Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ကောင်းသာ - သင့်သားသမီးများအတွက်သင်လုပ်ဆောင်ရမည့်အရာများ

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out

နိဒါန်း

ကလေးသူငယ်တွေက ကိုယ့်ကိုယ်ကိုယ် ဘယ်လို ပုံဖော်ကြသလဲ။

လောကကြီးနဲ့ ဘယ်လို အပေးအယူလုပ် စေ့စပ်ကြသလဲ။ အောင်နိုင် သူနဲ့ ရှုံးနိမ့်သူကြားမှာ အကြီးမားဆုံးခြားနားချက်တစ်ခုက အောင်နိုင်သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး အောင်နိုင်သူ အသိုင်းအဝိုင်းထဲ ကိုယ့်ကိုယ် ကိုယ် ပါထိုက်တယ်လို့ ရှုမြင်ထားကြလို့ ဖြစ်တယ်။

ကလေးသူငယ်တွေ မိမိကိုယ်ကိုယ် နှစ်သက်သဘောကျစိတ် ဝင် | အောင် အကောင်းမြင်သဘော ရှုမြင်တတ်အောင် ကူညီပေးခြင်းက မိဘတိုင်း ရရှိအပ်တဲ့ အကြီးမားဆုံးလက်ဆောင်တစ်ရပ်ပဲဖြစ်ပါတယ်။ အကျိုးပြု | သဘောနဲ့ မိမိကိုယ်ကိုတန်ဖိုးထားတတ်မှုက အောင်မြင်တဲ့ ဘဝရဲ့ သော့ ချက်ဖြစ်ပါတယ်။

လောကမှာ ခြောက်ပြစ်ကင်း သဲလဲစင်တဲ့မိဘ၊ ပြီးပြည့်စုံတဲ့ မိဘ ရယ်လို့ မရှိကြဘူး။ ဒါပေမဲ့ ဘယ်မိသားစုထဲက မိဘတွေပဲဖြစ်ဖြစ်၊ ကိုယ့် သားသမီးတွေ သူတို့ကိုယ်သူတို့ လေးစားတတ်၊ လက်ခံတတ်အောင် ကူညီ နိုင်တဲ့နည်းလမ်းတွေ ရှာတွေ့နိုင်ပါတယ်။ ကလေးတွေအနေနဲ့ ဘဝကို လူတန်းစေ့ရင်ဆိုင်နိုင်ရေးမှာ ကိုယ့်ကိုယ်ကိုယ် ပြည့်စုံလုံလောက်တယ်လို့ ယုံကြည်လာနိုင်အောင်လည်း ကူညီကြရမယ်။

ကလေးတွေမှာ မိမိကိုယ်ကိုယ် တန်ဖိုးထားလေးစားမှု နိမ့်ကျခြင်းဟာ ကလေးတွေ ကိုယ်တိုင်လုပ်တာ မဟုတ်ဘူး။ ဒါကို လူကြီးတွေဆီကသာ သူတို့သင်ယူခဲ့တာ။ အထူးသဖြင့် မိဘတွေဆီက တတ်လာခဲ့တာပါပဲ။

         သီးခြားနိုင်ငံ ၂ ခု မှာရှိတဲ့ အဓိက ကျောင်းပညာရေးစနစ် ၃ ခုမှာ ကျွန်တော် မိသားစုထောင်ပေါင်းများစွာနဲ့ လက်တွဲလုပ်ကိုင်ရင်း မိဘအအုပ်အထိန်း ကောင်းမှုရဲ့ စွမ်းအားကို ပထမဆုံးဗွေဆော်ဦး စတင်လေ့လာသိရှိရပါတယ်။

ကလေးတွေရဲ့ ဘဝတွေမှာ အကြီးကျယ်ဆုံး သြဇာညောင်းမှုအဖြစ် ကျွန်တော်တို့ လုပ်ပေးရမယ့်လုပ်ငန်းက သူတို့ရဲ့ အတွေ့အကြုံတွေ အောင်

မြင်အောင်၊ အမှားလုပ်မိမှာကို မရှက်တတ်အောင်၊ ကိုယ့်ရဲ့ လက်ရှိအဖြစ်မှာ | ဂုဏ်ယူတတ်မှု တိုးတက်လာအောင် ကူညီပေးဖို့ဖြစ်တယ်။ ကလေးတွေကို

သူတို့ဘဝနဲ့ ကျောင်းမှာ အောင်မြင်နိုင်စွမ်းရှိကြောင်း၊ ထူးခြားကြောင်း၊သီးခြားဖြစ်ကြောင်း၊ အရေးပါကြောင်း မိမိကိုယ်ကိုယ် သိမြင်လာအောင်

ကျွန်တော်တို့က လုပ်ပေးနိုင်တာနဲ့ အမျှ အထက်ပါအချက်တွေ ရလာမှာ ဖြစ်ပါတယ်။

ကလေးတွေကို ကောင်းကောင်းမွန်မွန် မြေတောင်မြှောက်ပေးရင်းနဲ့ တခြားကိစ္စတွေလည်း အများကြီးမှန်ကန်အဆင်ပြေသွားနိုင်ပါတယ်။ ဒီ စာအုပ်ငယ်လေးထဲမှာ တင်ပြထားတဲ့လက်တွေ့ အယူအဆတွေက သင့် ကလေးတွေကို အောင်မြင်တဲ့လူကြီးတွေဖြစ်လာအောင် မြေတောင်မြှောက်ရာ မှာ ဘယ်မိဘကိုမဆို အထောက်အပံ့ဖြစ်စေပါလိမ့်မယ်။ အခုတင်ပြထားတဲ့ စွမ်းအားမြှင့်တင်မှု၊ အားပေးတိုက်တွန်းမှုဆိုင်ရာ ရိုးရိုးရှင်းရှင်း အချက် အလက် အပြုအမူလေးတွေက မိသားစုများစွာထဲမှာ အလုပ်ဖြစ်ခဲ့သလို သင့်အတွက်လည်း အသုံးကျမှာပါ။

အရာရာ ဘာပဲလုပ်လုပ် မှန်တာချည်းပဲဆိုတဲ့ မိဘရယ်လို့ မရှိဘူး။ ဒါပေမဲ့ ဘယ်မိဘမဆို ကိုယ့်ကလေးရဲ့ မိမိကိုယ်ကို တန်ဖိုးထားတတ်မှု၊ အာရုံကိုတည်ဆောက်ပေးရာမှာ မှန်ကန်တဲ့လုပ်ရပ်တွေ အများကြီးလုပ်မယ် ဆို လုပ်လို့ရပါသေးတယ် ဆိုတာတော့ မမေ့ပါနဲ့။ ဂရုတစိုက် ယုယကြင်နာ မှုပေးခြင်း၊ နားထောင်ပေးခြင်း၊ ကိုယ့်ကလေးအပေါ် အလေးအနက်ထား ခြင်းတွေ လုပ်ဆောင်ပေးရင်းနဲ့ မိမိကိုယ်ကိုယ် တန်ဖိုးထားတတ်မှုကို ကလေးတွေထံ သွတ်သွင်းပေးနိုင်ပြီး သူတို့ကို အောင်နိုင်သူတွေ ဖြစ်လာစေနိုင်ပါ လိမ့်မယ်။

ဆက်ပြီးဖေါ်ပြသွားမယ့် တိုက်တွန်းချက်တွေက သင့်ကို လမ်းဖော် ခရီး စ,နှင် စေလိုက်ပါပြီ။

ကလေးကိုချစ်တတ်တဲ့ မိဘတစ်ဦးအနေနဲ့ ဒီခရီးကို ချက်ချင်းလက်ငင်း ဘာ့ကြောင့်မစဘဲနေရမှာတဲ့လဲ။

                                                                                       Robert D.R. Ramsey Ed.D.

                      မှတ်ချက်။ ယခုတင်ပြမည့် တိုက်တွန်းချက်များကို ကလေးသူငယ်တို့၏ အသက်အရွယ် ၅ မျိုးအလိုက် သီးခြား ခွဲခြား တင်ပြထား ပါသည်။ ထိုအသက်အပိုင်းအခြား ၅ မျိုးမှာ(၁) မွေးကင်းစ လူမမည်အရွယ်၊ (၂) မူကြိုအရွယ်၊ (၃) မူလတန်းအရွယ်၊ (၄) အလယ်တန်းအရွယ်၊ (၅) အထက်တန်းနှင့် အထက် တို့ ဖြစ်ပါသည်။

 

၁ ။ ကလေးကို မှန်မှန်ကန်ကန် စ,ဆက်ဆံပါ။ ရူးသွပ်သွပ်၊ ကပြက်ကချော် နာမည်ပြောင် အတိုကောက်တွေ မမှည့်နဲ့။ တစ်ဘဝလုံး ကလေးအဖို့ အရှက်ရစရာ ဖြစ်နေလိမ့်မယ်။

၂။ သင့်ကလေးကို နေ့စဉ် ပွေ့ဖက်ယုယပေးပါ။

၃။သင့်ကလေးအတွက် သင့်မျက်ဝန်းတွေ အမြဲ ကြယ်တာရာလို ကြည်လင်ဝင်းလက်နေဖို့ ထိန်းသိမ်းပါ။

၄။ ကလေးငယ် တစ်ယောက်ဆီမှာတောင့်ခံနိုင်မှု၊ ယုတ္တိကျမှု၊ တစ်ကိုယ် ကောင်းစိတ်ကင်းမှုနှင့် တခြား မှော်ဆန်ဆန် အဆန်းတကြယ်များရှိနေဖို့ မမျှော်လင့်ပါလေနဲ့။

 

 

၅။ တစ်ခါတရံ အလုပ်နှင့် မိသားစုကြား ထိပ်တိုက်ပဋိပက္ခရှိနေလျှင် မိသားစုကို ရွေးချယ်ပါ။

 

၆။ သင့်ကလေးကို ပြုစုပျိုးထောင်ရာမှာ “တကယ်လို့ ဒီလိုလုပ်လိုက်ရင်တော့” ဆိုတာနဲ့ 'တကယ်တော့ ဒီလိုလုပ်မှပဲ..”ဆိုတာတွေအပေါ်မှာ သင် အချိန်များများ မဖြုန်းမိပါစေနဲ့ ။

 

၇။ သင့်ကလေးပြောတာ တကယ်အာရုံစိုက် နားထောင်ပါ။ သူ့စကားမပြီးမီ ဖြတ်မပြောပါနှင့်။ သူပြောသမျှ စကားလုံးတိုင်းကို အလေးအနက်ထားပြီး ထိုစကားများနောက်ကွယ်က ကလေးငယ်ရဲ့ ခံစားချက်ကိုလည်း တန်ဖိုးထား ဂရုစိုက်ပါ။ စစ်မှန်သောနားထောင်ခြင်းဟူသည် သင်စကားပြောရမည့်အလှည့်ကို စောင့်နေသော တိတ်ဆိတ်ငြိမ်သက်မှုထက် များစွာသာလွန်ပါသည်။

 

၈။ သင့်ကလေးကို ပျော်အောင်ချော့မြူဖို့လိုအပ်ချိန်မှာ သင့်ဆံပင်များ ရှုပ်ပွကုန်မှာ၊ သင့်အဝတ်အစားများ တွန့်ကြေကုန်မှာကို - ပူပန်နေစရာ မလိုပါ။

၉။ ကလေးကို စိတ်ငြိမ်သက်စေဖို့အကျိုးပြုနည်းလမ်းများ ပြသပေးပါ။

၁၀။ မွေးနေ့ပွဲများကို ပုံအောပြီး တခမ်းတနားလုပ်ပေးပါ။ ဘဝသစ်တစ်ခုရဲ့ လက်ဆောင်အပေါ်မှာ သူတို့က မှတ်မှတ်ရရ စွဲလမ်းနှစ်သက်နေတတ်ပါသည်။

၁၁။မေးသမျှသင်ခန်းစာတိုင်းကို စသင်သင်ချင်း တတ်သွားလိမ့်မယ်လို့ မျှော်လင့် မထားပါနှင့်။

၁၂ ။ သင့်ကလေးငယ်နှင့်အတူ ပြင်ပထွက်လည်တာကို အချိန်များများပေးပါ။ လေကောင်းလေသန့် ရှူပေးခြင်းဖြင့် ကလေးငယ်၏ ကိုယ်၊ စိတ်၊ ဦးနှောက် ကြီးထွားလန်းဆန်းနေပါစေ။

 

၁၃။ ကလေးငယ်၏ကြောက်လန့်စရာအိပ်မက်ဆိုးများကို နားထောင်ပေးပါ။

၁၄။ ကလေး၏ စိတ်ကြိုက်ကစားစရာအရုပ်များကို သင် လေးစားမှုပြပါ။

၁၅။ ကလေးနှင့် အခြေအတင်ငြင်းခုန်ရင်း တစ်နေမကုန်ပါစေနှင့်။

၁၆။ ကိုယ့်ကိုယ်ကိုယ် စင်းလုံးချော ပြီးပြည့်စုံတဲ့မိဘ မဖြစ်တာကို အိုကေပြီလို့ပဲ လက်ခံထားလိုက်ပါ။ ဒါမှ သင်နဲ့ သင့်ကလေးအပေါ် ဖိစီးနေတဲ့ ဖိအားတွေ လျော့ကျသွားမယ်။

၁၇။ အိမ်ကို အလုပ်တွေ အမြဲသယ်မလာပါနှင့်။ သင့်အလုပ်က သင့်မိသားစုထက် ပိုအရေးပါသည့်သဘော သက်ရောက်သွားစေလိမ့်မယ်။

၁၈။ သင့်ကလေး အော်ဟစ် ဆူပူနေခြင်းမှာ တစ်ခါတရံ ကောင်းမြတ်သော အကြောင်းရင်းရှိ၍ဖြစ်ပြီး တစ်ခါတရံမှာမူ အကဲစမ်းလိုခြင်း သက်သက်သာဖြစ်ကြောင်း သဘောပေါက်ပါ။

၁၉။ လူမမည်ကလေးပေါက်စလေးများပင်လျှင် တစ်ခါတရံ အသည်းကွဲမတတ် ခံစားရနိုင်သည်ကို နားလည်စာနာပါ။

၂၀။ သင့်ကလေးကို အမြဲ ဒုတိယအကြိမ် ထပ်ကြိုးစားခွင့် ပေးလိုက်ပါ။

၂၁။ ငယ်ရွယ်လွန်းနေခိုက်ဖြစ်၍ သင် ဘာပဲလုပ်လုပ် ကြားဖြတ် ဝင်နှောင့်ယှက်နေပါလိမ့်မည်။ ညစဉ်ညတိုင်း သူ့ကို အိပ်ရာထဲသာ အရောက်ပို့ပါ။

၂၂။ သင့်ကလေး၏ အသက်အရွယ်မျိုးမှာ တခြားကလေးတိုင်းနည်းတူ “ပုံမှန်”ဘယ်လိုရှိရမည်ဟု အသေကိုင်ဆွဲ မထားပါနှင့်။