Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ကောင်းသာ - သင့်အတွက်ပုဂ္ဂိုလ်ရေးအောင်မြင်မှုဆိုသည်မှာ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

                                    ၁။ ဥပဒေသတွေကို လိုက်နာပါ

                              ဘီစီ ၃၅၀ လောက်က ကံတရားတိုက်ဆိုင်မှုတွေ၊ ရှောင်တခင် လုပ်ရပ်တွေနဲ့ပတ်သက်လို့ အိုလံပတ်တောင်ရဲ့ နတ်ဘုရားတွေအပေါ် မှာ ယုံကြည်အားထားကြတဲ့ ကာလတစ်ခု ရှိခဲ့ဖူးတယ်။ “အရစ္စတိုတ်” က “ထိခိုက်နိုင်မှုဥပဒေသ” ကို သီအိုရီရဲ့ အခြေခံလို့ သတ်မှတ်ခဲ့တယ်။ သူက ရှောင်တခင်ဖြစ်ရပ်တွေဆိုတာ မရှိဘူးလို့ ဆိုတယ်။ ဖြစ်ပျက်သမျှ အရာအားလုံးမှာ အကြောင်းနဲ့အကျိုး ဆက်သွယ်ချက် တရားသဘောပဲ ရှိတယ်လို့ ဆိုတယ်။ အကြောင်းရင်းတရားတွေကို ကျွန်တော်တို့ မသိရ တဲ့တိုင်အောင် အကျိုးတရားတွေကတော့ တည်ရှိနေမှာပဲ ဖြစ်တယ်။

သင့်အပေါ် ဖြစ်လာသမျှတွေနဲ့ သင့်ဘဝထဲမှာ သင့်အတွက် သီးခြားအကြောင်းရင်းခံ တရားတွေအရ ဖြစ်လာသမျှတွေဟာ သင့်ဘဝ ကို ယနေ့ယခု ရှိနေတဲ့အတိုင်းဖြစ်လာအောင် အကျိုးအာနိသင်တွေ ဦးတည်ကျရောက်စေပါတယ်။ တကယ်လို့ အကျိုးအာနိသင်ကို သင်

ပြောင်းလိုရင် အကြောင်းရင်းတရားကိုသာ သင်ပြောင်းရလိမ့်မယ်။ သင် ဘာတွေ ရလာသလဲဆိုတာကို ပြောင်းချင်ရင် သင်ဘာတွေ သွတ်သွင်း လိုက်သလဲဆိုတာ ပြောင်းရမယ်။

အကြောင်းအကျိုး ဆက်သွယ်ချက် ဥပဒေသဟာ အနောက်တိုင်း အတွေးအခေါ်တွေရဲ့ အခြေခံအုတ်မြစ် ဖြစ်နေတယ်။ ဒီဥပဒေသက အရာအားလုံးရဲ့ အောက်မှာ ဝပ်တွားနေလို့ သင်္ချာ၊ သိပ္ပံ၊ ရူပဗေဒ၊ ဆေးပညာ၊ နည်းပညာရေးရာတွေနဲ့ စီးပွားရေးလုပ်ငန်းနဲ့ မဟာဗျူဟာ ဆိုင်ရာဥပဒေသတွေရဲ့ “ဘိုးအေ” ကြီးပဲ ဖြစ်ပါတယ်။

စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ သဘာဝဥပဒေသတွေက အချိန်ရှိသမျှ ရဲ့ ၁ဝဝ ရာခိုင်နှုန်းပြည့် အလုပ်လုပ်နေပါတယ်။ သင်ဒါတွေကို သိသိမသိသိ၊ သဘောမတူတဲ့ တိုင်အောင် ဒါတွေက အကြောင်းမဟုတ်လှ ပါ။ သူတို့ကို သင်ကြိုက်နှစ်သက်နေမယ်။ သီးခြားအချိန်တစ်ခုမှာ သင်ဒါတွေနဲ့ သက်သာဇိမ်ကျနေမယ်ဆိုရင်လည်း အကြောင်းမဟုတ် လှပါ။ ဒီ သဘာဝဥပဒေသတွေက “ကြားနေ” တွေပါပဲ။ သူတို့က လူအားလုံးကို အချိန်တွေအားလုံးနဲ့ အခြေအနေရှိသမျှ အားလုံးအောက် မှာ အလုပ်လုပ်ပေးနေပါတယ်။

 ကျွန်တော်တို့ရဲ့ အဓိကအလုပ်က ဒါတွေကို နားလည်ဖို့ပါပဲ။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ဥပဒေသတွေကို ပိုနားလည်ဖို့ လိုတယ်။ ကျွန်တော်တို့ အကျိုးအတွက် ပြုမူချင်ရင် ကျွန်တော်တို့ အပြုအမူတွေက ဒီစိတ်ပိုင်းဥပဒေသတွေကို လိုက်နာရပါလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာ ဥပဒေသ အဓိကသုံးမျိုး ရှိပါတယ်။

                                      ယုံကြည်မှုဥပဒေသ

 

ပထမအဓိက စိတ်ဥပဒေသက “ယုံကြည်မှုဥပဒေသ” ဖြစ်ပါ တယ်။ ဒီဥပဒေသက ဒဿနိကဗေဒ၊ ဘာသာရေး၊ စိတ်ပညာ၊ ရုပ်ကြမ်း ဗေဒခေါ် မက်တာဖစ်ဆစ်နဲ့ အောင်မြင်မှုတို့အားလုံးရဲ့ အခြေခံစည်းမျဉ်း ကြီးပဲ ဖြစ်ပါတယ်။ ဒီဥပဒေသရဲ့ အလိုအရ၊ သင်ခံစားရသမျှနဲ့ စိတ်လှုပ်ရှားရသမျှနဲ့ပတ်သက်လို့ သင်ယုံကြည်တာတွေက သင့်ရဲ့ အမှန် တရားပဲ ဖြစ်လာပါတယ်။ “ဝိန်းဒိုင်ယာ” ကပြောခဲ့ဖူးတယ်။ “သင်မြင် တာကို သင်မယုံဘူး။ သင်ယုံကြည်မယ်လို့ ဆုံးဖြတ်ထားပြီးသားကို မြင်ရတော့မှသာ ယုံတယ်”

သင့်ယုံကြည်မှုက မှန်-မမှန် အကြောင်း မဟုတ်လှပါ။ သင် ယုံကြည်တာက လုံလောက်အောင် ရှည်ကြာပြင်းပြနေရင်တော့ သင့် အတွက် မှန်လာပါလိမ့်မယ်။ အဆိုးမြင်ပဲ ဖြစ်ဖြစ်၊ အကောင်းမြင်ပဲ ဖြစ်ဖြစ်ပေါ့။

 

                            ယုံကြည်မှုတွေကို သင်ယူရတယ်

 

ယုံကြည်ချက်နဲ့ပတ်သက်လို့ စိတ်ဝင်စားစရာကိစ္စမှာ ယင်းတို့နဲ့ အတူ ဘယ်သူမှ မွေးဖွားလာခြင်း မရှိခြင်းပင် ဖြစ်တယ်။ သင်နဲ့အခြားသူ များနဲ့ပတ်သက်၍ ဒီယနေ့ သင်ယုံကြည်ထားသမျှ အရာရာဟာ တစ်စုံ တစ်ယောက်ဆီမှ တစ်စုံတစ်ရာ နည်းလမ်းဖြင့် တစ်စုံတစ်ခုသော အချိန် မှာ သင်လေ့လာသင်ယူခဲ့ရတဲ့ ကမ္ဘာလောကကြီးပဲ ဖြစ်တော့တယ်။ အရင်းအမြစ်က ဘာပဲဖြစ်နေနေ၊ သင်တစ်ကြိမ်စပြီး ယုံကြည်လိုက်တာနဲ့ ယင်းက သင့်ရဲ့ အမှန်တရားပဲ ဖြစ်သွားတော့တယ်။ သင့်အတွက် မှန်နေ လို့ပါပဲ။

လူတစ်ဦးချင်းစီမှာ ယုံကြည်မှုပုံစံ ၂ မျိုး ကိုင်စွဲထားတတ်ကြ တယ်။ အကောင်းမြင်ပုံစံနဲ့ အဆိုးမြင်ပုံစံတို့ပါပဲ။ အောင်မြင်မှု ဘာသာ စကားအရ ပြောရရင် ဒီယုံကြည်မှုတွေထဲက အဆိုးဆုံးကတော့ “ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ထားတဲ့ ယုံကြည်မှု” ပဲ ဖြစ်ပါတယ်။ သင်နဲ့ပတ်သက်တဲ့ သင့်လုပ်ငန်းနဲ့ပတ်သက်တဲ့ ယုံကြည်မှုတွေက သင့်ကို ကန့်သတ်ပြီး နောက်ပြန်ဆွဲနေတဲ့အတွက် အောင်မြင်စွာနဲ့ အားထုတ်ရမှု့

တို့အတွက် သင့်ရဲ့ မျှော်လင့်ချက်တွေအားလုံး မကြာခဏ လှိုက်စားပစ် တတ်ကြတယ်။

သင့်ရဲ့ အဆိုးမြင်ယုံကြည်ချက်တွေ (သို့) ကိုယ့်ကိုယ်ကိုယ် ကန့်သတ နေတဲ့ ယုံကြည်ချက်တွေဟာ မှန်မှန် မမှန်မှန် သင့်အောင်မြင် မှုတွေကို တားဆီးဟန့်တားနေတဲ့ ဘရိတ်တုံးတွေပဲ ဖြစ်ကြတယ်။ ကြီးမားတဲ့ ရှာဖွေတွေ့ရှိမှုကြီးကတော့ သင့်ရဲ့ ကိုယ့်ကိုယ်ကိုယ် ကန့်သတ် တဲ့ ယုံကြည်မှုအများစုဟာ လုံးလုံးလျားလျား မှားယွင်းနေကြောင်းပဲ ဖြစ်ပါတယ်။ ဒါတွေက သင်တစ်စုံတစ်ယောက်ဆီက ကြားခဲ့ရတာတွေ ရဲ့ ရလဒ်တွေပဲဖြစ်နေတာကိုး။ သင်အတန်းထဲမှာ ဖတ်ခဲ့ကြားခဲ့ရတာ တွေ၊ သင်လမ်းတစ်လျှောက် များများမတွေးတော မဆန်းစစ်ဘဲနဲ့ ကောက်ယူလာတာတွေ ဖြစ်နေပါလိမ့်မယ်။

 

                       သင့်ရဲ့ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်နေတဲ့ ယုံကြည်မှုကို စိန်ခေါ်ခြင်း ၊

 

                 သင့်အတွက် ပြည့်ဝတဲ့ အစွမ်းအစတွေရရှိဖို့ သင့်ကိုနောက်ပြန် ဆွဲနေတဲ့ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်နေတဲ့ ယုံကြည်မှုတွေကို သင်လျှော့ ပစ်ရမယ်။ သင့်အတွက် ပုဂ္ဂိုလ်ရေးတိုးတက်မှုနဲ့ အောင်မြင်မှုအဝေးပြေး လမ်းမကြီးဆီ ရွှေ့ရမယ်။ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ၊ သင့်ရဲ့ သဘာဝအရည်အသွေးတွေ၊ သင့်ရဲ့ ဖန်တီးနိုင်စွမ်းအားတွေ၊ သင့်ရဲ့ ဉာဏ်အမြော်အမြင်တွေနဲ့ ပတ်သက်လို့ သင့်ကိုယ်သင် ပြန်ကန့်သတ်နေ တဲ့အကြံဉာဏ်တွေ ယုံကြည်ထားမှုတွေအားလုံး စွန့်လွှတ်ပစ်ရမယ်။ သင့်ရဲ့ ပြည့်ဝတဲ့အစွမ်းအစတွေ မရရှိအောင် နောက်ပြန်ဆွဲနေနိုင်တဲ့ အယူ အဆတွေ အားလုံးကိုလည်း သင်လုံးဝ စွန့်လွှတ်ပစ်ချင်စိတ်ရှိနေရမယ်။

                             ဆွဲဆောင်မှုဥပဒေသ

ဒုတိယမြောက် စိတ်ပိုင်းဥပဒေသက “ဆွဲဆောင်မှုဥပဒေသ” ပဲ ဖြစ်ပါတယ်။ သင်ကိုယ်တိုင်က “ရှင်သန်နေတဲ့ သံလိုက်တစ်ခု” ဖြစ်နေရ မယ်လို့ ဖော်ပြထားတယ်။ သင်ဟာ မရှောင်မလွှဲသာအောင် သင့်ဘဝထဲ ကို လူတွေ၊ အဖြစ်အပျက်တွေ၊ အခြေအနေတွေကို ဆွဲဆောင်သိမ်းသွင်း ရာမှာ သင့်ရဲ့ ကြီးစိုးလွှမ်းမိုးနေတဲ့ အတွေးတွေ၊ အထူးသဖြင့် ကြီးစိုးလွှမ်းမိုး နေတဲ့ စိတ်လှုပ်ရှားမှုအတွေးတွေနဲ့ သဟဇာတ ညီညွတ်စေတယ်။

သင့်ဘဝထဲ ဒီယနေ့ ရှိနေတဲ့ အရာအားလုံးဟာ သင်ကိုယ်တိုင် သင်စဉ်းစားတဲ့ နည်းလမ်းတွေအရ ဆွဲဆောင်သိမ်းသွင်းခဲ့တာတွေပါပဲ။ သင့်ဘဝကို ပြောင်းလဲနိုင်ရခြင်း အကြောင်းရင်းက သင်ဘာကောင်လဲဆို တာ သင်ပဲ ပြောင်းလဲနိုင်သလို သင်စဉ်းစားသမျှ အတွေးတွေကိုလည်း သင်ပဲ ပြောင်းလဲနိုင်တာကြောင့်ပါပဲ။

                     သင်စဉ်းစားနေတာကိုပြောင်းရင် သင့်ဘဝပြောင်းတယ်

တကယ်လို့ သင့်ဘဝထဲကို ခြားနားတဲ့လူတွေ အခြေအနေတွေနဲ့ အခွင့်အလမ်းတွေ ပိုကောင်းတဲ့အလုပ်၊ ပိုမြင့်မားတဲ့ ဝင်ငွေတွေ ဆွဲဆောင် ချင်တယ်ဆိုရင် ဒီနယ်ပယ်မှာ သင့်ကိုယ်သင် စဉ်းစားနေတာတွေ ပြောင်းပစ် ရဖို့ ရှိပါတယ်။ ။

အထွေထွေအောင်မြင်မှု စည်းမျဉ်းတစ်ခုက ခုလိုပြောထားတယ်။

“သင့်ဝင်ငွေက အချိန်အများစုမှာ သင်နဲ့အတူ အချိန်ဖြုန်းခဲ့တဲ့ လူငါးယောက်ရဲ့ ပျမ်းမျှဝင်ငွေ ဖြစ်လာလိမ့်မယ်” တဲ့။ ။

ဘာကြောင့်ဆိုတော့ ကျွန်တော်တို့ဟာ ကိုယ့်ဘေးနား ဝန်းရံနေတဲ့ လူတွေရဲ့ သြဇာလွှမ်းတာ ရိုးရိုးလေးခံနေရလို့ပဲ ဖြစ်ပါတယ်။ ကျွန်တော် တို့ကိုယ်တိုင်နဲ့ ကမ္ဘာကြီးနဲ့ပတ်သက်တဲ့ ခံစားရသမျှ နည်းလမ်းတွေရဲ့၉၅% နီးပါးထိဟာ ကျွန်တော်တို့အလေ့အကျင့်အရ ပေါင်းဖွဲ့ နေမိသူ တွေကပဲ ဆုံးဖြတ်သွားတာပါပဲ။

ကျွန်တော် လူများစွာ အတူတူအလုပ်လုပ်ဖူးတဲ့အထဲမှာ အဆိုးမြင် အလုပ်ရှင်၊ အဆိုးမြင် ပူးတွဲလုပ်ဖော်တွေအောက်မှာ လုပ်ရတဲ့ လုပ်ငန်းက နေထွက်ပြီး အကောင်းမြင်အလုပ်ရှင်၊ အကောင်းမြင်လုပ်ဖော်တွေ

အောက်လုပ်ရတဲ့ လုပ်ငန်းတွေဆီ ပြောင်းလာကြတာတွေ မရေမတွက် နိုင်အောင်ပါပဲ။ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ သူတို့အလုပ် တွေ ရှင်သန်ပြောင်းလဲ သွားခဲ့တယ်။ သူတို့က ပျမ်းမျှတန်းလောက် လုပ်ဆောင်နိုင်သူတွေ အဖြစ်ကနေ ထိပ်တန်းကျကျ လုပ်ဆောင်နိုင်သူ တွေ ဖြစ်လာကြတယ်။ သူတို့ရဲ့ ဝင်ငွေတွေကလည်း မကြာခဏ တိုးလာ တာဟာ ကြိမ်ဖန်များစွာပါပဲ။

 

                                    စပ်ဆိုင်ခြင်း ဥပဒေသ

ဒီတတိယမြောက် စိတ်ပိုင်းဥပဒေသရဲ့အလိုအရ သင့်ရဲ့ပြင်ပဘဝ က သင့်ရဲ့ အဇ္ဈတ္တဘဝရဲ့ ကြေးမုံပုံရိပ်ဖြစ်နေရခြင်းပါပဲ။ သင့်ပြင်ပကမ္ဘာ က သင့်အဇ္ဈတ္တကမ္ဘာရဲ့ ရောင်ပြန်ဟပ်ခြင်း ဖြစ်နေရတယ်။ “သင် ဘယ်နေရာသွားသွား ထိုနေရာမှာ သင်ရှိတယ်” လို့ ဇင်ဗုဒ္ဓဘာသာက ပြောသလိုပါပဲ။

သင်က ကမ္ဘာကြီးကို သူ့အရှိအတိုင်း မြင်တာ မဟုတ်ဘူး။ ကမ္ဘာ ကြီးကို သင်ဖြစ်နေတဲ့နည်းလမ်းအတိုင်းသာ မြင်နေရတာပါ။ သင့်ဘဝရဲ့ ဘယ်အချိန်မဆို သင့်ဘေးပတ်လည်က လူတွေ အခြေအနေတွေ၊ ဝင်ငွေ

တွေ၊ ပတ်ဝန်းကျင်တွေ ကြည့်လိုက်ရင် သူတို့က အမြဲတမ်း အဲဒီအချိန်မှာ ရှိနေတဲ့ သင့်အဇ္ဈတ္တဘဝနဲ့ စပ်ဆိုင်နေကြောင်း တွေ့ရလိမ့်မယ်။

လူတွေမှာ သူတို့ရဲ့ ပြင်ပအလုပ်ဘဝ (သို့) ဆက်ဆံရေးတွေမှာမပျော်မရွှင် မကျေမနပ် ဖြစ်လာတဲ့အခါ အဆိုးမြင်အပြုအမူတွေ ဥပမာ စားတာသောက်တာ အလွန်အကျူး စားသောက်တတ်တာ၊ ကာယ လေ့ကျင့်ခန်းတွေ လျှော့ပစ်တာမျိုးတွေနဲ့ ချိတ်ဆက်မိတာ တွေ့ရများလာ တတ်တယ်။

အဲဒါနဲ့ ဆန့်ကျင်ဘက် ပိုပြီးပျော်စရာကောင်းတဲ့ ဆက်ဆံရေးဘဝ သစ်ထဲ ဝင်ရောက်လာတဲ့သူတွေမှာတော့ ဓာတ်စာစားတဲ့အလေ့အထ တွေ၊ လေ့ကျင့်ခန်း မှန်မှန်လုပ်တာတွေ စတဲ့ရုပ်ပိုင်းကျန်းမာရေးကို ပိုပြီး ဂရုစိုက်တာတွေ များလာတတ်ပါတယ်။

                                  စဉ်းစားပါ။ ဖြစ်အောင်လုပ်ပါ

လူရဲ့ စိတ်တန်ခိုးစွမ်းအားနဲ့ ပတ်သက်လို့ အရေးပါဆုံးသော ရှာဖွေ တွေ့ရှိချက်တစ်ခုကတော့ အချိန်အများစုမှာ သင်စဉ်းစားထားတဲ့အတိုင်း သင်ဖြစ်လာတယ်ဆိုတာပါပဲ။

အချိန်အများစုမှာ သင်ဘာတွေ စဉ်းစားတွေးတော နေပါသလဲ။ ဒါကိုပြောဖို့က လွယ်ပါတယ်။ လူတွေ ဘာကိုပဲ စဉ်းစားနေနေ၊ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ သာတူညီမျှချက်ကတော့ သူတို့ရဲ့ ပြင်ပအခြေအနေတွေ မှာပဲ အမြဲတစေ ထုတ်ပြန်ကြေညာနေပါတယ်။ သူတို့ရဲ့ ပတ်ဝန်းကျင် ကိုသာ ကြည့်လိုက်ရုံပါပဲ။

အဇ္ဈတ္တဘက်မှာ သင်မြင်ချင်တာတွေကို ပြင်ပဘက်မှာ ထုတ်ပြန် ကြေညာနေရအောင် သင့်စိတ်ပိုင်း သာတူညီမျှချက်ကို သင်ဖန်တီးထား ရမယ်။ ဒါကို သင်လုပ်တဲ့အခါမှာ သင့်ဘဝရဲ့ အရည်အသွေးတွေက တရွေ့ရွေ့နဲ့ တိုးတက်လာပါလိမ့်မယ်။ ဒါဟာ ကံတရား သို့မဟုတ် အခွင့်အလမ်းတွေကြောင့် ဖြစ်လာရတာ မဟုတ်ဘဲ၊ အကြောင်းအကျိုး တရားတို့ ဆက်နွယ်မှု ဥပဒေသကြောင့်သာ ဖြစ်လာရတာပါပဲ။

 

                 လုပ်ရပ်လေ့ကျင့်ခန်းများ

၁။ သင့်ကို နောက်ပြန်ဆွဲနေနိုင်တဲ့၊ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်

နေတဲ့ ယုံကြည်ချက်တို့ကို ခွဲခြားသတ်မှတ်ပါ။ ယင်းတို့ကို စိန်ခေါ်ပစ်။ ဒါမမှန်ဘူးလို့ စဉ်းစားထား။ ဒီနောက် သင်ဘာလုပ်မလဲ။

 ၂။ သင့်ရဲ့ ပြင်ပဘဝအကြောင်း စဉ်းစားပါ။ သင့်အလုပ်နဲ့ သင့်

ဆက်ဆံရေးအကြောင်းတွေပါစဉ်းစား။ သင့်ဘဝနဲ့ပတ်သက် လို့ သင်ပျော်သလား။ မပျော်ရင်၊ သင်ဘာလုပ်ဖို့ရှိပါသလဲ။

တချို့လူတွေဟာ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းမှာ အခြားသူ တွေထက် ဘာ့ကြောင့် ပိုအောင်မြင်နေရသလဲ။ ဘာ့ကြောင့် လူတချို့က တိုးတက်ကြီးပွားနေရပြီး ကြိမ်ဖန်များစွာ ရာထူးတွေ ခဏခဏတက်နေ ကြလို့ ရှေ့ကိုလည်း အလျင်အမြန်ရွေ့နေရပြီး သူတို့ရဲ့ဘဝနဲ့အလုပ်တွေ မှာ ပိုမိုကြီးမားတဲ့ စိတ်ကျေနပ်မှုတွေ ဘာလို့များရနေကြသလဲ။

သင့်အတွက် ပုဂ္ဂိုလ်ရေးအောင်မြင်မှု ဆိုသည်မှာ

ကောင်းသာ-မြန်မာပြန်