး၊ ပေးသူက အဆိုးဆုံးသော ရလဒ်ကိုရယူနိုင်ဖို့ရှိတယ်လို့ သင်နိမိတ်ဖတ်နိုင်ပါတယ်။ သင်မှန်ပါတယ်။ သုတေသနတွေက ဖော်ပြတာက ပေးသူတွေက အောင်မြင် ရေး လှေကားထစ်ရဲ့ အောက်ခြေမှာပဲ ဖြစ်နေတယ်လို့ဆိုပါတယ်။ ။

ပေးသူတွေက အောင်မြင်ရေးရဲ့ လှေကားထစ်အောက်ခြေမှာ ကျနေရတယ်ဆိုရင် ဒီလှေကားထစ်ရဲ့ ထိပ်ဆုံးမှာ ဘယ်သူတွေက ရောက်နေပါသလဲ။ သူနဲ့ချိန်ကိုက်သူတွေများလား။ မဟုတ်ပါ။ ပေးသူတွေဖြစ်နေပြန်တာက အံ့သြစရာပါပဲ။

အဆိုးဆုံး လုပ်ဆောင်သူတွေရော၊ အကောင်းဆုံးလုပ်ဆောင်သူတွေ ပါ၊ ပေးသူတွေပဲ ဖြစ်နေတယ်။ ရယူသူတွေနဲ့ချိန်ကိုက်သူတွေ နှစ်မျိုးစလုံး က အလယ်အလတ်တန်းမှာပဲ အခြေချနေဖွယ်ရှိနေတယ်။ -

ထိပ်ဆုံးလုပ်ဆောင်သူတွေ ပေးသူတွေပါ။ သူတို့က ယူသူနဲ့ချိန်ကိုက် . သူတွေထက် နှစ်စဉ်ဝင်ငွေ ၅ဝ ရာနှုန်းပိုရှာနိုင်ကြတယ်။ ပေးသူတွေက ချန်ပီယံတွေသာ ပိုဖြစ်လာနိုင်ပြီး မိုက်မဲသူတွေမဟုတ်ကြပါ။

“ရှိတ်ဒါ” ဟာ “ဟိုနှစ်”ကိုချိတ်ဆက်ဖို့ နည်းလမ်းတစ်ခုရှာတွေ့ချင် တယ်။ ဟိုးနှစ်”ပါဝင်ရင်းနှီးမြှုပ်နှံလာဖို့ဆိုရင်၊ “ရှိတ်ဒ”နဲ့ သူ့ရဲ့ ဦးဆောင် မြှုပ်နှံထားသူဟာ၊ ကုမ္ပဏီကိုပိုရောင်းချရပြီး၊ သူတို့ရဲ့ ပိုင်ရှင်ဖြစ်မှုတွေ ဖျော်ပစ် (လျှော့ပစ်) ရဖို့ ရှိတယ်။

“ဟိုနှစ်”ကိုရဖို့ ပုဂ္ဂိုလ်ရေးအရ၊ ကုန်ကျခံဖို့ထိုက်တန်တယ်လို့ “ရှိတ်ဒါ” က ဆုံးဖြတ်လိုက်တယ်။ “ဟိုနှစ်ကို သူတို့ကုမ္ပဏီထံလာမြှုပ်နှံဖို့ ဖိတ်ခေါ် လိုက်တယ်။ “ဟိုနစ်” ကလည်း ကမ်းလှမ်းချက်ကို လက်ခံလိုက်တဲ့အတွက် “ဟိုနစ်” လည်း ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတချို့ရလိုက်ပါတယ်။ “ရှိတ်ဒါ” က သူ့အပေါ် “ဟိုနစ်”က ဦးတည်ချက်လားရာအသစ်တွေဆီတွန်းပို့ပေးနိုင်တဲ့ စွမ်းရည်ကို အထင်ကြီးမိတယ်။ “သူ့ ရဲ့ တခြားကောင်းကွက်ကို ကျွန်တော်တွေ့ရပြီ” လို့ဆိုတယ်။ “ဟိုနစ်” ရဲ့ အကြံဉာဏ်အရ “ရှိတ်ဒါ” ကလုပ်ငန်းသစ်တစ်ခုပိုင်လိုက်ပါတယ်။ "PayNearMe" ဆိုတဲ့ ဘဏ်ငွေ စာရင်းမရှိ၊ ခရက်ဒစ်ကတ်မရှိသေးတဲ့၊ အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းကို ပိုင်သွားတာဖြစ်တယ်။ ပထမတစ်နှစ်ခွဲအတွင်း၊ "PayNearMe" ဟာ တစ်လကို ၃၀%ကျော်ကျော်ကြီးထွားလာတယ်။ ရင်းနှီးမြှုပ်နှံသူအဖြစ်၊ “ဟိုနှစ်”လည်း ဒီကြီးထွားမှုရဲ့ ဝေစုသေးသေးရလိုက်ပါတယ်။

တခြားရင်းနှီးမြှုပ်နှံသူတွေက ဟိုနစ်” အကြောင်း မေးကြတော့ “ရှိတ်ဒါ” ကရှင်းပြတယ်။ “သူက အလုပ်ကြိုးစားရာမှာ စူပါ ဖြစ်ရုံမက သတ္တိလည်း သိပ်ရှိတယ်။ သူက တစ်ချိန်တည်းမှာ စိန်ခေါ်တတ်၊ ထောက်ပံ့ ကူညီပေးတတ်ပါတယ်။ တာဝန်ယူမှုမှာ အံ့မခန်းလောက်စရာရှိတာက ရင်းနှီး မြှုပ်နှံသူတွေမှာရှိရမယ့်၊ အကောင်းဆုံးစရိုက်လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။

“ရှိတ်ဒါ”နဲ့ပေါင်းခြင်းအားဖြင့်၊ “ဟိုနစ်” ဟာ အောင်နိုင်သူဖြစ်ရုံမက “ရှိတ်ဒါ” လည်း အောင်နိုင်သူဖြစ်သွားတယ်။ ပေးသူတစ်ယောက်အဖြစ် လုပ်ရင်း၊ “ဟိုနစ်”က သူ့အတွက် တန်ဖိုးတွေ အခွင့်အလမ်းအများဆုံး ဖန်တီး နိုင်ရုံမက၊ အခြားသူတွေရဲ့ အကျိုးကိုလည်း ဆောင်ကြဉ်းပေးနိုင်ပါတယ်